Property Expo
×

“ငါနင့္ကိုခ်စ္တယ္”လို႔ ေျပာတဲ့အဓိပၸါယ္ကိုနင္သိလား။ ညဘက္ေတြမွာ နင္နဲ႔အတူတူေကာင္းကင္ၾကီးကို ေမာ့ၾကည့္ျပီးစကားတစ္ခြန္းမွ ေျပာစရာမလုိဘဲ တိတ္ဆိတ္ျခင္းအရသာကိုခံစားခ်င္လုိ႔။ ႏွစ္ေယာက္အတူတူေပ်ာ္စရာေတြကို ဖန္တီးခ်င္လို႔။ နင့္ရဲ႕ ခံစားခ်က္ေတြကုိ ငါကဂရုစိုက္ေပးသလို နင့္ဆီက ငါဘယ္လုိခံစားေနရလဲဆုိတာကို ျပန္ေတြးေပးတဲ့ ခံစားခ်က္ေလးကိုရခ်င္လို႔။ တစ္ေယာက္လက္ေမာင္းေပၚ တစ္ေယာက္ အျပန္အလွန္ အိပ္။ ျပီးရင္ အိပ္ယာေပၚမွာတစ္ေန႔လုံး အတူတူအပ်င္းျပိဳင္ၾကရင္းေႏြးေႏြးေထြးေထြးစေနာက္။ အိပ္မက္ေတြကိုအလုအယက္ျပန္ေျပာၾက။

ရန္ျဖစ္ျပီးတဲ့အခ်ိန္ေတြမွာတစ္ေယာက္နဲ႔ တစ္ေယာက္ ေခ်ာ့ရင္းငိုရင္းနဲ႔ အျမဲတမ္းပူေႏြးတဲ့ အခ်စ္တစ္ခုကိုဖန္တီးလို႔။ ခြင့္လႊတ္ျခင္းေတြနဲ႔ ပံ့ပိုးမႈေတြ။ ဘဝရဲ႕ အေျခအေနအမ်ဳိးမ်ဳိးတိုင္းကိုသစၥာရွိရွိနဲ႔ လက္ခ်င္းတြဲျပီးစိ္န္ေခၚလိုက္။ ျပီးရင္ အတူတူအသက္ၾကီးလာၾကျပီး အတိတ္အေၾကာင္းေတြကိုေပ်ာ္ေပ်ာ္ၾကီးျပန္ေျပာၾက။ အေတြးနဲ႔ေတာင္ ႏွေမ်ာလြန္းလို႔ အဆုံးရႈံးမခံႏုိင္တဲ့ ဘဝေလးကို ဖန္တီးခ်င္လို႔ နင့္ကိုငါခ်စ္တယ္လို႔ ေျပာခဲ့တာ...။

“ငါ နင့္ကိုခ်စ္တယ္”ဆုိတာ နင့္အရိွတုိင္းကုိပဲခ်စ္ႏုိင္ေအာင္ ၾကဳိးစားျပီး နင့္ကိုတျခားသူတစ္ေယာက္ ျဖစ္သြားေအာင္ ၾကိဳးစားသြားမွာ မဟုတ္ဘူးေနာ္။ နင္ေပ်ာ္ေနတဲ့အခ်ိန္ပဲ နင္နဲ႔အတူရွိမွာမဟုတ္ဘဲဘယ္လုိအေျခအေနဆုိးေတြၾကဳံၾကဳံငါကနင့္ေဘးမွာ အျမဲရွိမွာ။ နင့္ရဲ႕ အတြင္းအက်ဆုံး လွ်ဳိ႕ဝွက္ခ်က္ေတြကိုိ ငါသိေပမဲ့ နင့္ကိုအထင္ေသးေဝဖန္မွာ မဟုတ္သလို အၾကပ္ကိုင္ျပႆနာရွာမယ့္သူလည္း ဘယ္ေတာ့မွာမျဖစ္ေစရဘူး။ နင့္ကိုပဲ အျမဲအိပ္မက္မက္သြားမယ့္သူ။ လုိအပ္ေနမယ့္သူ။ တမ္းတေနမယ့္သူကငါပဲျဖစ္သလို နင့္ကိုလည္းငါနဲ႔ထပ္တူျဖစ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္ဟာ။

“နင့္ကိုငါခ်စ္တယ္” ဆုိတဲ့ စကားရဲ႕ ေနာက္မွာ ဒီလိုအာမခံခ်က္ေလးေတြရွိေနမယ္ဆုိရင္ ေျပာစရာမလိုဘဲေပ်ာ္စရာေကာင္းတဲ့ ရာသက္ပန္ လက္တြဲသြားမယ့္ ခ်စ္ရသူေတြျဖစ္ေနမွာအေသအခ်ာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

“ငါနင့်ကိုချစ်တယ်”လို့ ပြောတဲ့အဓိပ္ပါယ်ကိုနင်သိလား။ ညဘက်တွေမှာ နင်နဲ့အတူတူကောင်းကင်ကြီးကို မော့ကြည့်ပြီးစကားတစ်ခွန်းမှ ပြောစရာမလိုဘဲ တိတ်ဆိတ်ခြင်းအရသာကိုခံစားချင်လို့။ နှစ်ယောက်အတူတူပျော်စရာတွေကို ဖန်တီးချင်လို့။ နင့်ရဲ့ ခံစားချက်တွေကို ငါကဂရုစိုက်ပေးသလို နင့်ဆီက ငါဘယ်လိုခံစားနေရလဲဆိုတာကို ပြန်တွေးပေးတဲ့ ခံစားချက်လေးကိုရချင်လို့။ တစ်ယောက်လက်မောင်းပေါ် တစ်ယောက် အပြန်အလှန် အိပ်။ ပြီးရင် အိပ်ယာပေါ်မှာတစ်နေ့လုံး အတူတူအပျင်းပြိုင်ကြရင်းနွေးနွေးထွေးထွေးစနောက်။ အိပ်မက်တွေကိုအလုအယက်ပြန်ပြောကြ။

ရန်ဖြစ်ပြီးတဲ့အချိန်တွေမှာတစ်ယောက်နဲ့ တစ်ယောက် ချော့ရင်းငိုရင်းနဲ့ အမြဲတမ်းပူနွေးတဲ့ အချစ်တစ်ခုကိုဖန်တီးလို့။ ခွင့်လွှတ်ခြင်းတွေနဲ့ ပံ့ပိုးမှုတွေ။ ဘဝရဲ့ အခြေအနေအမျိုးမျိုးတိုင်းကိုသစ္စာရှိရှိနဲ့ လက်ချင်းတွဲပြီးစိန်ခေါ်လိုက်။ ပြီးရင် အတူတူအသက်ကြီးလာကြပြီး အတိတ်အကြောင်းတွေကိုပျော်ပျော်ကြီးပြန်ပြောကြ။ အတွေးနဲ့တောင် နှမျောလွန်းလို့ အဆုံးရှုံးမခံနိုင်တဲ့ ဘဝလေးကို ဖန်တီးချင်လို့ နင့်ကိုငါချစ်တယ်လို့ ပြောခဲ့တာ...။

“ငါ နင့်ကိုချစ်တယ်”ဆိုတာ နင့်အရှိတိုင်းကိုပဲချစ်နိုင်အောင် ကြိုးစားပြီး နင့်ကိုတခြားသူတစ်ယောက် ဖြစ်သွားအောင် ကြိုးစားသွားမှာ မဟုတ်ဘူးနော်။ နင်ပျော်နေတဲ့အချိန်ပဲ နင်နဲ့အတူရှိမှာမဟုတ်ဘဲဘယ်လိုအခြေအနေဆိုးတွေကြုံကြုံငါကနင့်ဘေးမှာ အမြဲရှိမှာ။ နင့်ရဲ့ အတွင်းအကျဆုံး လျှို့ဝှက်ချက်တွေကို ငါသိပေမဲ့ နင့်ကိုအထင်သေးဝေဖန်မှာ မဟုတ်သလို အကြပ်ကိုင်ပြဿနာရှာမယ့်သူလည်း ဘယ်တော့မှာမဖြစ်စေရဘူး။ နင့်ကိုပဲ အမြဲအိပ်မက်မက်သွားမယ့်သူ။ လိုအပ်နေမယ့်သူ။ တမ်းတနေမယ့်သူကငါပဲဖြစ်သလို နင့်ကိုလည်းငါနဲ့ထပ်တူဖြစ်ဖို့ မျှော်လင့်နေပါတယ်ဟာ။

“နင့်ကိုငါချစ်တယ်” ဆိုတဲ့ စကားရဲ့ နောက်မှာ ဒီလိုအာမခံချက်လေးတွေရှိနေမယ်ဆိုရင် ပြောစရာမလိုဘဲပျော်စရာကောင်းတဲ့ ရာသက်ပန် လက်တွဲသွားမယ့် ချစ်ရသူတွေဖြစ်နေမှာအသေအချာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top