Kantharyar Centre
×

 ေထာပတ္သီးစိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ား အသင္းကို ႏိုင္ငံအဆင့္ဖဲြ႕စည္း၍ ေထာပတ္သီး စုိက္ပ်ိဳးထုတ္လုပ္မႈ တိုးျမႇင့္ၿပီး ျပည္ပ တင္ပို႔ႏုိင္ရန္ ၂၀၁၇ အတြင္း ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ သစ္သီး ၀လံပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်သူမ်ား အသင္း (MFVP)မွ သတင္းရရွိ သည္။

လက္ရွိတြင္ ျမန္မာ့ေထာ ပတ္သီးကို အိမ္နီးခ်င္း ႏုိင္ငံအခ်ိဳ႕က စိတ္၀င္စားမႈ ရရွိလာၿပီး ေစ်းကြက္ရရွိရန္ အလားအလာ ေကာင္းေန၍ ေထာပတ္သီးစုိက္ ပ်ိဳးသူမ်ားကို စုစည္းၿပီး ႏုိင္ငံအ ဆင့္ အသင္းဖဲြ႕စည္းကာ ျပည္ တြင္း၊ ျပည္ပေစ်းကြက္၀င္ ထုတ္ ကုန္ တစ္ခုအျဖစ္ ေဆာင္ရြက္ရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း MFVP ဥကၠ႒ ဦးစိုးသန္းမင္းဒင္က ေျပာ ၾကားသည္။

‘‘ေထာပတ္သီးက အလား အလာအရမ္းေကာင္းေနတယ္။ အထူးသျဖင့္ တ႐ုတ္ႏုိင္ငံက ဒီက ေထာပတ္သီးကို လိုခ်င္ေနၾက တယ္။ တ႐ုတ္က ေထာပတ္သီး ကို ပီ႐ူး၊ ခ်ီလီ၊ လက္တင္အေမရိကဘက္ကေန တင္သြင္းေနရ တာ။ တကယ္လို႔ ျမန္မာႏုိင္ငံက သာ ရမယ္ဆိုရင္ သူတို႔က ပိုလို ခ်င္တဲ့သေဘာရွိတယ္’’ဟု ဦးစိုး သန္းမင္းဒင္က ေျပာသည္။

လက္ရွိတြင္ ေထာပတ္သီး စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ် သူမ်ားအစုအဖဲြ႕ကုိ ရွမ္းျပည္နယ္ ႏွင့္ ခ်င္းျပည္နယ္ ကန္ပက္လက္ ၿမိဳ႕နယ္တို႔တြင္သာ ဖဲြ႕စည္းႏုိင္ ေသးေၾကာင္း ၎က ေျပာၾကားသည္။

မၾကာမီ ျပင္ဦးလြင္တြင္ မႏၲေလးတိုင္းေဒသႀကီးအဆင့္ ဖဲြ႕ စည္းမည္ျဖစ္ၿပီး ယင္းေနာက္တြင္ ႏုိင္ငံအဆင့္ ေထာပတ္သီးစိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ား အသင္း ဖဲြ႕စည္းရန္ စီစဥ္ေန ေၾကာင္း ဦးစိုးသန္းမင္းဒင္က ေျပာသည္။

တ႐ုတ္ႏုိင္ငံ နန္နင္းၿမိဳ႕တြင္ စက္တင္ဘာ ၁၁ ရက္မွ ၁၄ ရက္ အထိ ျပဳလုပ္သည့္ တ႐ုတ္−အာ ဆီယံကုန္စည္ျပပဲြ၌ ျမန္မာႏိုင္ငံမွ ေထာပတ္သီးအပါအ၀င္ သီးႏွံ မ်ား သြားေရာက္ျပသခဲ့ရာ တ႐ုတ္ ကုမၸဏီမ်ား၏ စိတ္၀င္စားမႈ ရရွိ ခဲ့သည္။

တ႐ုတ္ကုမၸဏီ ၃၀ ခန္႔က ေထာပတ္သီးမ်ား ၀ယ္ယူေရး စိတ္၀င္စားေနၿပီး ယခုလအတြင္း ျမန္မာႏိုင္ငံသို႔ လာေရာက္ေလ့ လာေဆြးေႏြးရန္ရွိေၾကာင္း ဦးစိုး သန္းမင္းဒင္က ေျပာသည္။

အေမရိကန္ႏုိင္ငံတကာ ဖံြ႕ ၿဖိဳးေရးေအဂ်င္စီ (USAID) ၏ ေငြေၾကး အေထာက္အပံ့ျဖင့္ (Winrock International) က ၂၀၀၄ ကစ၍ ျမန္မာႏုိင္ငံရွိ စိုက္ ပ်ိဳးေရးလုပ္ငန္းမ်ား တန္ဖိုးျမႇင့္ ထုတ္လုပ္ႏုိင္ရန္ အကူအညီေပး ေနရာ ေထာပတ္သီးစိုက္ပ်ိဳးမႈအ တြက္ နည္းပညာအကူအညီေပးမႈ ကို ၂၀၁၅ က စတင္ေဆာင္ရြက္ခဲ့ သည္။

Winrock International က ေထာပတ္သီးစိုက္ပ်ိဳးမႈအတြက္ နည္းပညာအကူအညီေပးေနစဥ္ တိုက္ဆုိင္စြာပင္ ျမန္မာ့ေထာပတ္ သီးကို ေဟာင္ေကာင္ကုမၸဏီတစ္ ခုက တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ ငါးေဒၚလာခဲြျဖင့္ ေစ်းေကာင္းေပးကာ လာေရာက္ ၀ယ္ယူဖူးေၾကာင္း ဦးစိုးသန္းမင္း ဒင္က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကို နိုင်ငံအဆင့်ဖွဲ့စည်း၍ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ပြီး ပြည်ပ တင်ပို့နိုင်ရန် ၂၀၁၇ အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီး ဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်း (MFVP)မှ သတင်းရရှိ သည်။

လက်ရှိတွင် မြန်မာ့ထော ပတ်သီးကို အိမ်နီးချင်း နိုင်ငံအချို့က စိတ်ဝင်စားမှု ရရှိလာပြီး ဈေးကွက်ရရှိရန် အလားအလာ ကောင်းနေ၍ ထောပတ်သီးစိုက် ပျိုးသူများကို စုစည်းပြီး နိုင်ငံအ ဆင့် အသင်းဖွဲ့စည်းကာ ပြည် တွင်း၊ ပြည်ပဈေးကွက်ဝင် ထုတ် ကုန် တစ်ခုအဖြစ် ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း MFVP ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြော ကြားသည်။

‘‘ထောပတ်သီးက အလား အလာအရမ်းကောင်းနေတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက ဒီက ထောပတ်သီးကို လိုချင်နေကြ တယ်။ တရုတ်က ထောပတ်သီး ကို ပီရူး၊ ချီလီ၊ လက်တင်အမေရိကဘက်ကနေ တင်သွင်းနေရ တာ။ တကယ်လို့ မြန်မာနိုင်ငံက သာ ရမယ်ဆိုရင် သူတို့က ပိုလို ချင်တဲ့သဘောရှိတယ်’’ဟု ဦးစိုး သန်းမင်းဒင်က ပြောသည်။

လက်ရှိတွင် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအစုအဖွဲ့ကို ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်တို့တွင်သာ ဖွဲ့စည်းနိုင် သေးကြောင်း ၎င်းက ပြောကြားသည်။


မကြာမီ ပြင်ဦးလွင်တွင် မန္တလေးတိုင်းဒေသကြီးအဆင့် ဖွဲ့ စည်းမည်ဖြစ်ပြီး ယင်းနောက်တွင် နိုင်ငံအဆင့် ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဖွဲ့စည်းရန် စီစဉ်နေ ကြောင်း ဦးစိုးသန်းမင်းဒင်က ပြောသည်။

တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက် အထိ ပြုလုပ်သည့် တရုတ်−အာ ဆီယံကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ထောပတ်သီးအပါအဝင် သီးနှံ များ သွားရောက်ပြသခဲ့ရာ တရုတ် ကုမ္ပဏီများ၏ စိတ်ဝင်စားမှု ရရှိ ခဲ့သည်။

တရုတ်ကုမ္ပဏီ ၃၀ ခန့်က ထောပတ်သီးများ ဝယ်ယူရေး စိတ်ဝင်စားနေပြီး ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လေ့ လာဆွေးနွေးရန်ရှိကြောင်း ဦးစိုး သန်းမင်းဒင်က ပြောသည်။

အမေရိကန်နိုင်ငံတကာ ဖွံ့ ဖြိုးရေးအေဂျင်စီ (USAID) ၏ ငွေကြေး အထောက်အပံ့ဖြင့် (Winrock International) က ၂၀၀၄ ကစ၍ မြန်မာနိုင်ငံရှိ စိုက် ပျိုးရေးလုပ်ငန်းများ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် အကူအညီပေး နေရာ ထောပတ်သီးစိုက်ပျိုးမှုအ တွက် နည်းပညာအကူအညီပေးမှု ကို ၂၀၁၅ က စတင်ဆောင်ရွက်ခဲ့ သည်။

Winrock International က ထောပတ်သီးစိုက်ပျိုးမှုအတွက် နည်းပညာအကူအညီပေးနေစဉ် တိုက်ဆိုင်စွာပင် မြန်မာ့ထောပတ် သီးကို ဟောင်ကောင်ကုမ္ပဏီတစ် ခုက တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာခွဲဖြင့် ဈေးကောင်းပေးကာ လာရောက် ဝယ်ယူဖူးကြောင်း ဦးစိုးသန်းမင်း ဒင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top