Kantharyar Centre
×

ဆီးရီးယားႏုိင္ငံနဲ႕ ပတ္သက္တဲ့ ဟီလာရီကလင္တန္ရဲ႕ ႏုိင္ငံျခားေရးမူဝါဒ အစီအစဥ္ဟာ တတိယကမာၻစစ္ ျဖစ္သြားႏုိင္ေၾကာင္း ရီပတ္ဘလစ္ကင္ သမၼတေလာင္း ေဒၚနယ္ထရန္႕က ေျပာၾကားလုိက္ပါတယ္။ အေမရိကန္အေနနဲ႕ ဆီးရီးယားသမၼတ ဘ႐ွားအယ္လ္အာဆတ္ကုိ ရာထူးမွဖယ္႐ွားႏုိင္ရန္ လုပ္ေဆာင္မယ့္အစား အုိင္အက္စ္အဖြဲ႕ကုိ တုိက္ခုိက္မႈအေပၚ အာ႐ုံစုိက္သင့္ေၾကာင္း ထရန္႕က ဆုိပါတယ္။

ဒီမုိကရက္တစ္ပါတီ သမၼတေလာင္း ဟီလာရီကလင္တန္က ဆီးရီးယားေကာင္းကင္ယံမွာ ေလယာဥ္မပ်ံသန္းရဇုန္ သတ္မွတ္ရန္ တင္ျပခဲ့ၿပီး ထုိအစီအစဥ္က ရု႐ွားတုိက္ေလယာဥ္ေတြနဲ႕ ထိပ္တုိက္ေတြ႕မႈ ျဖစ္လာႏုိင္တယ္လို႕ ဆုိပါတယ္။ ရီပတ္ဘလစ္ကင္ေတြဟာ ၎ရဲ႕ သမၼတေလာင္းအျဖစ္ ယွဥ္ၿပဳိင္မႈကုိ အားေပးေထာက္ခံရန္ ညီညြတ္မႈမ႐ွိေၾကာင္းလည္း ထရန္႕က ေဝဖန္ေျပာၾကားခဲ့ပါတယ္။

ပါတီအေနနဲ႕ စည္း႐ုံးညီညြတ္မႈ႐ွိခဲ့ရင္ ဟီလာရီကလင္တန္ကုိ ေ႐ြးေကာက္ပြဲမွာ မ႐ႈံးႏုိင္ဘူးလုိ႕ ထရန္႕က ဆုိပါတယ္။ ႏုိဝင္ဘာ ၈ ရက္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲ မတုိင္မီ ယခုေနာက္ဆုံး လူထုစစ္တမ္းေတြအရ ဟီလာရီက ထရန္႕ထက္ လူထုေထာက္ခံမႈ အသာရေနၿပီး ယခင္ ေ႐ြးေကာက္ပြဲေတြမွာ ရီပတ္ဘလစ္ကင္ သမၼတေလာင္းကုိ ေထာက္ခံမဲေပးခဲ့တဲ့ ျပည္နယ္အခ်ဳိ႕မွာလည္း ဒီမုိကရက္တစ္ကုိ ေထာက္ခံမဲေပးမယ့္ အလားအလာမ်ား ႐ိွေနေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ဆီးရီးယားနိုင်ငံနဲ့ ပတ်သက်တဲ့ ဟီလာရီကလင်တန်ရဲ့ နိုင်ငံခြားရေးမူဝါဒ အစီအစဉ်ဟာ တတိယကမ္ဘာစစ် ဖြစ်သွားနိုင်ကြောင်း ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။ အမေရိကန်အနေနဲ့ ဆီးရီးယားသမ္မတ ဘရှားအယ်လ်အာဆတ်ကို ရာထူးမှဖယ်ရှားနိုင်ရန် လုပ်ဆောင်မယ့်အစား အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်မှုအပေါ် အာရုံစိုက်သင့်ကြောင်း ထရန့်က ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်က ဆီးရီးယားကောင်းကင်ယံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် တင်ပြခဲ့ပြီး ထိုအစီအစဉ်က ရုရှားတိုက်လေယာဉ်တွေနဲ့ ထိပ်တိုက်တွေ့မှု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ရီပတ်ဘလစ်ကင်တွေဟာ ၎င်းရဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မှုကို အားပေးထောက်ခံရန် ညီညွတ်မှုမရှိကြောင်းလည်း ထရန့်က ဝေဖန်ပြောကြားခဲ့ပါတယ်။

ပါတီအနေနဲ့ စည်းရုံးညီညွတ်မှုရှိခဲ့ရင် ဟီလာရီကလင်တန်ကို ရွေးကောက်ပွဲမှာ မရှုံးနိုင်ဘူးလို့ ထရန့်က ဆိုပါတယ်။ နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ ယခုနောက်ဆုံး လူထုစစ်တမ်းတွေအရ ဟီလာရီက ထရန့်ထက် လူထုထောက်ခံမှု အသာရနေပြီး ယခင် ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကင် သမ္မတလောင်းကို ထောက်ခံမဲပေးခဲ့တဲ့ ပြည်နယ်အချို့မှာလည်း ဒီမိုကရက်တစ်ကို ထောက်ခံမဲပေးမယ့် အလားအလာများ ရှိနေကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top