Property Expo
×



Credit : Duwun

#Unicode Version

၂၀၁၆ ခုနှစ်ရဲ့ ဆေးပညာနိုဘယ်ဆုကို ဂျပန်နိုင်ငံက ဆဲလ်ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆူမီက ရရှိသွားတယ်လို့ သိရပါတယ်။ autophagy ဆဲလ်အတွင်းစနစ် နဲ့ပတ်သက်တဲ့ သူ့ရဲ့ တွေ့ရှိမှုကြောင့် ဆုကို ရရှိခဲ့တာ ဖြစ်ပြီးသူ့ရဲ့တွေ့ရှိမှုဟာ ကင်ဆာကနေ ခြေတုန်လက်တုန်ရောဂါမျိုးထိ အမျိုးမျိုးသော ရောဂါတွေရဲ့အခြေအနေကို ရှင်းပြရာမှာ အထောက်အကူပြုခဲ့တာ ဖြစ်ပါတယ်။

 ဆဲလ်ပစ္စည်းတွေ ပြိုပျက်မှုနဲ့ ပြန်လည်ဖွဲ့စည်းမှု အခြေခံ ဖြစ်စဉ်တစ်ခုဖြစ်တဲ့ autophagy နဲ့ ပတ်သက်တဲ့ လည်ပတ်အလုပ်လုပ်ပုံကို ရှာဖွေ့တွေ့ရှိ ခဲ့တယ်လို့ နိုဘယ်ဆုအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆေးပညာ နိုဘယ်ဆုအတွက် ယခုနှစ်မှာ ပညာရှင်ပေါင်း ၂၇၃ ယောက်ထဲက ယိုရှီနိုရီအိုဆူမီကို ရွေးချယ်ဆုပေးခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top