Property Expo
×

 ေမာင္ေတာေဒသ တြင္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျဖစ္ပြားၿပီး ေနာက္တစ္ရက္ ေအာက္တိုဘာ ၁၀ ရက္ မြန္းလြဲ၌ ေမာင္ေတာၿမိဳ႕ႏွင့္ ႏွစ္မိုင္ခန္႔အ ကြာ ၿမိဳ႕သူႀကီးဘဂၤါလီေက်းရြာ ႏွင့္ ေသာင္ပိုင္ညာ ဘဂၤါလီေက်း ရြာမ်ားသို႔ လံုၿခံဳေရးတပ္ဖြဲ႕၀င္ မ်ားက နယ္ေျမရွင္းလင္းေရးလုပ္ ငန္းမ်ားေဆာင္ရြက္စဥ္ ေက်းရြာ အတြင္းမွ ျပန္လည္ခုခံတိုက္ခိုက္ သျဖင့္ ပစ္ခတ္မႈမ်ားျဖစ္ပြားကာ ဘဂၤါလီခုနစ္ဦးကို အေသရရွိ ေၾကာင္း နယ္ျခားေစာင့္ရဲအရာရွိ တစ္ဦးက ေျပာၾကားသည္။

ထို႔အျပင္ နယ္ျခားေစာင့္ ရဲ ဌာနခ်ဳပ္ႏွင့္ ၁၀ မိုင္ခန္႔အကြာ ဦးရွဥ့္က်ဘဂၤါလီေက်းရြာတြင္ လံု ၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက နယ္ေျမ ရွင္းလင္းေရးမ်ား ေဆာင္ရြက္စဥ္ ရြာအတြင္းမွ လူမ်ားက ရြာထဲသို႔ အ၀င္မခံဘဲ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ား ထံမွ ေသနတ္လုျခင္း၊ တုတ္၊ ဓားမ်ားျဖင့္ ျပန္လည္တိုက္ခိုက္ျခင္းမ်ားျပဳလုပ္သျဖင့္ လံုၿခံဳေရး တပ္ဖဲြ႕၀င္မ်ား တပ္ဆုတ္ျပန္လာခဲ့သည္။

ေအာက္တိုဘာ ၁၀ ရက္ ညေနတြင္ တပ္မေတာ္သားမ်ား တင္ေဆာင္လာေသာ တပ္မ ေတာ္ ရဟတ္ယာဥ္ႏွစ္စီး ေမာင္ေတာၿမိဳ႕ ၿမိဳ႕မအားကစားကြင္းသိို႔ ေရာက္ရွိလာၿပီး နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနသည့္ ေနရာမ်ားသို႔ ခ်ီတက္သြား ေၾကာင္း ေတြ႕ရသည္။

ေမာင္ေတာနယ္စပ္ အေျခ စိုက္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ ဌာနခ်ဳပ္အပါအ၀င္ ရဲစခန္းသံုးခု တိုက္ခိုက္ခံရၿပီးေနာက္ နယ္ေျမ ရွင္းလင္းေရးလုပ္ငန္းမ်ား အ ရွိန္အဟုန္ျမႇင့္ ေဆာင္ရြက္ေနၿပီး လံုၿခံဳေရးက်ိဳးေပါက္မႈမ်ားမရွိေစ ရန္ တပ္မေတာ္အင္အားကိုပါ တိုးခ်ဲ႕ခ်ထားေနေၾကာင္း သတင္း ရရွိသည္။

ေမာင္ေတာတြင္ နယ္ျခား ေစာင့္ရဲစခန္းမ်ား ၀င္ေရာက္စီးနင္းခံရၿပီး တစ္ရက္အၾကာ ေအာက္တိုဘာ ၁၀ ရက္၌ ေမာင္ေတာၿမိဳ႕ အေျခအေနသည္ ၿမိဳ႕ေပၚတြင္ လူသြားလူလာ နည္းပါးေနၿပီး ယာဥ္မ်ားလည္း သြားလာမႈမရွိသေလာက္ နည္းပါးေနသည္။ ထို႔အျပင္ ၿမိဳ႕တြင္းရွိ ေစ်းဆိုင္အားလံုးနီးပါး ပိတ္ထားၾကသည္။

ဌာနဆိုင္ရာ႐ံုးမ်ား ဖြင့္ လွစ္ေသာ္လည္း ျမန္မာ့စီးပြားေရး ဘဏ္၊ ကေမၻာဇဘဏ္ႏွင့္ ကမၻာ့ ရတနာဘဏ္တို႔သည္ ေန႔လယ္ ၁ နာရီခန္႔အထိသာ ဖြင့္လွစ္ခဲ့သည္။ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ ျဖတ္ေက်ာ္သြားလာမႈကို ေအာက္ တိုဘာ ၉ ရက္ကစတင္ကာ ရက္ အကန္႔အသတ္မရွိ ပိတ္ထားၿပီး ကုန္သြယ္မႈ လုပ္ငန္းမ်ားလည္း လုပ္ကိုင္ေဆာင္ရြက္ျခင္း မရွိေပ။

ေမာင္ေတာ နယ္စပ္ေဒသ တြင္ လံုၿခံဳေရးအင္အားမ်ား တိုး ျမႇင့္ခ်ထားေနေသာ္လည္း ၿမိဳ႕ေပၚ ေနေဒသခံမ်ားႏွင့္ ေက်းလက္ ေဒသရွိ တိုင္းရင္းသားေက်းရြာ အခ်ိဳ႕မွေဒသခံမ်ား ေဘးလြတ္ရာ သို႔ တိမ္းေရွာင္ေနၿပီး တိုင္းရင္း သားေက်းရြာမ်ားတြင္ လံုၿခံဳေရး မရွိျဖစ္ေနေၾကာင္း ေရႊရင္ေအး ေက်းရြာမွ ဦးေက်ာ္သိန္းကေျပာ ၾကားသည္။

နယ္ျခားေစာင့္ရဲဌာနခ်ဳပ္အ ပါအ၀င္ စခန္းသံုးခုကို ၀င္ေရာက္ စီးနင္းသည့္ အၾကမ္းဖက္သမား မ်ား၏လက္ထဲသို႔ လက္နက္ႏွင့္ က်ည္ဆန္မ်ားပါသြားျခင္းက ေဒ သခံ တိုင္းရင္းသားမ်ားအတြက္ အထူးစိုးရိမ္စရာအခ်က္ ျဖစ္ေန ၿပီး အဆုိပါလက္နက္မ်ားကိုသက္ ဆိုင္ရာက ျပန္လည္သိမ္းဆည္း မရႏိုင္ပါက ေမာင္ေတာနယ္စပ္ ေဒသ၏ လံုၿခံဳေရးမွာ ဆက္လက္ စိုးရိမ္ေနရသည့္ အေနအထား တြင္ရွိေနမည္ျဖစ္ေၾကာင္း ေဒသ ခံမ်ားကေျပာၾကားသည္။

‘‘၁၉၄၂ အဓိက႐ုဏ္းျဖစ္္စဥ္ ကလည္း ဘဂၤါလီေတြက အဂၤ လိပ္ေတြအပ္ခဲ့တဲ့ လက္နက္ေတြ  နဲ႔ တိုင္းရင္းသားေတြကို တိုက္ ခိုက္ခဲ့တာျဖစ္ပါတယ္။ အခုလည္း သူတို႔လက္ထဲမွာ ေသနတ္ေတြရွိ ေနၿပီဆိုရင္ တစ္ရက္မဟုတ္တစ္ ရက္ေတာ့ ျပန္လည္တိုက္ခိုက္ လာမွာျဖစ္ပါတယ္’’ ဟု ေမာင္ ေတာၿမိဳ႕မွ အသက္ (၆၀) ေက်ာ္ အရြယ္ ဦးေအာင္ေက်ာ္ၫြန္႔က ေျပာသည္။

နယ္ျခားေစာင့္ရဲဌာနခ်ဳပ္ႏွင့္ ရဲစခန္းသံုးခုကို ၀င္ေရာက္စီးနင္း ခဲ့သူမ်ားသည္႐ိုဟင္ဂ်ာေသြးစည္း ညီၫြတ္ေရးအဖြဲ႕ (RSO) ႏွင့္ေဒသတြင္းရွိ ဘဂၤါလီအခ်ိဳ႕ပူးေပါင္း လုပ္ႀကံခဲ့ျခင္းျဖစ္သည္ဟုေဒသခံ အမ်ားစုႏွင့္ လံုၿခံဳေရးတာ၀န္ရွိသူမ်ားက သံုးသပ္ေျပာသည္။

ေအာက္တိုဘာ ၉ ရက္က ေမာင္ေတာၿမိဳ႕နယ္ က်ီးကန္းျပင္ ေက်းရြာ နယ္ျခားေစာင့္ရဲဌာနခ်ဳပ္၊ ငါးခူရစခန္း၊ ကိုးတန္ေကာက္စခန္းတို႔ကို အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ၀င္ေရာက္စီးနင္းတိုက္ခိုက္မႈေၾကာင့္ တပ္ဖဲြ႕၀င္ကိုးဦးေသဆံုးကာ တစ္ဦးေပ်ာက္ဆံုးၿပီး ေလးဦးဒဏ္ရာရရွိခဲ့သည္။

ထို႔ေနာက္ လက္နက္မ်ိဳးစံု ၅၁ လက္ႏွင့္က်ည္ဆန္ ၁၀,၁၄၀ ဆံုး႐ံႈးၿပီး အၾကမ္းဖက္စီးနင္း တိုက္ခိုက္သူမ်ားဘက္မွ ရွစ္ဦး ေသဆံုးကာ ႏွစ္ဦးကို အရွင္ဖမ္းမိထားေၾကာင္း အစိုးရကထုတ္ျပန္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 မောင်တောဒေသ တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်တစ်ရက် အောက်တိုဘာ ၁၀ ရက် မွန်းလွဲ၌ မောင်တောမြို့နှင့် နှစ်မိုင်ခန့်အ ကွာ မြို့သူကြီးဘင်္ဂါလီကျေးရွာ နှင့် သောင်ပိုင်ညာ ဘင်္ဂါလီကျေး ရွာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေရှင်းလင်းရေးလုပ် ငန်းများဆောင်ရွက်စဉ် ကျေးရွာ အတွင်းမှ ပြန်လည်ခုခံတိုက်ခိုက် သဖြင့် ပစ်ခတ်မှုများဖြစ်ပွားကာ ဘင်္ဂါလီခုနစ်ဦးကို အသေရရှိ ကြောင်း နယ်ခြားစောင့်ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ထို့အပြင် နယ်ခြားစောင့် ရဲ ဌာနချုပ်နှင့် ၁၀ မိုင်ခန့်အကွာ ဦးရှဥ့်ကျဘင်္ဂါလီကျေးရွာတွင် လုံ ခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်စဉ် ရွာအတွင်းမှ လူများက ရွာထဲသို့ အဝင်မခံဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံမှ သေနတ်လုခြင်း၊ တုတ်၊ ဓားများဖြင့် ပြန်လည်တိုက်ခိုက်ခြင်းများပြုလုပ်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တပ်ဆုတ်ပြန်လာခဲ့သည်။

အောက်တိုဘာ ၁၀ ရက် ညနေတွင် တပ်မတော်သားများ တင်ဆောင်လာသော တပ်မ တော် ရဟတ်ယာဉ်နှစ်စီး မောင်တောမြို့ မြို့မအားကစားကွင်းသို့ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် နေရာများသို့ ချီတက်သွား ကြောင်း တွေ့ရသည်။

မောင်တောနယ်စပ် အခြေ စိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်အပါအဝင် ရဲစခန်းသုံးခု တိုက်ခိုက်ခံရပြီးနောက် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ အ ရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး လုံခြုံရေးကျိုးပေါက်မှုများမရှိစေ ရန် တပ်မတော်အင်အားကိုပါ တိုးချဲ့ချထားနေကြောင်း သတင်း ရရှိသည်။

မောင်တောတွင် နယ်ခြား စောင့်ရဲစခန်းများ ဝင်ရောက်စီးနင်းခံရပြီး တစ်ရက်အကြာ အောက်တိုဘာ ၁၀ ရက်၌ မောင်တောမြို့ အခြေအနေသည် မြို့ပေါ်တွင် လူသွားလူလာ နည်းပါးနေပြီး ယာဉ်များလည်း သွားလာမှုမရှိသလောက် နည်းပါးနေသည်။ ထို့အပြင် မြို့တွင်းရှိ ဈေးဆိုင်အားလုံးနီးပါး ပိတ်ထားကြသည်။

ဌာနဆိုင်ရာရုံးများ ဖွင့် လှစ်သော်လည်း မြန်မာ့စီးပွားရေး ဘဏ်၊ ကမ္ဘောဇဘဏ်နှင့် ကမ္ဘာ့ ရတနာဘဏ်တို့သည် နေ့လယ် ၁ နာရီခန့်အထိသာ ဖွင့်လှစ်ခဲ့သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဖြတ်ကျော်သွားလာမှုကို အောက် တိုဘာ ၉ ရက်ကစတင်ကာ ရက် အကန့်အသတ်မရှိ ပိတ်ထားပြီး ကုန်သွယ်မှု လုပ်ငန်းများလည်း လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပေ။

မောင်တော နယ်စပ်ဒေသ တွင် လုံခြုံရေးအင်အားများ တိုး မြှင့်ချထားနေသော်လည်း မြို့ပေါ် နေဒေသခံများနှင့် ကျေးလက် ဒေသရှိ တိုင်းရင်းသားကျေးရွာ အချို့မှဒေသခံများ ဘေးလွတ်ရာ သို့ တိမ်းရှောင်နေပြီး တိုင်းရင်း သားကျေးရွာများတွင် လုံခြုံရေး မရှိဖြစ်နေကြောင်း ရွှေရင်အေး ကျေးရွာမှ ဦးကျော်သိန်းကပြော ကြားသည်။

နယ်ခြားစောင့်ရဲဌာနချုပ်အ ပါအဝင် စခန်းသုံးခုကို ဝင်ရောက် စီးနင်းသည့် အကြမ်းဖက်သမား များ၏လက်ထဲသို့ လက်နက်နှင့် ကျည်ဆန်များပါသွားခြင်းက ဒေ သခံ တိုင်းရင်းသားများအတွက် အထူးစိုးရိမ်စရာအချက် ဖြစ်နေ ပြီး အဆိုပါလက်နက်များကိုသက် ဆိုင်ရာက ပြန်လည်သိမ်းဆည်း မရနိုင်ပါက မောင်တောနယ်စပ် ဒေသ၏ လုံခြုံရေးမှာ ဆက်လက် စိုးရိမ်နေရသည့် အနေအထား တွင်ရှိနေမည်ဖြစ်ကြောင်း ဒေသ ခံများကပြောကြားသည်။

‘‘၁၉၄၂ အဓိကရုဏ်းဖြစ်စဉ် ကလည်း ဘင်္ဂါလီတွေက အင်္ဂ လိပ်တွေအပ်ခဲ့တဲ့ လက်နက်တွေ  နဲ့ တိုင်းရင်းသားတွေကို တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း သူတို့လက်ထဲမှာ သေနတ်တွေရှိ နေပြီဆိုရင် တစ်ရက်မဟုတ်တစ် ရက်တော့ ပြန်လည်တိုက်ခိုက် လာမှာဖြစ်ပါတယ်’’ ဟု မောင် တောမြို့မှ အသက် (၆၀) ကျော် အရွယ် ဦးအောင်ကျော်ညွန့်က ပြောသည်။

နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းသုံးခုကို ဝင်ရောက်စီးနင်း ခဲ့သူများသည်ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) နှင့်ဒေသတွင်းရှိ ဘင်္ဂါလီအချို့ပူးပေါင်း လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟုဒေသခံ အများစုနှင့် လုံခြုံရေးတာဝန်ရှိသူများက သုံးသပ်ပြောသည်။

အောက်တိုဘာ ၉ ရက်က မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ နယ်ခြားစောင့်ရဲဌာနချုပ်၊ ငါးခူရစခန်း၊ ကိုးတန်ကောက်စခန်းတို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်ကိုးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

ထို့နောက် လက်နက်မျိုးစုံ ၅၁ လက်နှင့်ကျည်ဆန် ၁၀,၁၄၀ ဆုံးရှုံးပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများဘက်မှ ရှစ်ဦး သေဆုံးကာ နှစ်ဦးကို အရှင်ဖမ်းမိထားကြောင်း အစိုးရကထုတ်ပြန်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top