Property Expo
×

သင့္ရာသီခြင္ နဲ႔ ပတ္သက္ၿပီး ေကာင္းမြန္မႈ ေတြကို အခ်ိန္ တစ္ခုၾကာ ဖတ္ရႈသိရွိၿပီးခဲ့ၿပီ ဆိုရင္ေတာ့ အခုတစ္ႀကိမ္မွာ သင့္ ရာသီခြင္ နဲ႔ ပတ္သက္ၿပီး အေမွာင္ဘက္ အျခမ္းေတြကို ေလ့လာၾကည့္ရေအာင္။ လူတိုင္းလူတိုင္းမွာ အေၾကာက္တရား ကိုယ္စီ ရွိၾကပါတယ္။ အဲဒီအေၾကာက္တရားေတြကို ကၽြႏ္ုပ္တို႔ ပိုၿပီး သတိရွိေလေလ ၊ ကၽြႏ္ုပ္တို႔ရဲ ႔ ေအာင္ျမင္မႈေတြကို ပိုၿပီး ရယူႏိုင္ေလေလ ပါပဲ။ ဒါေၾကာင့္ ရာသီခြင္တိုင္းရဲ ႔ ရွိေလ့ရွိထ ရွိတဲ့ အေၾကာက္တရားေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

Aries - မိႆ ရာသီဖြား (မတ္လ ၂၁ ရက္ - ဧၿပီလ ၁၉ ရက္)

မိႆ ရာသီဖြား တစ္ေယာက္အတြက္ အေၾကာက္ရဆံုး အရာကေတာ့ ခ်စ္ခင္ရသူ တစ္စံုတစ္ေယာက္ကို ဆံုးရံႈးရမွာပဲ ျဖစ္ပါတယ္။ သူတို႔ဟာ ခ်စ္ခင္ရသူ တစ္စံုတစ္ေယာက္ကို ဆံုးရႈံးရမွာ ေၾကာက္တယ္ဆိုတဲ့ အသိတရား ကိုလည္း အၿမဲတမ္း ေနာက္ဆံုးမွ သတိထားမိၾကသူေတြပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ ရင္ဆိုင္မႈ တစ္ခုခုကိုလည္း ဆံုးရံုးရမွာ ေၾကာက္တတ္ၾကပါတယ္။ မိႆ ရာသီဖြားေတြဟာ စစ္သည္ေတြပါ။ သူတို႔ဟာ အႏိုင္လိုခ်င္ရံုတစ္ခုတည္းမဟုတ္ပဲ သူတို႔ရဲ ႔ သဘာ၀ တရားအရ တိုက္ပြဲ၀င္ေနရသူေတြျဖစ္ပါတယ္။ အဲဒီလို တိုက္ပြဲ၀င္ ေနမႈေတြ ၊ ထိုးစစ္ဆင္ေနမႈေတြေၾကာင့္ပဲ သူတို႔ခ်စ္ရသူတစ္ေယာက္ကို ဆံုးရံႈးရေလ့ရွိၿပီး မိႆ ရာသီဖြားေတြဟာ အဲဒီလုိ အမွားမ်ိဳးကို မေမ့မေလ်ာ့ျဖစ္ေနတတ္ၾကတာ ကလည္း မိႆ ရာသီဖြားေတြရဲ ႔ သံသရာ ပဲ ျဖစ္ပါတယ္။

Taurus - ၿပိႆ ရာသီဖြား ( ဧၿပီလ ၂၀ ရက္ - ေမလ ၂၀ ရက္ )

ၿပိႆ ရာသီဖြား တစ္ေယာက္အတြက္ အေၾကာက္ဆံုးက ေငြေၾကး မေျပလည္မႈ ပဲ ျဖစ္ပါတယ္။ ၿပိႆ ရာသီဖြား ေတြဟာ သက္ေတာင့္သက္သာ ရွိတာ ကို သေဘာက်ၾကပါတယ္။ သူတို႔ဟာ အစားေကာင္း အေသာက္ ေကာင္း ၊ သူငယ္ခ်င္း ေကာင္း ၊ ခ်မ္းေနတဲ့အခ်ိန္ အပူဓါတ္ ၊ ပူေနတဲ့အခ်ိန္ အေအး ဓါတ္ အစရွိတဲ့ ၿပီးျပည့္စံုမႈေတြကို မက္ေမာၾကပါတယ္။ ဒါေၾကာင့္ သူတို႔ အၿမဲတမ္း အဆင္ေျပေနေစဖို႔ သူတို႔ ေငြေၾကးပိုင္ဆိုင္မႈေတြကို ထိန္းသိမ္း ကာကြယ္ၾကၿပီး အေၾကြးတင္ျခင္းကိုလည္း ကပ္ေရာဂါတစ္ခုလို ရြံရွာၾကသူေတြပါ။

Gemini - ေမထုန္ရာသီဖြား ( ေမလ ၂၁ ရက္ - ဇြန္လ ၂၀ ရက္ )

ေမထုန္ရာသီဖြားေတြ အေၾကာက္ဆံုးကေတာ့ ဆံုးျဖတ္ခ်က္ ခ်ရမွာကိုပါ။ သူတို႔ဟာ ကတိေပးထားတာေတြ ၊ ေရြးခ်ယ္ထားတာေတြ ၊ ခံယူထားတာေတြ ၊ ဆံုးျဖတ္ထားတာေတြကို ေျပာင္းလဲတတ္ေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ ေမထုန္ရာသီေတြကို အျမႊာ ၂ ဦး ရဲ ႔ ရုပ္ပံုနဲ႔ သေကၤတ သတ္မွတ္ထားတာပါ။ေမထုန္ ရာသီဖြားေတြဟာ အၿမဲတမ္း ၂ ေယာက္စာ ေတြးေခၚေနၾကပါတယ္။ တစ္ေယာက္က ဒီလိုဆို ေနာက္တစ္ေယာက္ ဟိုလို ျဖစ္ေနတဲ့အတိုင္းပဲ ဆံုးျဖတ္ခ်က္ခ်တဲ့အခါမွာ ဒိြဟ ေတြအၿမဲျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ ေမထုန္ရာသီဖြားေတြရဲ ႔ စိတ္ႏွစ္ခြ လံုးဟာ အႀကံဥာဏ္ေကာင္းေတြ ရွိေနတတ္ၾကပါတယ္။

Cancer - ကရကဋ္ ရာသီဖြား ( ဇြန္လ ၂၁ ရက္ - ဇူလိုင္ ၂၂ ရက္ )

ကရကဋ္ ရာသီဖြားေတြကေတာ့ အိမ္နဲ႔ ခြဲခြာ ရမွာ အေၾကာက္ဆံုးပဲ ျဖစ္ပါတယ္။ သူတို႔ေတြဟာ ေအးခ်မ္းၿပီးလံုၿခံဳ တဲ့ အရပ္မွာသာ ေနလိုၾကပါတယ္။ ထို အေျခအေနကို ျပင္ပမွာ မေန၀ံ့ျခင္း(Agoraphobia) လို႔လည္း ေခၚပါတယ္။ လြတ္ေျမာက္ဖို႔ ခက္ခဲတဲ့ ေနရာ(သို႔) အေျခအေနတစ္ခုခု က်ေရာက္လာမွာ ေၾကာက္ရြံ႕ေနတာလို႔လည္း အဓိပၸာယ္ရပါတယ္။ ေနာက္ဆံုးမွာေတာ့ ကိုယ္တိုင္ အက်ဥ္းက်ေနတဲ့ ေထာင္သား တစ္ေယာက္လို ျဖစ္လာပါတယ္။ ကရကဋ္ ရာသီဖြားေတြဟာ အၿမဲထိေတြ႔ေနရတဲ့ အရပ္မွာပဲ ပိုမို လံုၿခံဳတယ္လို႔ ခံစားရတတ္ပါတယ္။

Leo - သိဟ္ ရာသီဖြား (ဇူလိုင္လ ၂၃ ရက္ - ၾသဂုတ္လ ၂၂ ရက္ )

သိဟ္ ရာသီဖြားေတြ အေၾကာက္ဆံုး အရာက လစ္လ်ဴရႈ ခံရမွာကိုပါ။ သိဟ္ ရာသီဖြားတစ္ေယာက္ သည္းမခံႏိုင္တဲ့အရာက အခန္းတစ္ခန္းထဲကို သူ၀င္ေရာက္လာတဲ့အခါမွာ တစ္ခန္းလံုးက သတိမျပဳမိမွာကိုပါ။ ဒါေပမယ့္ သိဟ္ ရာသီဖြားေတြဟာ ထို အေၾကာက္တရားကို ရင္ဆိုင္တတ္ၾကပါတယ္။ သိဟ္ ရာသီဖြားေတြဟာ ၀တ္စားဆင္ယင္မႈကို အသံုးခ်ျခင္း ၊ ခႏၶာကိုယ္ လႈပ္ရွားမႈကို ဂရုစိုက္ျခင္း ၊ ကုိယ့္အေၾကာင့္ကိုယ္ အမႊန္းတင္ေျပာဆိုျခင္း စတဲ့ နည္းလမ္းေတြကို အသံုးျပဳၿပီး သူ႔ ပတ္၀န္းက်င္က လူေတြရဲ ႔ စိတ္၀င္စားမႈ ကို ရယူ တတ္ပါတယ္။ ၿပီးေတာ့ သိဟ္ရာသီဖြား ေတြဟာ သက္ေသ လိုအပ္သူပါ။ သူတို႔ကို သစ္ပင္ တစ္ပင္ ေတာထဲမွာ ၿပိဳသြားတယ္ လို႔ ေျပာရင္ သစ္ပင္လဲက်သံ ဘယ္သူမွ မၾကားရင္ မျဖစ္ႏိုင္ဘူး လို႔ ျငင္းခုန္တတ္ၾကသူေတြပါ။

Virgo - ကန္ရာသီဖြား ( ၾသဂုတ္လ ၂၃ ရက္ - စက္တင္ဘာလ ၂၂ ရက္ )

ကန္ရာသီဖြား တစ္ေယာက္ အေၾကာက္ဆံုး အရာက ၿပီးျပည့္စံုမႈ မရွိျခင္းပဲ ျဖစ္ပါတယ္။ ကန္ရာသီဖြား ေတြဟာ အရာရာဟာ လံုး၀ ဥသံု အဆင္ေျပ ေခ်ာေမြ႔ ျပည့္စံုေနတာကို သေဘာက်တတ္ၾကပါတယ္။ ကန္ရာသီဖြား တစ္ေယာက္ရဲ ႔ အခန္းထဲမွာ ေကာ္ေဇာေပၚ ၀ိုင္ အနည္းငယ္ ဖိတ္က်သြားတာ ၊ ေျမျပင္ေပၚ သံုးၿပီးသား တစ္သွ်ဳးေတြ လႊင့္ပစ္လိုက္တာ ၊ သူတို႔ရဲ ႔ပန္းကန္ေတြကို လက္မေဆးပဲ ကိုင္တာမ်ိဳးေတြ သူတို႔က သေဘာမက်ၾကပါဘူး။ သူတို႔ဟာ သဘာ၀ အားျဖင့္ အဆိုးျမင္တတ္သူေတြလည္း ျဖစ္ၾကေပမယ့္ အသင္းအဖြဲ႕ ၊ မိတ္ေဆြအေပါင္းအသင္း မရွိပဲလည္း မေနတတ္ၾကပါဘူး။ သူတို႔ဟာ အျပင္ပန္းက မျပည့္စံုမႈေတြထက္ စိတ္အတြင္းက မျပည့္စံု မႈေတြကို ပိုေၾကာက္တတ္ၾကပါတယ္။

Libra - တူ ရာသီဖြား ( စက္တင္ဘာ ၂၃ ရက္ - ေအာက္တိုဘာလ ၂၂ ရက္ )

တူရာသီဖြားေတြအေၾကာက္ဆံုး အရာက အထီးက်န္ေနမႈ ပါ။ ထက္ျမက္ျခင္း ၊ သံေယာဇဥ္ႀကီးျခင္း ၊ စိတ္ေကာင္းရွိျခင္း တို႔နဲ႔ ေမြးဖြားလာတဲ့ တူရာသီဖြားေတြဟာ ကဗ်ာဆန္တဲ့ ခ်စ္သူေတြလည္း ျဖစ္ၾကပါတယ္။ သူတို႔ဟာ အေဖာ္မရွိပဲ အထီးက်န္ေနရမွာကို ရင္မဆိုင္ရဲသူေတြပါ။ ဒါ့အျပင္ တူရာသီဖြားေတြဟာ ေခါင္းမာၾကပါတယ္။ တူရာသီဖြား တစ္ေယာက္ အထီးက်န္ေနတဲ့အခ်ိန္ ေလွကား ေပၚက ေခ်ာ္က်မိလို႔ ဘာဒဏ္ရာမွ မရခဲ့ရင္ေတာင္ သူ႔ကို ေဖးမ ထူ ေပးမယ့္ သူမရွိရေကာင္းလားဆိုၿပီး ခံစားေနတတ္သူေတြပါ။ တူရာသီဖြားေတြဟာ အထီးက်န္ေနတဲ့အခါမွာ အလိုလို စိတ္ဖိစီးလာတတ္ပါတယ္။

Scorpio - ၿဗိစာၦရာသီဖြား ( ေအာက္တိုဘာလ ၂၃ ရက္ - ႏို၀င္ဘာလ ၂၁ ရက္ )

ၿဗိစာၦရာသီဖြား ေတြ အေၾကာက္ဆံုးကေတာ့ ရင္းႏွီးကၽြမ္း၀င္မႈ ပဲ ျဖစ္ပါတယ္။ သူတို႔ေတြဟာ ရႈပ္ေထြး ၊ နက္နဲ ၿပီး အေမွာင္ရဲ ႔လႊမ္းမိုးမႈ ရွိသူေတြျဖစ္ပါတယ္။ ၿဗိစာၦရာသီဖြားေတြဟာ သူတို႔ရဲ ႔ခံစားခ်က္ေတြကို အျပည့္အ၀ ေဖာ္ျပဖို႔အတြက္လည္း ဆႏၵမရွိၾကပါဘူး။ ပစ္ပယ္လိုက္ျခင္း နဲ႔ လႊမ္းမိုးလိုက္ျခင္း ေတြဟာ ၿဗိစာၦရာသီဖြားေတြ အတြက္ ရင္းႏွီးကၽြမ္း၀င္မႈကို ေၾကာက္ရြံ႕လာေစတဲ့ အေၾကာင္းျပခ်က္လည္း ျဖစ္ပါတယ္။ သူတို႔ဟာ သူတို႔ကို လူေတြက ပစ္ပယ္ထားရစ္ခဲ့မွာလည္း ေၾကာက္ၾကသလို ဆက္ဆံေရးတစ္ခုမွာ သူတို႔ရဲ ႔ ပင္ကို လကၡဏာေတြ ေပ်ာက္ဆံုး သြားမွာလည္း ေၾကာက္တတ္ၾကပါတယ္။ သူတို႔ဟာ သက္ဆိုင္သူေတြကို သူတို႔ နဲ႔ ရင္းႏွီးလာဖို႔ ႀကိဳးစားပံု ႀကိဳးစားနည္းဟာ ထို သက္ဆိုင္သူေတြကို အေ၀း ထြက္ေျပးသြားေစပါတယ္။ ၿဗိစာၦရာသီဖြားေတြနဲ႔ သူငယ္ခ်င္း ျဖစ္လာရင္ေတာ့ ငါ ဘာဆက္လုပ္ရမလဲ ဆိုတဲ့ အေတြးကို လတိုင္းေတြးျဖစ္ေနမွာပါ။

Sagittarius – ဓႏုရာသီဖြား ( ႏို၀င္ဘာလ ၂၂ ရက္ - ဒီဇင္ဘာလ ၂၁ ရက္ )

ဓႏု ရာသီဖြားေတြအေၾကာက္ဆံုးအရာက ေနရာေဒသေတြနဲ႔ေ၀းကြာေနမွာကိုပါ။ ဓႏု ရာသီဖြားေတြဟာ သဘာ၀ အားျဖင့္ စူးစမ္းေလ့လာသူေတြပါ။ သူတို႔ဟာ ယံုၾကည္မႈေတြအရ ခရီးသြားရတာကို သေဘာက်ၾကပါတယ္။ ဓႏု ရာသီဖြားေတြဟာ က်ယ္ျပန္႔ျခင္း နကၡတ္ ကို ေဆာင္ၾကဥ္းတဲ့ ဂ်ဴပီတာ ၿဂိဳလ္ ရဲ ႔ အုပ္ခ်ဳပ္မႈ ေအာက္မွာရွိေနသူေတြပါ။ ဂ်ဴပီတာ ၿဂိဳလ္ အုပ္ခ်ဳပ္တယ္ဆိုေပမယ့္လည္း ဓႏု ရာသီဖြားေတြဟာ ပိတ္ေလွာင္ခံထားရမႈကို ေၾကာက္တတ္တဲ့ စိတ္အျပည့္ ပါလာပါတယ္။ သူတို႔ဟာ သူတို႔ရဲ ႔ လြတ္လပ္မႈကို ဟန္႔တားမယ့္ အရာ ထက္ ေၾကာက္တာ ဘာမွမရွိပါဘူး။

Capricorn - မကာရ ရာသီဖြား ( ဒီဇင္ဘာလ ၂၂ ရက္ - ဇန္န၀ါရီလ ၁၉ ရက္ )

မကာရ ရာသီဖြားေတြအေၾကာက္ဆံုး က ရံႈးနိမ့္မႈပါ။ သူတို႔ေတြဟာ စီးပြားေရးအၿမဲေတြးထားတတ္တဲ့ လူေတြလည္း ျဖစ္ပါတယ္။ အလုပ္ႀကိဳးစားၾကၿပီး အၿမဲတမ္း ေအာင္ျမင္မႈဆီတက္လွမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနတတ္တာေၾကာင့္ သူတို႔ရဲ ႔ အေၾကာက္ဆံုးအရာက က်ရံႈးမႈ ျဖစ္လာပါတယ္။ မကာရ ရာသီဖြားေတြဟာ ဖခင္ရဲ ႔ စိတ္ဆႏၵေတြကို အေမြ အျဖစ္ ဆက္ခံထားရသူေတြပါ။ မကာရ ရာသီခြင္ဟာ ေအာင္ျမင္မႈ ၊ ဂုဏ္သိကၡာ ၊ ဖခင္ စတာေတြနဲ႔ ပတ္သက္တဲ့ ဆယ္လံုးေျမာက္အိမ္ဆိုတဲ့ နကၡတ္က အုပ္စိုးထားပါတယ္။

Aquarius - ကံုရာသီဖြား ( ဇန္န၀ါရီလ ၂၀ ရက္ - ေဖေဖာ္၀ါရီလ ၁၈ ရက္ )

ကံုရာသီဖြား ေတြအေၾကာက္ဆံုး အရာက အသင္းအဖြဲ႔ တစ္ခုခု ၊ စည္းမ်ဥ္းတစ္ခုခု ရဲ ႔ လက္ေအာက္ ေရာက္ေနမွာကိုပါ။ သူတို႔ေတြဟာ တြဲဖက္ အလုပ္လုပ္ရျခင္း ၊ ေက်ာင္းတက္ရျခင္း ၊ ေဆးဘက္ဆိုင္ရာ လုပ္ငန္းေတြ ၊ အိမ္ေထာင္က်ျခင္း စတဲ့ အသင္းအဖြဲ႕ လႈပ္ရွားမႈေတြကို ေရွာင္ၾကဥ္ၾကပါတယ္။ သူတို႔ဟာ အသင္းအဖြဲ႕နဲ႔ လုပ္ေဆာင္ရတဲ့ ကိစၥရပ္တိုင္းကိုလည္း အသိဥာဏ္အက်ဥ္းခ်ခံထားရျခင္း အျဖစ္ မွတ္ယူတတ္ၾကၿပီး အမ်ားရဲ ႔ ေတြးေခၚမႈ ဆိုတဲ့ အိုင္ဒီယာ မ်ိဳးကိုလည္း မုန္းတီးၾကပါတယ္။ သူတို႔ကို တစ္ခုခု ဆို ပူးေပါင္းပါ၀င္ေပးလို႔ မရပါဘူး။ တစ္ေယာက္တည္း ေျဖရွင္းပါေစ။ သူတို႔က အဲဒါကို ပိုသေဘာက်ၾကပါတယ္။

Pisces - မိန္ရာသီဖြား ( ေဖေဖာ္၀ါရီလ ၁၉ ရက္ - မတ္လ ၂၀ ရက္)

မိန္ရာသီဖြားေတြ ေၾကာက္တဲ့အရာက တာ၀န္ယူရမွာကိုပါ။ မိန္ရာသီဖြားေတြရဲ ႔ စိတ္ဟာ ကေလးဆန္ေလ့ရွိၿပီး ရင့္က်င္လာခ်င္စိတ္လည္း မရွိၾကပါဘူး။ ဒါေပမယ့္လည္း သူတို႔ဟာ အေတြ႕အႀကံဳ ကာလေတြရဲ ႔ အသိပညာ အတတ္ပညာ ေတြကို အျပည့္အ၀ ရယူႏိုင္သူေတြပါ။ ဒါေပမယ့္ ရင့္က်က္မႈ ေတာ့ ကင္းမဲ့ေနဆဲပါ။ သူတို႔ေတြဟာ ကမာၻႀကီးရဲ ႔ တာ၀န္ေတြကို ရယူျခင္း အား ရပ္နားႏိုင္ဖို႔အတြက္ မူးယစ္ေဆး၀ါး ေတြနဲ႔ အရက္ေသစာ ေတြကို မွီ၀ဲေလ့ရွိၾကပါတယ္။ သူတို႔ဟာ အဆံုးမရွိတဲ့ ဖန္တီးမႈ နဲ႔ ေမြးဖြားလာၾကတဲ့အတြက္ ေန႔စဥ္ ဘ၀ ဆိုတာႀကီးကို ဆန္႔က်င္လိုစိတ္ရွိၾကသူေတြလည္း ျဖစ္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
သင့်ရာသီခွင် နဲ့ ပတ်သက်ပြီး ကောင်းမွန်မှု တွေကို အချိန် တစ်ခုကြာ ဖတ်ရှုသိရှိပြီးခဲ့ပြီ ဆိုရင်တော့ အခုတစ်ကြိမ်မှာ သင့် ရာသီခွင် နဲ့ ပတ်သက်ပြီး အမှောင်ဘက် အခြမ်းတွေကို လေ့လာကြည့်ရအောင်။ လူတိုင်းလူတိုင်းမှာ အကြောက်တရား ကိုယ်စီ ရှိကြပါတယ်။ အဲဒီအကြောက်တရားတွေကို ကျွန်ုပ်တို့ ပိုပြီး သတိရှိလေလေ ၊ ကျွန်ုပ်တို့ရဲ့ အောင်မြင်မှုတွေကို ပိုပြီး ရယူနိုင်လေလေ ပါပဲ။ ဒါကြောင့် ရာသီခွင်တိုင်းရဲ့ ရှိလေ့ရှိထ ရှိတဲ့ အကြောက်တရားတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Aries - မိဿ ရာသီဖွား (မတ်လ ၂၁ ရက် - ဧပြီလ ၁၉ ရက်)

မိဿ ရာသီဖွား တစ်ယောက်အတွက် အကြောက်ရဆုံး အရာကတော့ ချစ်ခင်ရသူ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ချစ်ခင်ရသူ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရမှာ ကြောက်တယ်ဆိုတဲ့ အသိတရား ကိုလည်း အမြဲတမ်း နောက်ဆုံးမှ သတိထားမိကြသူတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ရင်ဆိုင်မှု တစ်ခုခုကိုလည်း ဆုံးရုံးရမှာ ကြောက်တတ်ကြပါတယ်။ မိဿ ရာသီဖွားတွေဟာ စစ်သည်တွေပါ။ သူတို့ဟာ အနိုင်လိုချင်ရုံတစ်ခုတည်းမဟုတ်ပဲ သူတို့ရဲ့ သဘာ၀ တရားအရ တိုက်ပွဲဝင်နေရသူတွေဖြစ်ပါတယ်။ အဲဒီလို တိုက်ပွဲဝင် နေမှုတွေ ၊ ထိုးစစ်ဆင်နေမှုတွေကြောင့်ပဲ သူတို့ချစ်ရသူတစ်ယောက်ကို ဆုံးရှုံးရလေ့ရှိပြီး မိဿ ရာသီဖွားတွေဟာ အဲဒီလို အမှားမျိုးကို မမေ့မလျော့ဖြစ်နေတတ်ကြတာ ကလည်း မိဿ ရာသီဖွားတွေရဲ့ သံသရာ ပဲ ဖြစ်ပါတယ်။

Taurus - ပြိဿ ရာသီဖွား ( ဧပြီလ ၂၀ ရက် - မေလ ၂၀ ရက် )

ပြိဿ ရာသီဖွား တစ်ယောက်အတွက် အကြောက်ဆုံးက ငွေကြေး မပြေလည်မှု ပဲ ဖြစ်ပါတယ်။ ပြိဿ ရာသီဖွား တွေဟာ သက်တောင့်သက်သာ ရှိတာ ကို သဘောကျကြပါတယ်။ သူတို့ဟာ အစားကောင်း အသောက် ကောင်း ၊ သူငယ်ချင်း ကောင်း ၊ ချမ်းနေတဲ့အချိန် အပူဓါတ် ၊ ပူနေတဲ့အချိန် အအေး ဓါတ် အစရှိတဲ့ ပြီးပြည့်စုံမှုတွေကို မက်မောကြပါတယ်။ ဒါကြောင့် သူတို့ အမြဲတမ်း အဆင်ပြေနေစေဖို့ သူတို့ ငွေကြေးပိုင်ဆိုင်မှုတွေကို ထိန်းသိမ်း ကာကွယ်ကြပြီး အကြွေးတင်ခြင်းကိုလည်း ကပ်ရောဂါတစ်ခုလို ရွံရှာကြသူတွေပါ။

Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )

မေထုန်ရာသီဖွားတွေ အကြောက်ဆုံးကတော့ ဆုံးဖြတ်ချက် ချရမှာကိုပါ။ သူတို့ဟာ ကတိပေးထားတာတွေ ၊ ရွေးချယ်ထားတာတွေ ၊ ခံယူထားတာတွေ ၊ ဆုံးဖြတ်ထားတာတွေကို ပြောင်းလဲတတ်လေ့ရှိကြပါတယ်။ ဒါကြောင့် မေထုန်ရာသီတွေကို အမြွှာ ၂ ဦး ရဲ့ ရုပ်ပုံနဲ့ သင်္ကေတ သတ်မှတ်ထားတာပါ။မေထုန် ရာသီဖွားတွေဟာ အမြဲတမ်း ၂ ယောက်စာ တွေးခေါ်နေကြပါတယ်။ တစ်ယောက်က ဒီလိုဆို နောက်တစ်ယောက် ဟိုလို ဖြစ်နေတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဒွိဟ တွေအမြဲဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မေထုန်ရာသီဖွားတွေရဲ့ စိတ်နှစ်ခွ လုံးဟာ အကြံဉာဏ်ကောင်းတွေ ရှိနေတတ်ကြပါတယ်။

Cancer - ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် - ဇူလိုင် ၂၂ ရက် )

ကရကဋ် ရာသီဖွားတွေကတော့ အိမ်နဲ့ ခွဲခွာ ရမှာ အကြောက်ဆုံးပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ အေးချမ်းပြီးလုံခြုံ တဲ့ အရပ်မှာသာ နေလိုကြပါတယ်။ ထို အခြေအနေကို ပြင်ပမှာ မနေဝံ့ခြင်း(Agoraphobia) လို့လည်း ခေါ်ပါတယ်။ လွတ်မြောက်ဖို့ ခက်ခဲတဲ့ နေရာ(သို့) အခြေအနေတစ်ခုခု ကျရောက်လာမှာ ကြောက်ရွံ့နေတာလို့လည်း အဓိပ္ပာယ်ရပါတယ်။ နောက်ဆုံးမှာတော့ ကိုယ်တိုင် အကျဉ်းကျနေတဲ့ ထောင်သား တစ်ယောက်လို ဖြစ်လာပါတယ်။ ကရကဋ် ရာသီဖွားတွေဟာ အမြဲထိတွေ့နေရတဲ့ အရပ်မှာပဲ ပိုမို လုံခြုံတယ်လို့ ခံစားရတတ်ပါတယ်။

Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )

သိဟ် ရာသီဖွားတွေ အကြောက်ဆုံး အရာက လစ်လျူရှု ခံရမှာကိုပါ။ သိဟ် ရာသီဖွားတစ်ယောက် သည်းမခံနိုင်တဲ့အရာက အခန်းတစ်ခန်းထဲကို သူဝင်ရောက်လာတဲ့အခါမှာ တစ်ခန်းလုံးက သတိမပြုမိမှာကိုပါ။ ဒါပေမယ့် သိဟ် ရာသီဖွားတွေဟာ ထို အကြောက်တရားကို ရင်ဆိုင်တတ်ကြပါတယ်။ သိဟ် ရာသီဖွားတွေဟာ ဝတ်စားဆင်ယင်မှုကို အသုံးချခြင်း ၊ ခန္ဓာကိုယ် လှုပ်ရှားမှုကို ဂရုစိုက်ခြင်း ၊ ကိုယ့်အကြောင့်ကိုယ် အမွှန်းတင်ပြောဆိုခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး သူ့ ပတ်ဝန်းကျင်က လူတွေရဲ့ စိတ်ဝင်စားမှု ကို ရယူ တတ်ပါတယ်။ ပြီးတော့ သိဟ်ရာသီဖွား တွေဟာ သက်သေ လိုအပ်သူပါ။ သူတို့ကို သစ်ပင် တစ်ပင် တောထဲမှာ ပြိုသွားတယ် လို့ ပြောရင် သစ်ပင်လဲကျသံ ဘယ်သူမှ မကြားရင် မဖြစ်နိုင်ဘူး လို့ ငြင်းခုန်တတ်ကြသူတွေပါ။

Virgo - ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် - စက်တင်ဘာလ ၂၂ ရက် )

ကန်ရာသီဖွား တစ်ယောက် အကြောက်ဆုံး အရာက ပြီးပြည့်စုံမှု မရှိခြင်းပဲ ဖြစ်ပါတယ်။ ကန်ရာသီဖွား တွေဟာ အရာရာဟာ လုံး၀ ဥသုံ အဆင်ပြေ ချောမွေ့ ပြည့်စုံနေတာကို သဘောကျတတ်ကြပါတယ်။ ကန်ရာသီဖွား တစ်ယောက်ရဲ့ အခန်းထဲမှာ ကော်ဇောပေါ် ဝိုင် အနည်းငယ် ဖိတ်ကျသွားတာ ၊ မြေပြင်ပေါ် သုံးပြီးသား တစ်သျှုးတွေ လွှင့်ပစ်လိုက်တာ ၊ သူတို့ရဲ့ပန်းကန်တွေကို လက်မဆေးပဲ ကိုင်တာမျိုးတွေ သူတို့က သဘောမကျကြပါဘူး။ သူတို့ဟာ သဘာ၀ အားဖြင့် အဆိုးမြင်တတ်သူတွေလည်း ဖြစ်ကြပေမယ့် အသင်းအဖွဲ့ ၊ မိတ်ဆွေအပေါင်းအသင်း မရှိပဲလည်း မနေတတ်ကြပါဘူး။ သူတို့ဟာ အပြင်ပန်းက မပြည့်စုံမှုတွေထက် စိတ်အတွင်းက မပြည့်စုံ မှုတွေကို ပိုကြောက်တတ်ကြပါတယ်။

Libra - တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် - အောက်တိုဘာလ ၂၂ ရက် )

တူရာသီဖွားတွေအကြောက်ဆုံး အရာက အထီးကျန်နေမှု ပါ။ ထက်မြက်ခြင်း ၊ သံယောဇဉ်ကြီးခြင်း ၊ စိတ်ကောင်းရှိခြင်း တို့နဲ့ မွေးဖွားလာတဲ့ တူရာသီဖွားတွေဟာ ကဗျာဆန်တဲ့ ချစ်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ အဖော်မရှိပဲ အထီးကျန်နေရမှာကို ရင်မဆိုင်ရဲသူတွေပါ။ ဒါ့အပြင် တူရာသီဖွားတွေဟာ ခေါင်းမာကြပါတယ်။ တူရာသီဖွား တစ်ယောက် အထီးကျန်နေတဲ့အချိန် လှေကား ပေါ်က ချော်ကျမိလို့ ဘာဒဏ်ရာမှ မရခဲ့ရင်တောင် သူ့ကို ဖေးမ ထူ ပေးမယ့် သူမရှိရကောင်းလားဆိုပြီး ခံစားနေတတ်သူတွေပါ။ တူရာသီဖွားတွေဟာ အထီးကျန်နေတဲ့အခါမှာ အလိုလို စိတ်ဖိစီးလာတတ်ပါတယ်။

Scorpio - ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )

ဗြိစ္ဆာရာသီဖွား တွေ အကြောက်ဆုံးကတော့ ရင်းနှီးကျွမ်းဝင်မှု ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ ရှုပ်ထွေး ၊ နက်နဲ ပြီး အမှောင်ရဲ့လွှမ်းမိုးမှု ရှိသူတွေဖြစ်ပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ သူတို့ရဲ့ခံစားချက်တွေကို အပြည့်အ၀ ဖော်ပြဖို့အတွက်လည်း ဆန္ဒမရှိကြပါဘူး။ ပစ်ပယ်လိုက်ခြင်း နဲ့ လွှမ်းမိုးလိုက်ခြင်း တွေဟာ ဗြိစ္ဆာရာသီဖွားတွေ အတွက် ရင်းနှီးကျွမ်းဝင်မှုကို ကြောက်ရွံ့လာစေတဲ့ အကြောင်းပြချက်လည်း ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ကို လူတွေက ပစ်ပယ်ထားရစ်ခဲ့မှာလည်း ကြောက်ကြသလို ဆက်ဆံရေးတစ်ခုမှာ သူတို့ရဲ့ ပင်ကို လက္ခဏာတွေ ပျောက်ဆုံး သွားမှာလည်း ကြောက်တတ်ကြပါတယ်။ သူတို့ဟာ သက်ဆိုင်သူတွေကို သူတို့ နဲ့ ရင်းနှီးလာဖို့ ကြိုးစားပုံ ကြိုးစားနည်းဟာ ထို သက်ဆိုင်သူတွေကို အဝေး ထွက်ပြေးသွားစေပါတယ်။ ဗြိစ္ဆာရာသီဖွားတွေနဲ့ သူငယ်ချင်း ဖြစ်လာရင်တော့ ငါ ဘာဆက်လုပ်ရမလဲ ဆိုတဲ့ အတွေးကို လတိုင်းတွေးဖြစ်နေမှာပါ။

Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )

ဓနု ရာသီဖွားတွေအကြောက်ဆုံးအရာက နေရာဒေသတွေနဲ့ဝေးကွာနေမှာကိုပါ။ ဓနု ရာသီဖွားတွေဟာ သဘာ၀ အားဖြင့် စူးစမ်းလေ့လာသူတွေပါ။ သူတို့ဟာ ယုံကြည်မှုတွေအရ ခရီးသွားရတာကို သဘောကျကြပါတယ်။ ဓနု ရာသီဖွားတွေဟာ ကျယ်ပြန့်ခြင်း နက္ခတ် ကို ဆောင်ကြဉ်းတဲ့ ဂျူပီတာ ဂြိုလ် ရဲ့ အုပ်ချုပ်မှု အောက်မှာရှိနေသူတွေပါ။ ဂျူပီတာ ဂြိုလ် အုပ်ချုပ်တယ်ဆိုပေမယ့်လည်း ဓနု ရာသီဖွားတွေဟာ ပိတ်လှောင်ခံထားရမှုကို ကြောက်တတ်တဲ့ စိတ်အပြည့် ပါလာပါတယ်။ သူတို့ဟာ သူတို့ရဲ့ လွတ်လပ်မှုကို ဟန့်တားမယ့် အရာ ထက် ကြောက်တာ ဘာမှမရှိပါဘူး။

Capricorn - မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် - ဇန်နဝါရီလ ၁၉ ရက် )

မကာရ ရာသီဖွားတွေအကြောက်ဆုံး က ရှုံးနိမ့်မှုပါ။ သူတို့တွေဟာ စီးပွားရေးအမြဲတွေးထားတတ်တဲ့ လူတွေလည်း ဖြစ်ပါတယ်။ အလုပ်ကြိုးစားကြပြီး အမြဲတမ်း အောင်မြင်မှုဆီတက်လှမ်းနိုင်ဖို့ မျှော်လင့်နေတတ်တာကြောင့် သူတို့ရဲ့ အကြောက်ဆုံးအရာက ကျရှုံးမှု ဖြစ်လာပါတယ်။ မကာရ ရာသီဖွားတွေဟာ ဖခင်ရဲ့ စိတ်ဆန္ဒတွေကို အမွေ အဖြစ် ဆက်ခံထားရသူတွေပါ။ မကာရ ရာသီခွင်ဟာ အောင်မြင်မှု ၊ ဂုဏ်သိက္ခာ ၊ ဖခင် စတာတွေနဲ့ ပတ်သက်တဲ့ ဆယ်လုံးမြောက်အိမ်ဆိုတဲ့ နက္ခတ်က အုပ်စိုးထားပါတယ်။

Aquarius - ကုံရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် - ဖေဖော်ဝါရီလ ၁၈ ရက် )

ကုံရာသီဖွား တွေအကြောက်ဆုံး အရာက အသင်းအဖွဲ့ တစ်ခုခု ၊ စည်းမျဉ်းတစ်ခုခု ရဲ့ လက်အောက် ရောက်နေမှာကိုပါ။ သူတို့တွေဟာ တွဲဖက် အလုပ်လုပ်ရခြင်း ၊ ကျောင်းတက်ရခြင်း ၊ ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေ ၊ အိမ်ထောင်ကျခြင်း စတဲ့ အသင်းအဖွဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ကြပါတယ်။ သူတို့ဟာ အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရတဲ့ ကိစ္စရပ်တိုင်းကိုလည်း အသိဉာဏ်အကျဉ်းချခံထားရခြင်း အဖြစ် မှတ်ယူတတ်ကြပြီး အများရဲ့ တွေးခေါ်မှု ဆိုတဲ့ အိုင်ဒီယာ မျိုးကိုလည်း မုန်းတီးကြပါတယ်။ သူတို့ကို တစ်ခုခု ဆို ပူးပေါင်းပါဝင်ပေးလို့ မရပါဘူး။ တစ်ယောက်တည်း ဖြေရှင်းပါစေ။ သူတို့က အဲဒါကို ပိုသဘောကျကြပါတယ်။

Pisces - မိန်ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် - မတ်လ ၂၀ ရက်)

မိန်ရာသီဖွားတွေ ကြောက်တဲ့အရာက တာဝန်ယူရမှာကိုပါ။ မိန်ရာသီဖွားတွေရဲ့ စိတ်ဟာ ကလေးဆန်လေ့ရှိပြီး ရင့်ကျင်လာချင်စိတ်လည်း မရှိကြပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာ အတွေ့အကြုံ ကာလတွေရဲ့ အသိပညာ အတတ်ပညာ တွေကို အပြည့်အ၀ ရယူနိုင်သူတွေပါ။ ဒါပေမယ့် ရင့်ကျက်မှု တော့ ကင်းမဲ့နေဆဲပါ။ သူတို့တွေဟာ ကမ္ဘာကြီးရဲ့ တာဝန်တွေကို ရယူခြင်း အား ရပ်နားနိုင်ဖို့အတွက် မူးယစ်ဆေးဝါး တွေနဲ့ အရက်သေစာ တွေကို မှီဝဲလေ့ရှိကြပါတယ်။ သူတို့ဟာ အဆုံးမရှိတဲ့ ဖန်တီးမှု နဲ့ မွေးဖွားလာကြတဲ့အတွက် နေ့စဉ် ဘ၀ ဆိုတာကြီးကို ဆန့်ကျင်လိုစိတ်ရှိကြသူတွေလည်း ဖြစ်ကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top