Property Expo
×



အေရွ႕လန္ဒန္ရွိ Wapping အထက္တန္းေက်ာင္းအျပင္မွာ ရဲအရာရွိတစ္ဦးက ၁၃ ႏွစ္အရြယ္ ကိတ္လင္းမာဖီကင္းကို အတင္းအက်ပ္ လက္ထိတ္ခတ္တဲ့ ဗီဒီယိုဖိုင္ထြက္ရွိလာၿပီးတဲ့ေနာက္ ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕မွာ ရက္စက္ၾကမ္းၾကဳတ္စြာ ျပဳမူတယ္လို႔ စြပ္စြဲေျပာဆုိခံေနရပါတယ္။

အဆုိပါေက်ာင္းသူေလးရဲ႕ အျမႊာညီမက ယင္းဗီဒီယိုဖိုင္ကို ႐ိုက္ကူးခဲ့တာျဖစ္ၿပီး  Bethnal Green Academy ေက်ာင္းက တျခားေက်ာင္းသူေက်ာင္းသားေတြကို ျပသခဲ့ပါတယ္။


ရန္ပြဲတစ္ခုျဖစ္ပြားခဲ့တဲ့အတြက္ အခုလို ဖမ္းဆီးခံရတယ္လို႔ သိရပါတယ္။

သူငယ္ခ်င္းတစ္ေယာက္နဲ႔ ေတြ႕ဖို႔ Wapping အထက္တန္းေက်ာင္းကို  ေရာက္လာတဲ့ ကိတ္လင္းကို ယင္းေက်ာင္းမွာ တက္္ေနတဲ့ အသက္ ၁၆ ႏွစ္အရြယ္ေက်ာင္းသူတစ္ဦးက မိန္္းမပ်က္လို႔ ေခၚၿပီး ကန္ေက်ာက္ခဲ့တယ္လို႔ သိရပါတယ္။

ေက်ာင္းသူခ်င္းရန္ျဖစ္တဲ့ ကိစၥကို မလိုအပ္ဘဲ အင္အားသံုးၿပီး ေျဖရွင္းခဲ့တဲ့အတြက္ ကိတ္လင္းရဲ႕မိသားစုက ရဲတပ္ဖြဲ႕ကို ျပင္းျပင္းထန္ထန္ ေဝဖန္္ခဲ့ၿပီး  Independent Police Complaints Commission ကလည္း ယင္းျဖစ္ရပ္ကို စံုစမ္းစစ္ေဆးေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun

#Unicode Version

အရှေ့လန်ဒန်ရှိ Wapping အထက်တန်းကျောင်းအပြင်မှာ ရဲအရာရှိတစ်ဦးက ၁၃ နှစ်အရွယ် ကိတ်လင်းမာဖီကင်းကို အတင်းအကျပ် လက်ထိတ်ခတ်တဲ့ ဗီဒီယိုဖိုင်ထွက်ရှိလာပြီးတဲ့နောက် မြို့တော်ရဲတပ်ဖွဲ့မှာ ရက်စက်ကြမ်းကြုတ်စွာ ပြုမူတယ်လို့ စွပ်စွဲပြောဆိုခံနေရပါတယ်။

အဆိုပါကျောင်းသူလေးရဲ့ အမြွှာညီမက ယင်းဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့တာဖြစ်ပြီး  Bethnal Green Academy ကျောင်းက တခြားကျောင်းသူကျောင်းသားတွေကို ပြသခဲ့ပါတယ်။

ရန်ပွဲတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ Wapping အထက်တန်းကျောင်းကို  ရောက်လာတဲ့ ကိတ်လင်းကို ယင်းကျောင်းမှာ တက်နေတဲ့ အသက် ၁၆ နှစ်အရွယ်ကျောင်းသူတစ်ဦးက မိန်းမပျက်လို့ ခေါ်ပြီး ကန်ကျောက်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသူချင်းရန်ဖြစ်တဲ့ ကိစ္စကို မလိုအပ်ဘဲ အင်အားသုံးပြီး ဖြေရှင်းခဲ့တဲ့အတွက် ကိတ်လင်းရဲ့မိသားစုက ရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး  Independent Police Complaints Commission ကလည်း ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top