Property Expo
×

ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ျမန္မာသတင္းအခ်က္အလက္နည္းပညာ တကၠသိုလ္ (ဓာတ္ပုံ− miit.edu.mm)

ျမန္မာသတင္းအခ်က္အလက္နည္းပညာ တကၠသုိလ္ (ΜΙΙΤ)၏ ၂၀၁၆−၂၀၁၇ ပညာ သင္ႏွစ္ ဘဲြ႕ႀကိဳသင္တန္းမ်ားအ တြက္ ၀င္ခြင့္စာေမးပဲြက်င္းပမည္ ျဖစ္ၿပီး သင္တန္းသား ၁၂၀ ဦး လက္ခံမည္ျဖစ္ေၾကာင္း ပညာ ေရး ၀န္ႀကီးဌာနမွ သတင္းရရွိ သည္။

အဆိုပါ ΜΙΙΤ တကၠသုိလ္၏ ၂၀၁၆−၂၀၁၇ ပညာသင္ႏွစ္ ဘဲြ႕ ႀကိဳ သင္တန္းမ်ားကို ဒီဇင္ဘာ၁ ရက္တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး Computer Science and Engineering (CSE) ႏွင့္ Electronics Communication and Engineering(ΕΧΕ) အထူး ျပဳဘာသာရပ္ ႏွစ္ခုကုိ သင္ၾကား မည္ျဖစ္သည္။ သင္တန္းကာလ မွာ ငါးႏွစ္ျဖစ္ၿပီး သင္တန္းတစ္ခုလွ်င္ သင္တန္းသား ၆၀ ဦးစီ လက္ခံသင္ၾကား၍ သင္တန္းၿပီး ဆံုးပါက Β.Ε.(Ηονσ) ဘဲြ႕ ခ်ီးျမႇင့္ မည္ျဖစ္ေၾကာင္း သိရသည္။

 အဆုိပါ သင္တန္းမ်ား အ တြက္ ၂၀၁၆ တကၠသိုလ္၀င္ စာ ေမးပဲြတြင္ ႐ူပေဗဒႏွင့္ ဓာတုေဗဒ ဘာသာမ်ား ပါ၀င္သည့္ ဘာသာတဲြျဖင့္ ေအာင္ျမင္ၿပီးသူမ်ား ေလွ်ာက္ထားႏုိင္ၿပီး ႏုိင္ငံျခားသား ဧည့္ပါေမာကၡမ်ားပါ၀င္သင္ၾကား မည္ျဖစ္ေသာေၾကာင့္ အဂၤလိပ္ ဘာသာျဖင့္ သင္ၾကားပို႔ခ်မႈကုိ နားလည္ႏုိင္သည့္ အရည္အခ်င္း ရွိရန္ လိုအပ္ေၾကာင္း ျမန္မာသ တင္းအခ်က္အလက္ နည္းပညာ တကၠသုိလ္က  ေၾကညာထား သည္။

 ၀င္ခြင့္စာေမးပဲြမ်ားကို ျမန္မာႏုိင္ငံသတင္းအခ်က္အလက္နည္းပညာတကၠသိုလ္ႏွင့္ ရန္ကုန္ကြန္ပ်ဴတာတကၠသုိလ္တို႔၌ ႏုိ၀င္ဘာ ၅ ရက္တြင္က်င္းပမည္ ျဖစ္ၿပီး တကၠသိုလ္၀င္တန္း အဆင့္ သခ်ၤာ၊ အဂၤလိပ္စာ၊ ဓာတုေဗဒ၊ ႐ူပေဗဒ ဘာသာရပ္ဆိုင္ရာ ၂ နာရီေမးခြန္းကို ေျဖဆုိရမည္ျဖစ္ သည္။
 သင္တန္း တက္ေရာက္ရန္ ၀င္ခြင့္ စာေမးပဲြရမွတ္ႏွင့္ တကၠ သုိလ္၀င္တန္း  ရမွတ္တို႔ကို ပူးတဲြစဥ္းစား၍ ေရြးခ်ယ္မည္ျဖစ္ ေၾကာင္း အဆုိပါတကၠသုိလ္မွသိရ သည္။      

 တက္ေရာက္လိုသူမ်ားသည္တကၠသုိလ္သုိ႔တိုက္႐ိုက္ေလွ်ာက္ထားရမည္ျဖစ္ၿပီး ေလွ်ာက္လႊာမ်ားကို ေက်ာင္းသားေရးရာဌာနႏွင့္ www.miit.edu.mm တြင္ ေအာက္တိုဘာ ၃ ရက္မွ စတင္ထုတ္ယူႏုိင္ကာ ေအာက္တိုဘာ ၂၈ ရက္ ေနာက္ဆံုးထားေလွ်ာက္ထားရမည္ျဖစ္သည္။
ေလွ်ာက္လႊာႏွင့္အတူ တကၠ သုိလ္၀င္ စာေမးပဲြ ေအာင္လက္ မွတ္ (မူရင္း၊ မိတၱဴ)၊ အမွတ္စာ ရင္း(မူရင္း၊ မိတၱဴ)၊ ေလွ်ာက္ထား သူႏွင့္ မိဘတို႔၏ ႏုိင္ငံသားစိစစ္ ေရးကတ္ျပား (မူရင္း၊ မိတၱဴ)၊ ပတ္စ္ပို႔ဓာတ္ပံုေလးပံု၊ ရပ္ကြက္ ႏွင့္ ရဲစခန္းမွ အက်င့္စာရိတၱ ေကာင္းမြန္ေၾကာင္း ေထာက္ခံ စာ၊ ၿမိဳ႕နယ္က်န္းမာေရး ဦးစီး ဌာနမွ က်န္းမာေရး ေကာင္းမြန္ ေၾကာင္း ေထာက္ခံစာတို႔ကို ပူးတဲြ တင္ျပရမည္ျဖစ္ေၾကာင္း ΜΙΙΤ မွ ေၾကညာထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ် (ဓာတ်ပုံ− miit.edu.mm)

မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ် (ΜΙΙΤ)၏ ၂၀၁၆−၂၀၁၇ ပညာ သင်နှစ် ဘွဲ့ကြိုသင်တန်းများအ တွက် ဝင်ခွင့်စာမေးပွဲကျင်းပမည် ဖြစ်ပြီး သင်တန်းသား ၁၂၀ ဦး လက်ခံမည်ဖြစ်ကြောင်း ပညာ ရေး ဝန်ကြီးဌာနမှ သတင်းရရှိ သည်။


အဆိုပါ ΜΙΙΤ တက္ကသိုလ်၏ ၂၀၁၆−၂၀၁၇ ပညာသင်နှစ် ဘွဲ့ ကြို သင်တန်းများကို ဒီဇင်ဘာ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး Computer Science and Engineering (CSE) နှင့် Electronics Communication and Engineering(ΕΧΕ) အထူး ပြုဘာသာရပ် နှစ်ခုကို သင်ကြား မည်ဖြစ်သည်။ သင်တန်းကာလ မှာ ငါးနှစ်ဖြစ်ပြီး သင်တန်းတစ်ခုလျှင် သင်တန်းသား ၆၀ ဦးစီ လက်ခံသင်ကြား၍ သင်တန်းပြီး ဆုံးပါက Β.Ε.(Ηονσ) ဘွဲ့ ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ သင်တန်းများ အ တွက် ၂၀၁၆ တက္ကသိုလ်ဝင် စာ မေးပွဲတွင် ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာများ ပါဝင်သည့် ဘာသာတွဲဖြင့် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး နိုင်ငံခြားသား ဧည့်ပါမောက္ခများပါဝင်သင်ကြား မည်ဖြစ်သောကြောင့် အင်္ဂလိပ် ဘာသာဖြင့် သင်ကြားပို့ချမှုကို နားလည်နိုင်သည့် အရည်အချင်း ရှိရန် လိုအပ်ကြောင်း မြန်မာသ တင်းအချက်အလက် နည်းပညာ တက္ကသိုလ်က  ကြေညာထား သည်။

 ဝင်ခွင့်စာမေးပွဲများကို မြန်မာနိုင်ငံသတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့၌ နိုဝင်ဘာ ၅ ရက်တွင်ကျင်းပမည် ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အဆင့် သချၤာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်ဆိုင်ရာ ၂ နာရီမေးခွန်းကို ဖြေဆိုရမည်ဖြစ် သည်။
 သင်တန်း တက်ရောက်ရန် ဝင်ခွင့် စာမေးပွဲရမှတ်နှင့် တက္က သိုလ်ဝင်တန်း  ရမှတ်တို့ကို ပူးတွဲစဉ်းစား၍ ရွေးချယ်မည်ဖြစ် ကြောင်း အဆိုပါတက္ကသိုလ်မှသိရ သည်။     

 တက်ရောက်လိုသူများသည်တက္ကသိုလ်သို့တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို ကျောင်းသားရေးရာဌာနနှင့် www.miit.edu.mm တွင် အောက်တိုဘာ ၃ ရက်မှ စတင်ထုတ်ယူနိုင်ကာ အောက်တိုဘာ ၂၈ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။
လျှောက်လွှာနှင့်အတူ တက္က သိုလ်ဝင် စာမေးပွဲ အောင်လက် မှတ် (မူရင်း၊ မိတ္တူ)၊ အမှတ်စာ ရင်း(မူရင်း၊ မိတ္တူ)၊ လျှောက်ထား သူနှင့် မိဘတို့၏ နိုင်ငံသားစိစစ် ရေးကတ်ပြား (မူရင်း၊ မိတ္တူ)၊ ပတ်စ်ပို့ဓာတ်ပုံလေးပုံ၊ ရပ်ကွက် နှင့် ရဲစခန်းမှ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံ စာ၊ မြို့နယ်ကျန်းမာရေး ဦးစီး ဌာနမှ ကျန်းမာရေး ကောင်းမွန် ကြောင်း ထောက်ခံစာတို့ကို ပူးတွဲ တင်ပြရမည်ဖြစ်ကြောင်း ΜΙΙΤ မှ ကြေညာထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top