Kantharyar Centre
×

ဘိုင်ယန်ကွင်းလယ်လူ ရီနာတိုဆန်းချက်ဇ်သည် မန်ယူနှင့် အင်္ဂလန်တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ကို ကျော်၍ ၂၀၁၆ ဥရောပအကောင်းဆုံးလူငယ် ကစားသ မားဆု (European Golden Boy)ဆုရရှိခဲ့သည်။


ရက်ခ်ျဖို့ဒ်နှင့် ဆန်းချက်ဇ်၏ ဘိုင်ယန်အသင်းဖော် ကင်းစလေ ကိုးမန်းလည်း ယင်းဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်လာ သည်။




Credit: 7 day daily

#Unicode Version

ဘိုင်ယန်ကွင်း လယ်လူ ရီနာတိုဆန်းချက်ဇ်သည် မန်ယူနှင့် အင်္ဂလန်တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကို ကျော်၍ ၂၀၁၆ ဥရောပအကောင်းဆုံးလူငယ် ကစားသ မားဆု (European Golden Boy)ဆုရရှိခဲ့သည်။


ပေါ်တူဂီကြယ်ပွင့် ရီနာတို ဆန်းချက်ဇ် (၁၉) နှစ်သည် ဝိန်း ရွန်းနေ၊ စတာလင်၊ မက်ဆီ၊ အဂူ ရိုတို့နည်းတူ အသက် (၂၁)နှစ် အောက် ဥရောပအကောင်းဆုံး ကစားသမားဖြစ်လာသည်။

ရက်ချ်ဖို့ဒ်နှင့် ဆန်းချက်ဇ်၏ ဘိုင်ယန်အသင်းဖော် ကင်းစလေ ကိုးမန်းလည်း ယင်းဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်လာ သည်။

ဆန်းချက်ဇ်သည် ဥရောပ အကောင်းဆုံးလူငယ်ကစားသ မားဆုကို တနင်္လာနေ့တွင် မန်တီ ကာလိုမြို့၌ ကျင်းပသော အခမ်း အနားတွင် ရယူမည်ဖြစ်သည်။

၂၀၀၃ က အီတလီသတင်း စာ Tuttosport က စတင်ချီးမြှင့် သော ဥရောပတစ်ဝန်းဂျာနယ် လစ်များ မဲခွဲရွေးချယ်သည့် ယင်း ဆုရရှိသွားသူ ဆန်းချက်ဇ်၏ သတင်းကို ယင်းသတင်းစာ၏ မျက်နှာဖုံး၌ ဖော်ပြထားသည်။

ဆန်းချက်ဇ်သည် နွေရာသီ က ပေါင် ၂၇ ဒသမ ၅ သန်းဖြင့် ပြောင်းလာပြီး ယခုရာသီတွင် ဘိုင်ယန်အတွက် ရှစ်ပွဲ ကစားထား ကာ ပေါ်တူဂီအတွက်လည်း ၁၁ ပွဲကစားထားသည်။ ၎င်းသည် ယူရို ၂၀၁၆ ၏ အကောင်းဆုံးလူငယ် ကစားသမားဆိုလည်း ရရှိခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top