Kantharyar Centre
×

ဆံပင္ဆိုးရတာ ႏွစ္ၿခိဳက္သူေတြဟာ ကိုယ့္ဆံပင္ ကာလာအမိုက္စားေလးေတြနဲ႔ လွေနေအာင္ အၿမဲေျပာင္းဆိုးတတ္ၾကပါတယ္။ ဒါေပမယ့္ ေဆးဆိုးထားတဲ့ ဆံပင္ကို ဘယ္လိုထိန္းသိမ္းသင့္တယ္ဆိုတာကိုေတာ့ သိပ္သတိမထားၾကပါ ဘူး။ အမွန္ေတာ့ ဆံပင္ဆိုးထားတဲ့သူေတြ ကိုယ့္ဆံပင္ကာလာၾကာရွည္ခံေအာင္ ထိန္းသိမ္းတဲ့ နည္းေလးေတြ ရွိပါတယ္။ အဲ့ဒါေတြကေတာ့

၁။ဆံပင္ကို ေရပူ၊ ေရေႏြးစတာေတြနဲ႔ မေလွ်ာ္သင့္ပါ။

ေရေႏြးနဲ႔ ေရခ်ိဳးတဲ့သူေတြ အသားေတြ ေျခာက္ေသြ႕သြားသလိုပါပဲ။ ေခါင္းေလွ်ာ္တဲ့အခါ ေရေႏြးနဲ႔ ေလွ်ာ္မိရင္လည္း သင္က ဆံပင္အေရာင္ဆိုးထားတဲ့သူ ျဖစ္မယ္ဆုိရင္ သင့္ဆံပင္အေရာင္ေတြ က်သြားပါလိမ့္မယ္။ ဒီေတာ့ ေခါင္းေလွ်ာ္တဲ့အခါ ရိုးရိုးေရနဲ႔ေလွ်ာ္၊ နည္းနည္းေျခာက္ေအာင္ သုတ္ၿပီး ဆံပင္ေပ်ာ့ေဆးထည့္၊ ခဏေန ျပန္ေခါင္းေလွ်ာ္တဲ့အခါမွာလည္း ေရေအးနဲ႔သာ ျဖစ္သင့္ပါတယ္။ ဒါဟာ ဆံပင္သားက်န္းမာေစဖုိ႔သာမက သင့္ဆံပင္ကာလာလည္း ၾကာရွည္ခံပါလိမ့္မယ္။

၂။ေရကူးတဲ့အခါ ဆံပင္ကို ေရကူးကန္ထဲက ေရနဲ႔မထိေတြ႕ေစဖုိ႔ အရင္လုပ္ပါ။

ေနပူထဲေရကူးတာမ်ိဳး၊ ဆံပင္ကို ကလိုရင္းေတြထည့္ထားတဲ့ ေရနဲ႔ တစ္ခ်ိန္လံုးထိေတြ႕ေစတာမ်ိဳးကလည္း သင့္ဆံပင္ကာလာအတြက္ ဆိုးက်ိဳးျဖစ္ေပၚေစတာပါပဲ။ ဒါ့ေၾကာင့္ ပင္လယ္ထဲမွာ ေရကူးတာမ်ိဳး၊ ေရကူးကန္ထဲမွာ ေရကူးတာမ်ိဳးေတြ လုပ္ျဖစ္တယ္ဆုိရင္ေတာ့ ဆံပင္ကို တစ္ခုခုစြပ္ၿပီး ကူးတာမ်ိဳး လုပ္သင့္ပါတယ္။
 
၃။ဆံပင္ကို အပူပစၥည္း၊ ကိရိယာေတြနဲ႔ လိုတာထက္ပို ထိေတြ႕ေပးျခင္းမ်ိဳးေရွာင္ပါ။


ဆံပင္ဆိုးထားတယ္ဆိုရင္ ဆံပင္ကို ဒရိုင္ယာနဲ႔ လိုတာထပ္ပိုၿပီး အခ်ိန္ၾကာျမင့္စြာ မႈတ္တာမ်ိဳး၊ ေျဖာင့္စက္နဲ႔ ခဏခဏဆြဲေပးတာမ်ိဳး၊ အပူေခ်ာင္းနဲ႔လိပ္တာမ်ိဳးေတြ လုိတာထပ္ပို မလုပ္ဖုိ႔ လိုပါတယ္။ ဒါေတြက ဆံပင္သား ပ်က္စီးေစရံုမက အေရာင္လည္း က်ေစတတ္ပါတယ္။

၄။ဆံပင္ေပါင္းတာမ်ိဳး မၾကာခဏလုပ္ေပးပါ။

ဆိုင္မွာ သြားမေပါင္းႏိုင္ဘူးဆိုရင္ေတာင္ အိမ္မွာ မၾကာခဏ ဆံပင္ေပါင္းတင္တာမ်ိဳး လုပ္ေပးပါ။ mask သံုးၿပီး ေပါင္းေပးတာမ်ိဳးေတြကလည္း ထိေရာက္ပါတယ္။ အဲ့ဒီလို mask သံုးၿပီး ေပါင္းတင္မယ္ဆုိရင္ေတာ့ အနည္းဆံုး တစ္ပတ္ကို တစ္ခါ ေပါင္းေပးသင့္ပါတယ္။

၅။ဆံပင္အေရာင္ဆိုးခင္ ႏွစ္ရက္ႀကိဳၿပီး ေပါင္းတင္ေပးတာမ်ိဳး လုပ္ပါ။

ဆံပင္ကို ထဲထဲ၀င္၀င္ အားျဖည့္ေပးႏိုင္ဖုိ႔အတြက္ ေပါင္းတင္ေပးႏိုင္ဖုိ႔ လိုပါတယ္။ အထူးသျဖင့္ ဆံပင္ဆိုးမယ္လို႔ စိတ္ကူးထားရင္ မဆိုးခင္ နွစ္ရက္အလိုမွာ ေပါင္းတင္သင့္ပါတယ္။ အိမ္မွာျဖစ္ျဖစ္၊ ဆိုင္မွာျဖစ္ျဖစ္ ဆံပင္သား က်န္းမာေစဖုိ႔နဲ႔ ေဆးသားက်န္ေစဖုိ႔ ႀကိဳတင္ျပင္ဆင္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ဆံပင်ဆိုးရတာ နှစ်ခြိုက်သူတွေဟာ ကိုယ့်ဆံပင် ကာလာအမိုက်စားလေးတွေနဲ့ လှနေအောင် အမြဲပြောင်းဆိုးတတ်ကြပါတယ်။ ဒါပေမယ့် ဆေးဆိုးထားတဲ့ ဆံပင်ကို ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာကိုတော့ သိပ်သတိမထားကြပါ ဘူး။ အမှန်တော့ ဆံပင်ဆိုးထားတဲ့သူတွေ ကိုယ့်ဆံပင်ကာလာကြာရှည်ခံအောင် ထိန်းသိမ်းတဲ့ နည်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ဆံပင်ကို ရေပူ၊ ရေနွေးစတာတွေနဲ့ မလျှော်သင့်ပါ။

ရေနွေးနဲ့ ရေချိုးတဲ့သူတွေ အသားတွေ ခြောက်သွေ့သွားသလိုပါပဲ။ ခေါင်းလျှော်တဲ့အခါ ရေနွေးနဲ့ လျှော်မိရင်လည်း သင်က ဆံပင်အရောင်ဆိုးထားတဲ့သူ ဖြစ်မယ်ဆိုရင် သင့်ဆံပင်အရောင်တွေ ကျသွားပါလိမ့်မယ်။ ဒီတော့ ခေါင်းလျှော်တဲ့အခါ ရိုးရိုးရေနဲ့လျှော်၊ နည်းနည်းခြောက်အောင် သုတ်ပြီး ဆံပင်ပျော့ဆေးထည့်၊ ခဏနေ ပြန်ခေါင်းလျှော်တဲ့အခါမှာလည်း ရေအေးနဲ့သာ ဖြစ်သင့်ပါတယ်။ ဒါဟာ ဆံပင်သားကျန်းမာစေဖို့သာမက သင့်ဆံပင်ကာလာလည်း ကြာရှည်ခံပါလိမ့်မယ်။

၂။ရေကူးတဲ့အခါ ဆံပင်ကို ရေကူးကန်ထဲက ရေနဲ့မထိတွေ့စေဖို့ အရင်လုပ်ပါ။

နေပူထဲရေကူးတာမျိုး၊ ဆံပင်ကို ကလိုရင်းတွေထည့်ထားတဲ့ ရေနဲ့ တစ်ချိန်လုံးထိတွေ့စေတာမျိုးကလည်း သင့်ဆံပင်ကာလာအတွက် ဆိုးကျိုးဖြစ်ပေါ်စေတာပါပဲ။ ဒါ့ကြောင့် ပင်လယ်ထဲမှာ ရေကူးတာမျိုး၊ ရေကူးကန်ထဲမှာ ရေကူးတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်တော့ ဆံပင်ကို တစ်ခုခုစွပ်ပြီး ကူးတာမျိုး လုပ်သင့်ပါတယ်။

၃။ဆံပင်ကို အပူပစ္စည်း၊ ကိရိယာတွေနဲ့ လိုတာထက်ပို ထိတွေ့ပေးခြင်းမျိုးရှောင်ပါ။

ဆံပင်ဆိုးထားတယ်ဆိုရင် ဆံပင်ကို ဒရိုင်ယာနဲ့ လိုတာထပ်ပိုပြီး အချိန်ကြာမြင့်စွာ မှုတ်တာမျိုး၊ ဖြောင့်စက်နဲ့ ခဏခဏဆွဲပေးတာမျိုး၊ အပူချောင်းနဲ့လိပ်တာမျိုးတွေ လိုတာထပ်ပို မလုပ်ဖို့ လိုပါတယ်။ ဒါတွေက ဆံပင်သား ပျက်စီးစေရုံမက အရောင်လည်း ကျစေတတ်ပါတယ်။

၄။ဆံပင်ပေါင်းတာမျိုး မကြာခဏလုပ်ပေးပါ။

ဆိုင်မှာ သွားမပေါင်းနိုင်ဘူးဆိုရင်တောင် အိမ်မှာ မကြာခဏ ဆံပင်ပေါင်းတင်တာမျိုး လုပ်ပေးပါ။ mask သုံးပြီး ပေါင်းပေးတာမျိုးတွေကလည်း ထိရောက်ပါတယ်။ အဲ့ဒီလို mask သုံးပြီး ပေါင်းတင်မယ်ဆိုရင်တော့ အနည်းဆုံး တစ်ပတ်ကို တစ်ခါ ပေါင်းပေးသင့်ပါတယ်။

၅။ဆံပင်အရောင်ဆိုးခင် နှစ်ရက်ကြိုပြီး ပေါင်းတင်ပေးတာမျိုး လုပ်ပါ။

ဆံပင်ကို ထဲထဲဝင်ဝင် အားဖြည့်ပေးနိုင်ဖို့အတွက် ပေါင်းတင်ပေးနိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် ဆံပင်ဆိုးမယ်လို့ စိတ်ကူးထားရင် မဆိုးခင် နှစ်ရက်အလိုမှာ ပေါင်းတင်သင့်ပါတယ်။ အိမ်မှာဖြစ်ဖြစ်၊ ဆိုင်မှာဖြစ်ဖြစ် ဆံပင်သား ကျန်းမာစေဖို့နဲ့ ဆေးသားကျန်စေဖို့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top