Property Expo
×

သက္တမ္းကုန္ ေက်ာက္မ်က္ရတနာလုပ္ကြက္ မ်ားကို သက္တမ္းတိုးေပးမႈ လတ္ တေလာ ရပ္ဆိုင္းထားေသာ္လည္း ဥပေဒႏွင့္အညီ စည္းကမ္းတက် လုပ္ကိုင္သည့္ ကုမၸဏီမ်ားကိုမူ ျပန္လည္ ခြင့္ျပဳေပးရန္ရွိေၾကာင္း သတင္းရရွိသည္။

‘‘အရပ္ဘက္ အဖြဲ႕အစည္း ေတြ၊ ေဒသခံေတြ၊ ကုမၸဏီေတြနဲ႔ ၿပီးခဲ့တဲ့ရက္က ဒီကိစၥကို အေက်အလည္ ေဆြးေႏြးၾကတယ္။ ေက်ာက္မ်က္ဥပေဒမွာပါတဲ့ တခ်ဳိ႕ အခ်က္အလက္ေတြကို ဥပေဒအတိုင္း လိုက္နာေဆာင္ရြက္ဖို႔ ကုမၸဏီေတြကို သတိေပးတာေတြလည္း ရွိတယ္’’ဟု ကခ်င္ျပည္နယ္ သယံဇာတဝန္ႀကီး ဦးHလေအာင္က ေျပာသည္။

အစိုးရ၏ မူဝါဒအေျပာင္း အလဲအရ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈ ေလ်ာ့နည္းသက္ သာေစရန္၊ ေက်ာက္စိမ္းေက်ာက္ မ်က္ သယံဇာတ တူးေဖာ္ထုတ္ လုပ္မႈ ေလွ်ာ့ခ်ရန္ႏွင့္ ေက်ာက္ စိမ္းေက်ာက္မ်က္ တူးေဖာ္မႈမ်ား ကို စနစ္တက် ခန္႔ခြဲႏိုင္ရန္ ယခု ကဲ့သို႔ ယာယီ ရပ္နားျခင္းျဖစ္သည္။

မည္သည့္အခ်ိန္တြင္ ျပန္ လည္လုပ္ကိုင္ခြင့္ျပဳမည္ဆိုျခင္းကို အတိအက် မသိရေသးဘဲ ေက်ာက္မ်က္ဥပေဒသစ္ ျပင္ဆင္ ျပ႒ာန္းၿပီးခ်ိန္မွသာ ျပန္လည္လုပ္ ကိုင္ခြင့္ျပဳဖြယ္ရွိေၾကာင္း ျမန္မာ့ ေက်ာက္မ်က္ရတနာလုပ္ငန္းမွ ဒုတိယ ၫႊန္ၾကားေရးမွဴးက ဆို သည္။

ဖားကန္႔၊ လံုးခင္း၊ မိုးညႇင္း၊ မိုင္း႐ွဴး၊ ခႏၲီး စသည့္ရတနာနယ္ ေျမမ်ားရွိ အစိုးရႏွင့္ အက်ဳိးတူ တူးေဖာ္ေနသည့္  ပုဂၢလိကပိုင္ ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ ကြက္မ်ားအားလံုးကို တူးေဖာ္ခြင့္ လိုင္စင္သက္တမ္း ကုန္ဆံုးသည္ ႏွင့္တစ္ၿပိဳင္နက္ ေက်ာက္မ်က္ တူးေဖာ္မႈမ်ားကို သယံဇာတႏွင့္ သဘာဝပတ္ဝႏ္းက်င္ ထိန္းသိမ္း ေရးဝန္ႀကီးဌာနမွ ရပ္ဆိုင္းထား လိုက္ၿပီျဖစ္သည္။

အဆိုပါ ရပ္ဆိုင္းမႈႏွင့္ပတ္ သက္၍ လုပ္ငန္းရွင္ အခ်ဳိ႕က အစိုးရကို ေဝဖန္ေနၾကသည္။

ေက်ာက္မ်က္လုပ္ကြက္မ်ား ထပ္မံ သက္တမ္းတိုးေပးျခင္း မရွိေတာ့ဘဲ ယာယီရပ္ဆိုင္းျခင္း ႏွင့္ပတ္သက္၍ တူးေဖာ္ေရးလုပ္ ငန္း  စတင္ခါစက လုပ္ငန္းရွင္ အခ်ဳိ႕ နစ္နာမႈမ်ားရွိေနၿပီး ၎ တို႔၏ နစ္နာမႈမ်ားအတြက္ ထည့္ သြင္းစဥ္းစားေပးရန္ ျမန္မာႏိုင္ငံ ေက်ာက္မ်က္ ရတနာလုပ္ငန္း ရွင္မ်ားအသင္းက တင္ျပေတာင္း ဆိုထားေၾကာင္း သိရသည္။

 သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန စာရင္းမ်ားအရ ဖား ကန္႔၊ လံုးခင္း၊ မိုးညႇင္း၊ မိုင္း႐ွဴး၊ ခႏၲီး စသည့္ရတနာေျမမ်ားတြင္ ေက်ာက္စိမ္းေက်ာက္မ်က္ တူး ေဖာ္ေရး လုပ္ကြက္ ၁၆,၀၀၀ ေက်ာ္ ရွိသည္ဟုဆိုသည္။

ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ကြက္မ်ားကို သက္တမ္း ထပ္ မံမတိုးေပးေတာ့ဘဲ ယာယီရပ္ဆိုင္းလိုက္သျဖင့္ ၂၀၁၇ ႏွင့္ ၂၀၁၈ မ်ားအတြင္း လုပ္ကြက္အမ်ားစု ရပ္နားဖြယ္ရွိေၾကာင္း ေက်ာက္ မ်က္လုပ္ငန္းရွင္ အမ်ားစုက သံုးသပ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

သက်တမ်းကုန် ကျောက်မျက်ရတနာလုပ်ကွက် များကို သက်တမ်းတိုးပေးမှု လတ် တလော ရပ်ဆိုင်းထားသော်လည်း ဥပဒေနှင့်အညီ စည်းကမ်းတကျ လုပ်ကိုင်သည့် ကုမ္ပဏီများကိုမူ ပြန်လည် ခွင့်ပြုပေးရန်ရှိကြောင်း သတင်းရရှိသည်။

‘‘အရပ်ဘက် အဖွဲ့အစည်း တွေ၊ ဒေသခံတွေ၊ ကုမ္ပဏီတွေနဲ့ ပြီးခဲ့တဲ့ရက်က ဒီကိစ္စကို အကျေအလည် ဆွေးနွေးကြတယ်။ ကျောက်မျက်ဥပဒေမှာပါတဲ့ တချို့ အချက်အလက်တွေကို ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ကုမ္ပဏီတွေကို သတိပေးတာတွေလည်း ရှိတယ်’’ဟု ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးHလအောင်က ပြောသည်။

အစိုးရ၏ မူဝါဒအပြောင်း အလဲအရ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းသက် သာစေရန်၊ ကျောက်စိမ်းကျောက် မျက် သယံဇာတ တူးဖော်ထုတ် လုပ်မှု လျှော့ချရန်နှင့် ကျောက် စိမ်းကျောက်မျက် တူးဖော်မှုများ ကို စနစ်တကျ ခန့်ခွဲနိုင်ရန် ယခု ကဲ့သို့ ယာယီ ရပ်နားခြင်းဖြစ်သည်။

မည်သည့်အချိန်တွင် ပြန် လည်လုပ်ကိုင်ခွင့်ပြုမည်ဆိုခြင်းကို အတိအကျ မသိရသေးဘဲ ကျောက်မျက်ဥပဒေသစ် ပြင်ဆင် ပြဋ္ဌာန်းပြီးချိန်မှသာ ပြန်လည်လုပ် ကိုင်ခွင့်ပြုဖွယ်ရှိကြောင်း မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူးက ဆို သည်။

ဖားကန့်၊ လုံးခင်း၊ မိုးညှင်း၊ မိုင်းရှူး၊ ခန္တီး စသည့်ရတနာနယ် မြေများရှိ အစိုးရနှင့် အကျိုးတူ တူးဖော်နေသည့်  ပုဂ္ဂလိကပိုင် ကျောက်မျက်တူးဖော်ရေး လုပ် ကွက်များအားလုံးကို တူးဖော်ခွင့် လိုင်စင်သက်တမ်း ကုန်ဆုံးသည် နှင့်တစ်ပြိုင်နက် ကျောက်မျက် တူးဖော်မှုများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ရပ်ဆိုင်းထား လိုက်ပြီဖြစ်သည်။

အဆိုပါ ရပ်ဆိုင်းမှုနှင့်ပတ် သက်၍ လုပ်ငန်းရှင် အချို့က အစိုးရကို ဝေဖန်နေကြသည်။

ကျောက်မျက်လုပ်ကွက်များ ထပ်မံ သက်တမ်းတိုးပေးခြင်း မရှိတော့ဘဲ ယာယီရပ်ဆိုင်းခြင်း နှင့်ပတ်သက်၍ တူးဖော်ရေးလုပ် ငန်း  စတင်ခါစက လုပ်ငန်းရှင် အချို့ နစ်နာမှုများရှိနေပြီး ၎င်း တို့၏ နစ်နာမှုများအတွက် ထည့် သွင်းစဉ်းစားပေးရန် မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်း ရှင်များအသင်းက တင်ပြတောင်း ဆိုထားကြောင်း သိရသည်။

 သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန စာရင်းများအရ ဖား ကန့်၊ လုံးခင်း၊ မိုးညှင်း၊ မိုင်းရှူး၊ ခန္တီး စသည့်ရတနာမြေများတွင် ကျောက်စိမ်းကျောက်မျက် တူး ဖော်ရေး လုပ်ကွက် ၁၆,၀၀၀ ကျော် ရှိသည်ဟုဆိုသည်။

ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များကို သက်တမ်း ထပ် မံမတိုးပေးတော့ဘဲ ယာယီရပ်ဆိုင်းလိုက်သဖြင့် ၂၀၁၇ နှင့် ၂၀၁၈ များအတွင်း လုပ်ကွက်အများစု ရပ်နားဖွယ်ရှိကြောင်း ကျောက် မျက်လုပ်ငန်းရှင် အများစုက သုံးသပ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top