Kantharyar Centre
×


က်န္းမာေရး မေကာင္းလို႕ ၀ိတ္က်သြားတဲ့ရတနာဗိုက အစားေသာက္ပ်က္ၿပီးပင္ပန္းတာေၾကာင့္ ကိုယ္ခံအားက်ၿပီး ေနမေကာင္းျဖစ္တယ္လို႕သိရပါတယ္။ ဒါ့အျပင္ ရႈတင္ေတြလဲဆက္တိုက္ျဖစ္ေနသလို ဇာတ္လမ္းတြဲ၊ ရုပ္ရွင္ကားၾကီးမ်ားလဲ လက္ခံထားတယ္လို႕သိရပါတယ္၊ လက္ရွိ လႈမႈကြန္ယက္ေပၚက ျမန္မာကားေ၀ဖန္မႈေတြအေပၚ သူမရဲ႕ အျမင္ကိုလဲေျပာျပသြားပါတယ္။

"လူတိုင္းကေတာ့ ကိုယ့္အလုပ္၊ ကုိယ့္နယ္ပယ္မွာ အေကာင္းဆံုးျဖစ္ခ်င္ၾကတာပဲေပါ့။ ဒီလိုပဲ အႏုပညာသမားလဲ ကိုယ့္အႏုပညာမွာ အေကာင္းဆံုးျဖစ္ခ်င္ၾကတယ္။ စီးပြားေရးသမားလဲ စီးပြားေရးမွာ အေကာင္းဆံုးျဖစ္ခ်င္ၾကတယ္။ အကုန္လံုးကေတာ့ ၾကိဳစားေနၾကတာပဲ။ ပရိသတ္ေတြေ၀ဖန္တာေျပာတာ၊ ဆိုတာက တခ်ိဳ႕အရာေတြလဲ မွားတယ္လို႕မေျပာပါဘူး။ မွန္တာေလးေတြလဲ ရွိပါတယ္။ သူတုိ႕ဖက္ကလဲ တိုးတက္ေစခ်င္လို႕ေျပာတာေပ့ါေနာ္။ အဲ့ဒီအတြက္ ညီမတို႕ဖက္ကလဲ အႏုပညာေလာကကို ဒီ့ထက္ပိုၿပီး တိုးတက္ေအာင္အႏုပညာအရည္အခ်င္းေတြလဲ အဆင့္ျမင့္ျမင့္ျဖစ္ေအာင္လို႕ဒီ့ထက္ပိုၿပီးအမ်ားၾကီးၾကိဳးစားပါ့မယ္။ ကိုယ္ဒီမွာ သံုးႏုိင္တဲ့ေငြေရးေၾကးေရးပမာဏနဲ႕အႏုပညာကိုလုပ္ေနရတဲ့အခ်ိန္ေလးမွာ ပရိသတ္ၾကီးအေနနဲ႕နားလည္ေပးေစခ်င္ပါတယ္။ ႏုိင္ငံၾကီးတိုးတက္လာတာနဲ႕အမွ် အႏုပညာလဲတုိးတက္လာမယ္ဆိုတာ ညီမယံုၾကည္ပါတယ္"တဲ့။

ဟိုးေရွးေခတ္ကဇာတ္ကားေတြေကာင္းခဲ့သေလာက္ ဒီဖက္ေခတ္ဇာတ္ကားေတြက ေကာ္ပီရုိက္ကူးလာၾကတဲ့အေပၚမွာလဲ "ညီမထင္တာကေတာ့ ေစ်းကြက္ကြာသြားတယ္ထင္တယ္။ ေရွးတုန္းကဇာတ္ကားေတြဟာ တကယ္လဲေကာင္းခဲ့တယ္။ တကယ္လဲ ကြာလတီမွီတယ္။ တကယ္ကားတစ္ကားကိုၾကည့္လိုက္ရင္လဲ ရင္ထဲမွာခံစားသြားရတယ္။ အဓိက ေစ်းကြက္လဲအရင္တုန္းကေလာက္ မေကာင္းေတာ့သလို ေစ်းကြက္လဲကြာသြားတယ္။ အရင္ကေတာ့ ဇာတ္ညႊန္းေကာင္းေကာင္း တည္ေဆာက္ၾကတယ္။ ဇာတ္အိမ္ေကာင္းေကာင္း တည္ေဆာက္ၾကတယ္။ အခ်ိန္ယူၿပီးေငြေရးေၾကးေရး အကုန္ခံၿပီးရိုက္ၾကတယ္။ အဲ့ဒီအတြက္ထြက္လာတဲ့ ကြာလတီကလဲေကာင္းတယ္။ ဇာတ္ကားေလးေတြကပညာေလးလဲရတယ္။ အဲ့ဒီေတာ့ ပရိသတ္ၾကည့္ရင္ တစ္ခုခုက်န္ခဲ့တယ္။ ေရွးကားေတြကေတာ့ တကယ္လဲေကာင္းခဲ့ပါတယ္။ အခုဒီဖက္ေခတ္က်ေတာ့ ေစ်းကြက္ကလဲ မေကာင္းေတာ့ဘူးျဖစ္လာတယ္။ ေစ်းကြက္မေကာင္းတဲ့အတြက္ေငြေရးေၾကးေရးသံုးစြဲမႈမွာလဲ ထုတ္လုပ္ေရးေတြက ခ်ံဳ႕လာၾကတယ္။ ဇာတ္လမ္းဇာတ္အိမ္ ေလးေတြကလဲ ေကာ္ပီေလးေတြလဲမ်ားလာၾကေတာ့ ပရိသတ္အတြက္ေျပာစရာေလးေတြျဖစ္လာတာေပါ့။ အဲ့ဒီအတြက္ဒီ့ေနာက္ပိုင္းေတာ့ ရုပ္ရွင္သမားေတြလဲေငြေရးေၾကးေရးနဲ႕ပတ္သက္ၿပီးေသခ်ာသံုးႏုိင္ေအာင္၊ ဇာတ္လမ္းဇာတ္အိမ္ေကာင္းေကာင္းနဲ႕ဇာတ္ကားေကာင္းေတြထြက္လာေအာင္အားလံုး၀ိုင္း၀န္းၿပီးၾကိဳးစားေနၾကပါတယ္"လို႔ သူမက ေျပာျပသြားပါတယ္။

ဒါ့အျပင္သီတင္းကၽြတ္ကိုေတာ့ ရန္ကုန္မွာပဲျဖတ္သန္းမွာျဖစ္ၿပီး တန္ေဆာင္တုိင္က်မွ ေမြးရပ္ေျမ မႏၱေလးကို အလည္ျပန္ျဖစ္မယ္လို႕ေျပာလာတဲ့ ရတနာဗိုဟာ လက္ရွိမွာေတာ့ လူမင္းနဲ႕အတူ မ်က္ရည္ဖက္ရွင္ဆိုတဲ့ ကားေလးမွာ ပါ၀င္သရုပ္ေဆာင္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ကျန်းမာရေး မကောင်းလို့ ဝိတ်ကျသွားတဲ့ရတနာဗိုက အစားသောက်ပျက်ပြီးပင်ပန်းတာကြောင့် ကိုယ်ခံအားကျပြီး နေမကောင်းဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ရှုတင်တွေလဲဆက်တိုက်ဖြစ်နေသလို ဇာတ်လမ်းတွဲ၊ ရုပ်ရှင်ကားကြီးများလဲ လက်ခံထားတယ်လို့သိရပါတယ်၊ လက်ရှိ လှုမှုကွန်ယက်ပေါ်က မြန်မာကားဝေဖန်မှုတွေအပေါ် သူမရဲ့ အမြင်ကိုလဲပြောပြသွားပါတယ်။

"လူတိုင်းကတော့ ကိုယ့်အလုပ်၊ ကိုယ့်နယ်ပယ်မှာ အကောင်းဆုံးဖြစ်ချင်ကြတာပဲပေါ့။ ဒီလိုပဲ အနုပညာသမားလဲ ကိုယ့်အနုပညာမှာ အကောင်းဆုံးဖြစ်ချင်ကြတယ်။ စီးပွားရေးသမားလဲ စီးပွားရေးမှာ အကောင်းဆုံးဖြစ်ချင်ကြတယ်။ အကုန်လုံးကတော့ ကြိုစားနေကြတာပဲ။ ပရိသတ်တွေဝေဖန်တာပြောတာ၊ ဆိုတာက တချို့အရာတွေလဲ မှားတယ်လို့မပြောပါဘူး။ မှန်တာလေးတွေလဲ ရှိပါတယ်။ သူတို့ဖက်ကလဲ တိုးတက်စေချင်လို့ပြောတာပေ့ါနော်။ အဲ့ဒီအတွက် ညီမတို့ဖက်ကလဲ အနုပညာလောကကို ဒီ့ထက်ပိုပြီး တိုးတက်အောင်အနုပညာအရည်အချင်းတွေလဲ အဆင့်မြင့်မြင့်ဖြစ်အောင်လို့ဒီ့ထက်ပိုပြီးအများကြီးကြိုးစားပါ့မယ်။ ကိုယ်ဒီမှာ သုံးနိုင်တဲ့ငွေရေးကြေးရေးပမာဏနဲ့အနုပညာကိုလုပ်နေရတဲ့အချိန်လေးမှာ ပရိသတ်ကြီးအနေနဲ့နားလည်ပေးစေချင်ပါတယ်။ နိုင်ငံကြီးတိုးတက်လာတာနဲ့အမျှ အနုပညာလဲတိုးတက်လာမယ်ဆိုတာ ညီမယုံကြည်ပါတယ်"တဲ့။

ဟိုးရှေးခေတ်ကဇာတ်ကားတွေကောင်းခဲ့သလောက် ဒီဖက်ခေတ်ဇာတ်ကားတွေက ကော်ပီရိုက်ကူးလာကြတဲ့အပေါ်မှာလဲ "ညီမထင်တာကတော့ ဈေးကွက်ကွာသွားတယ်ထင်တယ်။ ရှေးတုန်းကဇာတ်ကားတွေဟာ တကယ်လဲကောင်းခဲ့တယ်။ တကယ်လဲ ကွာလတီမှီတယ်။ တကယ်ကားတစ်ကားကိုကြည့်လိုက်ရင်လဲ ရင်ထဲမှာခံစားသွားရတယ်။ အဓိက ဈေးကွက်လဲအရင်တုန်းကလောက် မကောင်းတော့သလို ဈေးကွက်လဲကွာသွားတယ်။ အရင်ကတော့ ဇာတ်ညွှန်းကောင်းကောင်း တည်ဆောက်ကြတယ်။ ဇာတ်အိမ်ကောင်းကောင်း တည်ဆောက်ကြတယ်။ အချိန်ယူပြီးငွေရေးကြေးရေး အကုန်ခံပြီးရိုက်ကြတယ်။ အဲ့ဒီအတွက်ထွက်လာတဲ့ ကွာလတီကလဲကောင်းတယ်။ ဇာတ်ကားလေးတွေကပညာလေးလဲရတယ်။ အဲ့ဒီတော့ ပရိသတ်ကြည့်ရင် တစ်ခုခုကျန်ခဲ့တယ်။ ရှေးကားတွေကတော့ တကယ်လဲကောင်းခဲ့ပါတယ်။ အခုဒီဖက်ခေတ်ကျတော့ ဈေးကွက်ကလဲ မကောင်းတော့ဘူးဖြစ်လာတယ်။ ဈေးကွက်မကောင်းတဲ့အတွက်ငွေရေးကြေးရေးသုံးစွဲမှုမှာလဲ ထုတ်လုပ်ရေးတွေက ချုံ့လာကြတယ်။ ဇာတ်လမ်းဇာတ်အိမ်လေးတွေကလဲ ကော်ပီလေးတွေလဲများလာကြတော့ ပရိသတ်အတွက်ပြောစရာလေးတွေဖြစ်လာတာပေါ့။ အဲ့ဒီအတွက်ဒီ့နောက်ပိုင်းတော့ ရုပ်ရှင်သမားတွေလဲငွေရေးကြေးရေးနဲ့ပတ်သက်ပြီးသေချာသုံးနိုင်အောင်၊ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ဇာတ်ကားကောင်းတွေထွက်လာအောင်အားလုံးဝိုင်းဝန်းပြီးကြိုးစားနေကြပါတယ်"လို့ သူမက ပြောပြသွားပါတယ်။

ဒါ့အပြင်သီတင်းကျွတ်ကိုတော့ ရန်ကုန်မှာပဲဖြတ်သန်းမှာဖြစ်ပြီး တန်ဆောင်တိုင်ကျမှ မွေးရပ်မြေ မန္တလေးကို အလည်ပြန်ဖြစ်မယ်လို့ပြောလာတဲ့ ရတနာဗိုဟာ လက်ရှိမှာတော့ လူမင်းနဲ့အတူ မျက်ရည်ဖက်ရှင်ဆိုတဲ့ ကားလေးမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top