Kantharyar Centre
×

အိႏၵိယႏုိင္ငံမွာ ေက်ာင္းဆရာတစ္ဦးက ဇာတ္နိမ္အမ်ဳိးသားတစ္ဦး ဂ်ဳံႀကိတ္စက္သုံးတဲ့ကိစၥနဲ႕ ပတ္သက္ၿပီး စကားရာက အဆုိပါ အမ်ဳိးသားကုိ ေခါင္းျဖတ္သတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ယေန႕ (ေအာက္တိုဘာ ၇ ရက္) ေျပာပါတယ္။ အိႏၵိယေျမာက္ပုိင္း အူတာရက္ခတ္းျပည္နယ္မွာ အဆုိပါ လူသတ္မႈ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

ေက်ာင္းဆရာက ဂ်ဳံႀကိတ္စက္သုံးေနတဲ့ အသက္ ၃၅ ႏွစ္အ႐ြြယ္ ဆုိဟန္ရမ္ အမည္႐ွိ အမ်ဳိးသားကုိ ေတြ႕ျမင္ၿပီးေနာက္ မသန္႕႐ွင္းမႈျဖစ္ေစေၾကာင္း ေျပာဆုိၿပီး ေဒါသတႀကီး ျဖစ္ခ့ဲတယ္လုိ႕ Press Trust of India သတင္းဌာနက ေျပာပါတယ္။

အိႏၵိယမွာ ဇာတ္နိမ့္မ်ဳိးႏြယ္အျဖစ္ သတ္မွတ္ဆက္ဆံျခင္းကုိ တရားမဝင္ေၾကာင္း ျပဌာန္းထားေပမဲ့ အခ်ဳိ႕ေနရာေဒသေတြမွာ ဇာတ္နိမ့္သူတစ္ဦးနဲ႕ အဆက္အဆံလုပ္ျခင္းက သန္႕႐ွင္းစင္ၾကယ္မႈကုိ ထိခိုက္ေစေၾကာင္း ယုံၾကည္ေနၾကဆဲ ျဖစ္ပါတယ္။

ေက်ာင္းဆရာက ဂ်ဳံႀကိတ္စက္သုံးတဲ့ ဇာတ္နိမ့္အမ်ဳိးသားကုိ တံစဥ္ျဖင့္ ေခါင္းျဖတ္သတ္ခဲ့ေၾကာင္း သိရပါတယ္။ အိႏၵိယရဲတပ္ဖြဲ႕က လူသတ္မႈက်ဴးလြန္ခဲ့တဲ့ ေက်ာင္းဆရာကုိ ဖမ္းဆီးၿပီး စြဲခ်က္တင္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အိန္ဒိယနိုင်ငံမှာ ကျောင်းဆရာတစ်ဦးက ဇာတ်နိမ်အမျိုးသားတစ်ဦး ဂျုံကြိတ်စက်သုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားရာက အဆိုပါ အမျိုးသားကို ခေါင်းဖြတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၇ ရက်) ပြောပါတယ်။ အိန္ဒိယမြောက်ပိုင်း အူတာရက်ခတ်းပြည်နယ်မှာ အဆိုပါ လူသတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကျောင်းဆရာက ဂျုံကြိတ်စက်သုံးနေတဲ့ အသက် ၃၅ နှစ်အရွယ် ဆိုဟန်ရမ် အမည်ရှိ အမျိုးသားကို တွေ့မြင်ပြီးနောက် မသန့်ရှင်းမှုဖြစ်စေကြောင်း ပြောဆိုပြီး ဒေါသတကြီး ဖြစ်ခဲ့တယ်လို့ Press Trust of India သတင်းဌာနက ပြောပါတယ်။

အိန္ဒိယမှာ ဇာတ်နိမ့်မျိုးနွယ်အဖြစ် သတ်မှတ်ဆက်ဆံခြင်းကို တရားမဝင်ကြောင်း ပြဌာန်းထားပေမဲ့ အချို့နေရာဒေသတွေမှာ ဇာတ်နိမ့်သူတစ်ဦးနဲ့ အဆက်အဆံလုပ်ခြင်းက သန့်ရှင်းစင်ကြယ်မှုကို ထိခိုက်စေကြောင်း ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။

ကျောင်းဆရာက ဂျုံကြိတ်စက်သုံးတဲ့ ဇာတ်နိမ့်အမျိုးသားကို တံစဉ်ဖြင့် ခေါင်းဖြတ်သတ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်ခဲ့တဲ့ ကျောင်းဆရာကို ဖမ်းဆီးပြီး စွဲချက်တင်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top