Kantharyar Centre
×

  ျပည္သူမ်ားကို ေတာင္းပန္ေနသည့္ သမၼတ ပါ့ခ္ဂြမ္ေဟး
    

ေတာင္ကိုရီးယားတြင္ သမၼတ ပါ့ခ္ဂြမ္ေဟး ႏုတ္ထြက္ေပးရန္ ဆႏၵျပ ေတာင္းဆိုမႈမ်ား ေပၚေပါက္ခဲ့ေၾကာင္း သိရွိရသည္။

ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က ဆိုးလ္ၿမိဳ႕ေတာ္တြင္ က်င္းပသည့္ ညေနပိုင္း ဆႏၵျပမႈ အစီအစဉ္ တစ္ခုသို႔ ျပည္သူ ၁၂၀၀၀ ေက်ာ္ စု႐ံုးတက္ေရာက္ၿပီး ပါ့ခ္ကို ရာထူးမွ ႏုတ္ထြက္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။ သမၼတ၏ လုပ္ပိုင္ခြင့္ ေဖာက္ဖ်က္မႈဆိုင္ရာ စြပ္စြဲခံရမႈ အရွက္တကြဲ ျဖစ္စဉ္မ်ား အရွိန္ျမင့္လာခ်ိန္တြင္ ယခုလို ဆႏၵျပမႈမ်ား ေပၚေပါက္လာျခင္း ျဖစ္သည္။

ပါ့ခ္သည္ မိတ္ေဆြတစ္ဦးထံသို႔ အစိုးရ၏ အေရးအပါဆံုး မွတ္တမ္းမွတ္ရာမ်ားကို ေပးပို႔ခဲ့ၿပီး ထိုမိတ္ေဆြက ယင္းတို႔ကို ကိုယ္က်ိဳးအတြက္ အသံုးခ်ရန္ ခြင့္ျပဳခဲ့ေၾကာင္း စြပ္စြဲခံရမႈမ်ားႏွင့္ ႀကံဳေတြ႕ေနသည္။ ထိုအေတာအတြင္း ပါ့ခ္က သူမ၏ ထိပ္တန္း အတြင္းေရးမွဴး ၁၀ ဦးမွ်ကို ရာထူးမွ ႏုတ္ထြက္ရန္ အမိန္႔ေပးၿပီး ႏုိင္ငံေရး မတိုးမဆုတ္သာ အေျခအေနကို ေျဖရွင္း ေလွ်ာ့ခ်ရန္ အားထုတ္ခဲ့သည္။

“သိပ္မၾကာခင္ အေတာအတြင္း သမၼတ အေနနဲ႔ အစိုးရ အဖြဲ႕ကို အေျပာင္းအလဲေတြ ျပဳလုပ္သြားဖို႔ ရွိပါတယ္”ဟု ပါ့ခ္၏ ေျပာေရးဆိုခြင့္ရ အရာရွိ ေဂ်ာင္ေယာင္ကြတ္ခ္ကလည္း CNNသို႔ ေျပာၾကားခဲ့သည္။ ေတာင္ကိုရီးယားတြင္ သမၼတ၏ အတြင္းေရးမွဴးမ်ားသည္ သမၼတႏွင့္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားၾကား မူဝါဒေရးရာ ညႇိႏိႈင္းမႈမ်ား ေဆာင္ရြက္ေပးရာတြင္ အထူးအေရးပါသူမ်ား ျဖစ္ၾကသည္။

ပါ့ခ္သည္ မိတ္ေဆြတစ္ဦးျဖစ္သူ ခ်ိဳင္ဆြန္စီးလ္ကို အစိုးရ၏ မွတ္တမ္းမွတ္ရာမ်ား ေဝမွ်ခဲ့မႈကို ဝန္ခံၿပီး လူသိရွင္ၾကား ေတာင္းပန္ခဲ့သည္။ ယင္းသည္ ၂၀၁၂ သမၼတ ေရြးေကာက္ပြဲ မတုိင္မီတြင္ ပါ့ခ္၏ မိန္႔ခြန္းမ်ားႏွင့္ ပတ္သက္၍ ခၽြိဳင္၏ အျမင္ကို သိရွိလို၍သာ ျဖစ္ေၾကာင္းလည္း ဆိုသည္။ ခၽြိဳင္သည္ မည္သည့္ အဖြဲ႕အစည္းကိုမွ် တိုက္႐ိုက္ကိုယ္စားျပဳမႈ မရွိေခ်။

ပါ့ခ္ အာဏာရလာခ်ိန္တြင္ သူမ၏ မိတ္ေဆြသည္ အခ်ိဳ႕ေသာ မွတ္တမ္းမွတ္ရာမ်ားကို အခ်ိန္ကာလ တစ္ခုအတြင္း ၾကည့္႐ႈခြင့္ ရခဲ့သည္ဟု ဆိုေသာ္လည္း အတိအက်ကိုမူ သမၼတက ထုတ္ေဖာ္ေျပာဆိုျခင္း မရွိခဲ့ေခ်။ “ဒီျဖစ္ရပ္က ျပည္သူလူထုအတြက္ အထိတ္တလန္႔ ျဖစ္သြားေစခဲ့တာကိုေတာ့ ကၽြန္မ အရမ္းေၾကကြဲ ဝမ္းနည္းမိပါတယ္”ဟု ပါ့ခ္က ေျပာၾကားခဲ့သည္။

ခၽြိဳင္က စြန္႔ပစ္ခဲ့သည့္ ကြန္ပ်ဴတာ တစ္လံုးထဲတြင္ ၿပီးခဲ့သည့္ သီတင္းပတ္ အေစာပိုင္း၌ အစိုးရ မွတ္တမ္း အခ်က္အလက္မ်ား ရွိေနသည္ကို ေဖာ္ထုတ္ေတြ႕ရွိလာၿပီးေနာက္ ယင္းတို႔ကို သူမက သံုးသပ္ကာ အစိုးရ အေရးကိစၥ မ်ားတြင္ ၾကားဝင္ စြက္ဖက္မႈမ်ား ရွိခဲ့ေၾကာင္း စြပ္စြဲမႈမ်ား စတင္ထြက္ေပၚလာျခင္း ျဖစ္သည္။ ခၽြိဳင္သည္ ပါ့ခ္ႏွင့္ ရင္းႏွီးမႈကို အခြင့္ေကာင္းယူကာ သူမထူေထာင္ထားသည္ဆိုေသာ ေဖာင္ေဒးရွင္း ႏွစ္ခုသို႔ ေဒၚလာ သန္းႏွင့္ခ်ီ အလွဴေငြမ်ား ေပးအပ္ေစရန္ စီးပြားေရး လုပ္ငန္းႀကီးမ်ားကို ဖိအားေပးခဲ့ေၾကာင္း မီဒီယာမ်ားႏွင့္ အတိုက္အခံမ်ားက စြပ္စြဲထားသည္။

ေတာင္ကိုရီးယား ဥပေဒအရ လက္ရွိ အာဏာရ သမၼတသည္ ပုန္ကန္မႈ၊ ႏုိင္ငံေတာ္ သစၥာေဖာက္မႈမ်ားမွလြဲ၍ မည္သည့္ ရာဇဝတ္မႈ စြဲခ်က္ကိုမဆို လြတ္ေျမာက္ခြင့္ ရွိထားသည္။ ထိုအေျခအေနေၾကာင့္ အတိုက္အခံ အင္အားစု မ်ားက ပါ့ခ္ကို ရာထူးမွ ႏုတ္ထြက္ေပးရန္ ဆႏၵျပ ေတာင္းဆိုလာျခင္း ျဖစ္သည္။

အစိုးရ ေ႐ွ႕ေနမ်ားက ခၽြိဳင္ႏွင့္ ပတ္သက္သည့္ စြဲခ်က္မ်ားကို အလ်င္ျမန္ဆံုး အေျဖရွာ ရွင္းလင္းသြားမည္ျဖစ္ေၾကာင္း ကတိျပဳ ေျပာဆိုထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပြည်သူများကို တောင်းပန်နေသည့် သမ္မတ ပါ့ခ်ဂွမ်ဟေး။

တောင်ကိုရီးယားတွင် သမ္မတ ပါ့ခ်ဂွမ်ဟေး နုတ်ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆိုးလ်မြို့တော်တွင် ကျင်းပသည့် ညနေပိုင်း ဆန္ဒပြမှု အစီအစဉ် တစ်ခုသို့ ပြည်သူ ၁၂၀၀၀ ကျော် စုရုံးတက်ရောက်ပြီး ပါ့ခ်ကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ သမ္မတ၏ လုပ်ပိုင်ခွင့် ဖောက်ဖျက်မှုဆိုင်ရာ စွပ်စွဲခံရမှု အရှက်တကွဲ ဖြစ်စဉ်များ အရှိန်မြင့်လာချိန်တွင် ယခုလို ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပါ့ခ်သည် မိတ်ဆွေတစ်ဦးထံသို့ အစိုးရ၏ အရေးအပါဆုံး မှတ်တမ်းမှတ်ရာများကို ပေးပို့ခဲ့ပြီး ထိုမိတ်ဆွေက ယင်းတို့ကို ကိုယ်ကျိုးအတွက် အသုံးချရန် ခွင့်ပြုခဲ့ကြောင်း စွပ်စွဲခံရမှုများနှင့် ကြုံတွေ့နေသည်။ ထိုအတောအတွင်း ပါ့ခ်က သူမ၏ ထိပ်တန်း အတွင်းရေးမှူး ၁၀ ဦးမျှကို ရာထူးမှ နုတ်ထွက်ရန် အမိန့်ပေးပြီး နိုင်ငံရေး မတိုးမဆုတ်သာ အခြေအနေကို ဖြေရှင်း လျှော့ချရန် အားထုတ်ခဲ့သည်။

“သိပ်မကြာခင် အတောအတွင်း သမ္မတ အနေနဲ့ အစိုးရ အဖွဲ့ကို အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ ရှိပါတယ်”ဟု ပါ့ခ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဂျောင်ယောင်ကွတ်ခ်ကလည်း CNNသို့ ပြောကြားခဲ့သည်။ တောင်ကိုရီးယားတွင် သမ္မတ၏ အတွင်းရေးမှူးများသည် သမ္မတနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကြား မူဝါဒရေးရာ ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရာတွင် အထူးအရေးပါသူများ ဖြစ်ကြသည်။

ပါ့ခ်သည် မိတ်ဆွေတစ်ဦးဖြစ်သူ ချိုင်ဆွန်စီးလ်ကို အစိုးရ၏ မှတ်တမ်းမှတ်ရာများ ဝေမျှခဲ့မှုကို ဝန်ခံပြီး လူသိရှင်ကြား တောင်းပန်ခဲ့သည်။ ယင်းသည် ၂၀၁၂ သမ္မတ ရွေးကောက်ပွဲ မတိုင်မီတွင် ပါ့ခ်၏ မိန့်ခွန်းများနှင့် ပတ်သက်၍ ချွိုင်၏ အမြင်ကို သိရှိလို၍သာ ဖြစ်ကြောင်းလည်း ဆိုသည်။ ချွိုင်သည် မည်သည့် အဖွဲ့အစည်းကိုမျှ တိုက်ရိုက်ကိုယ်စားပြုမှု မရှိချေ။

ပါ့ခ် အာဏာရလာချိန်တွင် သူမ၏ မိတ်ဆွေသည် အချို့သော မှတ်တမ်းမှတ်ရာများကို အချိန်ကာလ တစ်ခုအတွင်း ကြည့်ရှုခွင့် ရခဲ့သည်ဟု ဆိုသော်လည်း အတိအကျကိုမူ သမ္မတက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ချေ။ “ဒီဖြစ်ရပ်က ပြည်သူလူထုအတွက် အထိတ်တလန့် ဖြစ်သွားစေခဲ့တာကိုတော့ ကျွန်မ အရမ်းကြေကွဲ ဝမ်းနည်းမိပါတယ်”ဟု ပါ့ခ်က ပြောကြားခဲ့သည်။

ချွိုင်က စွန့်ပစ်ခဲ့သည့် ကွန်ပျူတာ တစ်လုံးထဲတွင် ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်း၌ အစိုးရ မှတ်တမ်း အချက်အလက်များ ရှိနေသည်ကို ဖော်ထုတ်တွေ့ရှိလာပြီးနောက် ယင်းတို့ကို သူမက သုံးသပ်ကာ အစိုးရ အရေးကိစ္စ များတွင် ကြားဝင် စွက်ဖက်မှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများ စတင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ချွိုင်သည် ပါ့ခ်နှင့် ရင်းနှီးမှုကို အခွင့်ကောင်းယူကာ သူမထူထောင်ထားသည်ဆိုသော ဖောင်ဒေးရှင်း နှစ်ခုသို့ ဒေါ်လာ သန်းနှင့်ချီ အလှူငွေများ ပေးအပ်စေရန် စီးပွားရေး လုပ်ငန်းကြီးများကို ဖိအားပေးခဲ့ကြောင်း မီဒီယာများနှင့် အတိုက်အခံများက စွပ်စွဲထားသည်။

တောင်ကိုရီးယား ဥပဒေအရ လက်ရှိ အာဏာရ သမ္မတသည် ပုန်ကန်မှု၊ နိုင်ငံတော် သစ္စာဖောက်မှုများမှလွဲ၍ မည်သည့် ရာဇဝတ်မှု စွဲချက်ကိုမဆို လွတ်မြောက်ခွင့် ရှိထားသည်။ ထိုအခြေအနေကြောင့် အတိုက်အခံ အင်အားစု များက ပါ့ခ်ကို ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုလာခြင်း ဖြစ်သည်။

အစိုးရ ရှေ့နေများက ချွိုင်နှင့် ပတ်သက်သည့် စွဲချက်များကို အလျင်မြန်ဆုံး အဖြေရှာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top