Property Expo
×

အရက္ အလြန္အကြၽံ ေသာက္သံုးေသာ အသက္ (၃၂) ႏွစ္အရြယ္ အမ်ိဳးသားလူနာတစ္ ဦး မံုရြာျပည္သူ႔ေဆး႐ံုႀကီး ခြဲစိတ္ေဆာင္ ဒုတိယထပ္မွ ခုန္ခ် ေသဆံုးမႈ ေအာက္တိုဘာ ၁၃ ရက္က ျဖစ္ပြားေၾကာင္း သတင္းရရွိ သည္။

အရက္အလြန္အကြၽံေသာက္သံုးၿပီး ခႏၶာကိုယ္တြင္ ဒဏ္ရာမ်ား ရရွိခဲ့ေသာ လူနာ တစ္ဦးသည္ မံုရြာ ျပည္သူ႔ေဆး႐ံုႀကီး ခြဲစိတ္ ေဆာင္၌ ေဆးဝါးကုသမႈခံယူရန္ ေစာင့္ဆုိင္းစဥ္ ေဆး႐ံုအေပၚထပ္ မွ ခုန္ခ်ေသဆံုးခဲ့ေၾကာင္း မံုရြာၿမိဳ႕ၿမိဳ႕မ ရဲစခန္းမွဴး ဒုရဲမွဴးသိန္းေဆြ ျမင့္က ေျပာၾကားသည္။

 ‘‘ဗိုက္ကို ဓားနဲ႔ မႊန္းထား တယ္။ ဦးေခါင္းမွာလည္း ဒဏ္ရာ ရွိတယ္။ အစ္ကိုျဖစ္တဲ့သူက ေဆး႐ံုမွာ ေဆးကုဖို႔ပို႔ေပးတယ္။ ခြဲစိတ္ ခန္းမွာ ေဆးကုဖို႔ ဒဏ္ရာေတြ သန္႔ရွင္းေရးလုပ္ရင္း ေဆး႐ံုအ ေပၚထပ္က ခုန္ခ်ၿပီး ေသဆံုးသြား တာပါ’’ဟု ဒုရဲမွဴးသိန္းေဆြျမင့္က ေျပာသည္။

မံုရြာၿမိဳ႕ ခ်မ္းျမသာစည္ရပ္ ကြက္ေန အဆုိပါအမ်ိဳးသားသည္ အရက္ေၾကာင့္ စိတ္ဂနာမၿငိမ္ျဖစ္ ကာ မိမိကုိယ္ကိုယ္ ဦးေခါင္း႐ိုက္ ခြဲျခင္း၊ ဝမ္းဗိုက္ကို ဓားျဖင့္ ဆြဲျခစ္ ျခင္းမ်ား ျပဳလုပ္သျဖင့္ ေဆး႐ံုသို႔ ပို႔ေဆာင္၍ ေဆးကုသမႈခံယူရန္ ေစာင့္ဆုိင္းေနစဥ္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

အရက် အလွန်အကျွံ သောက်သုံးသော အသက် (၃၂) နှစ်အရွယ် အမျိုးသားလူနာတစ် ဦး မုံရွာပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင် ဒုတိယထပ်မှ ခုန်ချ သေဆုံးမှု အောက်တိုဘာ ၁၃ ရက်က ဖြစ်ပွားကြောင်း သတင်းရရှိ သည်။

အရက်အလွန်အကျွံသောက်သုံးပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိခဲ့သော လူနာ တစ်ဦးသည် မုံရွာ ပြည်သူ့ဆေးရုံကြီး ခွဲစိတ် ဆောင်၌ ဆေးဝါးကုသမှုခံယူရန် စောင့်ဆိုင်းစဉ် ဆေးရုံအပေါ်ထပ် မှ ခုန်ချသေဆုံးခဲ့ကြောင်း မုံရွာမြို့မြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေ မြင့်က ပြောကြားသည်။

 ‘‘ဗိုက်ကို ဓားနဲ့ မွှန်းထား တယ်။ ဦးခေါင်းမှာလည်း ဒဏ်ရာ ရှိတယ်။ အစ်ကိုဖြစ်တဲ့သူက ဆေးရုံမှာ ဆေးကုဖို့ပို့ပေးတယ်။ ခွဲစိတ် ခန်းမှာ ဆေးကုဖို့ ဒဏ်ရာတွေ သန့်ရှင်းရေးလုပ်ရင်း ဆေးရုံအ ပေါ်ထပ်က ခုန်ချပြီး သေဆုံးသွား တာပါ’’ဟု ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။

မုံရွာမြို့ ချမ်းမြသာစည်ရပ် ကွက်နေ အဆိုပါအမျိုးသားသည် အရက်ကြောင့် စိတ်ဂနာမငြိမ်ဖြစ် ကာ မိမိကိုယ်ကိုယ် ဦးခေါင်းရိုက် ခွဲခြင်း၊ ဝမ်းဗိုက်ကို ဓားဖြင့် ဆွဲခြစ် ခြင်းများ ပြုလုပ်သဖြင့် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top