Property Expo
×




#Unicode Version
မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်၍ ကျောင်းသူတစ်ဦး အရေပြားများ မီးလောင်မှု့ ထီးချိုင့်မြို့နယ်၌ ဖြစ်ပေါ်


၂၀၁၆ ခုနှစ် အောက်တိုဘာ၂ ရက် နံနက် ၆ နာရီက လေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာရွာပြီး မိုးကြိုး ပစ်ခတ်မှု့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် လေသာအုပ်စု အောင်သာကုန်းကျေးရွာ ရှိ ဦးဆန်းလှိုင် + ဒေါ်ခင်မာစန်း တို့ နေအိမ်ကို ထိမှန် ခဲ့ရာ အိမ်တိုင် ၃ လုံး အက်ကွဲပြီး သမီးဖြစ်သူမသဲစုလှိုင် အား မိုးကြိုးစက်ကွင်းကြောင့် ခန္ဓာကိုယ် အပေါ်ယံ အရေပြားများ မီးလောင်မှု့ဖြစ်ပွားခဲ့သဖြင့် (စိုးရိမ်စရာမရှိ ) အလယ်တော တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု့ ခံယူလျှက်ရှိပါကြောင်း သိရသည် ။


ဖိုးသူတော် (www.phothutaw.com)
Credit:Iprd Hteegyaing 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top