Property Expo
×

ထိုင္းႏုိင္ငံမွာ အသက္ ၆ ႏွစ္အရြယ္ ကေလးငယ္တဦးကို အဓမၼျပဳက်င့္ၿပီး သတ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဘုန္းႀကီးတပါးကို ရဲေတြက ဖမ္းဆီးခဲ့တယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။
အဲဒီကေလးရဲ႕ အေလာင္းကို မန္ခ်ာခီရိခ႐ုိင္၊ ခြန္ကရန္ေဒသတြင္း ဘုန္းႀကီးေက်ာင္းတေက်ာင္းရဲ႕ အေနာက္ဘက္က သစ္ပင္တပင္ေအာက္မွာ ေတြ႔ရွိခဲ့ရတယ္လို႔ ရဲေတြက ေျပာပါတယ္။

ဖရာကလန္ အမည္ရတဲ့ အဆိုပါဘုန္းႀကီးဟာ မန္ခ်ာခီရိခ႐ုိင္ထဲက ဆ၀မ္ခြန္ကရမ္ဘုန္းႀကီးေက်ာင္းမွျဖစ္ၿပီး ကေလးငယ္ရဲ႕အေလာင္းကို ေတြ႔ရွိခဲ့ၿပီးခ်ိန္မွာ သူ႔ကို ႐ုပ္ပိုင္းဆိုင္ရာ စစ္ေဆးမႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ ေဒသတြင္း ေဆး႐ုံတခုဆီ ပို႔ေဆာင္ခဲ့ရတယ္လို႔ ခြန္ကရန္ခ႐ုိင္ရဲဌာနမွ ရဲဗိုလ္မႉးႀကီး ဂ်ာရက္ဒ္ပတ္တ္ စုတရာဆြန္ရာနခြန္က ေျပာပါတယ္။

အဲဒီေနာက္ေတာ့ သူ႔ကို မန္ခ်ာခီရိ ရဲစခန္းမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားကာ စံုစမ္းေမးျမန္းမႈေတြ လုပ္ေဆာင္ေနတာပါ။

ဘုန္းႀကီးေက်ာင္းနဲ႔ မီတာ ၅၀ အကြာေလာက္မွာ ကေလးငယ္ရဲ႕အေလာင္းကို ေတြ႔ရွိခဲ့ၿပီးေနာက္မွာ ဘုန္းႀကီး ဖရာကလန္က လူသတ္မႈကို က်ဴးလြန္ခဲ့တယ္လို႔ အသက္ ၅၄ ႏွစ္အရြယ္ ကေလးငယ္ရဲ႕ ဦးေလးျဖစ္သူ ဆူဘင္တီရန္သစ္က စြပ္စြဲခဲ့တာပါ။

ဒါေပမယ့္ ဘုန္းႀကီးကေတာ့ ခုလိုစြပ္စြဲခ်က္ေတြကို ျငင္းဆန္ခဲ့တယ္လို႔ ရဲေတြက ေျပာပါတယ္။

စံုစမ္းစစ္ေဆးေရးအဖြဲ႔ေတြ၊ မႈခင္းဆိုင္ရာ ဆရာ၀န္ေတြနဲ႔ ရဲေတြ ပူးေပါင္းၿပီး အခင္းျဖစ္တဲ့ ေနရာအနီးမွာ စံုစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနၾကတာပါ။

အဆိုပါ ကေလးငယ္ကို ေတြ႔ရွိခ်ိန္မွာ ၿပီးခဲ့တဲ့ ၃ နာရီနဲ႔ ၆ နာရီၾကားအခ်ိန္က ေသဆံုးသြားခဲ့တာျဖစ္ၿပီး မန္က်ည္းပင္ေျခရင္းမွာ မ်က္ႏွာေမွာက္လ်က္ အေနအထားနဲ႔ ေတြ႔ခဲ့ရတာပါ။

သူ႔ရဲ႕ ပါးစပ္၊ ႏွာေခါင္းနဲ႔ နားေတြကေန ေသြးေတြစီးဆင္းေနၿပီး သူ႔ခႏၶာကိုယ္ေပၚမွ အေျခအေနေတြအရ ဒါဟာ လိင္ပိုင္းဆိုင္ရာ အဓမၼျပဳက်င့္ခံထားရတာ ျဖစ္ႏိုင္တယ္လို႔ ထိုင္းဘာသာနဲ႔ ထုတ္ေ၀တဲ့ ဆႏြတ္ခ္သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

ဆူဘင္ကေတာ့ သူဟာ တူျဖစ္သူကို ဘုန္းႀကီးေက်ာင္း၀င္းထဲမွာ သူငယ္ခ်င္းေတြနဲ႔ ကစားေနခဲ့တာကို ေနာက္ဆံုးေတြ႔ရွိခဲ့ၿပီးေနာက္မွာ ဘုန္းႀကီးက သူ႔ဆီလာဖို႔ ေခၚခဲ့တာကို ေတြ႔ခဲ့ရတယ္လို႔ ေျပာပါတယ္။

ဆူဘင္နဲ႔ အိမ္နီးခ်င္းေတြဟာ ကေလးငယ္ေပ်ာက္ဆံုးသြားခဲ့တဲ့ ေအာက္တိုဘာ ၉ ရက္ေန႔ ညပိုင္းကတည္းက ရွာေဖြခဲ့ၾကၿပီး အေလာင္းကို ေနာက္တေန႔ မနက္ပိုင္းမွာမွ ေတြ႔ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။

ႏြန္ႏုတ္အမည္ရတဲ့ အဆိုပါကေလးငယ္ဟာ ေဒသတြင္း ေက်ာင္းတေက်ာင္းမွာ သူငယ္တန္းပညာ တက္ေရာက္သင္ၾကားေနသူ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘုန်းကြီးတပါးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အဲဒီကလေးရဲ့ အလောင်းကို မန်ချာခီရိခရိုင်၊ ခွန်ကရန်ဒေသတွင်း ဘုန်းကြီးကျောင်းတကျောင်းရဲ့ အနောက်ဘက်က သစ်ပင်တပင်အောက်မှာ တွေ့ရှိခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

ဖရာကလန် အမည်ရတဲ့ အဆိုပါဘုန်းကြီးဟာ မန်ချာခီရိခရိုင်ထဲက ဆဝမ်ခွန်ကရမ်ဘုန်းကြီးကျောင်းမှဖြစ်ပြီး ကလေးငယ်ရဲ့အလောင်းကို တွေ့ရှိခဲ့ပြီးချိန်မှာ သူ့ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဒေသတွင်း ဆေးရုံတခုဆီ ပို့ဆောင်ခဲ့ရတယ်လို့ ခွန်ကရန်ခရိုင်ရဲဌာနမှ ရဲဗိုလ်မှူးကြီး ဂျာရက်ဒ်ပတ်တ် စုတရာဆွန်ရာနခွန်က ပြောပါတယ်။

အဲဒီနောက်တော့ သူ့ကို မန်ချာခီရိ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားကာ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်နေတာပါ။

ဘုန်းကြီးကျောင်းနဲ့ မီတာ ၅၀ အကွာလောက်မှာ ကလေးငယ်ရဲ့အလောင်းကို တွေ့ရှိခဲ့ပြီးနောက်မှာ ဘုန်းကြီး ဖရာကလန်က လူသတ်မှုကို ကျူးလွန်ခဲ့တယ်လို့ အသက် ၅၄ နှစ်အရွယ် ကလေးငယ်ရဲ့ ဦးလေးဖြစ်သူ ဆူဘင်တီရန်သစ်က စွပ်စွဲခဲ့တာပါ။

ဒါပေမယ့် ဘုန်းကြီးကတော့ ခုလိုစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ၊ မှုခင်းဆိုင်ရာ ဆရာဝန်တွေနဲ့ ရဲတွေ ပူးပေါင်းပြီး အခင်းဖြစ်တဲ့ နေရာအနီးမှာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြတာပါ။

အဆိုပါ ကလေးငယ်ကို တွေ့ရှိချိန်မှာ ပြီးခဲ့တဲ့ ၃ နာရီနဲ့ ၆ နာရီကြားအချိန်က သေဆုံးသွားခဲ့တာဖြစ်ပြီး မန်ကျည်းပင်ခြေရင်းမှာ မျက်နှာမှောက်လျက် အနေအထားနဲ့ တွေ့ခဲ့ရတာပါ။

သူ့ရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ နားတွေကနေ သွေးတွေစီးဆင်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်မှ အခြေအနေတွေအရ ဒါဟာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံထားရတာ ဖြစ်နိုင်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဆူဘင်ကတော့ သူဟာ တူဖြစ်သူကို ဘုန်းကြီးကျောင်းဝင်းထဲမှာ သူငယ်ချင်းတွေနဲ့ ကစားနေခဲ့တာကို နောက်ဆုံးတွေ့ရှိခဲ့ပြီးနောက်မှာ ဘုန်းကြီးက သူ့ဆီလာဖို့ ခေါ်ခဲ့တာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဆူဘင်နဲ့ အိမ်နီးချင်းတွေဟာ ကလေးငယ်ပျောက်ဆုံးသွားခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းကတည်းက ရှာဖွေခဲ့ကြပြီး အလောင်းကို နောက်တနေ့ မနက်ပိုင်းမှာမှ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

နွန်နုတ်အမည်ရတဲ့ အဆိုပါကလေးငယ်ဟာ ဒေသတွင်း ကျောင်းတကျောင်းမှာ သူငယ်တန်းပညာ တက်ရောက်သင်ကြားနေသူ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top