Property Expo
×


                       Wine Su Khine Thein(facebook)

‘ဂါ’ဟု အမည္ေပးထား သည့္ တစ္ကိုယ္ေတာ္အေခြကို ေအာက္တုိဘာ ၂၂ ရက္တြင္ စတင္ျဖန္႔ခ်ိမည္ျဖစ္ေၾကာင္း အဆိုေတာ္ ဝိုင္းစုခိုင္သိန္းက ေျပာသည္။

‘‘ဂါဆုိေတာ့   ဗန္းစကား ေပါ့။ လူငယ္ေတြဆုိရင္ တစ္ ေယာက္နဲ႔တစ္ေယာက္ ေျပာၾက တယ္။ နင္ကေတာ့ ဂါေနၿပီတုိ႔၊ ဂါရဝသြားျပဳတာကို သြားဂါလိုက္ ဦးမယ္တို႔ အတိုေကာက္ေျပာတာ ကို ပရိသတ္စိတ္ဝင္စားမယ့္ နာ မည္ေလးအေနနဲ႔ ေပးျဖစ္တာပါ’’ ဟု ေတးစီးရီး အမည္ေပးျဖစ္သည့္ အေၾကာင္းကို ၎က ေျပာသည္။

‘ဂါ’သီခ်င္းကို Snare အဖြဲ႕ ႏွင့္ ေအာင္သူတို႔က ဖန္တီးေပး ထားျခင္းျဖစ္ၿပီး ယခင္သီဆုိေန က်မဟုတ္သည့္ လူငယ္ေတးေရး ဆရာမ်ား၏ သီခ်င္းမ်ားလည္းပါဝင္ေၾကာင္း ဝိုင္းစုခုိင္သိန္းက ဆုိသည္။

‘‘အခုေခတ္ ပရိသတ္ေတြက ဘယ္လို Music ေတြ ႀကိဳက္ေန လဲ။ X Box ဆုိလည္း ႀကိဳက္ၾက တယ္။ ေရႊထူးကိုလည္း ႀကိဳက္ၾက တယ္။ သူတို႔ရဲ႕ Music ေလးေတြ ကိုလည္း ကိုယ္ကစိတ္ဝင္စားလုိ႔ အပ္ျဖစ္တာပါ’’ဟု လူငယ္ေတး ေရးဆရာမ်ား၏ သီခ်င္းမ်ားသီဆုိ ျဖစ္သည့္အေၾကာင္း ဝိုင္းစုခုိင္ သိန္းက ေျပာသည္။

ယင္းအေခြတြင္ သီခ်င္းစုစု ေပါင္း ၁၃ ပုဒ္ပါဝင္မည္ျဖစ္ၿပီး Featuring အေနျဖင့္ Snare၊ X Box ႏွင့္ ၿဖိဳးျပည့္စံုတို႔ ပါဝင္သီဆို ထားေၾကာင္း ၎က ေျပာသည္။

‘‘သီခ်င္းေရြးရင္ ကိုယ္ကိုယ္ တုိင္ ပရိသတ္တစ္ေယာက္အေန နဲ႔ေရြးတယ္။ ေနာက္ၿပီး ႏွစ္ပုဒ္ ေကာင္း၊ သံုးပုဒ္ေကာင္းလည္း မလုပ္ဘူး။ ဝိုင္းစုကိုယ္တိုင္ ငယ္ ငယ္ကတည္းက သီခ်င္းနား ေထာင္ရင္ တစ္ေခြလံုးေကာင္း တာကိုပဲ နားေထာင္ခ်င္တယ္။ တစ္ပုဒ္ေက်ာ္လိုက္ရတာမ်ိဳး မျဖစ္ခ်င္ဘူး။ တစ္ေခြလံုးႀကိဳးစား ၿပီးဆိုတယ္’’ဟု ဝိုင္းစုခိုင္သိန္းက တစ္ကိုယ္ေတာ္အေခြ စီစဥ္မႈႏွင့္ ပတ္သက္၍ ေျပာသည္။

‘ဂါ’ေတးစီးရီး ပ႐ိုမိုးရွင္းပြဲ ကို ေအာက္တိုဘာ ၂၂ ရက္တြင္ လွည္းတန္းစင္တာ၌ ျပဳလုပ္မည္ ျဖစ္ၿပီး ေအာက္တိုဘာ ၂၃ ရက္ တြင္ မံုရြာ Ocean စင္တာႏွင့္ ေအာက္တိုဘာ ၂၄ ရက္တြင္ မႏၲေလး Ocean စင္တာ၌ ျပဳလုပ္ မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။

ဝိုင္းစုခုိင္သိန္းသည္ မက္ ေလာက္စရာ၊ မ်က္လွည့္ႏွင့္ အာ ဘြား စသည့္တစ္ကုိယ္ေတာ္အ ေခြ သံုးေခြထြက္ရွိထားၿပီး အမ်ိဳး သားအဆုိေတာ္မ်ားႏွင့္တြဲ၍ ‘ခါ ခ်ေနရတယ္’စံုတြဲ စီးရီးတစ္ေခြ လည္း ထြက္ရွိထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
‘ဂါ’ဟု အမည်ပေးထား သည့် တစ်ကိုယ်တော်အခွေကို အောက်တိုဘာ ၂၂ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း အဆိုတော် ဝိုင်းစုခိုင်သိန်းက ပြောသည်။

‘‘ဂါဆိုတော့   ဗန်းစကား ပေါ့။ လူငယ်တွေဆိုရင် တစ် ယောက်နဲ့တစ်ယောက် ပြောကြ တယ်။ နင်ကတော့ ဂါနေပြီတို့၊ ဂါရဝသွားပြုတာကို သွားဂါလိုက် ဦးမယ်တို့ အတိုကောက်ပြောတာ ကို ပရိသတ်စိတ်ဝင်စားမယ့် နာ မည်လေးအနေနဲ့ ပေးဖြစ်တာပါ’’ ဟု တေးစီးရီး အမည်ပေးဖြစ်သည့် အကြောင်းကို ၎င်းက ပြောသည်။

‘ဂါ’သီချင်းကို Snare အဖွဲ့ နှင့် အောင်သူတို့က ဖန်တီးပေး ထားခြင်းဖြစ်ပြီး ယခင်သီဆိုနေ ကျမဟုတ်သည့် လူငယ်တေးရေး ဆရာများ၏ သီချင်းများလည်းပါဝင်ကြောင်း ဝိုင်းစုခိုင်သိန်းက ဆိုသည်။

‘‘အခုခေတ် ပရိသတ်တွေက ဘယ်လို Music တွေ ကြိုက်နေ လဲ။ X Box ဆိုလည်း ကြိုက်ကြ တယ်။ ရွှေထူးကိုလည်း ကြိုက်ကြ တယ်။ သူတို့ရဲ့ Music လေးတွေ ကိုလည်း ကိုယ်ကစိတ်ဝင်စားလို့ အပ်ဖြစ်တာပါ’’ဟု လူငယ်တေး ရေးဆရာများ၏ သီချင်းများသီဆို ဖြစ်သည့်အကြောင်း ဝိုင်းစုခိုင် သိန်းက ပြောသည်။

ယင်းအခွေတွင် သီချင်းစုစု ပေါင်း ၁၃ ပုဒ်ပါဝင်မည်ဖြစ်ပြီး Featuring အနေဖြင့် Snare၊ X Box နှင့် ဖြိုးပြည့်စုံတို့ ပါဝင်သီဆို ထားကြောင်း ၎င်းက ပြောသည်။

‘‘သီချင်းရွေးရင် ကိုယ်ကိုယ် တိုင် ပရိသတ်တစ်ယောက်အနေ နဲ့ရွေးတယ်။ နောက်ပြီး နှစ်ပုဒ် ကောင်း၊ သုံးပုဒ်ကောင်းလည်း မလုပ်ဘူး။ ဝိုင်းစုကိုယ်တိုင် ငယ် ငယ်ကတည်းက သီချင်းနား ထောင်ရင် တစ်ခွေလုံးကောင်း တာကိုပဲ နားထောင်ချင်တယ်။ တစ်ပုဒ်ကျော်လိုက်ရတာမျိုး မဖြစ်ချင်ဘူး။ တစ်ခွေလုံးကြိုးစား ပြီးဆိုတယ်’’ဟု ဝိုင်းစုခိုင်သိန်းက တစ်ကိုယ်တော်အခွေ စီစဉ်မှုနှင့် ပတ်သက်၍ ပြောသည်။

‘ဂါ’တေးစီးရီး ပရိုမိုးရှင်းပွဲ ကို အောက်တိုဘာ ၂၂ ရက်တွင် လှည်းတန်းစင်တာ၌ ပြုလုပ်မည် ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက် တွင် မုံရွာ Ocean စင်တာနှင့် အောက်တိုဘာ ၂၄ ရက်တွင် မန္တလေး Ocean စင်တာ၌ ပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဝိုင်းစုခိုင်သိန်းသည် မက် လောက်စရာ၊ မျက်လှည့်နှင့် အာ ဘွား စသည့်တစ်ကိုယ်တော်အ ခွေ သုံးခွေထွက်ရှိထားပြီး အမျိုး သားအဆိုတော်များနှင့်တွဲ၍ ‘ခါ ချနေရတယ်’စုံတွဲ စီးရီးတစ်ခွေ လည်း ထွက်ရှိထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top