Property Expo
×

သူ ဘယ္သူဘယ္ဝါ ဆိုတာ ကၽြန္ေတာ္မသိပါ.. ကၽြန္ေတာ့္ရဲ ့အနီးအနား ဝန္းက်င္မွာေတာ့ သူဟာ အရိပ္တစ္ခုအေနနဲ ့ရွိေနတယ္ဆိုတာကို ကၽြန္ေတာ္ ေကာင္းေကာင္းသိေနပါတယ္… တစ္ခါတေလ အသံေပး အရိပ္ၿပတတ္တဲ့ သူ႔ကို ကၽြန္ေတာ္ ရုတ္တရက္ ေတြ႔လိုက္ ႀကားလိုက္ရရင္ ေႀကာက္စိတ္ဝင္မိေပမယ့္ ဒီထက္ပိုၿပီး ထူးၿခားမွဳ မၿပတဲ့သူ႔ကို တစ္ခါတရံ သတိရေနမိသလိုလို… ဒီလိုအေတြး စိတ္ထဲဝင္လာရင္ သူ႔အတြက္ ဆုေတာင္းေပးမိ ပါတယ္…

ဒါေပမယ့္ သူဒီေနရာဝန္းက်င္ကေန စြန္႔ခြာသြားမွာကိုေတာ့ကၽြန္ေတာ္ တစ္ကယ္မလိုလားပါဘူး.. ႏွစ္ေပါင္းမ်ားစြာ ေနခဲ့တဲ့ဒီေနရာေလးကို စြန္႔ခြာသြားဖို႔ အတြက္သူလဲဝန္ေလးမွာေပါ့.. ဒီေနရာကိုသူပိုင္ပါတယ္… သူကကၽြန္ေတာ့္ရဲ႔ အမည္လဲမသိ လူေကာင္မေပၚတဲ့ ခုလက္ရွိ က်ေနာ္ေနေနတဲ့ အခန္းရဲ႔ အိမ္ရွင္ေလးလို႔ ထင္ပါတယ္…

ဘာေႀကာင့္လဲ ေမးရင္ ကၽြန္ေတာ္ အခုလက္ရွိေနတဲ့ အခန္းေလးက အရင္က လူသူ မေနတဲ့ ဂိုေဒါင္ အေဟာင္းေလး တစ္ခုပါ.. ဂိုေဒါင္သက္တမ္းကလည္း ကၽြန္ေတာ့္ အသက္ထက္ ထက္ဝက္ မက ႀကီးတယ္လို႔ အိမ္ရွင္အဖြားႀကီး ကေၿပာပါတယ္.. ကၽြန္ေတာ္နဲ႔ ေရစက္ပါတဲ့ဒီဂိုေဒါင္ေလးက လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ က်ေနာ္ စေရာက္ ကတည္းက အလုပ္ရွာရင္း လစဥ္ ပံုမွန္ လာရွင္းၿဖစ္ခဲ့တယ္… ေဟာင္းအို ေနတဲ့ဂိုေဒါင္ေဘးမွာလဲ ေလးထပ္တိုက္ အၿမင့္သာသာ ရွိတဲ့ယူကလစ္ပင္ တစ္ပင္ ရွိတယ္ေလ… မႏွစ္က အိမ္ရွင္အဖြားက အပင္ႀကီး ၿမင့္လာလို႔ ခုတ္ေပးပါဆိုလာတယ္…

ဒါနဲ႔ ကၽြန္ေတာ္လဲ အပင္ကို ဂိုေဒါင္ အေပၚကေန တက္ၿပီး စခုတ္ပါတယ္.. စိတ္ထဲမွာ ထစ္ေနလို႔ အပင္ကို မတက္ခင္ ေတာင္းပန္ရွိခိုးၿပီး ခုတ္ေပမယ့္ ကၽြန္ေတာ္ ခုတ္ေနတုန္းမွာ ရုတ္တရက္ တစ္ေယာက္ေယာက္က တြန္းခ်သလို ခံစားရၿပီး မထင္မွတ္ ပဲ အပင္ေပၚကေန ၿပဳတ္က်တယ္… ေလးထပ္အၿမင့္ဆိုေတာ့ ေအာက္မွာ ေသြးမထြက္ မလွဳပ္ႏိုင္တဲ့ က်ေနာ့္ကို အားလံုးကေသၿပီးလို႔ကို ထင္ခဲ့တယ္… ဒါေပမယ့္ အၿမင့္ေပၚကေန အတားအဆီး မရွိ က်လာတဲ့က်ေနာ္ ေသြးတစ္စက္မွ မထြက္ပဲ ေၿခေထာက္ သာကိ်ဳးသြားတယ္… အကုန္လံုးက အံံ့ၾသၾကတယ္…

ကၽြန္ေတာ္ကိုယ္တိုင္အံ့ၾသတယ္.. အပင္ေပၚကေန တစ္ေယာက္ေယာက္က တြန္းခ်သလိုခံစားရတယ္.. ေအာက္ေရာက္ေတာ့လဲ အင္းဂေတကိုင္ထားတဲ့ ႀကမ္းၿပင္ ေနရာက ကၽြန္ေတာ့္အတြက္ တစ္ေယာက္ေယာက္က တစ္ခုခုခံေပးထားသလို ခံစားရတာကိုပါ… ေမွာက္လဲ က်တာ ေၿခကားလက္ကားနဲ႔ က်ၿပီးေတာ့ ညာဘက္ေၿခေထာက္က က်ိဳးသြားခဲ့တယ္.. တစ္ခုသိလိုက္တာက ဒီေနရာမွာ တစ္ေယာက္ေယာက္ ရွိေနတယ္ ဒီအပင္ကို ခုတ္တာ မႀကိဳက္ဖူး ဆိုတာကို သိလိုက္ရတယ္… ဒါေႀကာင့္ သံုးလေလာက္ နားၿပီး ေၿခေထာက္ ၿပန္ေကာင္းလာေတာ့လဲ ဒီအပင္ကို ထပ္ခုတ္ဖို႔ စိတ္မကူးေတာ့ပဲ လာရွင္းေပးေနႀက အလုပ္ကိုေတာင္ နားလိုက္မိတယ္…

ေရစက္ကမကုန္ဘူးထင္ပါတယ္… ကၽြန္ေတာ္လည္း ေနာက္ပိုင္းက်ေတာ့ တစ္ေယာက္တည္း ေနခ်င္စိတ္ကေပၚတယ္… (အရင္ကေတာ့ စုၿပီးေနတာ ၿပႆနာ အမ်ိဳးမ်ိဳးေႀကာင့္ပါ)… ဒါေႀကာင့္ တစ္ေယာက္တည္း ေနလို႔ရႏိုင္မယ့္ တိုက္ခန္းက်ဥ္းက်ဥ္းေလး ကိုလိုက္ရွာတယ္ေလ.. ေစ်းသက္သက္သာသာနဲ႔ တစ္ေယာက္တည္း တစ္ခန္းေနရမယ့္ ေနရာမိ်ဳး.. ဒီလို ႏိုင္ငံမွာ တစ္ေယာက္တည္း ေနဖို႔က မၿဖစ္ႏိုင္ေပမယ့္ ရလိုရညားေတာ့ အားလံုးကိုေမးထား ေၿပာထားတယ္… တစ္ေန႔ေတာ့ အဖြားက စကားမစပ္ပဲ ဖုန္းဆက္ၿပီး ခုဘာေတြလုပ္ေနလဲ သူဆီလာေတြပါဦးဆိုေတာ့ က်ေနာ္ သြားေတြ႔ခဲ့ၿပီး က်ေနာ္ အခန္းရွာေနေႀကာင္းပါ ေၿပာၿဖစ္လိုက္တယ္… အဲဒီမွာ အိမ္ရွင္အဖြားက ကၽြန္ေတာ္ေနခ်င္တယ္ ဆိုရင္ ဒီဂိုေဒါင္ေလးကို ၿပင္ၿပီးလာေနလို႔ ရေၾကာင္း.. ၿပင္စရိတ္ကို ကၽြန္ေတာ္ေပးရမွာ ၿဖစ္ေၾကာင္း.. အခန္းခကိုေတာ့ သူယူမွာမဟုတ္ေၾကာင္း… တစ္ခုရွိတာက ဒီေနရာမွာ တစ္ေယာက္ေယာက္ ရွိေနေၾကာင္း..မေၾကာက္တတ္ရင္ေနလို႔ ရေၾကာင္း ေၿပာလာတယ္ေလ…

နဂိုကလည္း တစ္ေယာက္ထည္း ေနခ်င္သူ ဆိုေတာ့ အခ်ိန္မဆိုင္းခ်င္ပဲ အဖြားကို ေနမယ္ေၿပာၿပီး တစ္လအတြင္း အခန္းၿဖစ္ေအာင္ ၿပင္လိုက္တယ္ေလ.. မေၾကာက္ဖူးဆိုေပမယ့္ အိမ္ရွင္အဖြားကိုယ္တိုင္ ေၿပာထားဖူးတဲ့အခံလဲရွိ ကိုယ္တိုင္လဲ ေတြ႔ႀကံဳခံစားဖူးထားေတာ့ နည္းနည္းလန္႔ တာေပါ့ေလ… ဒါေပမယ့္ ေနာက္ဆံုးေတာ့ အခန္းေလးကို စိတ္ႀကိဳက္ၿပင္ၿပီး အိမ္ေၿပာင္းလာခဲ့ေတာ့တယ္…

က်ေနာ္ အခန္းေၿပာင္းတဲ့ ညမွာပဲ သူ႔ကို စေတြ ့တယ္… ႀကိဳတင္ ဆံုးၿဖတ္ၿပီးသားဆိုေတာ့ ႀကိဳဆိုတဲ့သေဘာလို႔ စိတ္ထဲမွတ္ထားလိုက္မိတယ္… သူ ကလူလိုပါပဲ… အရိပ္လိုလို ဘာလိုလို စိတ္ထဲက သိတာပဲရွိတယ္… ကိုယ္လံုးကုိယ္ထည္မၿမင္ရတဲ့ မဲမဲႀကီးပါ..အထီးအမ မသဲကြဲေပမယ့္ ဟန္ပန္က အသက္(၅၀) သာသာ လူႀကီးတစ္ေယာက္ ပံုစံမိ်ဳးပါ… ညဘက္အလုပ္က ၿပန္လာတာမို႔ ေမွာင္ေမွာင္မဲမဲ မွာ ဆိုင္ကယ္မီးထိုးၿပီး ဝင္လာတဲ့အခ်ိန္မွာ မည္းမည္းအရိပ္ႀကီးကိုေတြ႔ လိုက္ရတဲ့က်ေနာ့္ရဲ့ ပထမဆံုးညက ေတာ္ေတာ္ကို တုန္လွဳပ္မိတယ္… အဲဒီ ပထမဆံုးညက ဆိုအိပ္လို႔ လဲမရဘူး.. အခန္းထဲ ေႀကာက္ေႀကာက္နဲ႔ ဝင္ၿပီးေတာ့ အၿပင္လည္းမထြက္ရဲဖူး.. ဒါေပမယ့္ သူရွိေနလား တကယ္မ်ားလား ဆိုတဲ့ အေတြးနဲ႔လဲ ထြက္ၾကည့္ခ်င္ ေနတယ္ေလ.. ဘာမွမလွဳပ္ရွားေပမဲ့ သူဒီအနီး အနားမွာရွိေနမွာ ေသခ်ာတာကိုေတာ့ ခံစားမိတယ္…

ဒီလိုနဲ႔ ေနာက္ေန႔ ေတြမွာ က်ေနာ္ အခန္းမွာ ပရိတ္ႀကီး(၁၁)သုတ္ တရားေခြကိုဖြင့္ၿပီး ေမတၱာပို႔ အမွ်ေဝပါတယ္… သူၾကားေအာင္လည္း အဂၤလိပ္လို တစ္မ်ိဳး ၿမန္မာလို တစ္ဖံု ဂရိလို တတ္သေလာက္ မွတ္သေလာက္ေလးနဲ႔… “ဒါကနင့္ေနရာပါ.. ငါ့ကိုေပးေနတဲ့ အတြက္ ေက်းဇူးတင္ပါတယ္.. နင့္ကိုလဲ ငါမေမာင္းထုတ္ပါဘူး.. ငါကို လဲေၾကာက္ေအာင္လန္႔ ေအာင္မလုပ္ပါနဲ႔ နင္ေနသာသလိုေနပါ” ဆိုၿပီးအၿမဲေၿပာတယ္ေလ… သူႀကားေအာင္လဲ ေမတၱာပို႔ အမွ်ေဝတဲ့ အလုပ္ကို ပိုလုပ္ၿဖစ္ပါတယ္…

ေနာက္ပိုင္းေတြမွာ က်ေနာ္ အိမ္အၿပန္ ေနာက္က်တဲ့ ေနေတြမွာဆို သူ႔ကို ကၽြန္ေတာ့္ တံခါးဝမွာရပ္ေစာင့္ေနတာမိ်ဳးကို ကၽြန္ေတာ့္ဆိုင္ကယ္မီးေရာင္နဲ႔ လွမ္းၿမင္ရေလ့ရွိတယ္.. က်ေနာ္က ခပ္တည္တည္နဲ႔ (စိတ္ထဲကေတာ့ ေႀကာက္မိတာေပါ့) “ေစာင့္ေနတာလား… ေက်းဇူးတင္ပါတယ္” လို႔ ဆိုလိုက္ရင္ အရိပ္ကေၿပာက္သြားတယ္…

တစ္ခါတုန္းကဆို ညဘက္ က်ေနာ္ အလုပ္လုပ္တာကို သိတဲ့သူခိုးက က်ေနာ့္ အခန္းကို ဝင္မယ္ႀကံေတာ့ ငယ္သံပါေအာင္ ေအာ္ေၿပးတာ အိမ္ရွင္အဖြားက ၿပန္ေၿပာၿပလို႔ သိရတယ္… ဘာေႀကာင့္ ေအာ္ေၿပးသြားမွန္း မသိေပမယ့္ က်ေနာ္ကေတာ့ သူေႀကာင့္လို႔ ထင္မိပါတယ္…

ညနက္မွ အိပ္တတ္တဲ့ ကၽြန္ေတာ္က သူ႔ ရဲ ့အရိပ္လိုလို စိတ္ထဲက ေတြ႔ရင္ ေၾကာက္ေၾကာက္နဲ႔ စကား လွမ္းေၿပာတတ္လာတယ္.. တစ္ခါတစ္ေလ အခန္းဝမွာ ရစ္သီရစ္သီ လုပ္ေနတတ္တယ္ လို႔ထင္မိၿပန္တယ္… ဒါေပမယ့္ စည္းေက်ာ္ၿပီးေတာ့ အိမ္ထဲထိ ဝင္လာေႏွာက္ယွက္ တာမ်ိဳးေတာ့မႀကံဳဖူးဘူး…

တစ္ခါတစ္ရံ သူပ်င္းလို႔ရွိရင္ က်ေနာ္ရဲ႔ စာၾကည့္မီးေခ်ာင္း ကိုစသလိုလို နဲ႔ မွိတ္တာမ်ိဳး လုပ္တတ္တယ္ေလ.. ပထမေတာ့ မီးေခ်ာင္းကၿဖစ္တာပါလို႔ ထင္ေပမယ့္ ေနာက္က်ေတာ့ မရည္ရြယ္ပဲနဲ႔ “မလုပ္ပါနဲ႔ ကြာ..စာလုပ္ေနလို႔ ပါ..ၿပန္ဖြင့္ေပးပါ” လို႔ ညင္ညင္သာသာ ေၿပာလိုက္ရင္ေတာ့မီးက အလုိလို ၿပန္ပြင့္လာတယ္… အၿမဲမဟုတ္ေပမယ့္ လာလာစတတ္တယ္လို႔ ထင္မိတယ္…

တစ္ခုရွိတာက ကၽြန္ေတာ္ညနက္ အိပ္တာကိုေတာ့သေဘာက်ပံုမေပၚဘူး.. မီးေရာင္ေႀကာင့္ လို႔ထင္ပါတယ္… မီးလင္းတာမ်ိဳးေတြ႔ ရင္အၿပင္ကေန အသံတစ္မ်ိဳးမဟုတ္ တစ္မ်ိုဳးၾကားရတတ္တယ္.. မီးပိတ္ၿပီးသာ ၿငိမ္ေနလိုက္ရင္ေတာ့ အသံလဲအလိုလို ေပ်ာက္သြားတတ္တယ္… ေနာက္ပိုင္း က်ေနာ္လဲ ေနသားက်သြားတယ္ ထင္ပါတယ္… သူရွိေနတယ္ဆိုတဲ့အသိေလးနဲ႔ ကၽြန္ေတာ္လဲလံုၿခံဳေနသလို ခံစားမိတယ္… (က်ေနာ္ညဘက္ အလုပ္သြားတုန္း က်ေနာ္ဆီမွာ လာအိပ္လာစားႀကတဲ့ ဧည့္သည္ သေဘာၤသားႏွစ္ေယာက္က ေတာ့ တစ္ညမွာ ေကာင္းေကာင္း ပညာၿပခံလိုက္ရပါတယ္… ေနာက္ေန႔ကစလို႔ က်ေနာ့္အခန္းကို က်ေနာ္မရွိပဲ အလည္မလာက်သလို ညဘက္ကို လံုးဝ အိပ္ဖို႔ ၿငင္းဆန္သြားပါတယ္)…

ဘာေႀကာင့္ပဲ ၿဖစ္ၿဖစ္ သူ႔ကိုလဲဲ မေမာင္းထုတ္ရက္ဘူး… ကြ်န္ေတာ့္ေႀကာင့္ သူထြက္သြားမွာ ကိုလည္းမလိုလားဖူး… ႏွစ္ႏွစ္နီးပါးေနလာတဲ့ ဒီေနေလးကို ကၽြန္ေတာ္ခ်စ္တယ္ဆိုရင္ ႏွစ္ေပါင္းမ်ားစြာေနလာတဲ့သူ႔ အတြက္ကိုယ္ခ်င္းစာမိပါတယ္… ဒါေပမယ့္ သူ႔ကို ကၽြတ္လြတ္တဲ့ ဘဝကိုလဲရေစခ်င္ပါတယ္… သူႀကားႏိုင္ေအာင္လို႔ ေမတၱာပို႔ အမွ်ေဝဆဲပါ… စိတ္အေႏွာက္အယွက္ တစ္စံုတစ္ရာမွမေပးပဲ ကၽြန္ေတာ့္ကို ေနခြင့္ေပးထားတဲ့အတြက္ ကိုလည္းေက်းဇူးတင္မိတယ္…

အခုေတာ့သူဟာ ကၽြန္ေတာ့္အတြက္အေဖာ္ေကာင္းေလးပါ… သူ ရွိေနတဲ့အတြက္လည္း ကၽြန္ေတာ္ဘယ္လို မွမခံစားရပါဘူး.. အရင္ဘဝက ပါလာတဲ့ေရစက္လို႔ ပဲသတ္မွတ္လိုက္ပါတယ္… သူ႔ကို ကၽြတ္ရာ လြတ္ရာကိုလဲ ေရာက္ေစခ်င္ပါတယ္… အခုတစ္ေလာ အလုပ္နဲ႔ ေန႔ေန႔ ညည နပန္းလံုးေနတဲ့ကၽြန္ေတာ္ဟာ ဒီည အလုပ္ေနာက္က်လို႔ ညဥ့္နက္မွၿပန္ေရာက္လာေတာ့ သူႀကိဳေနတာကို ေတြလုိက္ရတယ္…

အိမ္ရွင္ အဖြားေၿပာပံု အရဆိုရင္ ဒီတစ္ေယာက္က အိမ္ရွင္အဖြားရဲ႕ အေဖၿဖစ္ႏိုင္တယ္… က်ေနာ္ေနတဲ့ ဂိုေဒါင္မွာပဲ သူအၿမဲေနတယ္… ထမင္းစားခ်ိန္နဲ႔ အိပ္ခ်ိန္ပဲ ၿပန္တက္လာၿပီး ဒီဂိုေဒါင္မွာ ေရဒီယိုတစ္လံုး နဲ႔ အလုပ္ရွဳတ္ေနတတ္သလို ေႏြမွာ အရိပ္ရေအာင္ ဂိုေဒါင္ေဘးမွာ အပင္စိုက္ခဲ့တယ္ ဆိုပါတယ္… ဘာကိုစြဲလမ္းၿပီး ဘယ္လိုဆံုးတယ္ဆိုတာေတာ့ မသိပါဘူး… ဘဝမွာ သူ႔ နဲ႔ က်ေနာ္အတြက္ အမွတ္တရၿဖစ္သလို ဒီဂိုေဒါင္ အခန္းေလးထဲမွာ လြတ္လြတ္လပ္လပ္ တစ္ေယာက္တည္း ေနရတဲ့ အတြက္လဲ ေက်နပ္ပီတိၿဖစ္ပါတယ္…..။ ။ ။
( စိတ္ကူးယဥ္ေရးဖြဲ႕ထားျခင္း မဟုတ္ပါ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Newmyanmarpyi

#Unicode Version
သူ ဘယ်သူဘယ်ဝါ ဆိုတာ ကျွန်တော်မသိပါ.. ကျွန်တော့်ရဲ့အနီးအနား ဝန်းကျင်မှာတော့ သူဟာ အရိပ်တစ်ခုအနေနဲ့ရှိနေတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိနေပါတယ်… တစ်ခါတလေ အသံပေး အရိပ်ပြတတ်တဲ့ သူ့ကို ကျွန်တော် ရုတ်တရက် တွေ့လိုက် ကြားလိုက်ရရင် ကြောက်စိတ်ဝင်မိပေမယ့် ဒီထက်ပိုပြီး ထူးခြားမှု မပြတဲ့သူ့ကို တစ်ခါတရံ သတိရနေမိသလိုလို… ဒီလိုအတွေး စိတ်ထဲဝင်လာရင် သူ့အတွက် ဆုတောင်းပေးမိ ပါတယ်…

ဒါပေမယ့် သူဒီနေရာဝန်းကျင်ကနေ စွန့်ခွာသွားမှာကိုတော့ကျွန်တော် တစ်ကယ်မလိုလားပါဘူး.. နှစ်ပေါင်းများစွာ နေခဲ့တဲ့ဒီနေရာလေးကို စွန့်ခွာသွားဖို့ အတွက်သူလဲဝန်လေးမှာပေါ့.. ဒီနေရာကိုသူပိုင်ပါတယ်… သူကကျွန်တော့်ရဲ့ အမည်လဲမသိ လူကောင်မပေါ်တဲ့ ခုလက်ရှိ ကျနော်နေနေတဲ့ အခန်းရဲ့ အိမ်ရှင်လေးလို့ ထင်ပါတယ်…

ဘာကြောင့်လဲ မေးရင် ကျွန်တော် အခုလက်ရှိနေတဲ့ အခန်းလေးက အရင်က လူသူ မနေတဲ့ ဂိုဒေါင် အဟောင်းလေး တစ်ခုပါ.. ဂိုဒေါင်သက်တမ်းကလည်း ကျွန်တော့် အသက်ထက် ထက်ဝက် မက ကြီးတယ်လို့ အိမ်ရှင်အဖွားကြီး ကပြောပါတယ်.. ကျွန်တော်နဲ့ ရေစက်ပါတဲ့ဒီဂိုဒေါင်လေးက လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကျနော် စရောက် ကတည်းက အလုပ်ရှာရင်း လစဉ် ပုံမှန် လာရှင်းဖြစ်ခဲ့တယ်… ဟောင်းအို နေတဲ့ဂိုဒေါင်ဘေးမှာလဲ လေးထပ်တိုက် အမြင့်သာသာ ရှိတဲ့ယူကလစ်ပင် တစ်ပင် ရှိတယ်လေ… မနှစ်က အိမ်ရှင်အဖွားက အပင်ကြီး မြင့်လာလို့ ခုတ်ပေးပါဆိုလာတယ်…

ဒါနဲ့ ကျွန်တော်လဲ အပင်ကို ဂိုဒေါင် အပေါ်ကနေ တက်ပြီး စခုတ်ပါတယ်.. စိတ်ထဲမှာ ထစ်နေလို့ အပင်ကို မတက်ခင် တောင်းပန်ရှိခိုးပြီး ခုတ်ပေမယ့် ကျွန်တော် ခုတ်နေတုန်းမှာ ရုတ်တရက် တစ်ယောက်ယောက်က တွန်းချသလို ခံစားရပြီး မထင်မှတ် ပဲ အပင်ပေါ်ကနေ ပြုတ်ကျတယ်… လေးထပ်အမြင့်ဆိုတော့ အောက်မှာ သွေးမထွက် မလှုပ်နိုင်တဲ့ ကျနော့်ကို အားလုံးကသေပြီးလို့ကို ထင်ခဲ့တယ်… ဒါပေမယ့် အမြင့်ပေါ်ကနေ အတားအဆီး မရှိ ကျလာတဲ့ကျနော် သွေးတစ်စက်မှ မထွက်ပဲ ခြေထောက် သာကျိုးသွားတယ်… အကုန်လုံးက အံံ့သြကြတယ်…

ကျွန်တော်ကိုယ်တိုင်အံ့သြတယ်.. အပင်ပေါ်ကနေ တစ်ယောက်ယောက်က တွန်းချသလိုခံစားရတယ်.. အောက်ရောက်တော့လဲ အင်းဂတေကိုင်ထားတဲ့ ကြမ်းပြင် နေရာက ကျွန်တော့်အတွက် တစ်ယောက်ယောက်က တစ်ခုခုခံပေးထားသလို ခံစားရတာကိုပါ… မှောက်လဲ ကျတာ ခြေကားလက်ကားနဲ့ ကျပြီးတော့ ညာဘက်ခြေထောက်က ကျိုးသွားခဲ့တယ်.. တစ်ခုသိလိုက်တာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ် ဒီအပင်ကို ခုတ်တာ မကြိုက်ဖူး ဆိုတာကို သိလိုက်ရတယ်… ဒါကြောင့် သုံးလလောက် နားပြီး ခြေထောက် ပြန်ကောင်းလာတော့လဲ ဒီအပင်ကို ထပ်ခုတ်ဖို့ စိတ်မကူးတော့ပဲ လာရှင်းပေးနေကြ အလုပ်ကိုတောင် နားလိုက်မိတယ်…

ရေစက်ကမကုန်ဘူးထင်ပါတယ်… ကျွန်တော်လည်း နောက်ပိုင်းကျတော့ တစ်ယောက်တည်း နေချင်စိတ်ကပေါ်တယ်… (အရင်ကတော့ စုပြီးနေတာ ပြဿနာ အမျိုးမျိုးကြောင့်ပါ)… ဒါကြောင့် တစ်ယောက်တည်း နေလို့ရနိုင်မယ့် တိုက်ခန်းကျဉ်းကျဉ်းလေး ကိုလိုက်ရှာတယ်လေ.. ဈေးသက်သက်သာသာနဲ့ တစ်ယောက်တည်း တစ်ခန်းနေရမယ့် နေရာမျိုး.. ဒီလို နိုင်ငံမှာ တစ်ယောက်တည်း နေဖို့က မဖြစ်နိုင်ပေမယ့် ရလိုရညားတော့ အားလုံးကိုမေးထား ပြောထားတယ်… တစ်နေ့တော့ အဖွားက စကားမစပ်ပဲ ဖုန်းဆက်ပြီး ခုဘာတွေလုပ်နေလဲ သူဆီလာတွေပါဦးဆိုတော့ ကျနော် သွားတွေ့ခဲ့ပြီး ကျနော် အခန်းရှာနေကြောင်းပါ ပြောဖြစ်လိုက်တယ်… အဲဒီမှာ အိမ်ရှင်အဖွားက ကျွန်တော်နေချင်တယ် ဆိုရင် ဒီဂိုဒေါင်လေးကို ပြင်ပြီးလာနေလို့ ရကြောင်း.. ပြင်စရိတ်ကို ကျွန်တော်ပေးရမှာ ဖြစ်ကြောင်း.. အခန်းခကိုတော့ သူယူမှာမဟုတ်ကြောင်း… တစ်ခုရှိတာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေကြောင်း..မကြောက်တတ်ရင်နေလို့ ရကြောင်း ပြောလာတယ်လေ…

နဂိုကလည်း တစ်ယောက်ထည်း နေချင်သူ ဆိုတော့ အချိန်မဆိုင်းချင်ပဲ အဖွားကို နေမယ်ပြောပြီး တစ်လအတွင်း အခန်းဖြစ်အောင် ပြင်လိုက်တယ်လေ.. မကြောက်ဖူးဆိုပေမယ့် အိမ်ရှင်အဖွားကိုယ်တိုင် ပြောထားဖူးတဲ့အခံလဲရှိ ကိုယ်တိုင်လဲ တွေ့ကြုံခံစားဖူးထားတော့ နည်းနည်းလန့် တာပေါ့လေ… ဒါပေမယ့် နောက်ဆုံးတော့ အခန်းလေးကို စိတ်ကြိုက်ပြင်ပြီး အိမ်ပြောင်းလာခဲ့တော့တယ်…

ကျနော် အခန်းပြောင်းတဲ့ ညမှာပဲ သူ့ကို စတွေ့တယ်… ကြိုတင် ဆုံးဖြတ်ပြီးသားဆိုတော့ ကြိုဆိုတဲ့သဘောလို့ စိတ်ထဲမှတ်ထားလိုက်မိတယ်… သူ ကလူလိုပါပဲ… အရိပ်လိုလို ဘာလိုလို စိတ်ထဲက သိတာပဲရှိတယ်… ကိုယ်လုံးကိုယ်ထည်မမြင်ရတဲ့ မဲမဲကြီးပါ..အထီးအမ မသဲကွဲပေမယ့် ဟန်ပန်က အသက်(၅၀) သာသာ လူကြီးတစ်ယောက် ပုံစံမျိုးပါ… ညဘက်အလုပ်က ပြန်လာတာမို့ မှောင်မှောင်မဲမဲ မှာ ဆိုင်ကယ်မီးထိုးပြီး ဝင်လာတဲ့အချိန်မှာ မည်းမည်းအရိပ်ကြီးကိုတွေ့ လိုက်ရတဲ့ကျနော့်ရဲ့ ပထမဆုံးညက တော်တော်ကို တုန်လှုပ်မိတယ်… အဲဒီ ပထမဆုံးညက ဆိုအိပ်လို့ လဲမရဘူး.. အခန်းထဲ ကြောက်ကြောက်နဲ့ ဝင်ပြီးတော့ အပြင်လည်းမထွက်ရဲဖူး.. ဒါပေမယ့် သူရှိနေလား တကယ်များလား ဆိုတဲ့ အတွေးနဲ့လဲ ထွက်ကြည့်ချင် နေတယ်လေ.. ဘာမှမလှုပ်ရှားပေမဲ့ သူဒီအနီး အနားမှာရှိနေမှာ သေချာတာကိုတော့ ခံစားမိတယ်…

ဒီလိုနဲ့ နောက်နေ့ တွေမှာ ကျနော် အခန်းမှာ ပရိတ်ကြီး(၁၁)သုတ် တရားခွေကိုဖွင့်ပြီး မေတ္တာပို့ အမျှဝေပါတယ်… သူကြားအောင်လည်း အင်္ဂလိပ်လို တစ်မျိုး မြန်မာလို တစ်ဖုံ ဂရိလို တတ်သလောက် မှတ်သလောက်လေးနဲ့… “ဒါကနင့်နေရာပါ.. ငါ့ကိုပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. နင့်ကိုလဲ ငါမမောင်းထုတ်ပါဘူး.. ငါကို လဲကြောက်အောင်လန့် အောင်မလုပ်ပါနဲ့ နင်နေသာသလိုနေပါ” ဆိုပြီးအမြဲပြောတယ်လေ… သူကြားအောင်လဲ မေတ္တာပို့ အမျှဝေတဲ့ အလုပ်ကို ပိုလုပ်ဖြစ်ပါတယ်…

နောက်ပိုင်းတွေမှာ ကျနော် အိမ်အပြန် နောက်ကျတဲ့ နေတွေမှာဆို သူ့ကို ကျွန်တော့် တံခါးဝမှာရပ်စောင့်နေတာမျိုးကို ကျွန်တော့်ဆိုင်ကယ်မီးရောင်နဲ့ လှမ်းမြင်ရလေ့ရှိတယ်.. ကျနော်က ခပ်တည်တည်နဲ့ (စိတ်ထဲကတော့ ကြောက်မိတာပေါ့) “စောင့်နေတာလား… ကျေးဇူးတင်ပါတယ်” လို့ ဆိုလိုက်ရင် အရိပ်ကပြောက်သွားတယ်…

တစ်ခါတုန်းကဆို ညဘက် ကျနော် အလုပ်လုပ်တာကို သိတဲ့သူခိုးက ကျနော့် အခန်းကို ဝင်မယ်ကြံတော့ ငယ်သံပါအောင် အော်ပြေးတာ အိမ်ရှင်အဖွားက ပြန်ပြောပြလို့ သိရတယ်… ဘာကြောင့် အော်ပြေးသွားမှန်း မသိပေမယ့် ကျနော်ကတော့ သူကြောင့်လို့ ထင်မိပါတယ်…

ညနက်မှ အိပ်တတ်တဲ့ ကျွန်တော်က သူ့ ရဲ့အရိပ်လိုလို စိတ်ထဲက တွေ့ရင် ကြောက်ကြောက်နဲ့ စကား လှမ်းပြောတတ်လာတယ်.. တစ်ခါတစ်လေ အခန်းဝမှာ ရစ်သီရစ်သီ လုပ်နေတတ်တယ် လို့ထင်မိပြန်တယ်… ဒါပေမယ့် စည်းကျော်ပြီးတော့ အိမ်ထဲထိ ဝင်လာနှောက်ယှက် တာမျိုးတော့မကြုံဖူးဘူး…

တစ်ခါတစ်ရံ သူပျင်းလို့ရှိရင် ကျနော်ရဲ့ စာကြည့်မီးချောင်း ကိုစသလိုလို နဲ့ မှိတ်တာမျိုး လုပ်တတ်တယ်လေ.. ပထမတော့ မီးချောင်းကဖြစ်တာပါလို့ ထင်ပေမယ့် နောက်ကျတော့ မရည်ရွယ်ပဲနဲ့ “မလုပ်ပါနဲ့ ကွာ..စာလုပ်နေလို့ ပါ..ပြန်ဖွင့်ပေးပါ” လို့ ညင်ညင်သာသာ ပြောလိုက်ရင်တော့မီးက အလိုလို ပြန်ပွင့်လာတယ်… အမြဲမဟုတ်ပေမယ့် လာလာစတတ်တယ်လို့ ထင်မိတယ်…

တစ်ခုရှိတာက ကျွန်တော်ညနက် အိပ်တာကိုတော့သဘောကျပုံမပေါ်ဘူး.. မီးရောင်ကြောင့် လို့ထင်ပါတယ်… မီးလင်းတာမျိုးတွေ့ ရင်အပြင်ကနေ အသံတစ်မျိုးမဟုတ် တစ်မျိုုးကြားရတတ်တယ်.. မီးပိတ်ပြီးသာ ငြိမ်နေလိုက်ရင်တော့ အသံလဲအလိုလို ပျောက်သွားတတ်တယ်… နောက်ပိုင်း ကျနော်လဲ နေသားကျသွားတယ် ထင်ပါတယ်… သူရှိနေတယ်ဆိုတဲ့အသိလေးနဲ့ ကျွန်တော်လဲလုံခြုံနေသလို ခံစားမိတယ်… (ကျနော်ညဘက် အလုပ်သွားတုန်း ကျနော်ဆီမှာ လာအိပ်လာစားကြတဲ့ ဧည့်သည် သဘောၤသားနှစ်ယောက်က တော့ တစ်ညမှာ ကောင်းကောင်း ပညာပြခံလိုက်ရပါတယ်… နောက်နေ့ကစလို့ ကျနော့်အခန်းကို ကျနော်မရှိပဲ အလည်မလာကျသလို ညဘက်ကို လုံးဝ အိပ်ဖို့ ငြင်းဆန်သွားပါတယ်)…

ဘာကြောင့်ပဲ ဖြစ်ဖြစ် သူ့ကိုလဲ မမောင်းထုတ်ရက်ဘူး… ကျွန်တော့်ကြောင့် သူထွက်သွားမှာ ကိုလည်းမလိုလားဖူး… နှစ်နှစ်နီးပါးနေလာတဲ့ ဒီနေလေးကို ကျွန်တော်ချစ်တယ်ဆိုရင် နှစ်ပေါင်းများစွာနေလာတဲ့သူ့ အတွက်ကိုယ်ချင်းစာမိပါတယ်… ဒါပေမယ့် သူ့ကို ကျွတ်လွတ်တဲ့ ဘဝကိုလဲရစေချင်ပါတယ်… သူကြားနိုင်အောင်လို့ မေတ္တာပို့ အမျှဝေဆဲပါ… စိတ်အနှောက်အယှက် တစ်စုံတစ်ရာမှမပေးပဲ ကျွန်တော့်ကို နေခွင့်ပေးထားတဲ့အတွက် ကိုလည်းကျေးဇူးတင်မိတယ်…

အခုတော့သူဟာ ကျွန်တော့်အတွက်အဖော်ကောင်းလေးပါ… သူ ရှိနေတဲ့အတွက်လည်း ကျွန်တော်ဘယ်လို မှမခံစားရပါဘူး.. အရင်ဘဝက ပါလာတဲ့ရေစက်လို့ ပဲသတ်မှတ်လိုက်ပါတယ်… သူ့ကို ကျွတ်ရာ လွတ်ရာကိုလဲ ရောက်စေချင်ပါတယ်… အခုတစ်လော အလုပ်နဲ့ နေ့နေ့ ညည နပန်းလုံးနေတဲ့ကျွန်တော်ဟာ ဒီည အလုပ်နောက်ကျလို့ ညဥ့်နက်မှပြန်ရောက်လာတော့ သူကြိုနေတာကို တွေလိုက်ရတယ်…

အိမ်ရှင် အဖွားပြောပုံ အရဆိုရင် ဒီတစ်ယောက်က အိမ်ရှင်အဖွားရဲ့ အဖေဖြစ်နိုင်တယ်… ကျနော်နေတဲ့ ဂိုဒေါင်မှာပဲ သူအမြဲနေတယ်… ထမင်းစားချိန်နဲ့ အိပ်ချိန်ပဲ ပြန်တက်လာပြီး ဒီဂိုဒေါင်မှာ ရေဒီယိုတစ်လုံး နဲ့ အလုပ်ရှုတ်နေတတ်သလို နွေမှာ အရိပ်ရအောင် ဂိုဒေါင်ဘေးမှာ အပင်စိုက်ခဲ့တယ် ဆိုပါတယ်… ဘာကိုစွဲလမ်းပြီး ဘယ်လိုဆုံးတယ်ဆိုတာတော့ မသိပါဘူး… ဘဝမှာ သူ့ နဲ့ ကျနော်အတွက် အမှတ်တရဖြစ်သလို ဒီဂိုဒေါင် အခန်းလေးထဲမှာ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေရတဲ့ အတွက်လဲ ကျေနပ်ပီတိဖြစ်ပါတယ်…..။ ။ ။
( စိတ်ကူးယဉ်ရေးဖွဲ့ထားခြင်း မဟုတ်ပါ )


ဖိုးသူတော် (www.phothutaw.com)
Credit:Newmyanmarpyi
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top