Property Expo
×

ေယာက္်ားေလးနဲ႔ မိန္းကေလးခင္မင္ရင္းႏွီးျပီးေနလာၾကရာကေန ေယာက္်ားေလးဘက္ကေန သူငယ္ခ်င္းအဆင့္ထက္ပိုခ်င္ေၾကာင္းကုိ အရိပ္အကဲ အမ်ဳိးမ်ဳိးနဲ႔ ျပတတ္ပါတယ္။ သူငယ္ခ်င္းကေန ခ်စ္သူျဖစ္သြားၾကတဲ့သူေတြမွာ အမ်ားအားျဖင့္ သူနဲ႔ကိုယ္ၾကားမွာ မသိတာမရွိဘဲ ဟန္မေဆာင္တတ္တဲ့ ဆက္ဆံေရးမ်ဳိး အသားက်ေနခဲ့တဲ့အတြက္ ကဗ်ာသိပ္မဆန္တဲ့ အခ်စ္ေရးမ်ဳိးေလးျဖစ္တတ္တာကလြဲရင္ သူငယ္ခ်င္းကေန ခ်စ္သူျဖစ္ရတာ ေကာင္းက်ဳိး အမ်ားၾကီးရွိပါတယ္။

အခ်င္းခ်င္း နားလည္မႈေတြမ်ားျပီး သံေယာဇဥ္ ပုံစံႏွစ္မ်ဳိးနဲ႔ တြယ္တာရတဲ့အတြက္ ပုိျပီးၾကည္ႏူးရတဲ့ အခ်စ္ေရးတစ္ခုပါ။ ကိုယ့္ရဲ႕ သူငယ္ခ်င္းေယာက္်ားေလးက သူငယ္ခ်င္းအဆင့္က တက္ခ်င္ေနတဲ့အထာေလးေတြကို ျပေနျပီဆုိရင္ အလိုလို သိၾကမွာပါ။

-ကုိယ့္ ေမြးေန႔အတြက္ အဖိုးတန္ရတနာပစၥည္း လက္ေဆာင္တစ္ခုခုေပးတာမ်ဳိး။
-ကိုယ့္အေၾကာင္း အိပ္မက္မက္တယ္လို႔ ေျပာလာတာ။
-သူ႔ရဲ႕ အေပါင္းအသင္းေတြက ကိုယ္တုိ႔ႏွစ္ေယာက္ကို တြဲျပီးစတာ။
-ကုိယ္ဆံပင္တိလာတာေလးကအစ သူသတိထားမိတာ။
-ကုိယ့္နဲ႔ခင္တဲ့ တျခားေယာက္်ားေတြအားလုံးကို မေကာင္းျမင္တတ္တာ။ မေကာင္းေျပာတတ္တာ။
-သူက ကုိယ့္ေရွ႕မွာ တျခားမိန္းကေလးေတြအေၾကာင္းမေျပာေတာ့တာ။
-သူငယ္ခ်င္းေတြ အျပင္အတူတူသြားျပီဆုိရင္ သူကကိုယ့္အတြက္ အကုန္အက်ခံေပးတတ္တာ။
-ကုိယ္ေနမေကာင္းျဖစ္ရင္ ကိုယ့္အတြက္ စြပ္ျပဳတ္ယူလာေပးတာ။ ကိုယ္စားခ်င္တယ္လို႔ ေျပာလုိက္တာေလးတစ္ခုကုိ မွတ္မွတ္ရရရွာဝယ္လာေပးတတ္တာ။
-ကိုယ့္ကို ခ်စ္စရာအေကာင္းဆုံးနာမည္ေျပာင္တစ္ခုကို စျပီးေခၚတတ္တာ။
-သူ႔မိဘေတြနဲ႔ ခင္မင္ေစခ်င္တာ။
-တျခားသူငယ္ခ်င္းေတြမပါဘဲ ကိုယ္နဲ႔ ႏွစ္ယာက္တည္း အျပင္ထြက္ခ်င္တာ။
-ကုိယ့္ကိစၥေတြကုိ သူနဲ႔ မဆုိင္လည္း ကူညီေပးခ်င္စိတ္မ်ားေနတာ။

ကဲ..ဒီလို အျပဳအမူေလးေတြ ေတြ႔လာရျပီဆုိရင္ေတာ့ ဒီေကာင္ေလးက ကိုယ့္ကို သူငယ္ခ်င္းစာရင္းကေန ခ်စ္သူစာရင္းကုိ ေျပာင္းခ်င္တဲ့လကၡဏာေတြလို႔ သိထားျပီး စဥ္းစားထားႏုိင္တာေပါ့ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

ယောက်ျားလေးနဲ့ မိန်းကလေးခင်မင်ရင်းနှီးပြီးနေလာကြရာကနေ ယောက်ျားလေးဘက်ကနေ သူငယ်ချင်းအဆင့်ထက်ပိုချင်ကြောင်းကို အရိပ်အကဲ အမျိုးမျိုးနဲ့ ပြတတ်ပါတယ်။ သူငယ်ချင်းကနေ ချစ်သူဖြစ်သွားကြတဲ့သူတွေမှာ အများအားဖြင့် သူနဲ့ကိုယ်ကြားမှာ မသိတာမရှိဘဲ ဟန်မဆောင်တတ်တဲ့ ဆက်ဆံရေးမျိုး အသားကျနေခဲ့တဲ့အတွက် ကဗျာသိပ်မဆန်တဲ့ အချစ်ရေးမျိုးလေးဖြစ်တတ်တာကလွဲရင် သူငယ်ချင်းကနေ ချစ်သူဖြစ်ရတာ ကောင်းကျိုး အများကြီးရှိပါတယ်။

အချင်းချင်း နားလည်မှုတွေများပြီး သံယောဇဉ် ပုံစံနှစ်မျိုးနဲ့ တွယ်တာရတဲ့အတွက် ပိုပြီးကြည်နူးရတဲ့ အချစ်ရေးတစ်ခုပါ။ ကိုယ့်ရဲ့ သူငယ်ချင်းယောက်ျားလေးက သူငယ်ချင်းအဆင့်က တက်ချင်နေတဲ့အထာလေးတွေကို ပြနေပြီဆိုရင် အလိုလို သိကြမှာပါ။

-ကိုယ့် မွေးနေ့အတွက် အဖိုးတန်ရတနာပစ္စည်း လက်ဆောင်တစ်ခုခုပေးတာမျိုး။
-ကိုယ့်အကြောင်း အိပ်မက်မက်တယ်လို့ ပြောလာတာ။
-သူ့ရဲ့ အပေါင်းအသင်းတွေက ကိုယ်တို့နှစ်ယောက်ကို တွဲပြီးစတာ။
-ကိုယ်ဆံပင်တိလာတာလေးကအစ သူသတိထားမိတာ။
-ကိုယ့်နဲ့ခင်တဲ့ တခြားယောက်ျားတွေအားလုံးကို မကောင်းမြင်တတ်တာ။ မကောင်းပြောတတ်တာ။
-သူက ကိုယ့်ရှေ့မှာ တခြားမိန်းကလေးတွေအကြောင်းမပြောတော့တာ။
-သူငယ်ချင်းတွေ အပြင်အတူတူသွားပြီဆိုရင် သူကကိုယ့်အတွက် အကုန်အကျခံပေးတတ်တာ။
-ကိုယ်နေမကောင်းဖြစ်ရင် ကိုယ့်အတွက် စွပ်ပြုတ်ယူလာပေးတာ။ ကိုယ်စားချင်တယ်လို့ ပြောလိုက်တာလေးတစ်ခုကို မှတ်မှတ်ရရရှာဝယ်လာပေးတတ်တာ။
-ကိုယ့်ကို ချစ်စရာအကောင်းဆုံးနာမည်ပြောင်တစ်ခုကို စပြီးခေါ်တတ်တာ။
-သူ့မိဘတွေနဲ့ ခင်မင်စေချင်တာ။
-တခြားသူငယ်ချင်းတွေမပါဘဲ ကိုယ်နဲ့ နှစ်ယာက်တည်း အပြင်ထွက်ချင်တာ။
-ကိုယ့်ကိစ္စတွေကို သူနဲ့ မဆိုင်လည်း ကူညီပေးချင်စိတ်များနေတာ။

ကဲ..ဒီလို အပြုအမူလေးတွေ တွေ့လာရပြီဆိုရင်တော့ ဒီကောင်လေးက ကိုယ့်ကို သူငယ်ချင်းစာရင်းကနေ ချစ်သူစာရင်းကို ပြောင်းချင်တဲ့လက္ခဏာတွေလို့ သိထားပြီး စဉ်းစားထားနိုင်တာပေါ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top