ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မန္ယူအသင္းေခါင္းေဆာင္ ဝိန္း႐ြန္ေနးရဲ႕ အသက္ ၆ ႏွစ္အ႐ြယ္ သားျဖစ္သူကို မန္ယူအသင္းက ေခၚယူ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ေၾကာင္း သိရပါတယ္။

အသင္းေခါင္းေဆာင္ ႐ြန္ေနးရဲ႕ သားျဖစ္သူ ကိုင္ဟာ အသင္းရဲ႕လူငယ္စီမံကိန္း ဖြံ႔ၿဖိဳးေရးအသင္းမွာ ကစားသမားတစ္ေယာက္အျဖစ္ ပါဝင္ကစားရေတာ့မွာျဖစ္ပါတယ္။ ဒါေပမဲ့  အခ်ိန္ၾကာျမင့္စြာ ကစားဖို႔မဟုတ္ဘဲ  ရက္သတၱပတ္အနည္းငယ္ ကစားၿပီး ေလ့က်င့္သင္ၾကားရမွာ ျဖစပါတယ္။ အသင္းရဲ႕ လူငယ္စီမံကိန္းေဘာလံုးအသင္းမွာ မိုက္ကယ္ကာရစ္ရဲ႕ သားျဖစ္သူလည္း တက္ေရာက္ေနလ်က္ရွိပါတယ္။

မန္ယူအသင္းမွာ ေဘာလံုးကစားေနတဲ့ သားျဖစ္သူကို မိခင္ျဖစ္သူ ေကာလင္းက လိုက္လံေစာင့္ေရွာက္ေပးလ်က္ရွိပါတယ္။ " ကိုင္ ကိုၾကည့္ရတာ ေဘာလံုးကစားရတာ ႀကိဳက္တဲ့ပံုပဲ။ ဒီကေလးႏွစ္ေယာက္လံုး(႐ြန္ေနးသားႏွင့္ ကာရစ္၏ သား) အသင္းရဲ႕ အနာဂတ္မွာ ၾကယ္ပြင့္ေတြ ျဖစ္လာႏုိင္ပါတယ္" လို႔ အသင္းက ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာခဲ့ပါတယ္။

ကိုင္ဟာ အရင္ကတည္းက ဖခင္ျဖစ္သူရဲ႕ ေဘာလံုပြဲေတြကို စိတ္ဝင္တစား အားေပးခဲ့သူျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နေးရဲ့ အသက် ၆ နှစ်အရွယ် သားဖြစ်သူကို မန်ယူအသင်းက ခေါ်ယူ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

အသင်းခေါင်းဆောင် ရွန်နေးရဲ့ သားဖြစ်သူ ကိုင်ဟာ အသင်းရဲ့လူငယ်စီမံကိန်း ဖွံ့ဖြိုးရေးအသင်းမှာ ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့  အချိန်ကြာမြင့်စွာ ကစားဖို့မဟုတ်ဘဲ  ရက်သတ္တပတ်အနည်းငယ် ကစားပြီး လေ့ကျင့်သင်ကြားရမှာ ဖြစပါတယ်။ အသင်းရဲ့ လူငယ်စီမံကိန်းဘောလုံးအသင်းမှာ မိုက်ကယ်ကာရစ်ရဲ့ သားဖြစ်သူလည်း တက်ရောက်နေလျက်ရှိပါတယ်။

မန်ယူအသင်းမှာ ဘောလုံးကစားနေတဲ့ သားဖြစ်သူကို မိခင်ဖြစ်သူ ကောလင်းက လိုက်လံစောင့်ရှောက်ပေးလျက်ရှိပါတယ်။ " ကိုင် ကိုကြည့်ရတာ ဘောလုံးကစားရတာ ကြိုက်တဲ့ပုံပဲ။ ဒီကလေးနှစ်ယောက်လုံး(ရွန်နေးသားနှင့် ကာရစ်၏ သား) အသင်းရဲ့ အနာဂတ်မှာ ကြယ်ပွင့်တွေ ဖြစ်လာနိုင်ပါတယ်" လို့ အသင်းက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ကိုင်ဟာ အရင်ကတည်းက ဖခင်ဖြစ်သူရဲ့ ဘောလုံပွဲတွေကို စိတ်ဝင်တစား အားပေးခဲ့သူဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top