Property Expo
×

 အေမရိကန္ႏွင့္ ခြဲျခားရပ္တည္သြားမည္ဆိုသည့္ ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတး၏ မွတ္ခ်က္ႏွင့္ ပတ္သက္၍ အဓိပၸါယ္ ရွင္းရွင္းလင္းလင္း သိရေအာင္ စံုစမ္းဥြားမည္ဟု အေမရိကန္ဘက္က ေျပာၾကားခဲ့သည္။

ဒူတာေတးက တ႐ုတ္ႏုိင္ငံ၊ ေဘဂ်င္းၿမိဳ႕ေတာ္သို႔ သြားေရာက္လည္ပတ္သည့္ ခရီးစဉ္တြင္ ဖိလစ္ပိုင္ အေနျဖင့္ စစ္ေရး၊ စီးပြားေရး က႑မ်ားတြင္ အေမရိကန္ ျပည္ေထာင္စုႏွင့္ တသီးတျခား ရပ္တည္ေတာ့မည္ဟု ေၾကညာခဲ့သည္။ ပံုမွန္အားျဖင့္ ဖိလစ္ပိုင္သည္ အေမရိကန္၏ မဟာမိတ္ ႏုိင္ငံတစ္ခုဟု ယူဆႏုိင္သည္။

ဒူတာေတးသည္ သမၼတ ျဖစ္လာကတည္းက အေမရိကန္အေပၚ ရန္လိုသည့္ သေဘာထားမ်ိဳး သိသိသာသာ ျပသခဲ့သလို အေမရိကန္ သမၼတ ဘာရတ္အိုဘားမားကိုလည္း ပုဂၢိဳလ္ေရး ေစာ္ကားတိုက္ခုိက္ ဆဲဆိုသည့္ စကားမ်ား လူသိရွင္ၾကား ေျပာဆိုခဲ့သည္။

ဒူတာေတး၏ ေျပာေရးဆိုခြင့္ရ အရာရွိ အာနက္စ္တို ေအဘယ္လာကမူ သမၼတ၏ မွတ္ခ်က္သည္ အေမရိကန္ႏွင့္ လမ္းခြဲျခင္းမ်ိဳး မဟုတ္ဘဲ ဖိလစ္ပိုင္က မိမိကိုယ္ပိုင္ အစြမ္းအစျဖင့္ အမွီအခိုကင္းကင္း ရပ္တည္မည္ဟု ဆိုလိုျခင္းသာျဖစ္ေၾကာင္း ျပန္လည္ ရွင္းလင္းခဲ့သည္။ “လက္ရွိ အေမရိကန္နဲ႔ သေဘာတူ စာခ်ဳပ္ေတြကို ဖ်က္သိမ္းမယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ဖိလစ္ပိုင္ဟာ လြတ္လပ္တဲ့၊ အမွီအခိုကင္းတဲ့ အခ်ဳပ္အျခာ အာဏာပိုင္ ႏုိင္ငံအေနနဲ႔ တည္ရွိေၾကာင္းကိုသာ သမၼတက ေျပာၾကားခဲ့တာပါ”ဟု ေအဘယ္လာက ဆိုသည္။

အေမရိကန္ ႏုိင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရ အရာရွိ ဂၽြန္ကာဘီက ဒူတာေတး၏ မွတ္ခ်က္စကားႏွင့္ ပတ္သက္၍ အျမင္႐ႈပ္ေထြးလ်က္ရွိၿပီး လက္ေထာက္ ႏိုင္ငံျခားေရး ဒန္နီရယ္လ္ ရက္ဆဲလ္သည္ မနီလာသို႔ သြားေရာက္ကာ တိက်သည့္ အေျဖတစ္ခုကို ရွာေဖြသြားမည္ဟု ေျပာၾကားခဲ့သည္။

ႏိုင္ငံေရး အကဲခတ္မ်ားကမူ ဒူတာေတးသည္ အေမရိကန္ကို ဘက္ကန္ၿပီး တ႐ုတ္ႏွင့္ ပိုမို ပူးေပါင္းလိုသည့္ အရိပ္အေယာင္မ်ိဳး ျပသေနျခင္းဟု သံုးသပ္ၾကသည္။ ဖိလစ္ပိုင္ ကုန္သြယ္ေရးႏွင့္ စက္မႈဝန္ႀကီး ေရမြန္ပီရက္ဇ္က ဒူတာေတး၏ ေဘဂ်င္း ခရီးစဉ္အတြင္း ေဒၚလာ ၁၃.၅ ဘီလီယံမွ် တန္ဖိုးရွိမည့္ ႏွစ္ႏုိင္ငံ ကုန္သြယ္ေရး စာခ်ဳပ္မ်ား ခ်ဳပ္ဆိုႏုိင္ရန္ ေမွ်ာ္လင့္ေၾကာင္း တရားဝင္ ေၾကညာထားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အမေရိကန်နှင့် ခွဲခြားရပ်တည်သွားမည်ဆိုသည့် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး၏ မှတ်ချက်နှင့် ပတ်သက်၍ အဓိပ္ပါယ် ရှင်းရှင်းလင်းလင်း သိရအောင် စုံစမ်းဥွားမည်ဟု အမေရိကန်ဘက်က ပြောကြားခဲ့သည်။

ဒူတာတေးက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်တွင် ဖိလစ်ပိုင် အနေဖြင့် စစ်ရေး၊ စီးပွားရေး ကဏ္ဍများတွင် အမေရိကန် ပြည်ထောင်စုနှင့် တသီးတခြား ရပ်တည်တော့မည်ဟု ကြေညာခဲ့သည်။ ပုံမှန်အားဖြင့် ဖိလစ်ပိုင်သည် အမေရိကန်၏ မဟာမိတ် နိုင်ငံတစ်ခုဟု ယူဆနိုင်သည်။

ဒူတာတေးသည် သမ္မတ ဖြစ်လာကတည်းက အမေရိကန်အပေါ် ရန်လိုသည့် သဘောထားမျိုး သိသိသာသာ ပြသခဲ့သလို အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကိုလည်း ပုဂ္ဂိုလ်ရေး စော်ကားတိုက်ခိုက် ဆဲဆိုသည့် စကားများ လူသိရှင်ကြား ပြောဆိုခဲ့သည်။

ဒူတာတေး၏ ပြောရေးဆိုခွင့်ရ အရာရှိ အာနက်စ်တို အေဘယ်လာကမူ သမ္မတ၏ မှတ်ချက်သည် အမေရိကန်နှင့် လမ်းခွဲခြင်းမျိုး မဟုတ်ဘဲ ဖိလစ်ပိုင်က မိမိကိုယ်ပိုင် အစွမ်းအစဖြင့် အမှီအခိုကင်းကင်း ရပ်တည်မည်ဟု ဆိုလိုခြင်းသာဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။ “လက်ရှိ အမေရိကန်နဲ့ သဘောတူ စာချုပ်တွေကို ဖျက်သိမ်းမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဖိလစ်ပိုင်ဟာ လွတ်လပ်တဲ့၊ အမှီအခိုကင်းတဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံအနေနဲ့ တည်ရှိကြောင်းကိုသာ သမ္မတက ပြောကြားခဲ့တာပါ”ဟု အေဘယ်လာက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဒူတာတေး၏ မှတ်ချက်စကားနှင့် ပတ်သက်၍ အမြင်ရှုပ်ထွေးလျက်ရှိပြီး လက်ထောက် နိုင်ငံခြားရေး ဒန်နီရယ်လ် ရက်ဆဲလ်သည် မနီလာသို့ သွားရောက်ကာ တိကျသည့် အဖြေတစ်ခုကို ရှာဖွေသွားမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံရေး အကဲခတ်များကမူ ဒူတာတေးသည် အမေရိကန်ကို ဘက်ကန်ပြီး တရုတ်နှင့် ပိုမို ပူးပေါင်းလိုသည့် အရိပ်အယောင်မျိုး ပြသနေခြင်းဟု သုံးသပ်ကြသည်။ ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ရေမွန်ပီရက်ဇ်က ဒူတာတေး၏ ဘေဂျင်း ခရီးစဉ်အတွင်း ဒေါ်လာ ၁၃.၅ ဘီလီယံမျှ တန်ဖိုးရှိမည့် နှစ်နိုင်ငံ ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုနိုင်ရန် မျှော်လင့်ကြောင်း တရားဝင် ကြေညာထားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top