Property Expo
×

ေခတ္ေရစီးေၾကာင္း၊ ဖက္ရွင္ေရစီးေၾကာင္းက အျမဲတစ္ပတ္လည္ေနတယ္လို႕ ဆိုရမွာပါပဲ။ ဆံပင္အရွည္ေခတ္ကေန ခု အတုိေခတ္၊ အနီေရာင္ဆုိးရာကေန ခု rainbow ကာလာ စသျဖင့္ ဖက္ရွင္ခ်စ္သူေတြအတြက္ကေတာ့ ရိုးမသြားရပါဘူး။ ဆံပင္အရွည္ကေန အတိုညွပ္တဲ့ေခတ္ ျပန္ေရာက္လာတဲ့အခါ ဆံပင္တုိတုိ မညွပ္ခင္ အဲ့ဒီဆံပင္ပံုစံနဲ႕ ကိုယ္နဲ႕ လုိက္ဖက္မႈရွိပါ့မလား ဆုိတာေလး အရင္စဥ္းစားရမွာပါ။ ဒီေတာ့ ဆံပင္တုိတုိညွပ္ခ်င္ေနတဲ့ ပ်ိဳေမေတြအတြက္ မညွပ္ခင္ ဒီနည္းေလးအတုိင္း စမ္းသပ္ျပီး ညွပ္သင့္ မညွပ္သင့္ ဆံုးျဖတ္ၾကဖုိ႕ တိုက္တြန္းပါရေစ။

ဒီနည္းအတုိင္း လုပ္ေဆာင္ဖုိ႕ လုိအပ္တဲ့ပစၥည္းေတြက -  ေပတံ၊ ခဲတံ၊ ၾကည့္မွန္ တုိ႕ပဲ ျဖစ္ပါတယ္။

ပထမဆံုး မွန္ေရွ႕မွာ မ်က္ႏွာတစ္ျခမ္းပဲေပၚေအာင္ ေဘးတုိက္ရပ္ပါ။ ေမးေစ့ထိလ်က္ ခဲတံကို အလ်ားလုိက္ကိုင္ထားျပီး နားရြက္ေအာက္မွာ ေပတံကို မတ္မတ္အေနအထားတုိင္း ထိန္းထားပါ။ ခဲတံနဲ႔ ေပတံႏွစ္ခု ကန္႔လန္႔မ်ဥ္းဆုံေနပါလိမ့္မယ္။ ေနာက္ နားရြက္ေအာက္ေျခကေန ခဲတံအေပၚဘက္ထိ အကြာအေဝးကို တိုင္းပါ။ တကယ္လုိ႔ နားရြက္ကေန ခဲတံထိ ၂ ၁/၄ ထက္ေလွ်ာ့ေနရင္ သင္ဟာ ေမးေစ့ကုပ္ဝဲဆံပင္အတုိပုံစံနဲ႔ လုိက္ဖက္သူျဖစ္ပါတယ္။ ၂ ၁/၄ လက္မထက္ပိုပါက ပခုံးရွပ္ကုပ္ဝဲ သို႔မဟုတ္ အဲဒီထက္ရွည္တာကို ထည့္စဥ္းစားရဖို႔ လုိပါတယ္။

တကယ္ေတာ့ ဆံပင္တုိပုံစံနဲ႔ လုိက္ဖက္မႈရိွမရိွဆုိတာ မ်က္ႏွာအေနအထားနဲ႔ သိပ္ပတ္သက္မေနဘဲ ေအာက္ေမးရုိးေထာင့္ခ်ဳိးနဲ႔ ပိုမိုသက္ဆုိင္မႈရိွတယ္လုိ႔ ဆံပင္အလွျပဳျပင္သူတစ္ဦးျဖစ္တဲ့ Gile Robinson က ဆုိပါတယ္။ ဒီနိယာမမွာ ခြ်င္းခ်က္ေတြရိွေပမယ့္ ဆံပင္တိုညွပ္ေတာ့မယ္လုိ႔ စိတ္ကူးထားရင္ ဒီနည္းေလးနဲ႕ အရင္စမ္းသပ္တာ ေကာင္းပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

ခေတ်ရေစီးကြောင်း၊ ဖက်ရှင်ရေစီးကြောင်းက အမြဲတစ်ပတ်လည်နေတယ်လို့ ဆိုရမှာပါပဲ။ ဆံပင်အရှည်ခေတ်ကနေ ခု အတိုခေတ်၊ အနီရောင်ဆိုးရာကနေ ခု rainbow ကာလာ စသဖြင့် ဖက်ရှင်ချစ်သူတွေအတွက်ကတော့ ရိုးမသွားရပါဘူး။ ဆံပင်အရှည်ကနေ အတိုညှပ်တဲ့ခေတ် ပြန်ရောက်လာတဲ့အခါ ဆံပင်တိုတို မညှပ်ခင် အဲ့ဒီဆံပင်ပုံစံနဲ့ ကိုယ်နဲ့ လိုက်ဖက်မှုရှိပါ့မလား ဆိုတာလေး အရင်စဉ်းစားရမှာပါ။ ဒီတော့ ဆံပင်တိုတိုညှပ်ချင်နေတဲ့ ပျိုမေတွေအတွက် မညှပ်ခင် ဒီနည်းလေးအတိုင်း စမ်းသပ်ပြီး ညှပ်သင့် မညှပ်သင့် ဆုံးဖြတ်ကြဖို့ တိုက်တွန်းပါရစေ။

ဒီနည်းအတိုင်း လုပ်ဆောင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက -  ပေတံ၊ ခဲတံ၊ ကြည့်မှန် တို့ပဲ ဖြစ်ပါတယ်။

ပထမဆုံး မှန်ရှေ့မှာ မျက်နှာတစ်ခြမ်းပဲပေါ်အောင် ဘေးတိုက်ရပ်ပါ။ မေးစေ့ထိလျက် ခဲတံကို အလျားလိုက်ကိုင်ထားပြီး နားရွက်အောက်မှာ ပေတံကို မတ်မတ်အနေအထားတိုင်း ထိန်းထားပါ။ ခဲတံနဲ့ ပေတံနှစ်ခု ကန့်လန့်မျဉ်းဆုံနေပါလိမ့်မယ်။ နောက် နားရွက်အောက်ခြေကနေ ခဲတံအပေါ်ဘက်ထိ အကွာအဝေးကို တိုင်းပါ။ တကယ်လို့ နားရွက်ကနေ ခဲတံထိ ၂ ၁/၄ ထက်လျှော့နေရင် သင်ဟာ မေးစေ့ကုပ်ဝဲဆံပင်အတိုပုံစံနဲ့ လိုက်ဖက်သူဖြစ်ပါတယ်။ ၂ ၁/၄ လက်မထက်ပိုပါက ပခုံးရှပ်ကုပ်ဝဲ သို့မဟုတ် အဲဒီထက်ရှည်တာကို ထည့်စဉ်းစားရဖို့ လိုပါတယ်။

တကယ်တော့ ဆံပင်တိုပုံစံနဲ့ လိုက်ဖက်မှုရှိမရှိဆိုတာ မျက်နှာအနေအထားနဲ့ သိပ်ပတ်သက်မနေဘဲ အောက်မေးရိုးထောင့်ချိုးနဲ့ ပိုမိုသက်ဆိုင်မှုရှိတယ်လို့ ဆံပင်အလှပြုပြင်သူတစ်ဦးဖြစ်တဲ့ Gile Robinson က ဆိုပါတယ်။ ဒီနိယာမမှာ ချွင်းချက်တွေရှိပေမယ့် ဆံပင်တိုညှပ်တော့မယ်လို့ စိတ်ကူးထားရင် ဒီနည်းလေးနဲ့ အရင်စမ်းသပ်တာ ကောင်းပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top