Kantharyar Centre
×

မြန်မာ့မီးရထားအဆင့် မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရှိဝန်ဆောင်မှု ပေးလျက်ရှိသည့် ရထားစီးနင်း ခြင်းလုပ်ငန်းအပေါ် ရထားစီးခရီး သည်များ၏ စိတ်ကျေနပ်မှုစစ် တမ်းများကို ရန်ကုန်ဘူတာကြီး၌ ကောက်ခံလျက်ရှိကြောင်း သ တင်းရရှိသည်။


‘‘အခုတစ်ကြိမ်က ပြည်သူ တွေနဲ့ ထိတွေ့ဆက်ဆံတဲ့အပေါ် မှာ ဘယ်လောက်ထိ ပြည်သူတွေ ရဲ့ တုံ့ပြန်ချက်ကို ရနိုင်မလဲဆိုတာ အင်တာဗျူးလုပ်စီစဉ်တာဖြစ်ပါ တယ်။ ပြည်သူလူထုရဲ့ သဘော ထားဆန္ဒလေးတွေ မေးပါမယ်။ အခုလိုဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတွေနဲ့ အမြဲထိတွေ့နေရင် ပြည်သူတွေရဲ့ လိုလားချက်ကို သိရပါမယ်’’ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်)ရုံးမှ အ ထွေထွေမန်နေဂျာ ဦးထွန်းအောင် သင်းက ပြောသည်။

ရထားစီးခရီးသည်များ၏ ရထားစီးနင်းခြင်းအပေါ် စိတ် ကျေနပ်မှုရှိ၊ မရှိနှင့် လိုလားချက် များ မေးမြန်းသည့် စစ်တမ်းများ ကို အောက်တိုဘာ ၁၁ ရက်က ရန်ကုန်ဘူတာကြီးတွင် ပြုလုပ်ခဲ့ သည်။

‘‘ပြည်သူတွေရဲ့ လိုလား ချက်တွေကိုသိရင် မြန်မာ့မီးရ ထားအဆင့်မြှင့်ခြင်းနဲ့အတူ ကျွန် တော်တို့ဘက်က ၀န်ဆောင်မှု ကဏ္ဍကို ပြောင်းလဲဖြည့်ဆည်းနိုင် မယ်ဆိုရင် ပိုပြီးတော့ စီမံခန့်ခွဲမှု ကောင်းသွားတဲ့အပိုင်းကို ရရှိမှာ ပါ’’ဟု ဦးထွန်းအောင်သင်းက ပြောသည်။

အဆိုပါစစ်တမ်းကောက်ယူ ခြင်းလုပ်ငန်းကို မြန်မာ့မီးရထား နှင့် ဂျပန်ဂျိုက်ကာက ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကာ ပြီးခဲ့သည့် သြဂုတ်ကစ၍ ယင်းလုပ်ငန်းဆောင်ရွက်ရန် ခရီးသည်များနှင့် အနီးကပ်ထိတွေ့မှုရှိသည့် မီးရထားဝန်ထမ်းဦးရေ ၄၀ ခန့်အားဝန်ဆောင်မှုသင်တန်းများပို့ချခဲ့ ကြောင်း သိရသည်။

ခရီးသည်များထံမှ ကောက် ခံရရှိသော စစ်တမ်းများကို ကြည့် ၍ မီးရထား၏လိုအပ်ချက်ရှိသောဝန်ဆောင်မှုအပိုင်းများကို အဆင့်မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘မီးရထားတွေမှာအဓိက လို အပ်တာက အချိန်မှန်မှန်ဖြစ်စေ ချင်တာပါ။ နောက်တစ်ခုက မြို့ ပတ်ဘူတာတွေနဲ့ ရထားတွဲတချို့ ကိုလည်း သန့်သန့်ရှင်းရှင်းရှိစေ ချင်တယ်။ ကားလမ်းတွေ ယာဉ် ကြောကျပ်တည်းမှုကြောင့် ရထား ကို အခုနောက်ပိုင်းအားကိုးပြီး စီး နင်းလာကြတဲ့ ခရီးသည်တွေများ လာတဲ့အတွက် ထိထိရောက် ရောက်ပြုလုပ်ပေးစေချင်ပါတယ် လို့ အကြံပြုထားပါတယ်’’ဟု ပန်း ဘဲတန်းမြို့နယ်နေ ကိုအောင် ကျော်မိုးက ပြောသည်။

လက်ရှိတွင် မြို့ပတ်ရထား လမ်းကြောင်း၌ ခရီးသည်စီးနင်းမှု သည် တစ်ရက်လျှင် ၈၀,၀၀၀ နှင့် ၁၀၀,၀၀၀ ကြားရှိကြောင်း မြန်မာ မီးရထားမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top