Kantharyar Centre
×

နယ္ျခားေစာင့္ရဲစခန္းေတြကုိ တုိက္ခိုက္ခံခဲ့ရၿပီးေနာက္ပိုင္း ညဘက္မထြက္ရတဲ့ အခ်ိန္ေတြကုိ တိုးျမွင့္ခဲ့လို႔ ငါးဖမ္းပိုက္ခ်သူေတြနဲ႔ ဟင္းသီးဟင္းရြက္ရွာတဲ့သူေတြ အျပင္မထြက္ႏိုင္ေတာ့တာေၾကာင့္ ေမာင္ေတာၿမိဳ႕မွာ သား၊ ငါးနဲ႔ ဟင္းသီးဟင္းရြက္ေတြရွားပါးၿပီး ေဈးႏႈန္းအဆမတန္ျမင့္တက္ေနတယ္လုိ႔ သိရပါတယ္။

‘‘ဒီေန႔ (ေအာက္တုိဘာ ၁၀ ရက္) ေဈးမွာ ငါးေရာင္းတဲ့သူ၊ ပုစြန္ေရာင္းတဲ့သူ တစ္ေယာက္မွ မေရာက္ပါဘူး။ ဟင္းသီးဟင္းရြက္ လာေရာင္းတဲ့ သူေတြလည္း ေတာ္ေတာ္ေလး နည္းေနပါတယ္။ အဲဒါေၾကာင့္ အရင္တစ္ပိႆာကို တစ္ေသာင္းက်ပ္ေဈးရွိတဲ့ငါးက အခု တစ္ပိႆာကို ႏွစ္ေသာင္း ေက်ာ္အထိ ေဈးေပးေနရပါတယ္။ ဟင္းသီးဟင္းရြက္လည္း ဒီအတုိင္းပါပဲ။ တစ္ဆေလာက္ ေဈးတက္သြားပါတယ္’’လုိ႔ ေမာင္ေတာၿမိဳ႕ခံ ေဒၚညိဳညိဳသန္းက ေျပာပါတယ္။

အရင္တုန္းက ေမာင္ေတာၿမိဳ႕မွာ ညမထြက္ရအခ်ိန္ကုိ ည ၁၁ နာရီမွ နံနက္ ၄ နာရီအထိ သတ္မွတ္ထားေပမဲ့ တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့ၿပီး ေနာက္ပိုင္း ည ၇ နာရီကေန မနက္ ၆ နာရီအထိတုိးျမႇင့္ သတ္မွတ္ထားခဲ့တာပါ။

ညမထြက္ရအခ်ိန္ တိုးျမႇင့္သတ္မွတ္ခဲ့လို႔ ငါးဖမ္းေလွအမ်ားစုကလည္း ျမစ္ေခ်ာင္းေတြနဲ႔ ပင္လယ္ျပင္ကုိ မထြက္သေလာက္ နည္းပါးေနတယ္ လုိ႔ ေမာင္ေတာၿမိဳ႕ ေမာင္နီေက်းရြာေဒသခံ ေရလုပ္သားတစ္ဦးက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း ညဘက်မထွက်ရတဲ့ အချိန်တွေကို တိုးမြှင့်ခဲ့လို့ ငါးဖမ်းပိုက်ချသူတွေနဲ့ ဟင်းသီးဟင်းရွက်ရှာတဲ့သူတွေ အပြင်မထွက်နိုင်တော့တာကြောင့် မောင်တောမြို့မှာ သား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေရှားပါးပြီး ဈေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။

‘‘ဒီနေ့ (အောက်တိုဘာ ၁၀ ရက်) ဈေးမှာ ငါးရောင်းတဲ့သူ၊ ပုစွန်ရောင်းတဲ့သူ တစ်ယောက်မှ မရောက်ပါဘူး။ ဟင်းသီးဟင်းရွက် လာရောင်းတဲ့ သူတွေလည်း တော်တော်လေး နည်းနေပါတယ်။ အဲဒါကြောင့် အရင်တစ်ပိဿာကို တစ်သောင်းကျပ်ဈေးရှိတဲ့ငါးက အခု တစ်ပိဿာကို နှစ်သောင်း ကျော်အထိ ဈေးပေးနေရပါတယ်။ ဟင်းသီးဟင်းရွက်လည်း ဒီအတိုင်းပါပဲ။ တစ်ဆလောက် ဈေးတက်သွားပါတယ်’’လို့ မောင်တောမြို့ခံ ဒေါ်ညိုညိုသန်းက ပြောပါတယ်။

အရင်တုန်းက မောင်တောမြို့မှာ ညမထွက်ရအချိန်ကို ည ၁၁ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားပေမဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ည ၇ နာရီကနေ မနက် ၆ နာရီအထိတိုးမြှင့် သတ်မှတ်ထားခဲ့တာပါ။

ညမထွက်ရအချိန် တိုးမြှင့်သတ်မှတ်ခဲ့လို့ ငါးဖမ်းလှေအများစုကလည်း မြစ်ချောင်းတွေနဲ့ ပင်လယ်ပြင်ကို မထွက်သလောက် နည်းပါးနေတယ် လို့ မောင်တောမြို့ မောင်နီကျေးရွာဒေသခံ ရေလုပ်သားတစ်ဦးက ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top