Yone Min ကြန္ဒို အထူးအေရာင္းပြဲေတာ္
×

ရာသီဥတုေျပာင္းလဲမႈက ဘဝမွာ အေရးၾကီးဆံုး အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ ေကာ္ဖီကို ျခိမ္းေျခာက္လ်က္ရိွပါတယ္။ ၾသစေၾတးလ်ႏုိင္ငံက အက်ဳိးအျမတ္အတြက္ မဟုတ္တဲ့ အဖြဲ႕အစည္း Climate Institute ရဲ႕အစီရင္ခံစာအရ ရာသီဥတုေျပာင္းလဲမႈက ေကာ္ဖီစိုက္ပ်ဳိးမႈကို သိသိသာသာ အက်ဳိးသက္ေရာက္ေစျပီး ပညာရွင္ေတြက ဒါဟာ ေကာ္ဖီထုတ္လုပ္မႈအတြက္ စိုးရိမ္စရာျခိမ္းေျခာက္မႈတစ္ခုလုိ႔ ေျပာဆုိခဲ့ေၾကာင္း သိရပါတယ္။

အစီရင္ခံစာမွာ ျပသနာျဖစ္ႏုိင္ေျခရိွတဲ့ အခ်က္ (၃) ခ်က္ကို မီးေမာင္းထုိုးျပထားပါတယ္။

၁။ ကမာၻတစ္ဝွမ္း အပူခ်ိန္ျမင့္တက္လာမႈက ေကာ္ဖီေစ့စုိက္ပ်ဳိးေျမ ၅၀% ထိေလွ်ာ့နည္းက ေနရာအေတာ္မ်ားမ်ားကို ထိခုိက္ေစႏုိင္ေၾကာင္း New York Times က ေဖာ္ျပထားပါတယ္။

၂။ ရာသီဥတု ပိုေႏြးလာျခင္းက ပိုးေတာင္မာလုိ ဖ်က္ပိုးေကာင္ေတြနဲ႔ သီးႏွံေတြပ်က္စီးေစတဲ့ ပင္ဖ်က္ပိုးေတြ ပိုမ်ားလာတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။

၃။ ေကာ္ဖီပင္ေတြဟာ ထိခိုက္လြယ္ျပီး အနံ႔အရသာထူးျခားေကာင္းမြန္ဖုိ႔အတြက္ တိက်တဲ့ ရာသီဥတုလုိအပ္ပါတယ္။ ရာသီဥတုအေျပာင္းအလဲေတြက အပင္ၾကီးထြားဖုိ႔ ပိုမိုခက္ခဲေစေၾကာင္း သိပၸံပညာရွင္ေတြက ဆိုပါတယ္။

လယ္သမားေတြကို ရာသီဥတုေျပာင္းလဲမႈအေၾကာင္း အသိေပးဖုိ႔ နည္းလမ္းေတြ လုိအပ္ေနေသးတယ္လုိ႔လည္း ေျပာဆုိထားပါတယ္။ ဘယ္သူမွ ေကာ္ဖီမ်ဳိးစိတ္ေတြ မ်ဳိးတုံးေစခ်င္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ျဖစ္ႏုိင္တဲ့အလားအလာအတြက္ ၾကိဳတင္ျပင္ဆင္ၾကဖို႔ လိုအပ္တယ္လုိ႔ World Coffee Research ဘုတ္အဖြဲ႔တစ္ဦးျဖစ္တဲ့ Doug Welsh က ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : trend myanmar

#Unicode Version

ရာသီဥတုပြောင်းလဲမှုက ဘဝမှာ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကော်ဖီကို ခြိမ်းခြောက်လျက်ရှိပါတယ်။ သြစတြေးလျနိုင်ငံက အကျိုးအမြတ်အတွက် မဟုတ်တဲ့ အဖွဲ့အစည်း Climate Institute ရဲ့အစီရင်ခံစာအရ ရာသီဥတုပြောင်းလဲမှုက ကော်ဖီစိုက်ပျိုးမှုကို သိသိသာသာ အကျိုးသက်ရောက်စေပြီး ပညာရှင်တွေက ဒါဟာ ကော်ဖီထုတ်လုပ်မှုအတွက် စိုးရိမ်စရာခြိမ်းခြောက်မှုတစ်ခုလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အစီရင်ခံစာမှာ ပြသနာဖြစ်နိုင်ခြေရှိတဲ့ အချက် (၃) ချက်ကို မီးမောင်းထိုးပြထားပါတယ်။

၁။ ကမ္ဘာတစ်ဝှမ်း အပူချိန်မြင့်တက်လာမှုက ကော်ဖီစေ့စိုက်ပျိုးမြေ ၅၀% ထိလျှော့နည်းက နေရာအတော်များများကို ထိခိုက်စေနိုင်ကြောင်း New York Times က ဖော်ပြထားပါတယ်။

၂။ ရာသီဥတု ပိုနွေးလာခြင်းက ပိုးတောင်မာလို ဖျက်ပိုးကောင်တွေနဲ့ သီးနှံတွေပျက်စီးစေတဲ့ ပင်ဖျက်ပိုးတွေ ပိုများလာတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

၃။ ကော်ဖီပင်တွေဟာ ထိခိုက်လွယ်ပြီး အနံ့အရသာထူးခြားကောင်းမွန်ဖို့အတွက် တိကျတဲ့ ရာသီဥတုလိုအပ်ပါတယ်။ ရာသီဥတုအပြောင်းအလဲတွေက အပင်ကြီးထွားဖို့ ပိုမိုခက်ခဲစေကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

လယ်သမားတွေကို ရာသီဥတုပြောင်းလဲမှုအကြောင်း အသိပေးဖို့ နည်းလမ်းတွေ လိုအပ်နေသေးတယ်လို့လည်း ပြောဆိုထားပါတယ်။ ဘယ်သူမှ ကော်ဖီမျိုးစိတ်တွေ မျိုးတုံးစေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တဲ့အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြဖို့ လိုအပ်တယ်လို့ World Coffee Research ဘုတ်အဖွဲ့တစ်ဦးဖြစ်တဲ့ Doug Welsh က ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : trend myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top