Property Expo
×

လန္ဒန္ − အာဆင္နယ္နည္းျပ အျဖစ္ တာဝန္ယူလာသည္မွာ ႏွစ္ေပါင္း(၂၀)ေက်ာ္ခဲ့ၿပီျဖစ္ေသာ အာစင္ဝင္းဂါးသည္ ၎၏ လက္ရွိစာခ်ဳပ္သက္တမ္း ရာသီကုန္ ကုန္ဆံုးခ်ိန္တြင္ အသင္းမွ ထြက္ခြာသြားႏိုင္ၿပီး ယင္းသို႔ ထြက္ခြာ သြားပါက ၎၏ေနရာကို ဆက္ခံသူအျဖစ္ ဘုန္းေမာက္နည္းျပ ေဟာင္ဝီကို ငွားရမ္းရန္ အာဆင္ နယ္က စီစဥ္ထားသည္။ အာဆင္နယ္ႏွင့္ ၎၏ အနာဂတ္အေျခအေနႏွင့္ပတ္သက္၍ ဝင္းဂါးက ယခုရာသီရရွိလာမည့္ အေျခအေန အနည္းငယ္အေပၚမူတည္ၿပီး အနာဂတ္ ကို ဆံုးျဖတ္မည္ဟု ေျပာသည္။ ဝင္းဂါးကို ပီအက္စ္ဂ်ီအပါအဝင္ ဥေရာပကလပ္မ်ားႏွင့္ အဂၤလန္အသင္းတို႔က ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။

အာဆင္နယ္မွ ထြက္ခြာမည္ဆိုပါက နည္းျပရာထူး အဆင္ေျပေခ်ာေမြ႕စြာ လႊဲေျပာင္းေရး အာဆင္နယ္အမႈေဆာင္ အရာရွိ အီဗန္ဂါဇီဒစ္ႏွင့္ ေဆြးေႏြးမႈမ်ား ရွိေနစဥ္ ဘုန္းေမာက္နည္းျပ အက္ဒ္ဒီေဟာင္၀ီကိုဆက္ခံမည့္သူအျဖစ္ အာဆင္နယ္ အသင္းတာဝန္ရွိသူမ်ားက စဥ္းစားေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

လန်ဒန် − အာဆင်နယ်နည်းပြ အဖြစ် တာဝန်ယူလာသည်မှာ နှစ်ပေါင်း(၂၀)ကျော်ခဲ့ပြီဖြစ်သော အာစင်ဝင်းဂါးသည် ၎င်း၏ လက်ရှိစာချုပ်သက်တမ်း ရာသီကုန် ကုန်ဆုံးချိန်တွင် အသင်းမှ ထွက်ခွာသွားနိုင်ပြီး ယင်းသို့ ထွက်ခွာ သွားပါက ၎င်း၏နေရာကို ဆက်ခံသူအဖြစ် ဘုန်းမောက်နည်းပြ ဟောင်ဝီကို ငှားရမ်းရန် အာဆင် နယ်က စီစဉ်ထားသည်။ အာဆင်နယ်နှင့် ၎င်း၏ အနာဂတ်အခြေအနေနှင့်ပတ်သက်၍ ဝင်းဂါးက ယခုရာသီရရှိလာမည့် အခြေအနေ အနည်းငယ်အပေါ်မူတည်ပြီး အနာဂတ် ကို ဆုံးဖြတ်မည်ဟု ပြောသည်။ ဝင်းဂါးကို ပီအက်စ်ဂျီအပါအဝင် ဥရောပကလပ်များနှင့် အင်္ဂလန်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အာဆင်နယ်မှ ထွက်ခွာမည်ဆိုပါက နည်းပြရာထူး အဆင်ပြေချောမွေ့စွာ လွှဲပြောင်းရေး အာဆင်နယ်အမှုဆောင် အရာရှိ အီဗန်ဂါဇီဒစ်နှင့် ဆွေးနွေးမှုများ ရှိနေစဉ် ဘုန်းမောက်နည်းပြ အက်ဒ်ဒီဟောင်ဝီကိုဆက်ခံမည့်သူအဖြစ် အာဆင်နယ် အသင်းတာဝန်ရှိသူများက စဉ်းစားနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top