Property Expo
×

ကေလးေတြ အတြက္ မီးဖိုေခ်ာင္ထဲမွာ ပညာရစရာေတြ ရိွသည္။

ကေလးေတြကို ထမင္းေကြ်းရတာေလာက္ အာေပါက္ေသာ အလုပ္၊ ပင္ပန္းေသာ အလုပ္မိ်ဳး ရိွမည္မထင္။ သို႔ေသာ္ ကေလးေတြကို မီးဖိုေခ်ာင္ထဲမွာ ခ်က္တာ ျပဳတ္တာ ၀ိုင္းကူလုပ္ခိုင္းၾကည့္ပါ။ သူတို႔ခ်က္ထားတာကို အားရပါးရ စားၾကပါလိမ့္မည္။

ေနာက္ထပ္ အကိ်ဳးေက်းဇူးကား ခ်က္တတ္ ျပဳတ္တတ္လာမည္၊ အရသာသစ္ေတြ ထိေတြ႔ ခံစားတတ္လာမည္။ တီထြင္ဖန္တီး ဥာဏ္ေတြ ထက္သန္လာမည္။ မီးဖိုေခ်ာင္ထဲမွာ ခ်က္စရာ ျပဳတ္စရာေတြကို ဘယ္လိုတဲြစပ္ရမယ္၊ ခိ်န္ဆရမယ္ ဆိုတာလည္း ကေလးေတြ သိလာျပီး ပညာေရးပိုင္းမွာ ပါမ်ားစြာ အေထာက္အကူ ရလိမ့္မည္။

ကေလးေတြ ခ်က္တတ္ ျပဳတ္တတ္ဖို႔ ဘာေၾကာင့္ အေရးၾကီးသလဲ။

ျဗိတိန္ ေလ့လာမႈ စစ္တမ္းတစ္ရပ္ အရ ကေလးမ်ား မီးဖိုေခ်ာင္ထဲ ၀င္ကာ ဟင္းအမယ္မ်ား ကိုယ္တိုင္ ေရြးခ်ယ္ျပီး အေျခခံကအစ ခ်က္တတ္ ျပဳတ္တတ္ျခင္းျဖင့္ ၾကီးလာခိ်န္တြင္လည္း ကိုယ္တိုင္ခ်က္ျပဳတ္ စားေသာက္ရျခင္းကို ပိုနွစ္သက္ၾကေၾကာင္း သိရသည္။

ကိုယ္တိုင္ ခ်က္ျပဳတ္ စားေသာက္ျခင္းအားျဖင့္ ျပင္ပဆိုင္မ်ားတြင္ ေရာင္းခ်ေသာ က်န္းမာေရးနဲ႔ မညီသည့္ ဟင္းလ်ာ၊ အစားအေသာက္မ်ား စားေသာက္ ျဖစ္နႈန္းလည္း နည္းသြားျပီး တစ္သက္တာ က်န္းမာေရးနဲ႔ ပိုညီညြတ္မည္ ျဖစ္သည္။ ကေလးကို ငယ္စဥ္ကတည္းက ခ်က္တတ္ ျပဳတ္တတ္ေအာင္ သင္ေပးျခင္းသည္ ကေလး အနာဂတ္ အတြက္ အေကာင္းဆံုး ရင္းနီွးျမွပ္နံွ ေပးလိုက္ျခင္းလည္း မည္၏။

ကေလးေတြကို ဘယ္ကစ ခ်က္ခိုင္းသင့္လဲ။

ကေလးၾကိဳက္တဲ့ အသုပ္မိ်ဳး ၊ ဟင္းလ်ာမိ်ဳးကေနသာ စခိုင္းလိုက္ပါ။ ကေလး စားခ်င္တာကို ခ်က္ခိုင္း၊ ျပင္ဆင္ခိုင္းျခင္းျဖင့္ ကေလးလည္း ခ်က္ျပီးလွ်င္ စားရေတာ့မည္ ဟူေသာ ေပ်ာ္ရႊင္မႈရကာ မီးဖိုခန္းထဲ မိဘနဲ႔အတူ ၀ိုင္းကူ ခ်က္ျပဳတ္ရတာ ေပ်ာ္ရႊင္လိမ့္မည္။

ကေလးက ဟင္းရြက္ေၾကာ္ ၾကိဳက္တယ္ဆို ဟင္းရြက္ ေခြ်တာကအစ ေၾကာ္ဖို႔ ဟင္းအမယ္ေတြ ထည့္တာအဆံုး ျဖည္းျဖည္းခ်င္း အခိ်န္ယူျပီး လုပ္ခိုင္းၾကည့္ပါ။ အျခားေသာ ဟင္းလ်ာမ်ားနွင့္ ပတ္သက္လွ်င္လည္း ထိုနည္းလည္း ေကာင္းျဖစ္၏။

ကေလးေတြ မီးခိုခန္းထဲ ၀င္ရတာ ပ်င္းမသြားေအာင္ ဘယ္လိုလုပ္မလဲ။

ကေလးေတြ ၀ိုင္းခ်က္ျပဳတ္ခ်င္စိတ္ ျဖစ္လာေအာင္ မိဘက ဆဲြေဆာင္တတ္ဖို႔ေတာ့ လိုမည္။ ေန႔တိုင္း မီးဖိုခန္းထဲ ၀င္ခိုင္းတာမိ်ဳးလည္း မလုပ္သင့္။ ခ်က္ရျပဳတ္ရျခင္းကို ေန႔စဥ္၀တၱရား တစ္ခုအျဖစ္ ငယ္စဥ္မွာ ျမင္သြားပါက ကိုယ္တိုင္ ခ်က္ျပဳတ္ စားေသာက္ရျခင္းကို ကေလးမ်ား မခ်စ္သည့္ အျပင္ မုန္းပင္ မုန္းသြားနိုင္သည္။ သို႔ျဖစ္ရာ ကေလး ေက်ာင္းပိတ္ရက္လို ေန႔မိ်ဳးမွာမွ ကေလးကို ဘာစားခ်င္လဲ ေမးကာ သူစားခ်င္တာကို သူပါ ၀ိုင္းခ်က္ေပးဖို႔ မိဘက ေျပာရမည္။

၀တၱရား တစ္ခုအေနနဲ႔ မဟုတ္ဘဲ၊ ေပ်ာ္ရႊင္စရာ ကစားပဲြ တစ္ခုအေနနဲ႔ ကေလးေတြ ျမင္ေနေအာင္ ဖန္တီးေပးရမည္။ လိုအပ္သည့္ ဟင္းခ်က္အမယ္ ပစၥည္းမ်ား စံုစံုလင္လင္ ရိွေနေအာင္လည္း မိဘက ၾကိဳတင္ စီစဥ္ထားရမည္။ ကေလး ခ်က္ျပဳတ္သည့္အခါ မိဘကို ေနာက္က လိုက္ကူခိုင္းျခင္းမိ်ဳးထက္ ကေလး ကိုယ္တိုင္ ဦးေဆာင္ ခ်က္ျပဳတ္ျခင္းကို မိဘက ေနာက္ကေန ၀ိုင္းကူေပးျခင္းမိ်ဳး ဖန္တီးရမည္။

ထိုသို႔ ငယ္စဥ္ကတည္းက မီးခိုခန္းထဲမွာ ကိုယ္တိုင္ ဦးေဆာင္ခ်က္ျပုတ္ခြင့္ ေပးျခင္းျဖင့္ ကေလးသည္ ကိုယ့္ ကိုယ္ကိုယ္လည္း ဂုဏ္ယူတတ္မည္ ျဖစ္ကာ ဘ၀တစ္ေလွ်ာက္တြင္လည္း မည္သည့္ အလုပ္မိ်ဳးမွာ မဆို ကိုယ္အားကိုယ္ကိုး လုပ္ကိုင္ခ်င္စိတ္မိ်ဳး ထက္သန္ေနမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago

#Unicode Version

ကလေးတွေ အတွက် မီးဖိုချောင်ထဲမှာ ပညာရစရာတွေ ရှိသည်။

ကလေးတွေကို ထမင်းကျွေးရတာလောက် အာပေါက်သော အလုပ်၊ ပင်ပန်းသော အလုပ်မျိုး ရှိမည်မထင်။ သို့သော် ကလေးတွေကို မီးဖိုချောင်ထဲမှာ ချက်တာ ပြုတ်တာ ဝိုင်းကူလုပ်ခိုင်းကြည့်ပါ။ သူတို့ချက်ထားတာကို အားရပါးရ စားကြပါလိမ့်မည်။

နောက်ထပ် အကျိုးကျေးဇူးကား ချက်တတ် ပြုတ်တတ်လာမည်၊ အရသာသစ်တွေ ထိတွေ့ ခံစားတတ်လာမည်။ တီထွင်ဖန်တီး ဉာဏ်တွေ ထက်သန်လာမည်။ မီးဖိုချောင်ထဲမှာ ချက်စရာ ပြုတ်စရာတွေကို ဘယ်လိုတွဲစပ်ရမယ်၊ ချိန်ဆရမယ် ဆိုတာလည်း ကလေးတွေ သိလာပြီး ပညာရေးပိုင်းမှာ ပါများစွာ အထောက်အကူ ရလိမ့်မည်။

ကလေးတွေ ချက်တတ် ပြုတ်တတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

ဗြိတိန် လေ့လာမှု စစ်တမ်းတစ်ရပ် အရ ကလေးများ မီးဖိုချောင်ထဲ ဝင်ကာ ဟင်းအမယ်များ ကိုယ်တိုင် ရွေးချယ်ပြီး အခြေခံကအစ ချက်တတ် ပြုတ်တတ်ခြင်းဖြင့် ကြီးလာချိန်တွင်လည်း ကိုယ်တိုင်ချက်ပြုတ် စားသောက်ရခြင်းကို ပိုနှစ်သက်ကြကြောင်း သိရသည်။

ကိုယ်တိုင် ချက်ပြုတ် စားသောက်ခြင်းအားဖြင့် ပြင်ပဆိုင်များတွင် ရောင်းချသော ကျန်းမာရေးနဲ့ မညီသည့် ဟင်းလျာ၊ အစားအသောက်များ စားသောက် ဖြစ်နှုန်းလည်း နည်းသွားပြီး တစ်သက်တာ ကျန်းမာရေးနဲ့ ပိုညီညွတ်မည် ဖြစ်သည်။ ကလေးကို ငယ်စဉ်ကတည်းက ချက်တတ် ပြုတ်တတ်အောင် သင်ပေးခြင်းသည် ကလေး အနာဂတ် အတွက် အကောင်းဆုံး ရင်းနှီးမြှပ်နံှ ပေးလိုက်ခြင်းလည်း မည်၏။

ကလေးတွေကို ဘယ်ကစ ချက်ခိုင်းသင့်လဲ။

ကလေးကြိုက်တဲ့ အသုပ်မျိုး ၊ ဟင်းလျာမျိုးကနေသာ စခိုင်းလိုက်ပါ။ ကလေး စားချင်တာကို ချက်ခိုင်း၊ ပြင်ဆင်ခိုင်းခြင်းဖြင့် ကလေးလည်း ချက်ပြီးလျှင် စားရတော့မည် ဟူသော ပျော်ရွှင်မှုရကာ မီးဖိုခန်းထဲ မိဘနဲ့အတူ ဝိုင်းကူ ချက်ပြုတ်ရတာ ပျော်ရွှင်လိမ့်မည်။

ကလေးက ဟင်းရွက်ကြော် ကြိုက်တယ်ဆို ဟင်းရွက် ချွေတာကအစ ကြော်ဖို့ ဟင်းအမယ်တွေ ထည့်တာအဆုံး ဖြည်းဖြည်းချင်း အချိန်ယူပြီး လုပ်ခိုင်းကြည့်ပါ။ အခြားသော ဟင်းလျာများနှင့် ပတ်သက်လျှင်လည်း ထိုနည်းလည်း ကောင်းဖြစ်၏။

ကလေးတွေ မီးခိုခန်းထဲ ဝင်ရတာ ပျင်းမသွားအောင် ဘယ်လိုလုပ်မလဲ။

ကလေးတွေ ဝိုင်းချက်ပြုတ်ချင်စိတ် ဖြစ်လာအောင် မိဘက ဆွဲဆောင်တတ်ဖို့တော့ လိုမည်။ နေ့တိုင်း မီးဖိုခန်းထဲ ဝင်ခိုင်းတာမျိုးလည်း မလုပ်သင့်။ ချက်ရပြုတ်ရခြင်းကို နေ့စဉ်ဝတ္တရား တစ်ခုအဖြစ် ငယ်စဉ်မှာ မြင်သွားပါက ကိုယ်တိုင် ချက်ပြုတ် စားသောက်ရခြင်းကို ကလေးများ မချစ်သည့် အပြင် မုန်းပင် မုန်းသွားနိုင်သည်။ သို့ဖြစ်ရာ ကလေး ကျောင်းပိတ်ရက်လို နေ့မျိုးမှာမှ ကလေးကို ဘာစားချင်လဲ မေးကာ သူစားချင်တာကို သူပါ ဝိုင်းချက်ပေးဖို့ မိဘက ပြောရမည်။

ဝတ္တရား တစ်ခုအနေနဲ့ မဟုတ်ဘဲ၊ ပျော်ရွှင်စရာ ကစားပွဲ တစ်ခုအနေနဲ့ ကလေးတွေ မြင်နေအောင် ဖန်တီးပေးရမည်။ လိုအပ်သည့် ဟင်းချက်အမယ် ပစ္စည်းများ စုံစုံလင်လင် ရှိနေအောင်လည်း မိဘက ကြိုတင် စီစဉ်ထားရမည်။ ကလေး ချက်ပြုတ်သည့်အခါ မိဘကို နောက်က လိုက်ကူခိုင်းခြင်းမျိုးထက် ကလေး ကိုယ်တိုင် ဦးဆောင် ချက်ပြုတ်ခြင်းကို မိဘက နောက်ကနေ ဝိုင်းကူပေးခြင်းမျိုး ဖန်တီးရမည်။

ထိုသို့ ငယ်စဉ်ကတည်းက မီးခိုခန်းထဲမှာ ကိုယ်တိုင် ဦးဆောင်ချက်ပြုတ်ခွင့် ပေးခြင်းဖြင့် ကလေးသည် ကိုယ့် ကိုယ်ကိုယ်လည်း ဂုဏ်ယူတတ်မည် ဖြစ်ကာ ဘဝတစ်လျှောက်တွင်လည်း မည်သည့် အလုပ်မျိုးမှာ မဆို ကိုယ်အားကိုယ်ကိုး လုပ်ကိုင်ချင်စိတ်မျိုး ထက်သန်နေမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top