Kantharyar Centre
×

၂၀၁၅ ေရြးေကာက္ပြဲ ဝင္ၿပိဳင္ၿပီး ေရြးေကာက္ပြဲကုန္က် စရိတ္ တင္သြင္းရန္ ပ်က္ကြက္သည့္ ကိုယ္စားလွယ္ေလာင္း ၁၆၀ ဦးကို အရည္အခ်င္း ပ်က္ယြင္းသူမ်ားအျဖစ္  ျပည္ေထာင္စုေရြး ေကာက္ပြဲေကာ္မရွင္က ေၾကညာ ထားရာ ၎တို႔သည္ လာမည့္ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္ ဝင္ ေရာက္ယွဥ္ၿပိဳင္ခြင့္ ရေတာ့ မည္မဟုတ္ေပ။

အရည္အခ်င္းပ်က္ယြင္းသူ အျဖစ္ ေၾကညာခံရသည့္ စာရင္း တြင္ ရန္ကုန္တိုင္း ေဒသႀကီးမွ ဝင္ေရာက္ယွဥ္ၿပိဳင္သူ အမ်ားဆံုး ျဖစ္ၿပီး ၂၇ ဦးအထိရွိသည္။ ထုိ႔ေနာက္ ကခ်င္ျပည္နယ္က ၂၄ဦး၊ ကယားျပည္နယ္က ၂၃ဦးႏွင့္ ရွမ္းျပည္နယ္က ၂၂ ဦးတို႔ျဖင့္ အစဥ္လုိက္ ရပ္တည္လ်က္ရွိ သည္။

ယင္းေနာက္တြင္ ဧရာဝတီတုိင္းေဒသႀကီးက ၂၀ ဦး၊ မႏၲေလးတိုင္းေဒသႀကီးက ၁၇ ဦးတို႔ျဖစ္သည္။  မေကြး၊ ပဲခူးႏွင့္ တနသၤာရီတိုင္း ေဒသႀကီးတို႔တြင္ ေျခာက္ဦးစီ ရွိေနသည္။ မြန္တြင္ ေလးဦး၊ ရခိုင္တြင္ သံုးဦးႏွင့္ စစ္ကိုင္းႏွင့္ခ်င္းတို႔တြင္ တစ္ဦးစီ ရွိေနၾကသည္။

ေရြးေကာက္ပြဲကုန္က်စရိတ္ ကို က်ပ္သိန္းတစ္ရာ သတ္မွတ္ ထားၿပီး ေရြးေကာက္ပြဲႏုိင္သူေရာ ႐ံႈးသူပါ ေရြးေကာက္ခံကိုယ္စား လွယ္ အမည္စာရင္းေၾကညာၿပီး ရက္ေပါင္း ၃၀ အတြင္း တင္သြင္း ရမည္ျဖစ္သည္။

ကိုယ္စားလွယ္ေလာင္း ၆,၀၃၈ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ သည့္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ေရြးေကာက္ပြဲ  ကုန္က်စရိတ္ မတင္ျပသည့္  ကိုယ္စားလွယ္ ေလာင္း ၁၇၅ ဦးႏွင့္ ေရြးေကာက္ ပြဲကိုယ္စားလွယ္ ၃၂ ဦးရွိသည္။

၎တို႔ကို အရည္အခ်င္း ပ်က္ယြင္းသူမ်ားဟုတ္၊ မဟုတ္ ေရြးေကာက္ပြဲခံုအဖြဲ႕ ဖြဲ႕စစ္ေဆး ခဲ့ၿပီးမွသာ ကိုယ္စားလွယ္ေလာင္း ၁၆၀ ဦးႏွင့္ ေရြးေကာက္ပြဲကိုယ္ စားလွယ္ ၂၄ ဦးကို အရည္အခ်င္း ပ်က္ယြင္းသူမ်ားအျဖစ္ ေၾကညာ ျခင္းျဖစ္သည္။

လာမည့္ ၾကားျဖတ္ ေရြး ေကာက္ပြဲကို ၂၀၁၇ ဧၿပီ ၁ ရက္ တြင္ လစ္လပ္မဲဆႏၵနယ္ ၁၈ ေန ရာအတြက္ က်င္းပမည္ျဖစ္သည္။ ျပည္သူ႔လႊတ္ေတာ္အတြက္ ကိုးေနရာ၊ အမ်ဳိးသားလႊတ္ေတာ္ အတြက္ သံုးေနရာ၊ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္အတြက္ ေျခာက္ေနရာတို႔ျဖစ္သည္။

ရန္ကုန္၊ ပဲခူး၊ စစ္ကိုင္းတုိင္း ေဒသႀကီး၊ မြန္၊ ကယား၊ ခ်င္း၊ ရွမ္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ က်င္းပမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး ရွေးကောက်ပွဲကုန်ကျ စရိတ် တင်သွင်းရန် ပျက်ကွက်သည့် ကိုယ်စားလှယ်လောင်း ၁၆၀ ဦးကို အရည်အချင်း ပျက်ယွင်းသူများအဖြစ်  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာ ထားရာ ၎င်းတို့သည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခွင့် ရတော့ မည်မဟုတ်ပေ။

အရည်အချင်းပျက်ယွင်းသူ အဖြစ် ကြေညာခံရသည့် စာရင်း တွင် ရန်ကုန်တိုင်း ဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ အများဆုံး ဖြစ်ပြီး ၂၇ ဦးအထိရှိသည်။ ထို့နောက် ကချင်ပြည်နယ်က ၂၄ဦး၊ ကယားပြည်နယ်က ၂၃ဦးနှင့် ရှမ်းပြည်နယ်က ၂၂ ဦးတို့ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိ သည်။

ယင်းနောက်တွင် ဧရာဝတီတိုင်းဒေသကြီးက ၂၀ ဦး၊ မန္တလေးတိုင်းဒေသကြီးက ၁၇ ဦးတို့ဖြစ်သည်။  မကွေး၊ ပဲခူးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ခြောက်ဦးစီ ရှိနေသည်။ မွန်တွင် လေးဦး၊ ရခိုင်တွင် သုံးဦးနှင့် စစ်ကိုင်းနှင့်ချင်းတို့တွင် တစ်ဦးစီ ရှိနေကြသည်။

ရွေးကောက်ပွဲကုန်ကျစရိတ် ကို ကျပ်သိန်းတစ်ရာ သတ်မှတ် ထားပြီး ရွေးကောက်ပွဲနိုင်သူရော ရှုံးသူပါ ရွေးကောက်ခံကိုယ်စား လှယ် အမည်စာရင်းကြေညာပြီး ရက်ပေါင်း ၃၀ အတွင်း တင်သွင်း ရမည်ဖြစ်သည်။

  ကိုယ်စားလှယ်လောင်း ၆,၀၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ  ကုန်ကျစရိတ် မတင်ပြသည့်  ကိုယ်စားလှယ် လောင်း ၁၇၅ ဦးနှင့် ရွေးကောက် ပွဲကိုယ်စားလှယ် ၃၂ ဦးရှိသည်။

 ၎င်းတို့ကို အရည်အချင်း ပျက်ယွင်းသူများဟုတ်၊ မဟုတ် ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့စစ်ဆေး ခဲ့ပြီးမှသာ ကိုယ်စားလှယ်လောင်း ၁၆၀ ဦးနှင့် ရွေးကောက်ပွဲကိုယ် စားလှယ် ၂၄ ဦးကို အရည်အချင်း ပျက်ယွင်းသူများအဖြစ် ကြေညာ ခြင်းဖြစ်သည်။

  လာမည့် ကြားဖြတ် ရွေး ကောက်ပွဲကို ၂၀၁၇ ဧပြီ ၁ ရက် တွင် လစ်လပ်မဲဆန္ဒနယ် ၁၈ နေ ရာအတွက် ကျင်းပမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော် အတွက် သုံးနေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် ခြောက်နေရာတို့ဖြစ်သည်။

ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မွန်၊ ကယား၊ ချင်း၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် ကျင်းပမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top