Property Expo
×






ထိပ်သီးဘောလုံးလောကထဲက ပွဲစဉ်တွေကို သူမကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်ခွင့် မရသေးပေမဲ့ နောက်ပိုင်းမှာတော့ သူမကို ဘောလုံးကွင်းထဲမှာ မကြာခဏ မြင်တွေ့ရဖွယ်ရှိပါတယ်။


Credit: duwun

#Unicode Version

ရှရှားနိုင်ငံသူ အမျိုးသမီးဘောလုံးဒိုင်လူကြီးတစ်ဦးဟာ လူမှုကွန်ရက်ပေါ်က သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ဆက်ဆီဓာတ်ပုံတွေကြောင့် နာမည်ကျော် လူသိများလာပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ သူမရဲ့ အင်စတာဂရမ်အကောင့်ဟာ Follower ငါးထောင်နီးပါး ရှိလာခဲ့ပါတယ်။ သူမကိုယ်သူမ ဘောလုံးသမားတစ်ဦးအဖြစ်၊ ကောလိပ်ကျောင်းသူတစ်ဦး အဖြစ်သာမက ဘောလုံးဒိုင်လူကြီးတစ်ဦးအဖြစ်ပါ ပရိသတ်တွေကို မိတ်ဆက်ထားပါတယ်။

အသက် ၂၁  နှစ်သာရှိသေးပေမဲ့ သူမဟာ ဒိုင်လူကြီးသင်တန်း တက်ရောက်ပြီးသွားပြီ ဖြစ်ပါတယ်။ သူမရဲ့ အင်စတာဂရမ်အကောင့်မှာတော့ ကလေးငယ်တွေကို သင်တန်းပြန်လည်ပို့ချနေတဲ့ ပုံတွေကိုလည်း ဝေမျှထားပါတယ်။

ထိပ်သီးေဘောလုံးလောကထဲက ပွဲစဉ်တွေကို သူမကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်ခွင့် မရသေးပေမဲ့ နောက်ပိုင်းမှာတော့ သူမကို ဘောလုံးကွင်းထဲမှာ မကြာခဏ မြင်တွေ့ရဖွယ်ရှိပါတယ်။

ဗြိတိန်မီဒီယာအချို့ကတော့ ကမ္ဘာ့ဆက်စီအကျဆုံး ဒိုင်လူကြီးအဖြစ် ရေးသားဖော်ပြထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top