Property Expo
×

အဂၤလန္ဘုရင္မရဲ႕နန္းသက္က ၆၃ႏွစ္ဆိုတာ တစ္ကမာၻလံုးက သိၾကတယ္။ ဘုရင္မဟာ က်န္းမာေရးေဒါင္ေဒါင္ျမည္ေနဆဲျဖစ္တယ္။
.
ဒါေပမယ့္ ဒီကမာၻမွာ အဂၤလန္ဘုရင္မထက္ နန္းသက္႐ွည္တဲ့ပုဂၢိဳလ္တစ္ဦး႐ွိခဲ့တယ္။ သူကေတာ့ ထိုင္းဘုရင္မင္းျမတ္ ဘူမိေဘာျဖစ္တယ္။
.
ဘုရင္ဘူမိေဘာရဲ႕နန္းသက္က ႏွစ္၇ဝျဖစ္တယ္။ ဘူမိေဘာ နန္းစံေနစဥ္ကာလအတြင္း ႏိုင္ငံေရးအေျပာင္းအလဲ အႀကိမ္ ၂ဝေက်ာ္ျဖစ္ခဲ့တယ္၊ ဝန္ႀကီးခ်ဳပ္ ၃၅ေယာက္ေျပာင္းခဲ့တယ္၊ အစိုးရအဖဲြ႔ လႊတ္ေတာ္အစည္းအေဝး အႀကိမ္၅ဝေျမာက္ ေတြ႔ႀကံဳခဲ့တယ္။ လူေတြသာေျပာင္းလဲသြားေပမယ့္ ဘုရင္က ဒီတစ္ပါးတည္း။ သူဟာ သူ႔ကိုယ္သူ ဘုရင္ျဖစ္လာခဲ့မယ္လို႔ေတာင္ ေတြးထင္ခဲ့ပံုမရပါဘူး။
.
ဘူမိေဘာကို ၁၉၂၇ခုႏွစ္ အေမရိကန္ႏိုင္ငံ မန္ဆာခ်ဴးဆက္ျပည္နယ္က Cambridge ၿမိဳ႕မွာ ဖြားျမင္ခဲ့တယ္။ ဘူမိေဘာရဲ႕ခမည္းေတာ္က ဘုရင္ Chulalongkorn ရဲ႕ သားေတာ္ေတြထဲက တစ္ပါးျဖစ္တာေၾကာင့္ နန္းေမြဆက္ဆံဖို႔ဆိုတာ ေဝးခဲ့ပါတယ္။ ၿပီးေတာ့ ေမာင္ႏွမသံုးေယာက္ထဲမွာ ဘူမိေဘာက အငယ္ဆံုးျဖစ္ခဲ့ေတာ့ ဘုရင္အ႐ိုက္အရာဆက္ခံဖို႔ သူ႔အလွည့္မေရာက္ႏိုင္ခဲ့ပါဘူး။
.
အသက္ ၁၈ႏွစ္မတိုင္ခင္ထိေတာ့ ဘူမိေဘာဟာ ျပည္ပမွာ ပညာသင္ၾကားေနဆဲပါ။ ႏိုင္ငံေရး အေခ်အတင္ျဖစ္ေတာ့ သူ႔အစ္ကိုေတာ္ကို နန္းဆက္ခံဖို႔ ႏိုင္ငံကအေခၚလြတ္လိုက္ပါတယ္။ ဒါေပမယ့္ ဘူမိေဘာအသက္ ၁၈ႏွစ္အ႐ြယ္မွာ ဘုရင္ျဖစ္ေနတဲ့အစ္ကိုက ေသနတ္ဒဏ္ရာနဲ႔ ထူးဆန္းစြာ ေသဆံုးသြားခဲ့တယ္။ အစ္ကိုေတာ္နန္း႐ြာစံခဲ့ေတာ့ ဘူမိေဘာက ဘုရင္ျဖစ္လာခဲ့တယ္။ ဒီလိုနဲ႔ ႏွစ္ေပါင္း ၇ဝ ၾကာသြားခဲ့တယ္။
.
ရည္မြန္သားနား ေပ်ာ့ဖတ္သေယာင္ထင္ရတဲ့့သူဟာ ႏိုင္ငံေရးအေျပာင္းအလဲ၊ ျပည္တြင္းဆူပူမႈေတြကို အႀကိမ္ေပါင္းမ်ားစြာ ရင္ဆိုင္ႀကံဳေတြ႔ခဲ့ရတယ္။ မုန္တိုင္းေတြဘယ္ေလာက္ျပင္းထန္ခဲ့လည္း သူဟာ မလဲမၿပိဳ မားမားရပ္ေနခဲ့ပါတယ္။
.
ဘုရင္ဘူမိေဘာဟာ ငယ္႐ြယ္ခ်ိန္မွာ ေခ်ာေမာခန္႔ညားသူတစ္ဦးျဖစ္တယ္။ ၿပီးေတာ့ သူဟာ စာေပ အႏုပညာ ဘုရင္ဆိုလည္း မမွားပါဘူး။ ရည္မြန္ခန္႔ညားတဲ့ သူ႔ခႏၶာေပၚမွာ Leica တံဆိပ္ကင္မရာတစ္လံုးက အၿမဲ႐ွိေနခဲ့ပါတယ္။
.
ဘူမိေဘာငယ္စဥ္တုန္းက မယ္ေတာ္နဲ႔အတူလိုက္ပါၿပီး ဆြစ္ဇလန္မွာ ပညာသြားသင္ခဲ့တယ္။ ဟားဗတ္တကၠသိုလ္နဲ႔ဘဲြ႔ရခဲ့တဲ့ ဖခမည္းေတာ္ရဲ႕ ထက္ျမက္ထူးခၽြန္မႈေတြကို သူဆက္ခံခဲ့တယ္။ ဘူမိေဘာဟာ အဂၤလိပ္၊ ျပင္သစ္ စတဲ့ ဘာသာစကား ၇မ်ဳိးတတ္ၿပီး စႏၵရား၊ ဓာတ္ပံု၊ ေဟာ္ကီ၊ ႐ြက္ေလွ စတဲ့ အားကစားေတြကို ႏွစ္သက္ခဲ့တယ္။
.
ငယ္႐ြယ္စဥ္တည္းက သူဟာ အႏုပညာကိုခ်စ္ျမတ္ႏိုးသူတစ္ဦးျဖစ္တယ္။ သူ႔အသက္ ၇ႏွစ္မွာ ကင္မရာတစ္လံုးကို စရခဲ့တယ္။ အဲဒီကစ ကင္မရာနဲ႔လက္ မခြာခဲ့ေတာ့ဘူး။
.
တကယ္လို႔ သူဟာ ဘုရင္မလုပ္ခဲ့ရင္ ဒီေလာကမွာ ကင္မရာပညာ႐ွင္တစ္ဦး ေပၚထြက္ေကာင္း ေပၚထြက္ခဲ့မွာပါပဲ။
.
သူဓာတ္ပံု႐ိုက္ဝါသနာပါတယ္ဆိုတာကို တစ္ကမာၻလံုးက သိၾကတယ္။ ထိုင္းဘတ္ေငြ တစ္ေထာင္တန္ေပၚမွာေတာင္ ကင္မရာလြယ္ထားတဲ့ သူ႔ဓာတ္ပံုကိုပံုႏွိပ္ထားပါတယ္။
.
ဘူမိေဘာဟာ နယ္ခံသတင္းစာေတြအတြက္ ဓာတ္ပံုသတင္းေထာက္အျဖစ္ သိုသိုသိပ္သိပ္လုပ္ခဲ့ဖူးတယ္။ အဖိုးအခကို သတ္မွတ္တဲ့ႏႈန္းထားအတိုင္းယူခဲ့တယ္။ ႏွစ္ေပါင္းမ်ားစြာအထိ အဖိုးအခတိုးေပးတာမ်ဳိး မ႐ွိခဲ့ဘူး။ ျပည္သူလူထုၾကား တိုင္းခန္းလွည့္လည္ခ်ိန္မွာ ရာထူး႐ွိသူေ႐ွ႕မွာပဲျဖစ္ျဖစ္၊ မ႐ွိသူ ေ႐ွ႕မွာပဲျဖစ္ျဖစ္ ဘူမိေဘာဟာ ကင္မရာထုတ္ မွတ္တမ္းတင္ဖို႔ မေမ့ခဲ့ဘူး။
.
Lecia ကင္မရာကုမၸဏီက သူ႔အမွတ္တံဆိပ္ကို စဲြစဲြၿမဲၿမဲအသံုးျပဳခဲ့တဲ့ ဓာတ္ပံု႐ိုက္ဝါသနာပါတဲ့ ဘုရင္ဘူမိေဘာအတြက္ ၂ဝဝ၆ခုႏွစ္ ဘုရင့္နန္းသက္ ၆ဝႏွစ္မွာ ေ႐ႊ 18K နဲ႔လုပ္ထားတဲ့ M6 ကင္မရာကို လက္ေဆာင္ဘ႑ာအျဖစ္ ဆက္သခဲ့တယ္။
.
ဓာတ္ပံု႐ိုက္ဝါသနာက ဘုရင့္ရဲ႕ဝါသနာေတြထဲက တစ္ခုသာျဖစ္တယ္။ သူဟာ စႏၵရားလည္းတီးတတ္ၿပီး ေတးေရးေတးစပ္လည္း ရေသးတယ္။ ၾသစေၾတးယား ဂီတနဲ႔ျပဇာတ္ အႏုပညာေက်ာင္းမွာ ဘူမိေဘာဟာ ဂီတဆိုင္ရာ Ph.D. ဘဲြ႔ကိုရခဲ့သူျဖစ္တယ္။
.
ဂီတတူရိယာ ေတာ္ေတာ္မ်ားမ်ားကို သူတီးခတ္ႏိုင္တယ္။ အသက္ ၁၅ႏွစ္အ႐ြယ္တည္းက jazz ဂီတကို သူစဲြလမ္းခဲ့တယ္။ jazz ဂီတဆရာႀကီးေတြနဲ႔အတူ စင္ေပၚမွာ သူေျဖေဖ်ာ္ခဲ့ဖူးတယ္။ ၁၉၆ဝခုႏွစ္တုန္းက jazz ဂီတပညာ႐ွင္ Goodman Benny ရဲ႕ေျဖေဖ်ာ္ပဲြမွာ သူဟာ Saxophone တီးမႈတ္သူအျဖစ္ ပါဝင္ခဲ့တယ္။ နာမည္ႀကီး အဆိုေတာ္ Elvis Presley နဲ႔လည္း ေျဖေဖ်ာ္ပဲြေတြအတူ တက္ေရာက္ခဲ့ဖူးတယ္။
.
ဒီအႏုပညာသည္ ေယာက္်ားျမတ္ႀကီးတစ္ဦးဟာ ရြက္ေလွကိုလည္း သူ႔ကိုယ္တိုင္ဒီဇိုင္းထြင္ ေဆာက္လုပ္ၿပီး ထိုင္းႏိုင္ငံကိုယ္စားျပဳအျဖစ္ ၿပိဳင္ပဲြေတြ ဝင္ၿပိဳင္ခဲ့တယ္။
.
ၿပီးေတာ့ ေဟာ္ကီလည္း ကစားတတ္ေသးတယ္။

ၿပီးေတာ့ ပန္းခ်ီလည္း ဆဲြတတ္ေသးတယ္။

သူ႔မိဖုရားပံုကို သူကိုယ္တိုင္ပဲဆဲြခဲ့တယ္။
.
စာသမားေပသမားေတြက အသံုးမဝင္သူေတြလို႔ ဆိုၾကေပမယ့္ ၂ဝ၁ဝခုႏွစ္ Forbes မဂၢဇင္းရဲ႕ခန္႔မွန္းစာရင္းဇယားအရ ဘုရင္ဘူမိေဘာရဲ႕ပိုင္ဆိုင္မႈတန္ဖိုးဟာ ေဒၚလာ ၃ဝ ဘီလီယံ႐ွိတယ္လို႔ ဆိုပါတယ္။
.
ဘုရင္ဘူမိေဘာရဲ႕ကိုယ္ပိုင္ ပိုင္ဆိုင္မႈက ကိန္းဂဏန္းအျဖစ္ ေဖာ္ျပႏိုင္ေပမယ့္ သူရဲ႕အိမ္ေထာင္ေရးကေတာ့ ကိန္းဂဏန္းနဲ႔ေဖာ္ျပလို႔မရႏိုင္တဲ့ တန္ဖိုးျဖတ္မရတဲ့အရာတစ္ခုျဖစ္တယ္။ သူနဲ႔သူ႔မိဖုရားတို႔ဟာ “ထာဝစဥ္မခဲြမခြာ” လို႔ အဓိဌာန္ျပဳခဲ့တယ္။ အဲဒီအဓိဌာန္က ႏွစ္ေပါင္း ၆၆ႏွစ္ၾကာသြားခဲ့တယ္။ ေ႐ႊရတု၊ စိန္ရတုထက္ေတာင္ ေက်ာ္လြန္သြားခဲ့တဲ့ အိမ္ ေထာင္ေရးျဖစ္တယ္။
.
ဘူမိေဘာဟာ ၁၉ႏွစ္အ႐ြယ္မွာ ထီးနန္းအရာဆက္ခံခဲ့ၿပီး ဆြစ္ဇာလန္မွာ ပညာဆက္သင္ဖို႔ သြားေရာက္ခဲ့ျပန္တယ္။ အိမ္ေထာင္က်ၿပီးမွ ႏိုင္ငံေတာ္ကို ကိုယ္တိုင္စီမံႏိုင္မွာမို႔ လူတိုင္းက သူ႔အိမ္ေထာင္ဘက္အတြက္ စိုးရိမ္ပူပန္ခဲ့ၾကတယ္။ အႏုပညာခ်စ္ျမတ္ႏိုးစိတ္႐ွိတဲ့ ဘူမိေဘာမွာ ဂႏၳဝင္ဆန္တဲ့အခ်စ္ ႐ွိလိမ့္မွာေပါ့။ စာရင္းေပၚက မိဖုရားေလာင္းေတြကို တစ္ေယာက္မွ သူစိတ္မဝင္စားခဲ့ဘူး။ အသက္ ၂၁ႏွစ္အေရာက္မွ သူ႔ရဲ႕တကယ့္ဖူးစာ႐ွင္နဲ႔ ဆံုခဲ့ပါတယ္။
.
ဖူးစာ႐ွင္နဲ႔ေတြ႔ဆံုပံုကလည္း ႐ိုမန္တစ္မဆန္ခဲ့ပါဘူး။ ပဲရစ္မွာ ၿပိဳင္ကားသြားဝယ္ဖို႔ ဘူမိေဘာေရာက္သြားခဲ့တယ္။ သူ႔ကို ႀကိဳဆိုသူေတြက အဲဒီတုန္းက ျပင္သစ္မွာတာဝန္က်ေနတဲ့ ထုိင္းသံမွဴးျဖစ္တယ္။ အဲဒီခရီးစဥ္မွာ စိတ္ႀကိဳက္ၿပိဳင္ကားတစ္စီးမွ သူမေတြ႔ခဲ့ေပမယ့္ ထိုင္းသံမွဴးရဲ႕သမီး Sirikit ကိုေတာ့ သူမ်က္စိက်သြားခဲ့တယ္။
.
Sirikit က ေတာ္ဝင္မိသားစုက ဖြားျမင္ခဲ့သူျဖစ္တယ္။ ငယ္ငယ္ေလးတည္းက ျပဳစုပ်ဳိးေထာင္မႈေကာင္းခဲ့လို႔ ႀကီးလာေတာ့ ထူးခၽြန္ထက္ျမက္သူ ယဥ္ေက်းလိမၼာသူျဖစ္ခဲ့တယ္။ အဲဒီတုန္းက သူဟာ ပဲရစ္ဂီတေက်ာင္းမွာ ေက်ာင္းတက္ေနသူျဖစ္တယ္။ အဂၤလိပ္၊ ျပင္သစ္၊ ဒိန္းမတ္စတဲ့ ဘာသာစကား ေလးမ်ဳိးတတ္သူျဖစ္တယ္။
.
ဘူမိေဘာနဲ႔ေတြ႔ဆံုစဥ္က Sirikit ဟာ အသက္ ၁၈ႏွစ္မျပည့္ေသးပါဘူး။ ဒီ “ဘုရင္”ကိုလည္း စိတ္ဝင္စားစိတ္မျဖစ္မိေသးပါဘူး။ ဆယ္ေက်ာ္သက္အ႐ြယ္ကို ခုမွစတင္ေနဆဲပါ။ ဘယ္သူက ေစာေစာစီးစီး အိမ္ေထာင္ျပဳခ်င္မွာလဲ..။
.
ဘူမိေဘာကေတာ့ ကိုယ္ႏွစ္သက္သူကို အခုမွ႐ွာေဖြေတြ႔႐ွိခဲ့တဲ့အတြက္ ဒီအခ်စ္ကို ေတာ္႐ံုလက္မလႊတ္ခဲ့ဘူး။ ၿပိဳင္ကားဝယ္ဖို႔ဆိုၿပီး မၾကာခဏ ပဲရစ္ကိုေရာက္ေရာက္သြားခဲ့တယ္။ ႏွစ္ဦးသားၾကားမွာ သံေယာဇဥ္ေလး တစ္ရစ္ၿပီးတစ္ရစ္တိုးလာခါနီးမွာပဲ ဘူမိေဘာတစ္ေယာက္ မေတာ္တဆယာဥ္တိုက္မႈျဖစ္ၿပီး အသက္ပါဆံုး႐ႈံးရခါနီးျဖစ္သြားခဲ့တယ္။
.
အဆိုးထဲက အေကာင္းလို႔ပဲေျပာရမလား… ေမ့ေျမာရာကေန ဘူမိေဘာ သတိရလာတဲ့အခ်ိန္၊ လူႏွစ္ေယာက္ကိုပဲ သူတမ္းတမိတယ္လို႔ဆိုတယ္။ တစ္ေယာက္က သူ႔မယ္ေတာ္ျဖစ္ၿပီး ေနာက္တစ္ေယာက္က Sirikit ျဖစ္တယ္။ ေသမင္းတံခါးဝဆီေရာက္ခဲ့ဖူးၿပီး ေသမင္းလက္ကေန သီသီေလးလြတ္ခဲ့တဲ့သူဟာ Sirikit နဲ႔ တစ္သက္မခဲြဘူးလို႔ ဆံုးျဖတ္လိုက္တယ္။
.
Sirikit က ရင္မခုန္တတ္တာေတာ့ မဟုတ္ပါဘူး… ဘူမိေဘာ ေဆး႐ံုတက္ခ်ိန္ ဘူမိေဘာေဘးမွာပဲ သူအၿမဲ႐ွိေနခဲ့တယ္။ ဘူမိေဘာကို ဂ႐ုစိုက္ဖို႔ဆိုၿပီး ဘူမိေဘာတက္ေနတဲ့ေက်ာင္းကို ေျပာင္းခဲ့ပါတယ္။ မေတာ္တဆယာဥ္တိုက္မႈဒဏ္ေၾကာင့္ ဘူမိေဘာရဲ႕ေက်ာ႐ိုး ျပင္းျပင္ထန္ထန္ဒဏ္ရာရခဲ့တယ္။ မ်က္ႏွာတစ္ျခမ္း စုတ္ျပတ္သတ္မသြား႐ံုတမယ္ပါပဲ… ညာမ်က္လံုးက လံုးဝအလင္းမဲ့ခဲ့ရတယ္။ ဒါေပမယ့္ ဒါေတြကို Sirikit ဂ႐ုမစိုက္ခဲ့ပါဘူး။ အသက္ ၁၈ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ရဲ႕အေကာင္းဆံုးအ႐ြယ္မွာ ဘူမိေဘာကို သူလက္ထပ္လိုက္ပါတယ္။
.
ကိုယ့္ကိုျပဳစုေစာင့္ေ႐ွာက္ခဲ့တဲ့ မိန္းကေလး၊ မ်က္လံုးတစ္လံုးကြယ္သြားခဲ့တဲ့ ကိုယ့္ကို လက္ထပ္ခဲ့တဲ့ မိန္းကေလးကို ဘူမိေဘာတုန္႔ျပန္ပံုက တစ္ေန႔ထက္တစ္ေန႔ တိုးတိုးခ်စ္သြားတာပါပဲ။
.
သူတို႔ဟာ ေန႔တိုင္း ဟန္းနီးမြန္းထြက္ေနသလိုမ်ဲဳိး အတူခရီးေတြထြက္ခဲ့ၾကတယ္။ သူျမတ္ႏိုးတဲ့ ကင္မရာနဲ႔ သူခ်စ္ျမတ္ႏိုးတဲ့ မိန္းကေလးရဲ႕ ႏုနယ္ပ်ဳိမ်စ္ခ်ိန္မွသည္ မိခင္အ႐ြယ္ျဖစ္သြားတဲ့အခ်ိန္ထိ Sirikit ရဲ႕လႈပ္႐ွားမႈေတြကို ဓာတ္ပံု႐ိုက္မွတ္တမ္းတင္ခဲ့တယ္။ သူ႔ကင္မရာလက္ခ်က္တိုင္းမွာ ခ်စ္ျခင္းေတြျပည့္ႏွက္ေနတဲ့ Sirikitရဲ႕ပံုေတြကို ေတြ႔ျမင္ရတယ္။ ကိုယ့္ၾကင္ယာေတာ္ရဲ႕ အလွဆံုးပံုေတြကို ကင္မရာနဲ႔ ႏွလံုးသားမွာ မွတ္ေက်ာက္တင္ခဲ့တယ္။
.
ဘူမိေဘာဟာ မၾကာခဏဆိုသလို ၿမိဳ႕ေတာ႐ြာအႏွံ႔ တိုင္းခန္းလွည့္လည္ခဲ့တယ္။ မိဖုရားSirikit က ဘုရင္နဲ႔အတူ ကင္မရာတစ္လံုးနဲ႔ ႏိုင္ငံတစ္ဝန္းေရာက္ခဲ့တယ္။ တိုင္းတစ္ပါးေခါင္းေဆာင္ေတြကို သူတို႔ႏွစ္ေယာက္အတူ လက္ခံေတြ႔ဆံုခဲ့တယ္၊ ႏွစ္ေယာက္အတူ သြားေရာက္ေတြ႔ဆံုခဲ့တယ္၊ တစ္ဦးအရိပ္ တစ္ဦးမခြာ အပါးေတာ္မွာ အၿမဲ႐ွိေနခဲ့တယ္။
.
အမ်ဳိးသားတစ္ဦးရဲ႕ မိသားစုအေပၚျပဳမူဆက္ဆံပံုကို ၾကည့္ျခင္းအားျဖင့္ ႏိုင္ငံနဲ႔တိုင္းသူျပည္သားအေပၚထားတဲ့ သူ႔ရဲ႕စိတ္သေဘာထားကိုလည္း ေတြ႔ျမင္ႏိုင္ပါတယ္။ ဘူမိေဘာ နန္းသက္ ႏွစ္ ၇ဝအတြင္းမွာ ထိုင္းႏိုင္ငံသားတိုင္းက သူ႔ကို နတ္ဘုရားတစ္ဆူသဖြယ္ ၾကည္ညိဳေလးစားၾကတယ္။ ဒီလိုၾကည္ညိဳေလးစားတာဟာ သူ႔စိတ္သေဘာထားေကာင္း႐ံုတစ္ခုတည္းနဲ႔ေတာ့ မဟုတ္ပါဘူး.. တိုင္းျပည္နဲ႔ လူမ်ဳိးအေပၚ သူႀကိဳးစားေပးဆပ္ခဲ့တာေတြေၾကာင့္ျဖစ္တယ္။ ဧၿပီလ ၂၈ရက္ေန႔ဟာ ထိုင္းႏိုင္ငံတစ္ႏွစ္တာရဲ႕႐ိုမန္တစ္အဆန္ဆံုးေန႔လို႔ဆိုရမယ္။ အေၾကာင္းက အဲဒီေန႔ဟာ ဘုရင္နဲ႔ မိဖုရားရဲ႕ မဂၤလာအထိမ္းအမွတ္ေန႔ ျဖစ္တယ္ဆိုတာကို တစ္ႏိုင္ငံလံုးက သိထားၾကလို႔ျဖစ္တယ္။
.
လူအမ်ားက တစ္သက္တာဆိုတာ႐ွည္လြန္းတယ္… ႐ွည္လြန္းလို႔ လူ႔ဘဝက ပ်င္းရိၿငီးေငြ႔ဖို႔ေကာင္းတယ္လို႔ ဆိုၾကလိမ့္မွာေပါ့။ ဒါေပမယ့္ တစ္သက္တာဆိုတာ တိုလြန္းပါတယ္.. တိုလြန္းလို႔ တစ္သက္မွာ တစ္ေယာက္ပဲ ခ်စ္ျမတ္ႏိုးရတယ္။
.
ဘူမိေဘာရဲ႕ မဂၤလာသက္ ၆၆ႏွစ္က မ်က္စိတစ္မွိတ္ေလးလို႔ ဆိုရမလားပဲ… သူဟာ မိဖုရား Sirikitနဲ႔အတူ တိုင္းေရးျပည္ေရးအေျပာင္းအလဲမွာ ပါဝင္ခဲ့တယ္၊ အခက္အခဲ ဆင္းရဲဒုကၡေတြ အတူရင္ဆိုင္ခဲ့တယ္၊ အေမွာင္ထုကို ျဖတ္ေက်ာ္ခဲ့တယ္၊ ႐ွင္ကဲြကဲြခဲ့ရတာမ်ဳိးလည္း ႐ွိခဲ့တယ္။ ေလာကဓံလႈိင္း အနိမ့္အျမင့္အၿပီး ေနာက္ဆံုး အခ်င္းခ်င္းေဘးမွာ သက္ဆံုးထိတိုင္႐ွိေနသူေတြက သူတို႔ႏွစ္ဦးပဲျဖစ္ခဲ့တယ္။
.
၆၆ႏွစ္…. ဒီ ၆၆ႏွစ္အခ်ိန္က အားေကာင္းေမာင္းသန္ ႏုငယ္ပ်ဳိမ်စ္ လွပေခ်ာေမာတဲ့အ႐ြယ္ကေန တျဖည္းျဖည္း ဆံျဖဴသြားက်ဳိးတဲ့အ႐ြယ္အျဖစ္ ေျပာင္းလဲသြားခဲ့ၿပီ။ လူေတာ္ေတာ္မ်ားမ်ား၊ အရာေတာ္ေတာ္မ်ားမ်ားက သူတို႔ႏွစ္ဦးရဲ႕မွတ္ဉာဏ္ထဲ၊ ဘဝထဲကေန တျဖည္းျဖည္း ေမ့ေလ်ာ့ေပ်ာက္ကြယ္သြားခဲ့ေပမယ့္ သူတို႔ကမခဲြမခြာ႐ွိေနခဲ့ၾကတယ္။
တစ္သက္ တစ္ဘဝ ဒီတစ္ေယာက္တည္းပဲ…
သူတို႔ဟာ လက္ေတြ႔ေလာကမွာ အိုေအာင္မင္းေအာင္ ေပါင္းဖက္ခ်စ္ျမတ္ႏိုးခဲ့ၾကသူအျဖစ္ ေတာ္ဝင္မိသားစုအသိုင္းအဝိုင္းမွာ ဒ႑ာရီတစ္ခုအျဖစ္ ထင္က်န္ရစ္ခဲ့ၿပီျဖစ္တယ္။
.
ႏုငယ္ခ်ိန္ကေန အိုမင္းတဲ့အထိ ၿမဲၿမဲတဲြခဲ့တဲ့လက္တစ္စံုဟာ ေသမင္းခဲြမွ ကဲြခဲ့ရပါေတာ့တယ္…

၂ဝ၁၆ခုႏွစ္ ေအာက္တိုဘာလ ၁၃ရက္ေန႔ ထိုင္းဘုရင္မင္းျမတ္ဘူမိေဘာ ကံေတာ္ကုန္ နန္း႐ြာစံသြားခဲ့ပါၿပီ။ သက္ေတာ္ ၈၈ႏွစ္…

thailand1

thailand2

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်ာ္စိုးေအာင္ (Myanmar Knowledge Bank)

#Unicode Version
အင်္ဂလန်ဘုရင်မရဲ့နန်းသက်က ၆၃နှစ်ဆိုတာ တစ်ကမ္ဘာလုံးက သိကြတယ်။ ဘုရင်မဟာ ကျန်းမာရေးဒေါင်ဒေါင်မြည်နေဆဲဖြစ်တယ်။
.
ဒါပေမယ့် ဒီကမ္ဘာမှာ အင်္ဂလန်ဘုရင်မထက် နန်းသက်ရှည်တဲ့ပုဂ္ဂိုလ်တစ်ဦးရှိခဲ့တယ်။ သူကတော့ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောဖြစ်တယ်။
.
ဘုရင်ဘူမိဘောရဲ့နန်းသက်က နှစ်၇ဝဖြစ်တယ်။ ဘူမိဘော နန်းစံနေစဉ်ကာလအတွင်း နိုင်ငံရေးအပြောင်းအလဲ အကြိမ် ၂ဝကျော်ဖြစ်ခဲ့တယ်၊ ဝန်ကြီးချုပ် ၃၅ယောက်ပြောင်းခဲ့တယ်၊ အစိုးရအဖွဲ့ လွှတ်တော်အစည်းအဝေး အကြိမ်၅ဝမြောက် တွေ့ကြုံခဲ့တယ်။ လူတွေသာပြောင်းလဲသွားပေမယ့် ဘုရင်က ဒီတစ်ပါးတည်း။ သူဟာ သူ့ကိုယ်သူ ဘုရင်ဖြစ်လာခဲ့မယ်လို့တောင် တွေးထင်ခဲ့ပုံမရပါဘူး။
.
ဘူမိဘောကို ၁၉၂၇ခုနှစ် အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ်က Cambridge မြို့မှာ ဖွားမြင်ခဲ့တယ်။ ဘူမိဘောရဲ့ခမည်းတော်က ဘုရင် Chulalongkorn ရဲ့ သားတော်တွေထဲက တစ်ပါးဖြစ်တာကြောင့် နန်းမွေဆက်ဆံဖို့ဆိုတာ ဝေးခဲ့ပါတယ်။ ပြီးတော့ မောင်နှမသုံးယောက်ထဲမှာ ဘူမိဘောက အငယ်ဆုံးဖြစ်ခဲ့တော့ ဘုရင်အရိုက်အရာဆက်ခံဖို့ သူ့အလှည့်မရောက်နိုင်ခဲ့ပါဘူး။
.
အသက် ၁၈နှစ်မတိုင်ခင်ထိတော့ ဘူမိဘောဟာ ပြည်ပမှာ ပညာသင်ကြားနေဆဲပါ။ နိုင်ငံရေး အချေအတင်ဖြစ်တော့ သူ့အစ်ကိုတော်ကို နန်းဆက်ခံဖို့ နိုင်ငံကအခေါ်လွတ်လိုက်ပါတယ်။ ဒါပေမယ့် ဘူမိဘောအသက် ၁၈နှစ်အရွယ်မှာ ဘုရင်ဖြစ်နေတဲ့အစ်ကိုက သေနတ်ဒဏ်ရာနဲ့ ထူးဆန်းစွာ သေဆုံးသွားခဲ့တယ်။ အစ်ကိုတော်နန်းရွာစံခဲ့တော့ ဘူမိဘောက ဘုရင်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၇ဝ ကြာသွားခဲ့တယ်။
.
ရည်မွန်သားနား ပျော့ဖတ်သယောင်ထင်ရတဲ့သူဟာ နိုင်ငံရေးအပြောင်းအလဲ၊ ပြည်တွင်းဆူပူမှုတွေကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ မုန်တိုင်းတွေဘယ်လောက်ပြင်းထန်ခဲ့လည်း သူဟာ မလဲမပြို မားမားရပ်နေခဲ့ပါတယ်။
.
ဘုရင်ဘူမိဘောဟာ ငယ်ရွယ်ချိန်မှာ ချောမောခန့်ညားသူတစ်ဦးဖြစ်တယ်။ ပြီးတော့ သူဟာ စာပေ အနုပညာ ဘုရင်ဆိုလည်း မမှားပါဘူး။ ရည်မွန်ခန့်ညားတဲ့ သူ့ခန္ဓာပေါ်မှာ Leica တံဆိပ်ကင်မရာတစ်လုံးက အမြဲရှိနေခဲ့ပါတယ်။
.
ဘူမိဘောငယ်စဉ်တုန်းက မယ်တော်နဲ့အတူလိုက်ပါပြီး ဆွစ်ဇလန်မှာ ပညာသွားသင်ခဲ့တယ်။ ဟားဗတ်တက္ကသိုလ်နဲ့ဘွဲ့ရခဲ့တဲ့ ဖခမည်းတော်ရဲ့ ထက်မြက်ထူးချွန်မှုတွေကို သူဆက်ခံခဲ့တယ်။ ဘူမိဘောဟာ အင်္ဂလိပ်၊ ပြင်သစ် စတဲ့ ဘာသာစကား ၇မျိုးတတ်ပြီး စန္ဒရား၊ ဓာတ်ပုံ၊ ဟော်ကီ၊ ရွက်လှေ စတဲ့ အားကစားတွေကို နှစ်သက်ခဲ့တယ်။
.
ငယ်ရွယ်စဉ်တည်းက သူဟာ အနုပညာကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်တယ်။ သူ့အသက် ၇နှစ်မှာ ကင်မရာတစ်လုံးကို စရခဲ့တယ်။ အဲဒီကစ ကင်မရာနဲ့လက် မခွာခဲ့တော့ဘူး။
.
တကယ်လို့ သူဟာ ဘုရင်မလုပ်ခဲ့ရင် ဒီလောကမှာ ကင်မရာပညာရှင်တစ်ဦး ပေါ်ထွက်ကောင်း ပေါ်ထွက်ခဲ့မှာပါပဲ။
.
သူဓာတ်ပုံရိုက်ဝါသနာပါတယ်ဆိုတာကို တစ်ကမ္ဘာလုံးက သိကြတယ်။ ထိုင်းဘတ်ငွေ တစ်ထောင်တန်ပေါ်မှာတောင် ကင်မရာလွယ်ထားတဲ့ သူ့ဓာတ်ပုံကိုပုံနှိပ်ထားပါတယ်။
.
ဘူမိဘောဟာ နယ်ခံသတင်းစာတွေအတွက် ဓာတ်ပုံသတင်းထောက်အဖြစ် သိုသိုသိပ်သိပ်လုပ်ခဲ့ဖူးတယ်။ အဖိုးအခကို သတ်မှတ်တဲ့နှုန်းထားအတိုင်းယူခဲ့တယ်။ နှစ်ပေါင်းများစွာအထိ အဖိုးအခတိုးပေးတာမျိုး မရှိခဲ့ဘူး။ ပြည်သူလူထုကြား တိုင်းခန်းလှည့်လည်ချိန်မှာ ရာထူးရှိသူရှေ့မှာပဲဖြစ်ဖြစ်၊ မရှိသူ ရှေ့မှာပဲဖြစ်ဖြစ် ဘူမိဘောဟာ ကင်မရာထုတ် မှတ်တမ်းတင်ဖို့ မမေ့ခဲ့ဘူး။
.
Lecia ကင်မရာကုမ္ပဏီက သူ့အမှတ်တံဆိပ်ကို စွဲစွဲမြဲမြဲအသုံးပြုခဲ့တဲ့ ဓာတ်ပုံရိုက်ဝါသနာပါတဲ့ ဘုရင်ဘူမိဘောအတွက် ၂ဝဝ၆ခုနှစ် ဘုရင့်နန်းသက် ၆ဝနှစ်မှာ ရွှေ 18K နဲ့လုပ်ထားတဲ့ M6 ကင်မရာကို လက်ဆောင်ဘဏ္ဍာအဖြစ် ဆက်သခဲ့တယ်။
.
ဓာတ်ပုံရိုက်ဝါသနာက ဘုရင့်ရဲ့ဝါသနာတွေထဲက တစ်ခုသာဖြစ်တယ်။ သူဟာ စန္ဒရားလည်းတီးတတ်ပြီး တေးရေးတေးစပ်လည်း ရသေးတယ်။ သြစတြေးယား ဂီတနဲ့ပြဇာတ် အနုပညာကျောင်းမှာ ဘူမိဘောဟာ ဂီတဆိုင်ရာ Ph.D. ဘွဲ့ကိုရခဲ့သူဖြစ်တယ်။
.
ဂီတတူရိယာ တော်တော်များများကို သူတီးခတ်နိုင်တယ်။ အသက် ၁၅နှစ်အရွယ်တည်းက jazz ဂီတကို သူစွဲလမ်းခဲ့တယ်။ jazz ဂီတဆရာကြီးတွေနဲ့အတူ စင်ပေါ်မှာ သူဖြေဖျော်ခဲ့ဖူးတယ်။ ၁၉၆ဝခုနှစ်တုန်းက jazz ဂီတပညာရှင် Goodman Benny ရဲ့ဖြေဖျော်ပွဲမှာ သူဟာ Saxophone တီးမှုတ်သူအဖြစ် ပါဝင်ခဲ့တယ်။ နာမည်ကြီး အဆိုတော် Elvis Presley နဲ့လည်း ဖြေဖျော်ပွဲတွေအတူ တက်ရောက်ခဲ့ဖူးတယ်။
.
ဒီအနုပညာသည် ယောက်ျားမြတ်ကြီးတစ်ဦးဟာ ရွက်လှေကိုလည်း သူ့ကိုယ်တိုင်ဒီဇိုင်းထွင် ဆောက်လုပ်ပြီး ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တယ်။
.
ပြီးတော့ ဟော်ကီလည်း ကစားတတ်သေးတယ်။

ပြီးတော့ ပန်းချီလည်း ဆွဲတတ်သေးတယ်။

သူ့မိဖုရားပုံကို သူကိုယ်တိုင်ပဲဆွဲခဲ့တယ်။
.
စာသမားပေသမားတွေက အသုံးမဝင်သူတွေလို့ ဆိုကြပေမယ့် ၂ဝ၁ဝခုနှစ် Forbes မဂ္ဂဇင်းရဲ့ခန့်မှန်းစာရင်းဇယားအရ ဘုရင်ဘူမိဘောရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ၃ဝ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။
.
ဘုရင်ဘူမိဘောရဲ့ကိုယ်ပိုင် ပိုင်ဆိုင်မှုက ကိန်းဂဏန်းအဖြစ် ဖော်ပြနိုင်ပေမယ့် သူရဲ့အိမ်ထောင်ရေးကတော့ ကိန်းဂဏန်းနဲ့ဖော်ပြလို့မရနိုင်တဲ့ တန်ဖိုးဖြတ်မရတဲ့အရာတစ်ခုဖြစ်တယ်။ သူနဲ့သူ့မိဖုရားတို့ဟာ “ထာဝစဉ်မခွဲမခွာ” လို့ အဓိဌာန်ပြုခဲ့တယ်။ အဲဒီအဓိဌာန်က နှစ်ပေါင်း ၆၆နှစ်ကြာသွားခဲ့တယ်။ ရွှေရတု၊ စိန်ရတုထက်တောင် ကျော်လွန်သွားခဲ့တဲ့ အိမ်ထောင်ရေးဖြစ်တယ်။
.
ဘူမိဘောဟာ ၁၉နှစ်အရွယ်မှာ ထီးနန်းအရာဆက်ခံခဲ့ပြီး ဆွစ်ဇာလန်မှာ ပညာဆက်သင်ဖို့ သွားရောက်ခဲ့ပြန်တယ်။ အိမ်ထောင်ကျပြီးမှ နိုင်ငံတော်ကို ကိုယ်တိုင်စီမံနိုင်မှာမို့ လူတိုင်းက သူ့အိမ်ထောင်ဘက်အတွက် စိုးရိမ်ပူပန်ခဲ့ကြတယ်။ အနုပညာချစ်မြတ်နိုးစိတ်ရှိတဲ့ ဘူမိဘောမှာ ဂန္ထဝင်ဆန်တဲ့အချစ် ရှိလိမ့်မှာပေါ့။ စာရင်းပေါ်က မိဖုရားလောင်းတွေကို တစ်ယောက်မှ သူစိတ်မဝင်စားခဲ့ဘူး။ အသက် ၂၁နှစ်အရောက်မှ သူ့ရဲ့တကယ့်ဖူးစာရှင်နဲ့ ဆုံခဲ့ပါတယ်။
.
ဖူးစာရှင်နဲ့တွေ့ဆုံပုံကလည်း ရိုမန်တစ်မဆန်ခဲ့ပါဘူး။ ပဲရစ်မှာ ပြိုင်ကားသွားဝယ်ဖို့ ဘူမိဘောရောက်သွားခဲ့တယ်။ သူ့ကို ကြိုဆိုသူတွေက အဲဒီတုန်းက ပြင်သစ်မှာတာဝန်ကျနေတဲ့ ထိုင်းသံမှူးဖြစ်တယ်။ အဲဒီခရီးစဉ်မှာ စိတ်ကြိုက်ပြိုင်ကားတစ်စီးမှ သူမတွေ့ခဲ့ပေမယ့် ထိုင်းသံမှူးရဲ့သမီး Sirikit ကိုတော့ သူမျက်စိကျသွားခဲ့တယ်။
.
Sirikit က တော်ဝင်မိသားစုက ဖွားမြင်ခဲ့သူဖြစ်တယ်။ ငယ်ငယ်လေးတည်းက ပြုစုပျိုးထောင်မှုကောင်းခဲ့လို့ ကြီးလာတော့ ထူးချွန်ထက်မြက်သူ ယဉ်ကျေးလိမ္မာသူဖြစ်ခဲ့တယ်။ အဲဒီတုန်းက သူဟာ ပဲရစ်ဂီတကျောင်းမှာ ကျောင်းတက်နေသူဖြစ်တယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဒိန်းမတ်စတဲ့ ဘာသာစကား လေးမျိုးတတ်သူဖြစ်တယ်။
.
ဘူမိဘောနဲ့တွေ့ဆုံစဉ်က Sirikit ဟာ အသက် ၁၈နှစ်မပြည့်သေးပါဘူး။ ဒီ “ဘုရင်”ကိုလည်း စိတ်ဝင်စားစိတ်မဖြစ်မိသေးပါဘူး။ ဆယ်ကျော်သက်အရွယ်ကို ခုမှစတင်နေဆဲပါ။ ဘယ်သူက စောစောစီးစီး အိမ်ထောင်ပြုချင်မှာလဲ..။
.
ဘူမိဘောကတော့ ကိုယ်နှစ်သက်သူကို အခုမှရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ဒီအချစ်ကို တော်ရုံလက်မလွှတ်ခဲ့ဘူး။ ပြိုင်ကားဝယ်ဖို့ဆိုပြီး မကြာခဏ ပဲရစ်ကိုရောက်ရောက်သွားခဲ့တယ်။ နှစ်ဦးသားကြားမှာ သံယောဇဉ်လေး တစ်ရစ်ပြီးတစ်ရစ်တိုးလာခါနီးမှာပဲ ဘူမိဘောတစ်ယောက် မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး အသက်ပါဆုံးရှုံးရခါနီးဖြစ်သွားခဲ့တယ်။
.
အဆိုးထဲက အကောင်းလို့ပဲပြောရမလား… မေ့မြောရာကနေ ဘူမိဘော သတိရလာတဲ့အချိန်၊ လူနှစ်ယောက်ကိုပဲ သူတမ်းတမိတယ်လို့ဆိုတယ်။ တစ်ယောက်က သူ့မယ်တော်ဖြစ်ပြီး နောက်တစ်ယောက်က Sirikit ဖြစ်တယ်။ သေမင်းတံခါးဝဆီရောက်ခဲ့ဖူးပြီး သေမင်းလက်ကနေ သီသီလေးလွတ်ခဲ့တဲ့သူဟာ Sirikit နဲ့ တစ်သက်မခွဲဘူးလို့ ဆုံးဖြတ်လိုက်တယ်။
.
Sirikit က ရင်မခုန်တတ်တာတော့ မဟုတ်ပါဘူး… ဘူမိဘော ဆေးရုံတက်ချိန် ဘူမိဘောဘေးမှာပဲ သူအမြဲရှိနေခဲ့တယ်။ ဘူမိဘောကို ဂရုစိုက်ဖို့ဆိုပြီး ဘူမိဘောတက်နေတဲ့ကျောင်းကို ပြောင်းခဲ့ပါတယ်။ မတော်တဆယာဉ်တိုက်မှုဒဏ်ကြောင့် ဘူမိဘောရဲ့ကျောရိုး ပြင်းပြင်ထန်ထန်ဒဏ်ရာရခဲ့တယ်။ မျက်နှာတစ်ခြမ်း စုတ်ပြတ်သတ်မသွားရုံတမယ်ပါပဲ… ညာမျက်လုံးက လုံးဝအလင်းမဲ့ခဲ့ရတယ်။ ဒါပေမယ့် ဒါတွေကို Sirikit ဂရုမစိုက်ခဲ့ပါဘူး။ အသက် ၁၈နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အကောင်းဆုံးအရွယ်မှာ ဘူမိဘောကို သူလက်ထပ်လိုက်ပါတယ်။
.
ကိုယ့်ကိုပြုစုစောင့်ရှောက်ခဲ့တဲ့ မိန်းကလေး၊ မျက်လုံးတစ်လုံးကွယ်သွားခဲ့တဲ့ ကိုယ့်ကို လက်ထပ်ခဲ့တဲ့ မိန်းကလေးကို ဘူမိဘောတုန့်ပြန်ပုံက တစ်နေ့ထက်တစ်နေ့ တိုးတိုးချစ်သွားတာပါပဲ။
.
သူတို့ဟာ နေ့တိုင်း ဟန်းနီးမွန်းထွက်နေသလိုမျဲိုး အတူခရီးတွေထွက်ခဲ့ကြတယ်။ သူမြတ်နိုးတဲ့ ကင်မရာနဲ့ သူချစ်မြတ်နိုးတဲ့ မိန်းကလေးရဲ့ နုနယ်ပျိုမျစ်ချိန်မှသည် မိခင်အရွယ်ဖြစ်သွားတဲ့အချိန်ထိ Sirikit ရဲ့လှုပ်ရှားမှုတွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့တယ်။ သူ့ကင်မရာလက်ချက်တိုင်းမှာ ချစ်ခြင်းတွေပြည့်နှက်နေတဲ့ Sirikitရဲ့ပုံတွေကို တွေ့မြင်ရတယ်။ ကိုယ့်ကြင်ယာတော်ရဲ့ အလှဆုံးပုံတွေကို ကင်မရာနဲ့ နှလုံးသားမှာ မှတ်ကျောက်တင်ခဲ့တယ်။
.
ဘူမိဘောဟာ မကြာခဏဆိုသလို မြို့တောရွာအနှံ့ တိုင်းခန်းလှည့်လည်ခဲ့တယ်။ မိဖုရားSirikit က ဘုရင်နဲ့အတူ ကင်မရာတစ်လုံးနဲ့ နိုင်ငံတစ်ဝန်းရောက်ခဲ့တယ်။ တိုင်းတစ်ပါးခေါင်းဆောင်တွေကို သူတို့နှစ်ယောက်အတူ လက်ခံတွေ့ဆုံခဲ့တယ်၊ နှစ်ယောက်အတူ သွားရောက်တွေ့ဆုံခဲ့တယ်၊ တစ်ဦးအရိပ် တစ်ဦးမခွာ အပါးတော်မှာ အမြဲရှိနေခဲ့တယ်။
.
အမျိုးသားတစ်ဦးရဲ့ မိသားစုအပေါ်ပြုမူဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် နိုင်ငံနဲ့တိုင်းသူပြည်သားအပေါ်ထားတဲ့ သူ့ရဲ့စိတ်သဘောထားကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဘူမိဘော နန်းသက် နှစ် ၇ဝအတွင်းမှာ ထိုင်းနိုင်ငံသားတိုင်းက သူ့ကို နတ်ဘုရားတစ်ဆူသဖွယ် ကြည်ညိုလေးစားကြတယ်။ ဒီလိုကြည်ညိုလေးစားတာဟာ သူ့စိတ်သဘောထားကောင်းရုံတစ်ခုတည်းနဲ့တော့ မဟုတ်ပါဘူး.. တိုင်းပြည်နဲ့ လူမျိုးအပေါ် သူကြိုးစားပေးဆပ်ခဲ့တာတွေကြောင့်ဖြစ်တယ်။ ဧပြီလ ၂၈ရက်နေ့ဟာ ထိုင်းနိုင်ငံတစ်နှစ်တာရဲ့ရိုမန်တစ်အဆန်ဆုံးနေ့လို့ဆိုရမယ်။ အကြောင်းက အဲဒီနေ့ဟာ ဘုရင်နဲ့ မိဖုရားရဲ့ မင်္ဂလာအထိမ်းအမှတ်နေ့ ဖြစ်တယ်ဆိုတာကို တစ်နိုင်ငံလုံးက သိထားကြလို့ဖြစ်တယ်။
.
လူအများက တစ်သက်တာဆိုတာရှည်လွန်းတယ်… ရှည်လွန်းလို့ လူ့ဘဝက ပျင်းရိငြီးငွေ့ဖို့ကောင်းတယ်လို့ ဆိုကြလိမ့်မှာပေါ့။ ဒါပေမယ့် တစ်သက်တာဆိုတာ တိုလွန်းပါတယ်.. တိုလွန်းလို့ တစ်သက်မှာ တစ်ယောက်ပဲ ချစ်မြတ်နိုးရတယ်။
.
ဘူမိဘောရဲ့ မင်္ဂလာသက် ၆၆နှစ်က မျက်စိတစ်မှိတ်လေးလို့ ဆိုရမလားပဲ… သူဟာ မိဖုရား Sirikitနဲ့အတူ တိုင်းရေးပြည်ရေးအပြောင်းအလဲမှာ ပါဝင်ခဲ့တယ်၊ အခက်အခဲ ဆင်းရဲဒုက္ခတွေ အတူရင်ဆိုင်ခဲ့တယ်၊ အမှောင်ထုကို ဖြတ်ကျော်ခဲ့တယ်၊ ရှင်ကွဲကွဲခဲ့ရတာမျိုးလည်း ရှိခဲ့တယ်။ လောကဓံလှိုင်း အနိမ့်အမြင့်အပြီး နောက်ဆုံး အချင်းချင်းဘေးမှာ သက်ဆုံးထိတိုင်ရှိနေသူတွေက သူတို့နှစ်ဦးပဲဖြစ်ခဲ့တယ်။
.
၆၆နှစ်…. ဒီ ၆၆နှစ်အချိန်က အားကောင်းမောင်းသန် နုငယ်ပျိုမျစ် လှပချောမောတဲ့အရွယ်ကနေ တဖြည်းဖြည်း ဆံဖြူသွားကျိုးတဲ့အရွယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ လူတော်တော်များများ၊ အရာတော်တော်များများက သူတို့နှစ်ဦးရဲ့မှတ်ဉာဏ်ထဲ၊ ဘဝထဲကနေ တဖြည်းဖြည်း မေ့လျော့ပျောက်ကွယ်သွားခဲ့ပေမယ့် သူတို့ကမခွဲမခွာရှိနေခဲ့ကြတယ်။
တစ်သက် တစ်ဘဝ ဒီတစ်ယောက်တည်းပဲ…
သူတို့ဟာ လက်တွေ့လောကမှာ အိုအောင်မင်းအောင် ပေါင်းဖက်ချစ်မြတ်နိုးခဲ့ကြသူအဖြစ် တော်ဝင်မိသားစုအသိုင်းအဝိုင်းမှာ ဒဏ္ဍာရီတစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့ပြီဖြစ်တယ်။
.
နုငယ်ချိန်ကနေ အိုမင်းတဲ့အထိ မြဲမြဲတွဲခဲ့တဲ့လက်တစ်စုံဟာ သေမင်းခွဲမှ ကွဲခဲ့ရပါတော့တယ်…

၂ဝ၁၆ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့ ထိုင်းဘုရင်မင်းမြတ်ဘူမိဘော ကံတော်ကုန် နန်းရွာစံသွားခဲ့ပါပြီ။ သက်တော် ၈၈နှစ်…

thailand1

thailand2


ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်စိုးအောင် (Myanmar Knowledge Bank)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top