Property Expo
×

အိႏၵိယႏုိင္ငံေျမာက္ပုိင္း အူတာပရာဒက္႐ွ္ျပည္နယ္မွာ က်င္းပျပဳလုပ္တဲ့ ဟိႏၵဴဘာသာေရးပြဲေတာ္အတြင္း လူအုပ္လုိက္ စုၿပဳံတုိးေဝွ႕မႈေတြေၾကာင့္ လဲၿပိဳက်ရာက အနည္းဆုံး လူ ၂၄ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ ဘာသာေရးပြဲေတာ္ကုိ ဗာရာဏသီၿမဳိ႕စြန္မွာ က်င္းပခဲ့တာျဖစ္ၿပီး လူေပါင္းေသာင္းနဲ႕ခ်ီ တက္ေရာက္ခဲ့ၾကပါတယ္။

လူအုပ္စုလုိက္ လဲၿပဳိမႈအတြင္း လူ ၂၀ လည္း ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ ဘာသာေရးပြဲေတာ္ကုိ လူ ၃,၀၀၀ တက္ေရာက္မယ္လုိ႕ ခန္႕မွန္းထားခဲ့ေပမဲ့ လက္ေတြ႕မွာ လူေပါင္း ၇၀,၀၀၀ အထိ တက္ေရာက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕အရာ႐ွိတစ္ဦးက ေျပာပါတယ္။ ဒဏ္ရာရ႐ွိသူေတြအနက္ အခ်ဳိ႕ဟာ ဒဏ္ရာျပင္းထန္တယ္လို႕ ဆုိပါတယ္။ ေသဆုံးသူေတြအနက္ အမ်ဳိးသမီး ၁၄ ဦး ပါဝင္ေၾကာင္းလည္း သိရပါတယ္။

ဘာသာေရးပြဲေတာ္ စီစဥ္သူတစ္ဦးျဖစ္တဲ့ ရက္ဂ်္ ဗဟာဒူးရဲ႕ အဆုိအရ တံတားတစ္စင္းေပၚကုိ လူအုပ္စုလုိက္ ျဖတ္သန္းမႈကုိ ရဲတပ္ဖြဲ႕က တားျမစ္ခဲ့ၿပီးေနာက္ တံတားၿပဳိက်ေၾကာင္း ေကာလာဟလ ထြက္ေပၚခဲ့ရာက လူအုပ္စုလုိက္ ေၾကာက္လန္႕တၾကား ထြက္ေျပးခဲ့ၾကတယ္လုိ႕ သိရပါတယ္။

ဘာသာေရးပြဲေတာ္အတြင္း ေသဆုံးခဲ့သူရဲ႕ မိသားစုကုိ အိႏၵိယ႐ူပီးေငြ ၂၀၀,၀၀၀ (အေမရိကန္ေဒၚလာ ၂,၉၉၇) နစ္နာေၾကးေပးသြားမယ္လုိ႕ အိႏၵိယဝန္ႀကီးခ်ဳပ္ မုိဒီက ေျပာၾကားေၾကာင္း Times of India  သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ ဟိန္ဒူဘာသာရေးပွဲတော်အတွင်း လူအုပ်လိုက် စုပြုံတိုးဝှေ့မှုတွေကြောင့် လဲပြိုကျရာက အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဘာသာရေးပွဲတော်ကို ဗာရာဏသီမြို့စွန်မှာ ကျင်းပခဲ့တာဖြစ်ပြီး လူပေါင်းသောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

လူအုပ်စုလိုက် လဲပြိုမှုအတွင်း လူ ၂၀ လည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဘာသာရေးပွဲတော်ကို လူ ၃,၀၀၀ တက်ရောက်မယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ လက်တွေ့မှာ လူပေါင်း ၇၀,၀၀၀ အထိ တက်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။ ဒဏ်ရာရရှိသူတွေအနက် အချို့ဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေအနက် အမျိုးသမီး ၁၄ ဦး ပါဝင်ကြောင်းလည်း သိရပါတယ်။

ဘာသာရေးပွဲတော် စီစဉ်သူတစ်ဦးဖြစ်တဲ့ ရက်ဂျ် ဗဟာဒူးရဲ့ အဆိုအရ တံတားတစ်စင်းပေါ်ကို လူအုပ်စုလိုက် ဖြတ်သန်းမှုကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပြီးနောက် တံတားပြိုကျကြောင်း ကောလာဟလ ထွက်ပေါ်ခဲ့ရာက လူအုပ်စုလိုက် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။

ဘာသာရေးပွဲတော်အတွင်း သေဆုံးခဲ့သူရဲ့ မိသားစုကို အိန္ဒိယရူပီးငွေ ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၉၉၇) နစ်နာကြေးပေးသွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားကြောင်း Times of India  သတင်းမှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top