Kantharyar Centre
×

ၿပီးခဲ့သည့္ တနဂၤေႏြေန႔က ပါရီၿမိဳ႕ေနအိမ္တြင္ ေသနတ္ ျဖင့္ ၿခိမ္းေျခာက္၍ လုယက္ခံရၿပီး ကန္ေဒၚလာ ၁၀ သန္းေက်ာ္ တန္ဖိုးရွိ လက္ဝတ္ရတနာမ်ား ပါသြားေသာ အေမရိကန္႐ုပ္သံ အစီအစဥ္ၾကယ္ပြင့္ ကင္ကာဒစ္ ရွန္၏ လံုၿခံဳေရးအတြက္ တစ္ေန႔ လွ်င္ ေဒၚလာတစ္သိန္းအထိ အသံုးျပဳေနရသည္။

လက္နက္ကိုင္လံုၿခံဳေရး အေစာင့္မ်ားအတြက္ တစ္နာရီ လုပ္ခ ၇၅ ေဒၚလာမွ ၁၂၅ ေဒၚလာအထိရွိၿပီး ရက္ပ္အဆိုေတာ္ ကင္ေယးဝက္စ္ႏွင့္ ကင္ကာဒစ္ ရွန္တို႔၏ မိသားစုအတြက္ လံုၿခံဳ ေရးကုန္က်စရိတ္ တစ္ေန႔တာ အတြက္ ေဒၚလာတစ္သိန္းအထိ ကုန္က်ေနျခင္းျဖစ္သည္။

လုယက္ခံရစဥ္ ကင္ကာဒစ္ ရွန္ႏွင့္ အၿမဲတြဲ၍ ေတြ႕ရေလ့ရွိ ေသာ သက္ေတာ္ေစာင့္သည္ မည္သည့္ေနရာသို႔ ေရာက္ရွိေနသနည္းဆိုျခင္းကို စီအင္န္အင္န္ သတင္းဌာနက ေမးျမန္းရာ ၎ ၏သက္ေတာ္ေစာင့္ ဒူဗီယာက ေျဖဆိုျခင္းမရွိေပ။

ထိုအေတာအတြင္း ကာဒစ္ ရွန္ လုယက္ခံရမႈမွာ အတြင္းလူ သတင္းေပးမႈ ပါဝင္ေနသည္ဟု ကင္ကာဒစ္ရွန္၏ သက္ေတာ္ ေစာင့္အျဖစ္ တာဝန္ထမ္းေဆာင္ ခဲ့သူ စတိဗ္စတန္ႏူလပ္က ေျပာ ၾကားသည္။ ကာဒစ္ရွန္တစ္ဦး တည္း ရွိေနတတ္ေသာ အခ်ိန္ သည္ တစ္ေန႔လွ်င္ ႏွစ္နာရီမွ ငါးနာရီအထိ ၾကာတတ္ၿပီး ယင္းအခ်ိန္ကိုသိေသာ ဓားျပမ်ားက အတြင္းသတင္းရၿပီးမွ လႈပ္ရွားခဲ့ျခင္းျဖစ္သည္ဟု စတန္ႏူလစ္က ေျပာသည္။

သို႔ေသာ္ လုယက္မႈျဖစ္ပြား စဥ္က ကာဒစ္ရွန္၏လံုၿခံဳေရး အေစာင့္မ်ားသည္ ၎၏ညီမမ်ား ႏွင့္အတူ ႏိုက္ကလပ္တစ္ခုသို႔ ေရာက္ေနေၾကာင္း  သိရေသာ္ လည္း ထိုအထဲတြင္ ဒူဗီယာ ပါဝင္သလားဆိုျခင္းကိုမူ မသိရ ေသးေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 တနင်္ဂနွေနေ့က ပါရီမြို့နေအိမ်တွင် သေနတ် ဖြင့် ခြိမ်းခြောက်၍ လုယက်ခံရပြီး ကန်ဒေါ်လာ ၁၀ သန်းကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများ ပါသွားသော အမေရိကန်ရုပ်သံ အစီအစဉ်ကြယ်ပွင့် ကင်ကာဒစ် ရှန်၏ လုံခြုံရေးအတွက် တစ်နေ့ လျှင် ဒေါ်လာတစ်သိန်းအထိ အသုံးပြုနေရသည်။

လက်နက်ကိုင်လုံခြုံရေး အစောင့်များအတွက် တစ်နာရီ လုပ်ခ ၇၅ ဒေါ်လာမှ ၁၂၅ ဒေါ်လာအထိရှိပြီး ရက်ပ်အဆိုတော် ကင်ယေးဝက်စ်နှင့် ကင်ကာဒစ် ရှန်တို့၏ မိသားစုအတွက် လုံခြုံ ရေးကုန်ကျစရိတ် တစ်နေ့တာ အတွက် ဒေါ်လာတစ်သိန်းအထိ ကုန်ကျနေခြင်းဖြစ်သည်။

လုယက်ခံရစဉ် ကင်ကာဒစ် ရှန်နှင့် အမြဲတွဲ၍ တွေ့ရလေ့ရှိ သော သက်တော်စောင့်သည် မည်သည့်နေရာသို့ ရောက်ရှိနေသနည်းဆိုခြင်းကို စီအင်န်အင်န် သတင်းဌာနက မေးမြန်းရာ ၎င်း ၏သက်တော်စောင့် ဒူဗီယာက ဖြေဆိုခြင်းမရှိပေ။

ထိုအတောအတွင်း ကာဒစ် ရှန် လုယက်ခံရမှုမှာ အတွင်းလူ သတင်းပေးမှု ပါဝင်နေသည်ဟု ကင်ကာဒစ်ရှန်၏ သက်တော် စောင့်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ စတိဗ်စတန်နူလပ်က ပြော ကြားသည်။ ကာဒစ်ရှန်တစ်ဦး တည်း ရှိနေတတ်သော အချိန် သည် တစ်နေ့လျှင် နှစ်နာရီမှ ငါးနာရီအထိ ကြာတတ်ပြီး ယင်းအချိန်ကိုသိသော ဓားပြများက အတွင်းသတင်းရပြီးမှ လှုပ်ရှားခဲ့ခြင်းဖြစ်သည်ဟု စတန်နူလစ်က ပြောသည်။

သို့သော် လုယက်မှုဖြစ်ပွား စဉ်က ကာဒစ်ရှန်၏လုံခြုံရေး အစောင့်များသည် ၎င်း၏ညီမများ နှင့်အတူ နိုက်ကလပ်တစ်ခုသို့ ရောက်နေကြောင်း  သိရသော် လည်း ထိုအထဲတွင် ဒူဗီယာ ပါဝင်သလားဆိုခြင်းကိုမူ မသိရ သေးပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top