Property Expo
×





Credit : Duwun

#Unicode Version

ကာဂျစ်စတန်နိုင်ငံရဲ့ လမ်းမထက် တစ်နေရာမှာ ကလေးနှစ်ဦး သွေးထွက်သံယိုဖြစ်တဲ့အထိ ထိုးကြိတ်နေကြတာကို လူကြီးတွေက အးပေးအားမြှောက်လုပ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။

အသက် ခြောက်နှစ်၊ သို့မဟုတ် ခုနှစ်နှစ်လောက်သာ ရှိဦးမယ့် ကလေးငယ်တွေရဲ့ အသတ်အပုပ်ပွဲကို ဘေးမှာ အားပေးနေတဲ့ လူကြီးများစွာ ရှိနေခဲ့ပါတယ်။ ကလေးငယ်တစ်ဦးက မြေပြင်ပေါ် လဲကျသွားတဲ့အခါဘေးက အမျိုးသားတစ်ဦး ရန်ပွဲကို ခေတ္တရပ်တန့်စေပေမယ့်ပြီးတဲ့အခါ ရန်ပွဲပြန်စစေပါတယ်။

ကလေးငယ်နှစ်ဦးဟာ လက်ဝှေ့အားကစား ထိုးသတ်သလို ထိုေးနကြတာမျိုးမဟုတ်ပဲ ရန်ဖြစ်လို့ ထိုးသတ်နေကြတဲ့ ပုံစံ ဖြစ်ပါတယ်။

နှစ်ဦးစလုံးရဲ့ အပြန်အလှန် လက်သီးချက်တွေကြောင့် ကလေးငယ်တွေရဲ့မျက်နှာဟာ သွေးတွေနဲ့ နီရဲနေတာတွေ့ရမှာပါ။ ကလေးငယ်တွေရဲ့ ရန်ပွဲကို ခွင့်ပြုတဲ့အပြင် အားပေးနေကြတဲ့ လူကြီးတွေကို လူမှုကွန်ယက်မှာ ဝေဖန်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top