Property Expo
×

အစားအေသာက္က ေရာဂါဘယေတြမျဖစ္ေအာင္ ဟန္႔တားရာမွာ အဓိကအခန္းက႑တစ္ခုမွာပါဝင္ေနသလုိ ခႏၶာပုိင္းဆုိင္ရာျပသနာေတြလည္း ထိန္းသိမ္းေပးပါတယ္။ ဖ်ားနာမႈေတြက တခါတရံ  အစားအေသာက္ေၾကာင့္ျဖစ္ႏုိင္ပါတယ္။ အာဟာရေဗဒပညာရွင္ Karnika S. အရ အစားအေသာက္က သုက္ေကာင္ေရသာ တုိးျမင့္ေစတာမဟုတ္ဘဲ သုက္ရည္ရဲ႕စြမ္းေဆာင္ရည္ပါ ပိုမိုေကာင္းမြန္ေစႏုိင္ေၾကာင္း  သိရပါတယ္။

ေနစဥ္ပုံမွန္အစားအစာေတြက မ်ဳိးေအာင္ႏုိင္စြမ္း အထူးသျဖင့္ သုက္ေကာင္ေရနဲ႔ စြမ္းေဆာင္ရည္ကို အက်ဳိးသက္ေရာက္ေစတယ္လုိ႔ နာမည္ၾကီးအာဟာရေဗဒပညာရွင္ Sandhya Gugnani က ဆုုိပါတယ္။ ေန႔စဥ္ ပုံမွန္အစားအစာထဲမွာ ဗီတာမင္ A၊ B၊ C၊ selenium နဲ႔ carotene တုိ႔လုိ ဓာတ္ဆန္႔က်င္ပစၥည္း antioxidant  ပါဝင္ျခင္းက အိမ္ေထာင္ေရးသုခ တိုးျမင့္ေစပါတယ္။

ဂ်င္ဆင္းပင္

ဒါက အမ်ဳိးသားလိင္မႈစြမ္းေဆာင္ ပိုမိုျမင့္တင္ေပးတဲ့ ေရွးနည္းတစ္ခုျဖစ္ပါတယ္။

ဖရုံေစ့

ဖရုံေစ့မွာ အမ်ဳိးသားေဟာ္မုန္းဓာတ္ထုတ္လုပ္မႈ ဟန္ခ်က္ထိန္းေပးတယ္ဆုိတဲ့ phytosterols ေတြ  ၾကြယ္ဝပါတယ္။ ဖရုံေစ့ေတြမွာ ေတြ႔ရတဲ့ Antioxidant နဲ႔ အဆီအက္စစ္ေတြက လိင္မႈစြမ္းရည္ျမွင့္တင္ေပးပါတယ္။

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴက အေအးမိျခင္းနဲ႔ ႏွလုံးေရာဂါသာ ထိေရာက္စြာ ကာကြယ္ေပးတယ္လုိ႔ သင္ယူဆမိတယ္ဆုိရင္ ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ကာမအားတိုးေဆးအျဖစ္ အသုံးျပဳခဲ့မွန္း သင္မသိလုိ႕ ျဖစ္ပါလိမ့္မယ္။ သူ႔မွာ အမ်ဳိးသားလိင္အဂၤါေသြးလည္ပတ္မႈ အားေကာင္းေစတဲ့ allicin ပါဝင္ပါတယ္။

ေခ်ာကလက္

ေခ်ာကလက္မွာ လိင္မႈကိစၥေဆာင္ရြက္လုိမႈ တုိးျမင့္ေပးတဲ့ အရာေတြပါဝင္ပါတယ္။ သုတ္ရည္ပမာဏ တိုးျမင့္ေပးတယ္လုိ႔ သိရတဲ့ အမုိင္ႏုိအက္စစ္ L-Arginine လည္းပါဝင္ပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးက ေသြးတုိးက်ေစပါတယ္။ သူ႔မွာ ေသြးတုိးေရာဂါလုိ လိင္အဂၤါတင္းမာမႈ အားနည္းေစတာမ်ိဳး မရိွဘူးလုိ႔ လူတုိင္းသိၾကပါတယ္။

ကမာေကာင္

ကမာေကာင္က လိင္စိတ္ႏုိးဆြေပးတဲ့အရာျဖစ္ပါတယ္။ ကမာေကာင္ေတြမွာ အမ်ဳိးသားေဟာ္မုန္းထုတ္လုပ္မႈအတြက္ မရိွမျဖစ္လုိအပ္တဲ့ zinc ၾကြယ္ဝျပီး အမ်ဳိးသားေရာ၊ အမ်ဳိးသမီးေတြမွာပါ လိင္မႈစြမ္းရည္ ျမွင့္တင္ေပးႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : trend myanmar

#Unicode Version

အစားအသောက်က ရောဂါဘယတွေမဖြစ်အောင် ဟန့်တားရာမှာ အဓိကအခန်းကဏ္ဍတစ်ခုမှာပါဝင်နေသလို ခန္ဓာပိုင်းဆိုင်ရာပြသနာတွေလည်း ထိန်းသိမ်းပေးပါတယ်။ ဖျားနာမှုတွေက တခါတရံ  အစားအသောက်ကြောင့်ဖြစ်နိုင်ပါတယ်။ အာဟာရဗေဒပညာရှင် Karnika S. အရ အစားအသောက်က သုက်ကောင်ရေသာ တိုးမြင့်စေတာမဟုတ်ဘဲ သုက်ရည်ရဲ့စွမ်းဆောင်ရည်ပါ ပိုမိုကောင်းမွန်စေနိုင်ကြောင်း  သိရပါတယ်။

နေစဉ်ပုံမှန်အစားအစာတွေက မျိုးအောင်နိုင်စွမ်း အထူးသဖြင့် သုက်ကောင်ရေနဲ့ စွမ်းဆောင်ရည်ကို အကျိုးသက်ရောက်စေတယ်လို့ နာမည်ကြီးအာဟာရဗေဒပညာရှင် Sandhya Gugnani က ဆိုုပါတယ်။ နေ့စဉ် ပုံမှန်အစားအစာထဲမှာ ဗီတာမင် A၊ B၊ C၊ selenium နဲ့ carotene တို့လို ဓာတ်ဆန့်ကျင်ပစ္စည်း antioxidant  ပါဝင်ခြင်းက အိမ်ထောင်ရေးသုခ တိုးမြင့်စေပါတယ်။

ဂျင်ဆင်းပင်

ဒါက အမျိုးသားလိင်မှုစွမ်းဆောင် ပိုမိုမြင့်တင်ပေးတဲ့ ရှေးနည်းတစ်ခုဖြစ်ပါတယ်။

ဖရုံစေ့

ဖရုံစေ့မှာ အမျိုးသားဟော်မုန်းဓာတ်ထုတ်လုပ်မှု ဟန်ချက်ထိန်းပေးတယ်ဆိုတဲ့ phytosterols တွေ  ကြွယ်ဝပါတယ်။ ဖရုံစေ့တွေမှာ တွေ့ရတဲ့ Antioxidant နဲ့ အဆီအက်စစ်တွေက လိင်မှုစွမ်းရည်မြှင့်တင်ပေးပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အအေးမိခြင်းနဲ့ နှလုံးရောဂါသာ ထိရောက်စွာ ကာကွယ်ပေးတယ်လို့ သင်ယူဆမိတယ်ဆိုရင် ရာစုနှစ်ပေါင်းများစွာကတည်းက ကာမအားတိုးဆေးအဖြစ် အသုံးပြုခဲ့မှန်း သင်မသိလို့ ဖြစ်ပါလိမ့်မယ်။ သူ့မှာ အမျိုးသားလိင်အင်္ဂါသွေးလည်ပတ်မှု အားကောင်းစေတဲ့ allicin ပါဝင်ပါတယ်။

ချောကလက်

ချောကလက်မှာ လိင်မှုကိစ္စဆောင်ရွက်လိုမှု တိုးမြင့်ပေးတဲ့ အရာတွေပါဝင်ပါတယ်။ သုတ်ရည်ပမာဏ တိုးမြင့်ပေးတယ်လို့ သိရတဲ့ အမိုင်နိုအက်စစ် L-Arginine လည်းပါဝင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးက သွေးတိုးကျစေပါတယ်။ သူ့မှာ သွေးတိုးရောဂါလို လိင်အင်္ဂါတင်းမာမှု အားနည်းစေတာမျိုး မရှိဘူးလို့ လူတိုင်းသိကြပါတယ်။

ကမာကောင်

ကမာကောင်က လိင်စိတ်နိုးဆွပေးတဲ့အရာဖြစ်ပါတယ်။ ကမာကောင်တွေမှာ အမျိုးသားဟော်မုန်းထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ zinc ကြွယ်ဝပြီး အမျိုးသားရော၊ အမျိုးသမီးတွေမှာပါ လိင်မှုစွမ်းရည် မြှင့်တင်ပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : trend myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top