Property Expo
×

ရည္းစားမရွိတဲ့ အမ်ိဳးသားေတြ၊ ရည္းစားထားလည္း မျမဲတဲ့ ဘာ့ေၾကာင့္သူတုိ႔ ရည္းစားမရၾကသလဲဆိုျပီး အျမဲေတြးမိတတ္ၾကပါတယ္။ ဒီအခ်က္နဲ႕ပတ္သက္ျပီးေတာ့လည္း သိခ်င္စိတ္ျပင္းျပၾကပါတယ္။ ဘဝမွာ ရည္းစားရိွတာ၊ မရိွတာဟာ ျပသနာၾကီးတစ္ခု မဟုတ္ေပမယ့္ မိမိေဘးပတ္ဝန္းက်င္မွာ ခ်စ္သူေတြနဲ႔ေပ်ာ္ရႊင္ေနတဲ့ တျခားအမ်ိဳးသားေတြကို ေတြ႔တဲ့အခါမွာေတာ့ ခ်စ္သူတစ္ေယာက္ေလာက္ ထားခ်င္စိတ္ေလးေတြ ျဖစ္မိပါလိမ့္မယ္။ ဒါေပမယ့္ တခ်ဳိ႕မွာ အခ်စ္ေရးတစ္ခု ထူေထာင္ဖုိ႔ ၾကိဳးစားတုိင္း ဝမ္းနည္းဖြယ္ မေအာင္ျမင္မႈေတြသာ ပိုင္္ဆိုင္သြားတတ္ၾကရပါတယ္။ ဘာေၾကာင့္လဲဆုိတာ ေတြးၾကည့္ဖူးပါသလား။

၁။ ခ်စ္သူကို ေပ်ာ္ရႊင္ေအာင္ မထားတတ္တာ

မိန္းကေလးေတြ အလွအပ သုိ႔မဟုတ္ ပုိက္ဆံကိုသာ မက္ေမာၾကတယ္လုိ႔ ေတြးမိရင္ သင့္ေတာ္မွန္ကန္တဲ့ လက္တြဲေဖာ္ကို သင္ တစ္သက္လုံး ရမွာမဟုတ္ပါဘူး။ သင္ဟာ သူမကို ကာကြယ္ေစာင့္ေရွာက္မယ္၊ ျမတ္ႏုိးခ်စ္ခင္မယ္၊ ေနာက္ သူမနဲ႕အတူ အျမဲအတူရိွေပးမယ့္ ေမတၱာရွင္တစ္ေယာက္ျဖစ္ေၾကာင္း သူမသိေအာင္ လုပ္ျခင္းအားျဖင့္ သူမကို ေပ်ာ္ေအာင္ထားရမွာပါ။

၂။ ကတိေပးဖုိ႔ အဆင္သင့္မျဖစ္ျခင္း

သင္ဟာ အေလးအနက္မထားဘဲ ေပါ့ေပါ့ပါးပါးဒိတ္လုပ္တာ သေဘာက်တဲ့ လူစားမ်ဳိး ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ဒီအခ်က္ဟာ မိန္းကေလးေတြကို ရင္ခုန္စိတ္လႈပ္ရွားမႈေတြ ေပးႏိုင္မွာေတာ့ မဟုတ္ပါဘူး။

၃။ ၾကိဳးစားအားထုတ္မႈမရိွျခင္း

ဘယ္မိန္းကေလးမွ သင့္ဆီလာျပီး သူမနဲ႔ ခ်စ္သူခ်င္းဆက္ဆံေရး ထူေထာင္မွာလားဆုိျပီး လာေမးမွာ မဟုတ္ပါဘူး။ မိမိဘက္ကေန ၾကိဳးစားအားထုတ္ဖုိ႔လည္း လုိအပ္ပါတယ္။ ဒီေတာ့ သင္ ေၾကြေနတဲ့ ေကာင္မေလးရိွရင္ ေနာက္တစ္ဆင့္ ၾကိဳးစားအားထုတ္ဖုိ႔ပဲ လုိတာပါ။

၄။ မိမိရဲ႕ လက္ရိွအေျခအေနကို သိပ္ေက်နပ္ေနျခင္း

သင့္မွာ ခ်စ္သူရည္းစားလိုအပ္တယ္လို႔ မခံစားမိတာ ျဖစ္ႏုိင္သလုိ ေဘးနားက သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ မိသားစု၀င္ေတြနဲ႔ ေပ်ာ္ရႊင္ေနတာလည္း ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။ တရံတခါ ရည္းစားတစ္ေယာက္တစ္ေလ ထားခ်င္စိတ္ေလးရိွေပမယ့္ လက္ေတြ႔ထားဖုိ႔ စားစဥ္းတဲ့အခါ မျဖစ္ႏုိင္ဘူးလုိ႕ပဲ ထင္ျမင္မိေနတာေၾကာင့္ သင္ရည္းစားမရတာပါ။

၅။ ကိုယ့္အလုပ္နဲ႔ကို မအားမလပ္ျဖစ္ျခင္း

သင့္ဘဝမွာ အလုပ္က အျမဲအေရးၾကီးေနျပီး အလုပ္ကေန စိတ္အပန္းေျဖမႈ မရႏုိင္ခဲ့ပါဘူး။ ရည္းစားထားဖုိ႔ စိတ္ကူးေလးရိွေနရင္ေတာင္ အခ်ိန္မရိွတာနဲ႔ အဲဒီ့ အစီအစဥ္ ေပ်ာက္သြားတတ္ပါတယ္။

ဒီအခ်က္ (၅) ခ်က္ဟာ သင္ရည္းစားမရျခင္း အဓိကအေၾကာင္းအရင္းေတြ ျဖစ္တာမုိ႕ ဘယ္အခ်က္က သင္နဲ႕ကိုက္ညီေနမလဲဆုိတာ စဥ္းစားေတြးေတာျပီး သင့္စိတ္ကို သင္ကိုယ္တုိင္ျပင္ဆင္ၾကည့္လုိက္ဖုိ႕ပဲ လုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

 ရည်းစားမရှိတဲ့ အမျိုးသားတွေ၊ ရည်းစားထားလည်း မမြဲတဲ့ ဘာ့ကြောင့်သူတို့ ရည်းစားမရကြသလဲဆိုပြီး အမြဲတွေးမိတတ်ကြပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီးတော့လည်း သိချင်စိတ်ပြင်းပြကြပါတယ်။ ဘဝမှာ ရည်းစားရှိတာ၊ မရှိတာဟာ ပြသနာကြီးတစ်ခု မဟုတ်ပေမယ့် မိမိဘေးပတ်ဝန်းကျင်မှာ ချစ်သူတွေနဲ့ပျော်ရွှင်နေတဲ့ တခြားအမျိုးသားတွေကို တွေ့တဲ့အခါမှာတော့ ချစ်သူတစ်ယောက်လောက် ထားချင်စိတ်လေးတွေ ဖြစ်မိပါလိမ့်မယ်။ ဒါပေမယ့် တချို့မှာ အချစ်ရေးတစ်ခု ထူထောင်ဖို့ ကြိုးစားတိုင်း ဝမ်းနည်းဖွယ် မအောင်မြင်မှုတွေသာ ပိုင်ဆိုင်သွားတတ်ကြရပါတယ်။ ဘာကြောင့်လဲဆိုတာ တွေးကြည့်ဖူးပါသလား။

၁။ ချစ်သူကို ပျော်ရွှင်အောင် မထားတတ်တာ

မိန်းကလေးတွေ အလှအပ သို့မဟုတ် ပိုက်ဆံကိုသာ မက်မောကြတယ်လို့ တွေးမိရင် သင့်တော်မှန်ကန်တဲ့ လက်တွဲဖော်ကို သင် တစ်သက်လုံး ရမှာမဟုတ်ပါဘူး။ သင်ဟာ သူမကို ကာကွယ်စောင့်ရှောက်မယ်၊ မြတ်နိုးချစ်ခင်မယ်၊ နောက် သူမနဲ့အတူ အမြဲအတူရှိပေးမယ့် မေတ္တာရှင်တစ်ယောက်ဖြစ်ကြောင်း သူမသိအောင် လုပ်ခြင်းအားဖြင့် သူမကို ပျော်အောင်ထားရမှာပါ။

၂။ ကတိပေးဖို့ အဆင်သင့်မဖြစ်ခြင်း

သင်ဟာ အလေးအနက်မထားဘဲ ပေါ့ပေါ့ပါးပါးဒိတ်လုပ်တာ သဘောကျတဲ့ လူစားမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ မိန်းကလေးတွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးနိုင်မှာတော့ မဟုတ်ပါဘူး။

၃။ ကြိုးစားအားထုတ်မှုမရှိခြင်း

ဘယ်မိန်းကလေးမှ သင့်ဆီလာပြီး သူမနဲ့ ချစ်သူချင်းဆက်ဆံရေး ထူထောင်မှာလားဆိုပြီး လာမေးမှာ မဟုတ်ပါဘူး။ မိမိဘက်ကနေ ကြိုးစားအားထုတ်ဖို့လည်း လိုအပ်ပါတယ်။ ဒီတော့ သင် ကြွေနေတဲ့ ကောင်မလေးရှိရင် နောက်တစ်ဆင့် ကြိုးစားအားထုတ်ဖို့ပဲ လိုတာပါ။

၄။ မိမိရဲ့ လက်ရှိအခြေအနေကို သိပ်ကျေနပ်နေခြင်း

သင့်မှာ ချစ်သူရည်းစားလိုအပ်တယ်လို့ မခံစားမိတာ ဖြစ်နိုင်သလို ဘေးနားက သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မိသားစုဝင်တွေနဲ့ ပျော်ရွှင်နေတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ တရံတခါ ရည်းစားတစ်ယောက်တစ်လေ ထားချင်စိတ်လေးရှိပေမယ့် လက်တွေ့ထားဖို့ စားစဉ်းတဲ့အခါ မဖြစ်နိုင်ဘူးလို့ပဲ ထင်မြင်မိနေတာကြောင့် သင်ရည်းစားမရတာပါ။

၅။ ကိုယ့်အလုပ်နဲ့ကို မအားမလပ်ဖြစ်ခြင်း

သင့်ဘဝမှာ အလုပ်က အမြဲအရေးကြီးနေပြီး အလုပ်ကနေ စိတ်အပန်းဖြေမှု မရနိုင်ခဲ့ပါဘူး။ ရည်းစားထားဖို့ စိတ်ကူးလေးရှိနေရင်တောင် အချိန်မရှိတာနဲ့ အဲဒီ့ အစီအစဉ် ပျောက်သွားတတ်ပါတယ်။

ဒီအချက် (၅) ချက်ဟာ သင်ရည်းစားမရခြင်း အဓိကအကြောင်းအရင်းတွေ ဖြစ်တာမို့ ဘယ်အချက်က သင်နဲ့ကိုက်ညီနေမလဲဆိုတာ စဉ်းစားတွေးတောပြီး သင့်စိတ်ကို သင်ကိုယ်တိုင်ပြင်ဆင်ကြည့်လိုက်ဖို့ပဲ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top