Property Expo
×

ဘဏ္၌ အလုပ္လုပ္သည့္ ၿဗိတိန္ႏုိင္ငံသားတစ္ဦးက အရက္ဆုိင္တြင္ ေတြ႕ခဲ့သည့္ အင္ဒိုနီးရွား အမ်ဳိးသမီး တစ္ဦးကို ႏွိပ္စက္ညႇဥ္းပန္းကာ သတ္ျဖတ္ခဲ့ပုံကို ေဖာ္ျပသည့္ ေၾကာက္မက္ဖြယ္ ဗီဒီယိုဖုိင္တစ္ခုကို ေဟာင္ေကာင္တရား႐ုံးတြင္ တရားသူႀကီးအဖြဲ႕က ၾကည့္႐ႈခဲ့ရသည္။ ထိုသူက အဆုိပါ အမ်ဳိးသမီးအား အႀကိမ္ႀကိမ္ မုဒိမ္းက်င့္ကာ ဆိုးဆိုးရြားရြား ႏွိပ္စက္ညႇဥ္းပန္းခဲ့ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

iPhone ျဖင့္ ကိုယ္တုိင္႐ုိက္ကူးထားေသာ ဗီဒီယိုဖုိင္တြင္ ေဟာင္ေကာင္ အထက္တရား႐ုံး၌ အင္ဒိုနီးရွား အမ်ဳိးသမီးႏွစ္ဦးကို သတ္ျဖတ္မႈျဖင့္ တရားစြဲဆုိ ခံထားရေသာ ကိန္းဘရစ္ခ်္တကၠသိုလ္မွ ဘြဲ႕ရသူ ႐ူရစ္ဂ်က္တင္ကို သူ၏ေနအိမ္ခန္း အတြင္း၌ အက်ႌဗလာျဖင့္ ေတြ႕ျမင္ရသည္။

“ကြၽန္ေတာ့္နာမည္ ႐ူရစ္ဂ်က္တင္ပါ။ လြန္ခဲ့တဲ့ ငါးမိနစ္ေလာက္ကတင္ ဒီအမ်ဳိးသမီးကို ဒီမွာ သတ္လုိက္ပါတယ္” ဟု သူက သူ၏ ေရခ်ဳိးခန္းၾကမ္းျပင္တြင္ ေမွာက္လ်က္လဲေနသည့္ ဆူမာတီနင္းစီ (၂၃ ႏွစ္) ၏ အေလာင္းကို ထိုးျပရင္း ကင္မရာဘက္သို႔လွည့္ကာ ေျပာၾကားေနပုံကို ေတြ႕ရသည္။

အတန္ၾကာသည့္အခါ သူသည္ လက္ေျမႇာက္ျပခဲ့ၿပီး လက္က တုန္ခါေနသည္ကို ေတြ႕ျမင္ရသည္။

“ဒါက တနလၤာေန႔ညပါ။ ကြၽန္ေတာ္ သူ႔ကို စေနေန႔ အေစာပုိင္းကတည္းက ခ်ဳပ္ေႏွာင္ထားခဲ့ပါတယ္။ ကြၽန္ေတာ္ အႀကိမ္ႀကိမ္ မုဒိမ္းက်င့္တယ္။ သူ႔ကိုႏွိပ္စက္တယ္။ ဆိုးဆိုးရြားရြားကို ႏွိပ္စက္တယ္” ဟုလည္း ေျပာၾကားေနပုံကို ေတြ႕ရသည္။

ယင္းေနာက္ အမ်ဳိးသမီး၏ ခႏၶာကိုယ္ကို မီးခုိးေရာင္ ေစာင္ျဖင့္ ပတ္ထားၿပီး ေျခေထာက္မ်ား ထိုးထြက္ေနပုံႏွင့္ ၾကမ္းျပင္ေပၚတြင္ ေသြးမ်ား အုိင္ထြန္းေနပုံတို႔ကို ေတြ႕ျမင္ရသည္။ ဂ်က္တင္က ကင္မရာဘက္သို႔ လွည့္ကာ ယင္းသည္ အမ်ဳိးသမီးအား သူသတ္ျဖတ္ၿပီးေနာက္ နာရီမ်ားစြာ အၾကာ၌ ျဖစ္ေၾကာင္း ေျပာျပေနသည္။

ယင္းတုိ႔သည္ ဂ်က္တင္က မူးယစ္ေဆးႏွင့္ ျပည့္တန္ဆာမ်ားကို အသုံးျပဳပုံအေၾကာင္း၊ မိမိကုိယ္ မိမိ သတ္ေသရ ေကာင္းမလား စဥ္းစားပုံအေၾကာင္းႏွင့္ ဆူမာတီကို သတ္ခဲ့ၿပီးေနာက္ အျပစ္ရွိသည္ဟု မခံစားရပုံ အေၾကာင္းမ်ားကို ရွင္းျပသည့္ ဗီဒီယိုဖုိင္မ်ားစြာထဲမွ ေတာင္ေရာက္ ေျမာက္ေရာက္ တစ္ကိုယ္ေတာ္ စကားေျပာခန္းမ်ားထဲမွ အစိတ္အပုိင္းမ်ား ျဖစ္သည္။

ဆူမာတီႏွင့္ ဆန္အန္းမူဂ်ီယာဆီ (၂၆ ႏွစ္) တို႔ကို သတ္ျဖတ္မႈအတြက္ ဂ်က္တင္အား ႐ုံးတင္စစ္ေဆးသည့္ ဒုတိယေျမာက္ေန႔တြင္ အဆုိပါ ေၾကာက္မက္ဖြယ္ ဗီဒီယိုကို ျပသခဲ့ျခင္းျဖစ္သည္။

အမ်ဳိးသမီးႏွစ္ဦး၏ အေလာင္းမ်ားကို ၂၀၁၄ ခုႏွစ္က ေဟာင္ေကာင္ၿမိဳ႕ ၀မ္ခ်ဳိင္းမီးနီရပ္ကြက္အနီးရွိ ဂ်က္တင္၏ အထက္တန္းက်ေသာ ေနအိမ္ခန္းအတြင္း ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ယင္းအမႈသည္ လုံျခံဳေရး ေကာင္းေသာေၾကာင့္ ေက်ာ္ၾကားေသာ္လည္း ေရႊ႕ေျပာင္းအလုပ္သမားမ်ားအေပၚ အလြန္အမင္း မမွ်မတ ဆက္ဆံသည္ဟုလည္း ထင္ရွားေသာ ေဟာင္ေကာင္ၿမိဳ႕အား တုန္လႈပ္ေစခဲ့သည္။ ၿဗိတိသွ်ကိုလိုနီေဟာင္း ေဟာင္ေကာင္တြင္ အတန္အသင့္ မ်ားျပားေသာ အထက္တန္းလႊာမ်ားသည္ ေရႊ႕ေျပာင္းအိမ္အကူလုပ္သား ၃၀၀,၀၀၀ ႏွင့္အတူ ေနထုိင္ၿပီး ေရႊ႕ေျပာင္းလုပ္သား အားလုံးနီးပါးသည္ အင္ဒုိနီးရွားႏွင့္ ဖိလစ္ပုိင္ႏုိင္ငံတို႔မွ အမ်ဳိးသမီးမ်ား ျဖစ္ၾကသည္။

အေမရိက-မာေရးလင့္ခ်္ဘဏ္၏ ေဟာင္ေကာင္႐ုံးတြင္ အလုပ္လုပ္ေသာ ဂ်က္တင္က ေအာက္တိုဘာ ၂၄ ရက္၌ လူသတ္မႈ စြဲခ်က္ႏွစ္ရပ္အတြက္ အျပစ္မရွိေၾကာင္း ထြက္ဆိုခဲ့သည္။ သူသည္ လူသတ္မႈႏွင့္ ပတ္သက္၍ အမႈေပါ့ေစရန္ အျပစ္ရွိေၾကာင္း ၀န္ခံထြက္ဆိုရန္ ႀကိဳးစားခဲ့ေသးေသာ္လည္း တရားစြဲဆိုသူမ်ားက ပယ္ခ်ခဲ့သည္။ ၎အေနျဖင့္ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္တစ္သက္ က်ခံရမည္ျဖစ္သည္။

ယင္းမတုိင္မီတြင္လည္း တရားသူႀကီး အဖြဲ႕သည္ ဂ်က္တင္ (၃၁ ႏွစ္) က ဆူမာတီကို ႏွိပ္စက္ေနပုံရသည့္ မိနစ္ ၂၀ ၾကာ ဗီဒီယိုဖုိင္ကို ၾကည့္ခဲ့ရသည္။ မီဒီယာမ်ားႏွင့္ ျပည္သူမ်ား အေနျဖင့္ ဗီဒီယိုကို ၾကည့္ခြင့္မရေသာ္လည္း အသံမ်ားကို ၾကားႏုိင္သည္။

ဗီဒီယိုဖုိင္တစ္ေနရာတြင္ ဂ်က္တင္က “မင္းေအာ္ရင္ ငါမင္းကို အျပစ္ေပးမယ္။ နားလည္လား” ဟု ေျပာသံကို ၾကားရသည္။ ယင္းေနာက္ ႐ုိက္ပုတ္ထိုးႀကိတ္သံမ်ားကို ၾကားရသည္။

သူ၏ တစ္ကိုယ္ေတာ္ စကားေျပာခန္းတစ္ခုတြင္ ဂ်က္တင္က “မုဒိမ္းက်င့္တာ၊ ႏွိပ္စက္တာ၊ သတ္ျဖတ္တာ အပါအ၀င္ ညစ္တီး ညစ္ပတ္ အရသာခံတာေတြ ကြၽန္ေတာ္ အျမဲလုပ္ခဲ့တယ္” ဟု ေျပာၾကားထားသည္။

သူက သူသည္ လြန္ခဲ့သည့္ ႏွစ္ႏွစ္အတြင္း ဘဏ္တြင္ အလုပ္လုပ္မႈမွ အေမရိကန္ေဒၚလာ တစ္သန္းေက်ာ္ ရခဲ့ေသာ္လည္း အမ်ားစုကို မူးယစ္ေဆးႏွင့္ ျပည့္တန္ဆာမ်ားအတြက္ သုံးစြဲခဲ့ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

တစ္ေနရာ၌ သူသည္ ကင္မရာဆီသို႔ ကိုကင္းပါ၀င္ပုံရသည့္ ပလတ္စတစ္အိတ္ တစ္အိတ္ႏွင့္ ေဟာင္ေကာင္ေဒၚလာ ၁၀ တန္ ပုိက္ဆံလိပ္တို႔ကို ေျမႇာက္ျပခဲ့သည္။ သူသည္ ဗီဒီယိုကလစ္မ်ား၌ ေဆး႐ွဴပုံကိုလည္း အႀကိမ္ေပါင္းမ်ားစြာ ျပသခဲ့သည္။

ေအာက္တုိဘာ ၂၄ ရက္က ျပဳလုပ္ေသာ တရားခြင္အဖြင့္တြင္ တရားစြဲဆိုသူ ဂြၽန္ရီဒင္းက ဆူမာတီသည္ တိုးရစ္ဗီဇာျဖင့္ ေဟာင္ေကာင္သို႔ ေရာက္လာသူ ျဖစ္ေၾကာင္းႏွင့္ ေငြေၾကးမ်ားစြာ ေပးေသာေၾကာင့္ ဂ်က္တင္ႏွင့္အတူ အိမ္သို႔ လုိက္သြားျခင္းျဖစ္ေၾကာင္း ေျပာျပခဲ့သည္။ ဆူမာတီ ေသဆုံးၿပီးေနာက္ ဂ်က္တင္က အေလာင္းကို ခရီးေဆာင္အိတ္ထဲသို႔ ထည့္ကာ လသာေဆာင္၌ ထားခဲ့သည္ဟု ဆုိသည္။

ဆန္အန္းသည္ ေဟာင္ေကာင္၌ တရား၀င္ အိမ္အကူအျဖစ္ လုပ္ကုိင္ၿပီး ဂ်က္တင္ႏွင့္ေတြ႕စဥ္ အရက္ဆုိင္၌ အလုပ္လုပ္ေနသည္ဟု ဆုိသည္။ ဆူမာတီအား သတ္ျဖတ္ၿပီးေနာက္ ရက္အတန္ၾကာတြင္ ဂ်က္တင္သည္ ဆန္အန္းကို လိင္ဆက္ဆံရန္အတြက္ ေငြေၾကးေပးကာ ေခၚခဲ့ၿပီး သူ၏လည္ပင္းကို ဟက္တက္ခြဲလ်က္ သတ္ျဖတ္ခဲ့ေၾကာင္း တရားစြဲဆိုသူက ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven Media Group

#Unicode Version
ဘဏ်၌ အလုပ်လုပ်သည့် ဗြိတိန်နိုင်ငံသားတစ်ဦးက အရက်ဆိုင်တွင် တွေ့ခဲ့သည့် အင်ဒိုနီးရှား အမျိုးသမီး တစ်ဦးကို နှိပ်စက်ညှဉ်းပန်းကာ သတ်ဖြတ်ခဲ့ပုံကို ဖော်ပြသည့် ကြောက်မက်ဖွယ် ဗီဒီယိုဖိုင်တစ်ခုကို ဟောင်ကောင်တရားရုံးတွင် တရားသူကြီးအဖွဲ့က ကြည့်ရှုခဲ့ရသည်။ ထိုသူက အဆိုပါ အမျိုးသမီးအား အကြိမ်ကြိမ် မုဒိမ်းကျင့်ကာ ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

iPhone ဖြင့် ကိုယ်တိုင်ရိုက်ကူးထားသော ဗီဒီယိုဖိုင်တွင် ဟောင်ကောင် အထက်တရားရုံး၌ အင်ဒိုနီးရှား အမျိုးသမီးနှစ်ဦးကို သတ်ဖြတ်မှုဖြင့် တရားစွဲဆို ခံထားရသော ကိန်းဘရစ်ချ်တက္ကသိုလ်မှ ဘွဲ့ရသူ ရူရစ်ဂျက်တင်ကို သူ၏နေအိမ်ခန်း အတွင်း၌ အကျႌဗလာဖြင့် တွေ့မြင်ရသည်။

“ကျွန်တော့်နာမည် ရူရစ်ဂျက်တင်ပါ။ လွန်ခဲ့တဲ့ ငါးမိနစ်လောက်ကတင် ဒီအမျိုးသမီးကို ဒီမှာ သတ်လိုက်ပါတယ်” ဟု သူက သူ၏ ရေချိုးခန်းကြမ်းပြင်တွင် မှောက်လျက်လဲနေသည့် ဆူမာတီနင်းစီ (၂၃ နှစ်) ၏ အလောင်းကို ထိုးပြရင်း ကင်မရာဘက်သို့လှည့်ကာ ပြောကြားနေပုံကို တွေ့ရသည်။

အတန်ကြာသည့်အခါ သူသည် လက်မြှောက်ပြခဲ့ပြီး လက်က တုန်ခါနေသည်ကို တွေ့မြင်ရသည်။

“ဒါက တနင်္လာနေ့ညပါ။ ကျွန်တော် သူ့ကို စနေနေ့ အစောပိုင်းကတည်းက ချုပ်နှောင်ထားခဲ့ပါတယ်။ ကျွန်တော် အကြိမ်ကြိမ် မုဒိမ်းကျင့်တယ်။ သူ့ကိုနှိပ်စက်တယ်။ ဆိုးဆိုးရွားရွားကို နှိပ်စက်တယ်” ဟုလည်း ပြောကြားနေပုံကို တွေ့ရသည်။

ယင်းနောက် အမျိုးသမီး၏ ခန္ဓာကိုယ်ကို မီးခိုးရောင် စောင်ဖြင့် ပတ်ထားပြီး ခြေထောက်များ ထိုးထွက်နေပုံနှင့် ကြမ်းပြင်ပေါ်တွင် သွေးများ အိုင်ထွန်းနေပုံတို့ကို တွေ့မြင်ရသည်။ ဂျက်တင်က ကင်မရာဘက်သို့ လှည့်ကာ ယင်းသည် အမျိုးသမီးအား သူသတ်ဖြတ်ပြီးနောက် နာရီများစွာ အကြာ၌ ဖြစ်ကြောင်း ပြောပြနေသည်။

ယင်းတို့သည် ဂျက်တင်က မူးယစ်ဆေးနှင့် ပြည့်တန်ဆာများကို အသုံးပြုပုံအကြောင်း၊ မိမိကိုယ် မိမိ သတ်သေရ ကောင်းမလား စဉ်းစားပုံအကြောင်းနှင့် ဆူမာတီကို သတ်ခဲ့ပြီးနောက် အပြစ်ရှိသည်ဟု မခံစားရပုံ အကြောင်းများကို ရှင်းပြသည့် ဗီဒီယိုဖိုင်များစွာထဲမှ တောင်ရောက် မြောက်ရောက် တစ်ကိုယ်တော် စကားပြောခန်းများထဲမှ အစိတ်အပိုင်းများ ဖြစ်သည်။

ဆူမာတီနှင့် ဆန်အန်းမူဂျီယာဆီ (၂၆ နှစ်) တို့ကို သတ်ဖြတ်မှုအတွက် ဂျက်တင်အား ရုံးတင်စစ်ဆေးသည့် ဒုတိယမြောက်နေ့တွင် အဆိုပါ ကြောက်မက်ဖွယ် ဗီဒီယိုကို ပြသခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးနှစ်ဦး၏ အလောင်းများကို ၂၀၁၄ ခုနှစ်က ဟောင်ကောင်မြို့ ဝမ်ချိုင်းမီးနီရပ်ကွက်အနီးရှိ ဂျက်တင်၏ အထက်တန်းကျသော နေအိမ်ခန်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းအမှုသည် လုံခြုံရေး ကောင်းသောကြောင့် ကျော်ကြားသော်လည်း ရွှေ့ပြောင်းအလုပ်သမားများအပေါ် အလွန်အမင်း မမျှမတ ဆက်ဆံသည်ဟုလည်း ထင်ရှားသော ဟောင်ကောင်မြို့အား တုန်လှုပ်စေခဲ့သည်။ ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်တွင် အတန်အသင့် များပြားသော အထက်တန်းလွှာများသည် ရွှေ့ပြောင်းအိမ်အကူလုပ်သား ၃၀၀,၀၀၀ နှင့်အတူ နေထိုင်ပြီး ရွှေ့ပြောင်းလုပ်သား အားလုံးနီးပါးသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အမျိုးသမီးများ ဖြစ်ကြသည်။

အမေရိက-မာရေးလင့်ချ်ဘဏ်၏ ဟောင်ကောင်ရုံးတွင် အလုပ်လုပ်သော ဂျက်တင်က အောက်တိုဘာ ၂၄ ရက်၌ လူသတ်မှု စွဲချက်နှစ်ရပ်အတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။ သူသည် လူသတ်မှုနှင့် ပတ်သက်၍ အမှုပေါ့စေရန် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုရန် ကြိုးစားခဲ့သေးသော်လည်း တရားစွဲဆိုသူများက ပယ်ချခဲ့သည်။ ၎င်းအနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက် ကျခံရမည်ဖြစ်သည်။

ယင်းမတိုင်မီတွင်လည်း တရားသူကြီး အဖွဲ့သည် ဂျက်တင် (၃၁ နှစ်) က ဆူမာတီကို နှိပ်စက်နေပုံရသည့် မိနစ် ၂၀ ကြာ ဗီဒီယိုဖိုင်ကို ကြည့်ခဲ့ရသည်။ မီဒီယာများနှင့် ပြည်သူများ အနေဖြင့် ဗီဒီယိုကို ကြည့်ခွင့်မရသော်လည်း အသံများကို ကြားနိုင်သည်။

ဗီဒီယိုဖိုင်တစ်နေရာတွင် ဂျက်တင်က “မင်းအော်ရင် ငါမင်းကို အပြစ်ပေးမယ်။ နားလည်လား” ဟု ပြောသံကို ကြားရသည်။ ယင်းနောက် ရိုက်ပုတ်ထိုးကြိတ်သံများကို ကြားရသည်။

သူ၏ တစ်ကိုယ်တော် စကားပြောခန်းတစ်ခုတွင် ဂျက်တင်က “မုဒိမ်းကျင့်တာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာ အပါအဝင် ညစ်တီး ညစ်ပတ် အရသာခံတာတွေ ကျွန်တော် အမြဲလုပ်ခဲ့တယ်” ဟု ပြောကြားထားသည်။

သူက သူသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဘဏ်တွင် အလုပ်လုပ်မှုမှ အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရခဲ့သော်လည်း အများစုကို မူးယစ်ဆေးနှင့် ပြည့်တန်ဆာများအတွက် သုံးစွဲခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

တစ်နေရာ၌ သူသည် ကင်မရာဆီသို့ ကိုကင်းပါဝင်ပုံရသည့် ပလတ်စတစ်အိတ် တစ်အိတ်နှင့် ဟောင်ကောင်ဒေါ်လာ ၁၀ တန် ပိုက်ဆံလိပ်တို့ကို မြှောက်ပြခဲ့သည်။ သူသည် ဗီဒီယိုကလစ်များ၌ ဆေးရှူပုံကိုလည်း အကြိမ်ပေါင်းများစွာ ပြသခဲ့သည်။

အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သော တရားခွင်အဖွင့်တွင် တရားစွဲဆိုသူ ဂျွန်ရီဒင်းက ဆူမာတီသည် တိုးရစ်ဗီဇာဖြင့် ဟောင်ကောင်သို့ ရောက်လာသူ ဖြစ်ကြောင်းနှင့် ငွေကြေးများစွာ ပေးသောကြောင့် ဂျက်တင်နှင့်အတူ အိမ်သို့ လိုက်သွားခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ ဆူမာတီ သေဆုံးပြီးနောက် ဂျက်တင်က အလောင်းကို ခရီးဆောင်အိတ်ထဲသို့ ထည့်ကာ လသာဆောင်၌ ထားခဲ့သည်ဟု ဆိုသည်။

ဆန်အန်းသည် ဟောင်ကောင်၌ တရားဝင် အိမ်အကူအဖြစ် လုပ်ကိုင်ပြီး ဂျက်တင်နှင့်တွေ့စဉ် အရက်ဆိုင်၌ အလုပ်လုပ်နေသည်ဟု ဆိုသည်။ ဆူမာတီအား သတ်ဖြတ်ပြီးနောက် ရက်အတန်ကြာတွင် ဂျက်တင်သည် ဆန်အန်းကို လိင်ဆက်ဆံရန်အတွက် ငွေကြေးပေးကာ ခေါ်ခဲ့ပြီး သူ၏လည်ပင်းကို ဟက်တက်ခွဲလျက် သတ်ဖြတ်ခဲ့ကြောင်း တရားစွဲဆိုသူက ပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ElevenMedia Group
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top