Kantharyar Centre
×

မိုဟာမက္ ဘဲလို အဘူဘာကာဟာ ႏုိက္ဂ်ီးရီးယားႏုိင္ငံရဲ႕ အျငင္းပြားဖြယ္ရာအေကာင္းဆံုးလူေတြထဲမွာ ပါဝင္ပါတယ္။ အားထားေလာက္စရာ ဝင္ေငြမရွိဘဲ သူ႔ဘဝသက္တမ္းတစ္ေလွ်ာက္ မိန္းမေပါင္း ၁၀၇ ေယာက္ ယူခဲ့သူ ျဖစ္ပါတယ္။

အခု သူ႔အသက္ဟာ ၉၂ ႏွစ္ရွိေနျပီး အမ်ိဳးသမီးေပါင္း ၉၇ ေယာက္ဟာ သူ႔ရဲ႕ ဇနီးအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။ ဒါေပမဲ့ သူ႔မွာ ဝင္ေငြေကာင္းေလာက္တဲ့ အလုပ္အကိုင္ ဘာမွာမရွိသလို သူ႔ဇနီးေတြကိုလည္း သူက အလုပ္လုပ္ဖို႔ ခြင့္မျပဳပါဘူး။

  ၂၀၀၈ ခုႏွစ္က ေဖာ္ျပခဲ့တဲ့ BBC  သတင္းဌာနရဲ႕ ေဆာင္းပါးတစ္ပုဒ္မွာ ဘဲလိုဟာ သူ႔ကေလးအခ်ိဳ႕ကို ေတာင္းရမ္းခိုင္းတယ္လို႔ ဆုိပါတယ္။ ဒါေပမဲ့ ဒီသတင္းမွန္ေနရင္ေတာင္မွ ဝင္ေငြက ျပည့္ျပည့္ဝဝ ေလာက္ငွဖို႔ မရွိေသးပါဘူး။ ဒီေလာက္အိမ္ေထာင္စုၾကီးကို ဘယ္လိုေၾကြးလဲလို႔ ေမးတဲ့အခါ ဘုရားသခင္ဆီကလာတာလို႔႔ပဲ သူက အျမဲေျဖပါတယ္။

သူ႔မွာ ကေလးေပါင္း ၁၈၅ ေယာက္ရွိျပီး မၾကာေသးခင္က သူေသျပီလို႔ သတင္းေတြထြက္ခဲ့ေပမဲ့ သူမေသေသေၾကာင္း မီဒီယာေတြကေန ျပန္လည္ေျပာၾကားခဲ့ပါတယ္။ မိန္းမ ၁၀ ေယာက္ ကိုကြာေပးခဲ့တာေၾကာင့္ လက္ရွိ သူ႕မွာ မိန္းမေပါင္း ၉၇ ေယာက္ရွိပါတယ္။ ဒါေပမဲ့ သူ႔မွာ ၉၇ ေယာက္ပဲရွိျပီး ထပ္ျပီးယူဦးမွာ ျဖစ္တယ္လို႔ The Nation နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ဘဲလိုက ေျပာခဲ့ဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

မိုဟာမက် ဘဲလို အဘူဘာကာဟာ နိုက်ဂျီးရီးယားနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာအကောင်းဆုံးလူတွေထဲမှာ ပါဝင်ပါတယ်။ အားထားလောက်စရာ ဝင်ငွေမရှိဘဲ သူ့ဘဝသက်တမ်းတစ်လျှောက် မိန်းမပေါင်း ၁၀၇ ယောက် ယူခဲ့သူ ဖြစ်ပါတယ်။

အခု သူ့အသက်ဟာ ၉၂ နှစ်ရှိနေပြီး အမျိုးသမီးပေါင်း ၉၇ ယောက်ဟာ သူ့ရဲ့ ဇနီးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ ဝင်ငွေကောင်းလောက်တဲ့ အလုပ်အကိုင် ဘာမှာမရှိသလို သူ့ဇနီးတွေကိုလည်း သူက အလုပ်လုပ်ဖို့ ခွင့်မပြုပါဘူး။

  ၂၀၀၈ ခုနှစ်က ဖော်ပြခဲ့တဲ့ BBC  သတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဘဲလိုဟာ သူ့ကလေးအချို့ကို တောင်းရမ်းခိုင်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီသတင်းမှန်နေရင်တောင်မှ ဝင်ငွေက ပြည့်ပြည့်ဝဝ လောက်ငှဖို့ မရှိသေးပါဘူး။ ဒီလောက်အိမ်ထောင်စုကြီးကို ဘယ်လိုကြွေးလဲလို့ မေးတဲ့အခါ ဘုရားသခင်ဆီကလာတာလို့ပဲ သူက အမြဲဖြေပါတယ်။

သူ့မှာ ကလေးပေါင်း ၁၈၅ ယောက်ရှိပြီး မကြာသေးခင်က သူသေပြီလို့ သတင်းတွေထွက်ခဲ့ပေမဲ့ သူမသေသေကြောင်း မီဒီယာတွေကနေ ပြန်လည်ပြောကြားခဲ့ပါတယ်။ မိန်းမ ၁၀ ယောက် ကိုကွာပေးခဲ့တာကြောင့် လက်ရှိ သူ့မှာ မိန်းမပေါင်း ၉၇ ယောက်ရှိပါတယ်။ ဒါပေမဲ့ သူ့မှာ ၉၇ ယောက်ပဲရှိပြီး ထပ်ပြီးယူဦးမှာ ဖြစ်တယ်လို့ The Nation နဲ့ အင်တာဗျူးတစ်ခုမှာ ဘဲလိုက ပြောခဲ့ဖူးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top