Property Expo
×

ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ အိမ္ယာမဲ့ ၃ ဦး ဆက္တိုက္အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး သံသယနဲ႔ ျမန္မာ ၁ ဦးကို ဖမ္းဆီးလိုက္ၿပီးေနာက္ ၃ ရက္အၾကာမွာ ပံုစံတူ အသတ္ခံရတဲ့ အမ်ိဳးသမီးအေလာင္းကို ထပ္မံေတြ႔ရတယ္လို႔ မန္ေနဂ်ာအြန္လိုင္းသတင္းမွာ ေဖာ္ျပပါတယ္။
ေအာက္တိုဘာ ၉ ရက္ မြန္းလြဲ ၁ နာရီက ဘန္ေကာက္ က်တူးက်တ္နယ္ေျမ လတ္ဖေလာ၀့္နဲ႔ ဖဟြန္႐ုိထင္းလမ္းဆံု တံတားေအာက္မွာ အေလာင္းတေလာင္း ေတြ႔ရွိေၾကာင္း ျပည္သူေတြက သတင္းေပးတဲ့အတြက္ တာ၀န္ရွိသူေတြနဲ႔အတူ သြားေရာက္စစ္ေဆးခဲ့တာလို႔ ဖဟြန္႐ုိထင္းနယ္ေျမရဲစခန္း ရဲမႉး ၀ိထယကရစ္ကိုင္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

အေလာင္းမွာ အသက္ ၄၀ ေက်ာ္ အမ်ိဳးသမီးတဦးျဖစ္ၿပီး အနီေရာင္အက်ႌ၊ ေအာက္ပိုင္းဗလာ၊ လက္ေနာက္ျပန္ႀကိဳးတုတ္ခံရကာ ခႏၶာကိုယ္မွာ ခၽြန္ျမတဲ့အရာနဲ႔ ထိုးသြင္းခံရတဲ့ ဒဏ္ရာ ၅ ခ်က္၊ ဦးေခါင္းမွာ အ႐ုိက္ခံထားရတဲ့ဒဏ္ရာရွိၿပီး ေမွာက္ရက္ ေသဆံုးေနတာလို႔ ရဲမႉးက ေျပာပါတယ္။

အေလာင္းနဲ႔ မနီးမေ၀းမွာ ေသြးစေတြေပေနတဲ့ ၉ လက္မရွည္ ဓားတေခ်ာင္းလည္း ေတြ႔ရၿပီး အေလာင္းမွာ အနံ႔ထြက္ေနၿပီျဖစ္တဲ့အတြက္ လြန္ခဲ့တဲ့ သုံးေလးရက္က ေသဆံုးခဲ့ဟန္ရွိေၾကာင္း၊ အဓမၼက်င့္ခံရျခင္းရွိမရွိကိုေတာ့ ဆက္လက္စစ္ေဆးသြားမယ္လို႔ ဆိုပါတယ္။

အနီးနား ေနထိုင္သူတို႔ ေျပာျပခ်က္အရ အဆိုပါအမ်ိဳးသမီးဟာ အိမ္ယာမဲ့ အမႈိက္ေကာက္သမားတဦးျဖစ္ၿပီး တခါတရံ စိတ္မူမမွန္တဲ့ပံုစံ ေတြ႔ရေၾကာင္း၊ အမည္နဲ႔ ႏိုင္ငံသားကိုေတာ့ မသိရေသးေၾကာင္း ဆိုပါတယ္။

ဘန္ေကာက္အနီး ထြန္းပူရီၿမိဳ႕နယ္တြင္း ၿပီးခဲ့တဲ့ သီတင္းပတ္က လက္ျပန္ႀကိဳးတုတ္ခံရၿပီး ထိုးသြင္းဒဏ္ရာေတြနဲ႔ ေသဆံုးေနတဲ့ အိမ္ယာမဲ့ အမႈိက္ေကာက္သမား အမ်ိဳးသား ၂ ဦး၊ အမ်ိဳးသမီး ၁ ဦး ေပါင္း ၃ ဦးရဲ႕ အေလာင္းေတြကို နယ္ေျမခံရဲတပ္ဖြဲ႔မွ ေတြ႔ရွိခဲ့ပါတယ္။

အဆိုပါ လူေသမႈေတြနဲ႔ပတ္သက္ၿပီး စီစီတီဗြီကင္မရာထဲမွာ စက္ဘီးစီးၿပီး ေျပးေနတဲ့ အမ်ိဳးသားတဦးကို ရဲေတြက သံသယနဲ႔ ဖမ္းဆီးထားပါတယ္။

အဖမ္းခံရသူဟာ ျမန္မာျပည္ ေမာ္လၿမိဳင္မွ ဂ်င္မီ ဆုိသူ အမ်ိဳးသားတဦးျဖစ္ၿပီး သူကေတာ့ လူသတ္မႈမွာ ပါ၀င္ပတ္သက္မႈမရွိေၾကာင္း ျငင္းဆိုထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အိမ်ယာမဲ့ ၃ ဦး ဆက်တိုက်အသတ်ခံရတာနဲ့ ပတ်သက်ပြီး သံသယနဲ့ မြန်မာ ၁ ဦးကို ဖမ်းဆီးလိုက်ပြီးနောက် ၃ ရက်အကြာမှာ ပုံစံတူ အသတ်ခံရတဲ့ အမျိုးသမီးအလောင်းကို ထပ်မံတွေ့ရတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီက ဘန်ကောက် ကျတူးကျတ်နယ်မြေ လတ်ဖလောဝ့်နဲ့ ဖဟွန်ရိုထင်းလမ်းဆုံ တံတားအောက်မှာ အလောင်းတလောင်း တွေ့ရှိကြောင်း ပြည်သူတွေက သတင်းပေးတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တာလို့ ဖဟွန်ရိုထင်းနယ်မြေရဲစခန်း ရဲမှူး ဝိထယကရစ်ကိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

အလောင်းမှာ အသက် ၄၀ ကျော် အမျိုးသမီးတဦးဖြစ်ပြီး အနီရောင်အကျႌ၊ အောက်ပိုင်းဗလာ၊ လက်နောက်ပြန်ကြိုးတုတ်ခံရကာ ခန္ဓာကိုယ်မှာ ချွန်မြတဲ့အရာနဲ့ ထိုးသွင်းခံရတဲ့ ဒဏ်ရာ ၅ ချက်၊ ဦးခေါင်းမှာ အရိုက်ခံထားရတဲ့ဒဏ်ရာရှိပြီး မှောက်ရက် သေဆုံးနေတာလို့ ရဲမှူးက ပြောပါတယ်။

အလောင်းနဲ့ မနီးမဝေးမှာ သွေးစတွေပေနေတဲ့ ၉ လက်မရှည် ဓားတချောင်းလည်း တွေ့ရပြီး အလောင်းမှာ အနံ့ထွက်နေပြီဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ သုံးလေးရက်က သေဆုံးခဲ့ဟန်ရှိကြောင်း၊ အဓမ္မကျင့်ခံရခြင်းရှိမရှိကိုတော့ ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

အနီးနား နေထိုင်သူတို့ ပြောပြချက်အရ အဆိုပါအမျိုးသမီးဟာ အိမ်ယာမဲ့ အမှိုက်ကောက်သမားတဦးဖြစ်ပြီး တခါတရံ စိတ်မူမမှန်တဲ့ပုံစံ တွေ့ရကြောင်း၊ အမည်နဲ့ နိုင်ငံသားကိုတော့ မသိရသေးကြောင်း ဆိုပါတယ်။

ဘန်ကောက်အနီး ထွန်းပူရီမြို့နယ်တွင်း ပြီးခဲ့တဲ့ သီတင်းပတ်က လက်ပြန်ကြိုးတုတ်ခံရပြီး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အိမ်ယာမဲ့ အမှိုက်ကောက်သမား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ပေါင်း ၃ ဦးရဲ့ အလောင်းတွေကို နယ်မြေခံရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့ပါတယ်။

အဆိုပါ လူသေမှုတွေနဲ့ပတ်သက်ပြီး စီစီတီဗွီကင်မရာထဲမှာ စက်ဘီးစီးပြီး ပြေးနေတဲ့ အမျိုးသားတဦးကို ရဲတွေက သံသယနဲ့ ဖမ်းဆီးထားပါတယ်။

အဖမ်းခံရသူဟာ မြန်မာပြည် မော်လမြိုင်မှ ဂျင်မီ ဆိုသူ အမျိုးသားတဦးဖြစ်ပြီး သူကတော့ လူသတ်မှုမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top