Kantharyar Centre
×


ကိုယ္၀န္ေဆာင္ခ်ိန္အတြင္း စိတ္ဓာတ္က်ျခင္းေၾကာင့္ မိခင္ ႏွင့္ကေလး ႏွစ္ဦးစလံုးကို ထိခိုက္ေစႏိုင္သည္။

ကိုယ္၀န္ေဆာင္ခ်ိန္အတြင္း ေဟာ္မုန္းေျပာင္းလဲမႈမ်ားေၾကာင့္ အမ်ိဳးသမီးမ်ား စိတ္ခံစားခ်က္ဆိုင္ရာ အေျပာင္းအလဲမ်ားႏိုင္ၿပီး ယင္းအေျခအေနက စိတ္ဓာတ္က်ျခင္းကို ေျဖရွင္းရန္ ခက္ခဲလာေစသည္။


အခ်ိဳ႕ေသာ အမ်ိဳးသမီးမ်ားသည္ ကေလးမီးဖြားၿပီးေနာက္ မွာပင္ စိတ္ဓာတ္က်ျခင္း ခံစားရႏုိင္ေသာ္လည္း မျပင္းထန္ေသာ ယင္းစိတ္ဓာတ္က်မႈလကၡဏာမ်ားသည္ ကေလးေမြးၿပီး သီတင္း ႏွစ္ပတ္အတြင္း ေပ်ာက္ကြယ္သြားေလ့ရွိသည္။

ကိုယ္၀န္စတင္ရွိခ်ိန္တြင္လည္း အမ်ိဳးသမီးမ်ား စိတ္ဓာတ္က် ႏိုင္ၿပီး ယင္းအေျခအေနေၾကာင့္ ကိုယ္တုိင္ေသာ္လည္းေကာင္း ကေလးငယ္ကိုေသာ္လည္းေကာင္း ေစာင့္ေရွာက္ရန္ ခက္ခဲသြားေစ ႏုိင္သည္။

ယခင္က စိတ္ဓာတ္က်ဖူးသူမ်ား၊ မိသားစုတြင္ စိတ္ဓာတ္က် မႈ ရာဇ၀င္ရွိသူမ်ား၊ မစီစဥ္ထားဘဲ ကိုယ္၀န္ရွိလာျခင္း၊ ျပႆနာ ႀကံဳရေသာ ကိုယ္၀န္ေဆာင္မႈ (သို႔မဟုတ္) ေဖြးဖြားမႈအေတြ႕အႀကံဳ မ်ား၊ အႁမႊာပူး (သို႔မဟုတ္) ယင္းထက္ပိုေသာ ကေလးမ်ား ေမြးဖြား ျခင္း၊ ေငြေၾကးဆိုင္ရာ စိုးရိမ္မႈမ်ား၊ ဆက္ဆံေရးအခက္အခဲမ်ား၊ မိသားစု (သို႔မဟုတ္) မိတ္ေဆြတို႔၏ ပံ့ပိုးကူညီမႈမရွိျခင္းႏွင့္ ေဆး လိပ္၊ အရက္၊ မူးယစ္ေဆး၀ါး သံုးစဲြျခင္းတို႔ေၾကာင့္ ကိုယ္၀န္စတင္ ေဆာင္စဥ္ အမ်ိဳးသမီးမ်ား စိတ္ဓာတ္က်ႏိုင္ေျခ ပိုမ်ားသည္။

စိတ္ဓာတ္က်ျခင္းေၾကာင့္ မိခင္ႏွင့္ကေလးၾကား ဆက္ဆံေရး ကို ထိခုိက္ေစႏိုင္ၿပီး ကေလးငယ္၏ ေစာေစာပိုင္း ဖံြ႕ၿဖိဳးမႈကို ထိခိုက္ေစကာ ရင္ေသြးႏွင့္ မရင္းႏွီးသလို ခံစားရေစသည္။

ယင္းအေျခအေနေၾကာင့္ ကေလး၏ လိုအပ္ခ်က္မ်ားကို တံု႔ ျပန္ရန္ မိခင္အတြက္ ခက္ခဲလာေစႏိုင္သည္။

စိတ္ဓာတ္က်ျခင္းကို မကုသဘဲထားပါက လမေစ့ဘဲ (ကိုယ္၀န္သက္တမ္း ၃၇ ပတ္မတိုင္မီ) ေမြးဖြားႏိုင္ၿပီး ေပါင္မျပည့္ေသာ (၅ ေပါင္ ၈ ေအာင္စထက္နည္းေသာ) ကေလးမ်ား ေမြးဖြားႏိုင္သည္။

ကိုယ္၀န္ေဆာင္ခ်ိန္ စိတ္ဓာတ္က်ေနေသာ မိခင္ေလာင္းတစ္ ဦးသည္ က်န္းမာေရးႏွင့္အညီ စားေသာက္ရန္ ပ်က္ကြက္ျခင္း (သို႔မ ဟုတ္) ကိုယ္အေလးခ်ိန္ သိသိသာသာ ပိုမ်ားလာျခင္း ျဖစ္ႏိုင္သည္။

ကိုယ္၀န္ေဆာင္ခ်ိန္အတြင္း စိတ္ဓာတ္က်သူမ်ားသည္ ေဆး ေသာက္ျခင္း၊ တုိင္ပင္ေဆြးေႏြးျခင္း၊ အကူအညီရယူျခင္းတို႔ျဖင့္ ကုသႏုိင္သည္။ သို႔ေသာ္ စိတ္ဓာတ္က်ျခင္းအတြက္ ေသာက္ရေသာ ေဆး၀ါးမ်ားကို ဆရာ၀န္ႏွင့္ တုိင္ပင္ၿပီးမွသာ ေသာက္သံုးသင့္ သည္။   


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ဓာတ်ကျခြင်းကြောင့် မိခင် နှင့်ကလေး နှစ်ဦးစလုံးကို ထိခိုက်စေနိုင်သည်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဟော်မုန်းပြောင်းလဲမှုများကြောင့် အမျိုးသမီးများ စိတ်ခံစားချက်ဆိုင်ရာ အပြောင်းအလဲများနိုင်ပြီး ယင်းအခြေအနေက စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းရန် ခက်ခဲလာစေသည်။


အချို့သော အမျိုးသမီးများသည် ကလေးမီးဖွားပြီးနောက် မှာပင် စိတ်ဓာတ်ကျခြင်း ခံစားရနိုင်သော်လည်း မပြင်းထန်သော ယင်းစိတ်ဓာတ်ကျမှုလက္ခဏာများသည် ကလေးမွေးပြီး သီတင်း နှစ်ပတ်အတွင်း ပျောက်ကွယ်သွားလေ့ရှိသည်။

ကိုယ်ဝန်စတင်ရှိချိန်တွင်လည်း အမျိုးသမီးများ စိတ်ဓာတ်ကျ နိုင်ပြီး ယင်းအခြေအနေကြောင့် ကိုယ်တိုင်သော်လည်းကောင်း ကလေးငယ်ကိုသော်လည်းကောင်း စောင့်ရှောက်ရန် ခက်ခဲသွားစေ နိုင်သည်။

ယခင်က စိတ်ဓာတ်ကျဖူးသူများ၊ မိသားစုတွင် စိတ်ဓာတ်ကျ မှု ရာဇဝင်ရှိသူများ၊ မစီစဉ်ထားဘဲ ကိုယ်ဝန်ရှိလာခြင်း၊ ပြဿနာ ကြုံရသော ကိုယ်ဝန်ဆောင်မှု (သို့မဟုတ်) ဖွေးဖွားမှုအတွေ့အကြုံ များ၊ အမြွှာပူး (သို့မဟုတ်) ယင်းထက်ပိုသော ကလေးများ မွေးဖွား ခြင်း၊ ငွေကြေးဆိုင်ရာ စိုးရိမ်မှုများ၊ ဆက်ဆံရေးအခက်အခဲများ၊ မိသားစု (သို့မဟုတ်) မိတ်ဆွေတို့၏ ပံ့ပိုးကူညီမှုမရှိခြင်းနှင့် ဆေး လိပ်၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကြောင့် ကိုယ်ဝန်စတင် ဆောင်စဉ် အမျိုးသမီးများ စိတ်ဓာတ်ကျနိုင်ခြေ ပိုများသည်။

စိတ်ဓာတ်ကျခြင်းကြောင့် မိခင်နှင့်ကလေးကြား ဆက်ဆံရေး ကို ထိခိုက်စေနိုင်ပြီး ကလေးငယ်၏ စောစောပိုင်း ဖွံ့ဖြိုးမှုကို ထိခိုက်စေကာ ရင်သွေးနှင့် မရင်းနှီးသလို ခံစားရစေသည်။

ယင်းအခြေအနေကြောင့် ကလေး၏ လိုအပ်ချက်များကို တုံ့ ပြန်ရန် မိခင်အတွက် ခက်ခဲလာစေနိုင်သည်။

စိတ်ဓာတ်ကျခြင်းကို မကုသဘဲထားပါက လမစေ့ဘဲ (ကိုယ်ဝန်သက်တမ်း ၃၇ ပတ်မတိုင်မီ) မွေးဖွားနိုင်ပြီး ပေါင်မပြည့်သော (၅ ပေါင် ၈ အောင်စထက်နည်းသော) ကလေးများ မွေးဖွားနိုင်သည်။

ကိုယ်ဝန်ဆောင်ချိန် စိတ်ဓာတ်ကျနေသော မိခင်လောင်းတစ် ဦးသည် ကျန်းမာရေးနှင့်အညီ စားသောက်ရန် ပျက်ကွက်ခြင်း (သို့မ ဟုတ်) ကိုယ်အလေးချိန် သိသိသာသာ ပိုများလာခြင်း ဖြစ်နိုင်သည်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ဓာတ်ကျသူများသည် ဆေး သောက်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ အကူအညီရယူခြင်းတို့ဖြင့် ကုသနိုင်သည်။ သို့သော် စိတ်ဓာတ်ကျခြင်းအတွက် သောက်ရသော ဆေးဝါးများကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့် သည်။   


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top