Property Expo
×









Credit:7Day Daily

Unicode Version

 ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးနောက် မက်ဆီသည် ဘာစီလိုနာအသင်းမှ ထွက်ခွာကာ၎င်း၏ ငယ်ဘဝအသင်းဖြစ်သော နီဝဲလ်အသင်းသို့ ပြောင်းရွှေ့နိုင် သည်ဟု အာဂျင်တီးနားကွင်း လယ်လူ မက်ဆီရိုဒရီဂွက်ဇ်က ပြောကြားသည်။


မက်ဆီသည် ငယ်ဘ၀ ကစားခဲ့သော နီဝဲလ်အသင်းမှ ဘာစီလိုနာသို့ ပြောင်းလာခဲ့ပြီး ၎င်း၏ ကစားသမားဘဝကို ဘာစီ လိုနာတွင်သာ ကုန်ဆုံးလိုသည်ဟုမကြာမီက ပြောကြားထားသည်။

နီဝဲလ်ကွင်းလယ်လူ  ရိုဒရီ ဂွက်ဇ်က မက်ဆီချက်ချင်း ၎င်းတို့ထံ ပြောင်းလာမည်ဟု မမျှော်လင့်သော်လည်း ၎င်း၏ အသင်းပြောင်းရွှေ့မှုသည် ရုရှားတွင် ကျင်းပမည့်ကမ္ဘာ့ ဖလားပြိုင်ပွဲနောက်ဖြစ် လာ နိုင်သည်ဟု ထင်မှတ်နေသည်။

‘‘တစ်ရက်ရက်မှာ နီဝဲလ် အသင်းအတွက် မက်ဆီကစား တာကို မြင်ရဖို့ မျှော်လင့်ထားပါ တယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးရင် ဖြစ်လာလိမ့်မယ်လို့ ထင် ပါတယ်’’ဟု ရိုဒရီဂွက်ဇ်က ပြော သည်။

မက်ဆီ (၂၉)နှစ်၏ ဘာစီလို နာနှင့် လက်ရှိစာချုပ်သည် ၂၀၁၈ ဇွန်လတွင် သက်တမ်းကုန်မည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top