Property Expo
×






#Unicode Version

အမေရိကန်ပြည်ထောင်စု၊ တီနက်ဆီးက အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ခုနှစ်ထပ်တိုက်ပေါ်ကနေ တွန်းချပြီး သတ်ပစ်ခဲ့မှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ သိရပါတယ်။

ဝါရှင်တန်နော်မန့်ဆိုသူက သူ့ရဲ့ နေအိမ်တိုက်ခန်းတစ်ခုဆီသို့လာ ရောက်ရန် အမျိုးသမီးတစ်ဦးကို ဖိတ်ခေါ်ခဲ့ပြီးနောက် သောက်စား ပျော်ပါးကာ အဆိုပါအမျိုးသမီးနဲ့ လိင်ဆက်ဆံဖို့တောင်းဆိုခဲ့ရာက ယင်းအမျိုးသမီးက ငြင်းဆန်ခဲ့တဲ့အတွက် တိုက်ပေါ်ကနေ တွန်းချခဲ့ တာပဲ ဖြစ်ပါတယ်။

တိုက်ပေါ်ကနေ ပစ်ချခံခဲ့ရတဲ့ အမျိုးသမီးက ကံကောင်းစွာပဲ အောက်မှာရှိနေတဲ့ သစ်ပင်ကနေတဆင့်မှ ပြုတ်ကျခဲ့ခြင်းကြောင့် အသက်မသေခဲ့ပဲ ဒဏ်ရာသာ ရရှိခဲ့လို့ ဆေးရုံတက်ဆေးကုသမှု ခံယူနေခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ပြစ်မှုကြောင့် ယင်းအမျိုးသားကို လူသတ်ရန်ကြံစည်မှုနဲ့ ဖမ်းဆီးပြီး ထောင်ချဖို့ တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top