Property Expo
×

 ေရႊဘိုၿမိဳ႕၊ ၿမိဳ႕ေထာင့္ေစတီ ဘုရားပြဲတြင္ ဇာတ္ပြဲၾကည့္သူအ ခ်င္းခ်င္း စကားမ်ားရန္ျဖစ္ရာမွ အေဝးသင္ ဒုတိယ ႏွစ္ေက်ာင္း သားတစ္ဦး ဓားထုိးခံရ၍ ေသဆံုး ခဲ့ေၾကာင္း ေရႊဘိုၿမိဳ႕နယ္ၿမိဳ႕မရဲ စခန္းမွ သတင္းရရွိသည္။

ေရႊဘိုၿမိဳ႕ ၿမိဳ႕ေထာင့္ေစတီ ဘုရားပြဲေတာ္တြင္ စက္တင္ဘာ ၂၈ ရက္ ည ၁၀ နာရီခြဲခန္႔က ဇာတ္ပြဲၾကည့္သူအခ်င္းခ်င္း စကားမ်ား ရန္ျဖစ္ရာမွ အသက္(၂၁)ႏွစ္အ ရြယ္ ဒုတိယႏွစ္အေဝးသင္တကၠ သိုလ္ေက်ာင္းသားတစ္ဦး ဓားထုိး ခံရ၍ ေသဆံုးခဲ့ေၾကာင္း ေရႊဘို ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းတာဝန္က်ရဲ အရာရွိက ေျပာသည္။

‘‘ဓားထိုးခံရလို႔ ေသဆံုးသူကရြာကေန ၿမိဳ႕ေထာင့္ေစတီပြဲလာ တယ္။ ဇာတ္ပြဲမွာ ပြဲၾကည့္ရင္း ကခုန္ၾကရာကေန စကားမ်ားရန္ ျဖစ္တာပါ။ ဓားထုိးခံရတဲ့ဘက္က တရားလိုအပါအဝင္ ညီအစ္ကို ေျခာက္ဦးပါ။ ဓားနဲ႔ထုိးသြားတဲ့ အဖြဲ႕က လူငယ္ ၁၂ ဦးလို႔ ေျပာ တယ္။ ဓားနဲ႔ထိုးတဲ့တရားခံေတြ ဘယ္သူဘယ္ဝါဆိုတာ စံုစမ္းစစ္ ေဆးေနဆဲျဖစ္ပါတယ္’’ ဟု ၎ က ေျပာၾကားသည္။

ေရႊဘိုၿမိဳ႕ ၿမိဳ႕ေထာင့္ေစတီ ဘုရားပြဲတြင္ ညီအစ္ကိုဝမ္းကြဲ ေတာ္စပ္သူေျခာက္ဦးသည္ ေဖာင္ ေတာ္ဦးေစတီအနီး ဇာတ္ပြဲတြင္ ပြဲၾကည့္ရင္း ဝင္ေရာက္ကစဥ္ အ မည္မသိ လူငယ္ ၁၂ ဦးခန္႔ႏွင့္ စကားမ်ားရန္ျဖစ္ခဲ့သည္။

အဆိုပါလူငယ္ ၁၂ ဦးအနက္အသားညိဳ၊ အရပ္ျမင့္၊ ခႏၶာကိုယ္ တုတ္ခိုင္သည့္ ပံုသဏၭာန္ရွိသူက ဓားျဖင့္ထိုးသျဖင့္ ခင္ဦးၿမိဳ႕နယ္ တမာ ေက်းရြာေန အသက္(၂၁) ႏွစ္အရြယ္ ဒုတိယႏွစ္ ျမန္မာစာ အေဝးသင္ တကၠသိုလ္ ေက်ာင္း သားတစ္ဦး၏ဝဲဘက္နံေဘးတြင္ ထုိးသြင္းဒဏ္ရာရရွိ၍ ေသဆံုးခဲ့ ေၾကာင္း ရဲမွတ္တမ္္းအရ သိရွိရ သည္။ အဆုိပါျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ေသဆံုးသူႏွင့္ညီအစ္ကို ဝမ္းကြဲေတာ္စပ္သူက တရားလို ျပဳလုပ္တိုင္ၾကားခဲ့သျဖင့္ ေရႊဘို ၿမိဳ႕မရဲစခန္းက လူသတ္မႈ အပါ အဝင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂၊ ၃၂၄ အရ အမႈဖြင့္စစ္ေဆး ေနေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရွှေဘိုမြို့၊ မြို့ထောင့်စေတီ ဘုရားပွဲတွင် ဇာတ်ပွဲကြည့်သူအ ချင်းချင်း စကားများရန်ဖြစ်ရာမှ အဝေးသင် ဒုတိယ နှစ်ကျောင်း သားတစ်ဦး ဓားထိုးခံရ၍ သေဆုံး ခဲ့ကြောင်း ရွှေဘိုမြို့နယ်မြို့မရဲ စခန်းမှ သတင်းရရှိသည်။

ရွှေဘိုမြို့ မြို့ထောင့်စေတီ ဘုရားပွဲတော်တွင် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခွဲခန့်က ဇာတ်ပွဲကြည့်သူအချင်းချင်း စကားများ ရန်ဖြစ်ရာမှ အသက်(၂၁)နှစ်အ ရွယ် ဒုတိယနှစ်အဝေးသင်တက္က သိုလ်ကျောင်းသားတစ်ဦး ဓားထိုး ခံရ၍ သေဆုံးခဲ့ကြောင်း ရွှေဘို မြို့နယ် မြို့မရဲစခန်းတာဝန်ကျရဲ အရာရှိက ပြောသည်။

‘‘ဓားထိုးခံရလို့ သေဆုံးသူကရွာကနေ မြို့ထောင့်စေတီပွဲလာ တယ်။ ဇာတ်ပွဲမှာ ပွဲကြည့်ရင်း ကခုန်ကြရာကနေ စကားများရန် ဖြစ်တာပါ။ ဓားထိုးခံရတဲ့ဘက်က တရားလိုအပါအဝင် ညီအစ်ကို ခြောက်ဦးပါ။ ဓားနဲ့ထိုးသွားတဲ့ အဖွဲ့က လူငယ် ၁၂ ဦးလို့ ပြော တယ်။ ဓားနဲ့ထိုးတဲ့တရားခံတွေ ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းစစ် ဆေးနေဆဲဖြစ်ပါတယ်’’ ဟု ၎င်း က ပြောကြားသည်။

ရွှေဘိုမြို့ မြို့ထောင့်စေတီ ဘုရားပွဲတွင် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူခြောက်ဦးသည် ဖောင် တော်ဦးစေတီအနီး ဇာတ်ပွဲတွင် ပွဲကြည့်ရင်း ဝင်ရောက်ကစဉ် အ မည်မသိ လူငယ် ၁၂ ဦးခန့်နှင့် စကားများရန်ဖြစ်ခဲ့သည်။

အဆိုပါလူငယ် ၁၂ ဦးအနက်အသားညို၊ အရပ်မြင့်၊ ခန္ဓာကိုယ် တုတ်ခိုင်သည့် ပုံသဏ္ဌာန်ရှိသူက ဓားဖြင့်ထိုးသဖြင့် ခင်ဦးမြို့နယ် တမာ ကျေးရွာနေ အသက်(၂၁) နှစ်အရွယ် ဒုတိယနှစ် မြန်မာစာ အဝေးသင် တက္ကသိုလ် ကျောင်း သားတစ်ဦး၏ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာရရှိ၍ သေဆုံးခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရှိရ သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ သေဆုံးသူနှင့်ညီအစ်ကို ဝမ်းကွဲတော်စပ်သူက တရားလို ပြုလုပ်တိုင်ကြားခဲ့သဖြင့် ရွှေဘို မြို့မရဲစခန်းက လူသတ်မှု အပါ အဝင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၃၂၄ အရ အမှုဖွင့်စစ်ဆေး နေကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top