Property Expo
×

အိပ္ေရး၀ေအာင္မအိပ္ရရင္ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာအတြက္ပါ ဆိုးက်ဳိးေပးၿပီး ႏွလံုးေရာဂါ၊အ၀လြန္ေရာဂါစတဲ့ ေရာဂါေပါင္းစံုျဖစ္လာႏိုင္သလို အအိပ္မ်ားလြန္းရင္လည္း က်န္းမာေရး ထိခိုက္ႏိုင္တယ္ ဆိုတာ သိထားဖို႔လိုပါတယ္။

ေဆးပညာရွင္ေတြက တစ္ေန႔အိပ္ခ်ိန္ကို ခုနစ္နာရီကေန ကိုးနာရီအထိရွိဖို႔ လိုတယ္ဆိုထားၿပီး အဲဒီထက္ေက်ာ္သြားရင္ေတာ့ ေက်ာင္းမွာ၊ အလုပ္မွာ ေႏွးေကြးေလးဖင့္ၿပီး အလုပ္မတြင္ျဖစ္ေစတာမို႔ ႐ိုး႐ိုးတမ္းတမ္းေတြးၾကည့္ရင္ကို အိပ္လြန္းတာမေကာင္းပါဘူး။ ဒီေတာ့ကာ အိပ္ခ်ိန္ကိုးနာရီထက္ပိုၿပီး အိပ္တဲ့သူေတြ ေရရွည္မွာ ဘာေတြျဖစ္ႏိုင္သလဲဆိုတာ ေလ့လာၾကည့္ရေအာင္ပါ။

စိတ္ဓာတ္က်ေစျခင္း - အိပ္လြန္း သူေတြကို ေလ့လာဆန္းစစ္ၾကည့္ တဲ့အခါမွာ ေန႔တိုင္းလိုလို အိပ္ခ်ိန္ကိုးနာရီေက်ာ္ေအာင္ အိပ္တဲ့သူ ေတြရဲ႕ ၄၉ ရာခိုင္ႏႈန္းဟာ စိတ္က် မႈေတြ ရင္ဆိုင္ရတယ္လို႔ ဆိုပါ တယ္။

ဦးေႏွာက္ကိုေစာစီးစြာ အိုမင္းေစ ျခင္း - အိပ္ခ်ိန္အၾကာႀကီးအိပ္တာ ကို ေျခာက္ႏွစ္ဆက္တိုက္လုပ္ခဲ့တဲ့ အမ်ဳိးသမီးေတြရဲ႕ ဦးေႏွာက္ဟာ ပံုမွန္အိပ္ခ်ိန္ ခုနစ္နာရီကေန ကိုးနာရီေလာက္ပဲ ယူသူေတြထက္ ၂ ႏွစ္ ပိုၿပီးအိုမင္းတယ္လို႔ သုေတသနျပဳခ်က္ေတြက ဆိုထားပါတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္အနားယူတာဟာ ဦးေႏွာက္အတြက္ ေကာင္းက်ဳိးျပဳတယ္ဆိုေပမယ့္ လြန္သြားရင္ေတာ့ ဒုကၡေပးၿပီလို႔သာ ေတြးထားပါ။

ကိုယ္၀န္ရရန္ခက္ခဲျခင္း - အရမ္း အိပ္လြန္းတဲ့ အမ်ဳိးသမီးေတြဟာ ပံုမွန္အိပ္ခ်ိန္အတိုင္း အိပ္တဲ့အမ်ဳိးသမီးေတြထက္ ရင္ေသြးရရွိဖို႔အခြင့္ အေရးနည္းတယ္လို႔ ဆိုပါ တယ္။

ဆီးခ်ဳိေရာဂါျဖစ္ေစျခင္း - အအိပ္ မ်ားလြန္းတဲ့အခါ ဆီးခ်ဳိ Type 2 ျဖစ္ဖို႔ အခြင့္အလမ္းပိုမ်ားတယ္လို႔  သိရပါတယ္။

ကိုယ္အေလးခ်ိန္တိုးေစျခင္း - အအိပ္လြန္ရင္ က်န္းမာေရးနဲ႔ ညီ ၫြတ္တဲ့ အစားအစာေတြနဲ႔ ေလ့ က်င့္ခန္းေတြနဲ႔ပါ ေ၀းကြာသြား တာေၾကာင့္ ပံုပ်က္မယ့္အေနအ ထားပိုမ်ားပါတယ္။

ခါးနာေစႏိုင္ျခင္း - အိပ္ရာေပၚမွာအခ်ိန္အၾကာႀကီးလဲေလ်ာင္းၿပီး အိပ္စက္ရာက ေနာက္ေက်ာနဲ႔ ခါးေတြ တဆစ္ဆစ္ကိုက္တာမ်ဳိးေတြ ျဖစ္လာပါက ၾကာလာရင္ျပင္းထန္ခါးနာတဲ့အဆင့္အထိ ေရာက္သြားႏိုင္တယ္ဆိုတာ သတိခ်ပ္ပါ။

တစ္ခ်ိန္လံုးအိပ္ငိုက္ေနျခင္း - အရမ္းအၾကာႀကီးအိပ္ၿပီး ႏိုးလာ ခ်ိန္မွာ ေခါင္းထဲမူးသလိုလို၊ ပင္ ပန္းသလိုလို ခံစားရတတ္သလို ေခါင္းလည္းကိုက္လာတတ္တာ ေၾကာင့္ တစ္ခ်ိန္လံုး အိပ္ခ်င္စိတ္ ပဲျဖစ္ေနေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

အိပ်ရေးဝအောင်မအိပ်ရရင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ဆိုးကျိုးပေးပြီး နှလုံးရောဂါ၊အဝလွန်ရောဂါစတဲ့ ရောဂါပေါင်းစုံဖြစ်လာနိုင်သလို အအိပ်များလွန်းရင်လည်း ကျန်းမာရေး ထိခိုက်နိုင်တယ် ဆိုတာ သိထားဖို့လိုပါတယ်။

ဆေးပညာရှင်တွေက တစ်နေ့အိပ်ချိန်ကို ခုနစ်နာရီကနေ ကိုးနာရီအထိရှိဖို့ လိုတယ်ဆိုထားပြီး အဲဒီထက်ကျော်သွားရင်တော့ ကျောင်းမှာ၊ အလုပ်မှာ နှေးကွေးလေးဖင့်ပြီး အလုပ်မတွင်ဖြစ်စေတာမို့ ရိုးရိုးတမ်းတမ်းတွေးကြည့်ရင်ကို အိပ်လွန်းတာမကောင်းပါဘူး။ ဒီတော့ကာ အိပ်ချိန်ကိုးနာရီထက်ပိုပြီး အိပ်တဲ့သူတွေ ရေရှည်မှာ ဘာတွေဖြစ်နိုင်သလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

စိတ်ဓာတ်ကျစေခြင်း - အိပ်လွန်း သူတွေကို လေ့လာဆန်းစစ်ကြည့် တဲ့အခါမှာ နေ့တိုင်းလိုလို အိပ်ချိန်ကိုးနာရီကျော်အောင် အိပ်တဲ့သူ တွေရဲ့ ၄၉ ရာခိုင်နှုန်းဟာ စိတ်ကျ မှုတွေ ရင်ဆိုင်ရတယ်လို့ ဆိုပါ တယ်။

ဦးနှောက်ကိုစောစီးစွာ အိုမင်းစေ ခြင်း - အိပ်ချိန်အကြာကြီးအိပ်တာ ကို ခြောက်နှစ်ဆက်တိုက်လုပ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ ပုံမှန်အိပ်ချိန် ခုနစ်နာရီကနေ ကိုးနာရီလောက်ပဲ ယူသူတွေထက် ၂ နှစ် ပိုပြီးအိုမင်းတယ်လို့ သုတေသနပြုချက်တွေက ဆိုထားပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူတာဟာ ဦးနှောက်အတွက် ကောင်းကျိုးပြုတယ်ဆိုပေမယ့် လွန်သွားရင်တော့ ဒုက္ခပေးပြီလို့သာ တွေးထားပါ။

ကိုယ်ဝန်ရရန်ခက်ခဲခြင်း - အရမ်း အိပ်လွန်းတဲ့ အမျိုးသမီးတွေဟာ ပုံမှန်အိပ်ချိန်အတိုင်း အိပ်တဲ့အမျိုးသမီးတွေထက် ရင်သွေးရရှိဖို့အခွင့် အရေးနည်းတယ်လို့ ဆိုပါ တယ်။

ဆီးချိုရောဂါဖြစ်စေခြင်း - အအိပ် များလွန်းတဲ့အခါ ဆီးချို Type 2 ဖြစ်ဖို့ အခွင့်အလမ်းပိုများတယ်လို့  သိရပါတယ်။

ကိုယ်အလေးချိန်တိုးစေခြင်း - အအိပ်လွန်ရင် ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ အစားအစာတွေနဲ့ လေ့ ကျင့်ခန်းတွေနဲ့ပါ ဝေးကွာသွား တာကြောင့် ပုံပျက်မယ့်အနေအ ထားပိုများပါတယ်။

ခါးနာစေနိုင်ခြင်း - အိပ်ရာပေါ်မှာအချိန်အကြာကြီးလဲလျောင်းပြီး အိပ်စက်ရာက နောက်ကျောနဲ့ ခါးတွေ တဆစ်ဆစ်ကိုက်တာမျိုးတွေ ဖြစ်လာပါက ကြာလာရင်ပြင်းထန်ခါးနာတဲ့အဆင့်အထိ ရောက်သွားနိုင်တယ်ဆိုတာ သတိချပ်ပါ။

တစ်ချိန်လုံးအိပ်ငိုက်နေခြင်း - အရမ်းအကြာကြီးအိပ်ပြီး နိုးလာ ချိန်မှာ ခေါင်းထဲမူးသလိုလို၊ ပင် ပန်းသလိုလို ခံစားရတတ်သလို ခေါင်းလည်းကိုက်လာတတ်တာ ကြောင့် တစ်ချိန်လုံး အိပ်ချင်စိတ် ပဲဖြစ်နေစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top