Kantharyar Centre
×



















Credit:Duwun

Unicode Version

ဒူးဒဏ်ရာ ရရှိနေရာက ပြန်လည်သက်သာလာပြီဖြစ်တဲ့ လီဗာပူးကစားသမား ဒန်နီအင့်စ်တစ်ယောက်ဟာ ဘောလုံးပွဲတွေ ကစားခွင့်လွဲချော်နေရပေမယ့် အိမ်မှာတော့ အတော်ပျော်ပုံရပါတယ်။

ဒန်နီအင့်စ်ဟာ နေအိမ်မှာရှိတဲ့ ထမင်းစား စားပွဲခုံမှ ထိုင်နေခဲ့ပြီး ဓာတ်ပုံ အရိုက်ခံခဲ့တာဖြစ်ပါတယ်။ စားပွဲပေါ်မှာ ရေခဲပုံးထဲ ထည့်ထားတဲ့ ဝိုင်ပုလင်းနဲ့ ဖန်ခွက်တွေလည်း ရှိနေခဲ့ပါတယ်။ ဒီပုံကို သူ့ရဲ့ဆက်စီမော်ဒယ် ချစ်သူ ဂျော်ဂျီယာဂစ်ရိုက်ကူးပေးခဲ့တယ်ဆိုတာ ဘယ်သူမှ မပြောပေမယ့် သိသာစေတဲ့ အကြောင်းရာက ဓာတ်ပုံထဲ ပါလာခဲ့ပါတယ်။


ဒန်နီအင့်စ်နောက်မှာ ကြီးမားတဲ့ မှန်ချပ်ကြီးတစ်ခု ရှိနေခဲ့ပြီး အဲဒီမှန်ချပ်ထဲမှာ သူ့ရဲ့ချစ်သူ ဂစ်ရဲ့ ဘီကီနီခန္ဓာကိုယ်က ပေါ်နေခဲ့လို့ ဖြစ်ပါတယ်။ ဒီဓာတ်ပုံကို ဂစ်ကိုယ်တိုင်ကလည်း အင်စတာဂရမ်မှာ တင်ခဲ့ပြီး " ဆွီဒင်ကို သွားပြီ။ သွားရလို့ ပျောပါသည်" ဆိုပြီး တင်ထားခဲ့ပါသေးတယ်။


ဒန်နီအင့်စ်ဟာ ဒဏ်ရာက သက်သာလာပြီးနောက် လီဗာပူးအသင်း ယူ-၂၃ ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး အခုတော့ အသင်းကြီးမှာ ပြန်လည်ပါဝင်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top