Property Expo
×

စိတ္အပန္းေျဖဖုိ႔ျဖစ္ျဖစ္ ရုပ္ရွင္ၾကည့္ရတာ ဝါသနာပါသူေတြ ရွိမွာပါ။ ရုပ္ရွင္ရံုထဲကိုေတာ့ ဒီအတုိင္းဝင္သြားသူ နည္းပါတယ္။ အခ်ိန္ ႏွစ္နာရီေက်ာ္ေလာက္ၾကာတာမို႔ စားေသာက္စရာေလးေတြေတာ့ သယ္သြားၾကတာေပါ့။ ရုပ္ရွင္ၾကည့္ရင္းနဲ႔ စားလို႔ေကာင္းတဲ့ သြားေရစာေတြထဲမွာ ဘယ္အရာေတြက က်န္းမာေရးနဲ႔ညီညြတ္ၿပီး ရုပ္ရွင္ၾကည့္ခ်ိန္အတြက္ အေကာင္းဆံုးျဖစ္မလဲဆုိတာ ဖတ္ၾကည့္ပါဦး။

၁။ ေပါက္ေပါက္

႐ုပ္႐ွင္႐ံုထဲမွာ အပ်င္းေျပဝါးဖုိ႔အေကာင္းဆံုးကေတာ့ ေပါက္ေပါက္ပါ။ လူတုိင္းလိုလိုလည္း ေပါက္ေပါက္ကိုပဲ ဝယ္ၾကပါတယ္။ ဒါေပမဲ့ ေထာပတ္ေပါက္ေပါက္ကိုေတာ့ မေ႐ြးပါနဲ႔။ ကယ္လိုရီအရမ္းမ်ားတာေၾကာင့္ သာမာန္ေပါက္ေပါက္ကိုသာ ဝယ္သင့္ပါတယ္။

၂။ ပူ႐ွိန္းသၾကားလံုး

လန္းလန္းဆန္းဆန္းနဲ႔ ႐ုပ္႐ွင္ကို အာ႐ံုစူးစိုက္ၾကည့္ႏိုင္ဖုိ႔အတြက္ ပူ႐ွိန္းသၾကားလံုးေလးေတြက ကူညီေပးပါတယ္။ ေဘးလူလည္း အေႏွာင့္အယွက္မျဖစ္တဲ့ သြားေရစာမ်ိဳးေပါ့။

၃။ သၾကားမပါတ့ဲေသာက္စရာ

ဇာတ္႐ွိန္တက္ေနမွ ေရငတ္လို႔ထေသာက္ရတာမ်ိဳးမျဖစ္ေအာင္ ေရဘူးေဆာင္သြားတတ္ၾကတယ္မဟုတ္လား။ တကယ္လို႔ ေရမဟုတ္ဘဲ တျခားဟာေသာက္ခ်င္တယ္ဆိုရင္ေတာ့ သၾကားမပါတဲ့ ေဖ်ာ္ရည္လိုမ်ိဳးကလည္း အဆင္ေျပပါတယ္။

၄။ အေစ့အဆံ

သီဟိုေစ့၊ အယ္လ္မြန္ေစ့တုိ႔လို အေစ့မ်ိဳးက အပ်င္းေျပလည္းစားႏိုင္သလို ဗီတာမင္ E လည္း ပါဝင္တာေၾကာင့္ စားဖုိ႔အသင့္ေတာ္ဆံုးပါပဲ။ ေနၾကာေစ့ေတာ့ မေရြးပါနဲ႔။ တေဖ်ာက္ေဖ်ာက္နဲ႔ ကိုက္ေနလို႔ အသံေတြထြက္ေနတဲ့အခါ သူမ်ားလည္း အေႏွာင့္အယွက္ျဖစ္ရသလို ကိုယ္တိုင္လည္း အစားအေပၚအာ႐ံုစိုက္မိေနတာနဲ႔တင္ ဇာတ္ကားအေပၚ အာ႐ံုမေရာက္ေတာ့ပါဘူး။

၅။ သစ္သီးေျခာက္

အခ်ဥ္ႀကိဳက္ရင္ေတာ့ သစ္သီးယိုေျခာက္အထုပ္ေလးေတြကို သယ္သြားပါ။ ငံျပာရည္ပါတဲ့ အခ်ဥ္ေပါင္းေတြက မေတာ္တဆမ်ား ေမွာက္က်ရင္ ကိုယ္တုိင္ေရာ သူမ်ားေတြမွာပါ အနံ႔ေတြစြဲကုန္ပါလိမ့္မယ္။ ကိုယ္တုိင္ကလည္း ငံျပာရည္ေတြမဖိတ္ေအာင္ ဂရုစိုက္ေနရတာမ်ိဳးမျဖစ္ေအာင္ သစ္သီးေျခာက္၊ သစ္သီးယိုေတြကို ေ႐ြးခ်ယ္တာ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

စိတ်အပန်းဖြေဖို့ဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရတာ ဝါသနာပါသူတွေ ရှိမှာပါ။ ရုပ်ရှင်ရုံထဲကိုတော့ ဒီအတိုင်းဝင်သွားသူ နည်းပါတယ်။ အချိန် နှစ်နာရီကျော်လောက်ကြာတာမို့ စားသောက်စရာလေးတွေတော့ သယ်သွားကြတာပေါ့။ ရုပ်ရှင်ကြည့်ရင်းနဲ့ စားလို့ကောင်းတဲ့ သွားရေစာတွေထဲမှာ ဘယ်အရာတွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး ရုပ်ရှင်ကြည့်ချိန်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦး။

၁။ ပေါက်ပေါက်

ရုပ်ရှင်ရုံထဲမှာ အပျင်းပြေဝါးဖို့အကောင်းဆုံးကတော့ ပေါက်ပေါက်ပါ။ လူတိုင်းလိုလိုလည်း ပေါက်ပေါက်ကိုပဲ ဝယ်ကြပါတယ်။ ဒါပေမဲ့ ထောပတ်ပေါက်ပေါက်ကိုတော့ မရွေးပါနဲ့။ ကယ်လိုရီအရမ်းများတာကြောင့် သာမာန်ပေါက်ပေါက်ကိုသာ ဝယ်သင့်ပါတယ်။

၂။ ပူရှိန်းသကြားလုံး

လန်းလန်းဆန်းဆန်းနဲ့ ရုပ်ရှင်ကို အာရုံစူးစိုက်ကြည့်နိုင်ဖို့အတွက် ပူရှိန်းသကြားလုံးလေးတွေက ကူညီပေးပါတယ်။ ဘေးလူလည်း အနှောင့်အယှက်မဖြစ်တဲ့ သွားရေစာမျိုးပေါ့။

၃။ သကြားမပါတဲ့သောက်စရာ

ဇာတ်ရှိန်တက်နေမှ ရေငတ်လို့ထသောက်ရတာမျိုးမဖြစ်အောင် ရေဘူးဆောင်သွားတတ်ကြတယ်မဟုတ်လား။ တကယ်လို့ ရေမဟုတ်ဘဲ တခြားဟာသောက်ချင်တယ်ဆိုရင်တော့ သကြားမပါတဲ့ ဖျော်ရည်လိုမျိုးကလည်း အဆင်ပြေပါတယ်။

၄။ အစေ့အဆံ

သီဟိုစေ့၊ အယ်လ်မွန်စေ့တို့လို အစေ့မျိုးက အပျင်းပြေလည်းစားနိုင်သလို ဗီတာမင် E လည်း ပါဝင်တာကြောင့် စားဖို့အသင့်တော်ဆုံးပါပဲ။ နေကြာစေ့တော့ မရွေးပါနဲ့။ တဖျောက်ဖျောက်နဲ့ ကိုက်နေလို့ အသံတွေထွက်နေတဲ့အခါ သူများလည်း အနှောင့်အယှက်ဖြစ်ရသလို ကိုယ်တိုင်လည်း အစားအပေါ်အာရုံစိုက်မိနေတာနဲ့တင် ဇာတ်ကားအပေါ် အာရုံမရောက်တော့ပါဘူး။

၅။ သစ်သီးခြောက်

အချဉ်ကြိုက်ရင်တော့ သစ်သီးယိုခြောက်အထုပ်လေးတွေကို သယ်သွားပါ။ ငံပြာရည်ပါတဲ့ အချဉ်ပေါင်းတွေက မတော်တဆများ မှောက်ကျရင် ကိုယ်တိုင်ရော သူများတွေမှာပါ အနံ့တွေစွဲကုန်ပါလိမ့်မယ်။ ကိုယ်တိုင်ကလည်း ငံပြာရည်တွေမဖိတ်အောင် ဂရုစိုက်နေရတာမျိုးမဖြစ်အောင် သစ်သီးခြောက်၊ သစ်သီးယိုတွေကို ရွေးချယ်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top