Property Expo
×


သီတင္းတစ္ပတ္လွ်င္ ႏွစ္ႀကိမ္ အေလးမေလ့က်င့္ခန္းလုပ္ျခင္းမွာ ဦးေႏွာက္၏ က်န္းမာေရးက်ဆင္းမႈကို တုိက္ဖ်က္ႏိုင္ေၾကာင္း၊ အထူးသျဖင့္ အမ်ိဳးသမီးမ်ားတြင္ ပို၍သိသာေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

ဦးေႏွာက္အတြင္းပိုင္း ဗဟိုနာ့ဗ္ေၾကာစနစ္၏ တစ္သွ်ဴးတစ္မ်ိဳး ျဖစ္ေသာ White Matter အေပၚ မည္သည့္အားကစားနည္းကအက်ိဳး ျပဳသနည္းဆိုသည္ကို ကေနဒါႏိုင္ငံ ဗန္ကူးဗားၿမိဳ႕မွ အိုမင္းရင့္ေရာ္ ျခင္း၊ လႈပ္ရွားမႈႏွင့္ အာ႐ံုေၾကာသိပၸံဓာတ္ခြဲခန္းမွ ဒါ႐ိုက္တာထရီဆာ လ်ဴအမ္ဘေရာ့စ္ႏွင့္အဖြဲ႕က ေလ့လာခဲ့ၾကသည္။

ယခင္က ဦးေႏွာက္ႏွင့္ အာ႐ံုေၾကာေလ့လာမႈမ်ား၌ White Matter မ်ားတြင္ ပြန္းပဲ့မႈမ်ား (အေပါက္မ်ား) ျဖစ္ေပၚလာခဲ့ပါက မွတ္ဉာဏ္ဆိိုင္ရာ ျပႆာနာမ်ားျဖစ္လာသည္ကို ေတြ႕ရွိထားၿပီးျဖစ္ သည္။ ယင္းအတြက္ ခႏၶာကိုယ္ႂကြက္သားမ်ားကို ႀကံ႕ခိုင္ေတာင့္တင္းေစေသာ အေလးမျခင္းမွာ အသက္အရြယ္ေၾကာင့္ ဦးေႏွာက္စြမ္းရည္က်ဆင္းမႈအေပၚ အျပဳသေဘာ သက္ေရာက္သလားဆိုသည္ကို အမ္ဘေရာ့စ္တို႔အဖြဲ႕က ေလ့လာခဲ့ၾကသည္။

ေလ့လာမႈတြင္ အသက္ (၆၅) ႏွစ္မွ (၇၅) ႏွစ္ၾကား အမ်ိဳးသမီး ၁၅၅ ဦးပါ၀င္ၿပီး တစ္ႏွစ္ခန္႔ၾကာျမင့္ခဲ့သည္။

၎တို႔၏ လမ္းေလွ်ာက္ႏႈန္းႏွင့္ တည္ၿငိမ္မႈကို စမ္းသပ္ၿပီး ေနာက္  အဖြဲ႕သံုးဖြဲ႕ခြဲလိုက္သည္။ တစ္ဖြဲ႕မွာ ခႏၶာကိုယ္အေပၚပိုင္းႏွင့္ ေအာက္ပိုင္းအတြက္ ေပါ့ပါးေသာ အေလးမေလ့က်င့္မႈတစ္ပတ္ တစ္ႀကိမ္လုပ္ၾကသည္။ ဒုတိယအဖြဲ႕မွာ တစ္ပတ္လွ်င္ ႏွစ္ႀကိမ္ အလားတူေလ့က်င့္ၾကသည္။ တတိယအဖြဲ႕မွာ ပံုမွန္ေလ့က်င့္ခန္း မ်ားသာ လုပ္ေဆာင္ၾကသည္။

တစ္ႏွစ္ၾကာျမင့္ၿပီးေနာက္တြင္ ပထမအဖြဲ႕ႏွင့္ တတိယအဖြဲ႕ တြင္ ပါ၀င္သူမ်ား၏ ဦးေႏွာက္ထဲမွ White Matter မ်ားတြင္ ပြန္း ပဲ့မႈ(အေပါက္မ်ား) မ်ားျပားလာသည္ကို ေတြ႕ရၿပီး သီတင္းပတ္တစ္ ပတ္လွ်င္ ႏွစ္ႀကိမ္ အေလးမေလ့က်င့္ခန္းလုပ္သူမ်ားတြင္ White Matter ပြန္းပဲ့မႈနည္းပါးသည္ကို သုေတသီမ်ားက ေတြ႕ရွိခဲ့ၾက သည္။

ယင္းအတြက္ အေလးမျခင္းမွာ ဦးေႏွာက္၏ ဖြဲ႕စည္းပံုကို အက်ိဳးျပဳေသာ သက္ေရာက္မႈရွိၿပီး ယင္းသို႔ျဖစ္ေစရန္ အနည္းဆံုး လုိအပ္ေသာ ေလ့က်င့္မႈကိုမူ လုပ္ေဆာင္ရန္လိုအပ္သည္ဟု ေလ့လာမႈက ေဖာ္ျပေနသည္။  

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 သီတင်းတစ်ပတ်လျှင် နှစ်ကြိမ် အလေးမလေ့ကျင့်ခန်းလုပ်ခြင်းမှာ ဦးနှောက်၏ ကျန်းမာရေးကျဆင်းမှုကို တိုက်ဖျက်နိုင်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးများတွင် ပို၍သိသာကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ဦးနှောက်အတွင်းပိုင်း ဗဟိုနာ့ဗ်ကြောစနစ်၏ တစ်သျှူးတစ်မျိုး ဖြစ်သော White Matter အပေါ် မည်သည့်အားကစားနည်းကအကျိုး ပြုသနည်းဆိုသည်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှ အိုမင်းရင့်ရော် ခြင်း၊ လှုပ်ရှားမှုနှင့် အာရုံကြောသိပ္ပံဓာတ်ခွဲခန်းမှ ဒါရိုက်တာထရီဆာ လျူအမ်ဘရော့စ်နှင့်အဖွဲ့က လေ့လာခဲ့ကြသည်။

ယခင်က ဦးနှောက်နှင့် အာရုံကြောလေ့လာမှုများ၌ White Matter များတွင် ပွန်းပဲ့မှုများ (အပေါက်များ) ဖြစ်ပေါ်လာခဲ့ပါက မှတ်ဉာဏ်ဆိုင်ရာ ပြဿာနာများဖြစ်လာသည်ကို တွေ့ရှိထားပြီးဖြစ် သည်။ ယင်းအတွက် ခန္ဓာကိုယ်ကြွက်သားများကို ကြံ့ခိုင်တောင့်တင်းစေသော အလေးမခြင်းမှာ အသက်အရွယ်ကြောင့် ဦးနှောက်စွမ်းရည်ကျဆင်းမှုအပေါ် အပြုသဘော သက်ရောက်သလားဆိုသည်ကို အမ်ဘရော့စ်တို့အဖွဲ့က လေ့လာခဲ့ကြသည်။

လေ့လာမှုတွင် အသက် (၆၅) နှစ်မှ (၇၅) နှစ်ကြား အမျိုးသမီး ၁၅၅ ဦးပါဝင်ပြီး တစ်နှစ်ခန့်ကြာမြင့်ခဲ့သည်။

၎င်းတို့၏ လမ်းလျှောက်နှုန်းနှင့် တည်ငြိမ်မှုကို စမ်းသပ်ပြီး နောက်  အဖွဲ့သုံးဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့မှာ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းအတွက် ပေါ့ပါးသော အလေးမလေ့ကျင့်မှုတစ်ပတ် တစ်ကြိမ်လုပ်ကြသည်။ ဒုတိယအဖွဲ့မှာ တစ်ပတ်လျှင် နှစ်ကြိမ် အလားတူလေ့ကျင့်ကြသည်။ တတိယအဖွဲ့မှာ ပုံမှန်လေ့ကျင့်ခန်း များသာ လုပ်ဆောင်ကြသည်။

တစ်နှစ်ကြာမြင့်ပြီးနောက်တွင် ပထမအဖွဲ့နှင့် တတိယအဖွဲ့ တွင် ပါဝင်သူများ၏ ဦးနှောက်ထဲမှ White Matter များတွင် ပွန်း ပဲ့မှု(အပေါက်များ) များပြားလာသည်ကို တွေ့ရပြီး သီတင်းပတ်တစ် ပတ်လျှင် နှစ်ကြိမ် အလေးမလေ့ကျင့်ခန်းလုပ်သူများတွင် White Matter ပွန်းပဲ့မှုနည်းပါးသည်ကို သုတေသီများက တွေ့ရှိခဲ့ကြ သည်။

ယင်းအတွက် အလေးမခြင်းမှာ ဦးနှောက်၏ ဖွဲ့စည်းပုံကို အကျိုးပြုသော သက်ရောက်မှုရှိပြီး ယင်းသို့ဖြစ်စေရန် အနည်းဆုံး လိုအပ်သော လေ့ကျင့်မှုကိုမူ လုပ်ဆောင်ရန်လိုအပ်သည်ဟု လေ့လာမှုက ဖော်ပြနေသည်။  

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top