Property Expo
×

ဒီေန႔ ၾကံဳခဲ့ရတဲ့ အျဖစ္အပ်က္တစ္ခုကို ကိုယ့္လိုမ်ိဳး မျဖစ္ရေအာင္ သူငယ္ခ်င္းေတြကို သတိေပးခ်င္လို႔ ေျပာျပခ်င္ပါတယ္…..
ဒီေန႔ သင္တန္းက စာေမးပြဲေစာေစာေျဖၿပီးလို႔ သူငယ္ခ်င္းေတြနဲ႔ မုန္႔တီသြားေသာက္ၿပီး ေစာေနလို႔ ေယာကၡမအိမ္သြားမလို႔ဆို ေရေက်ာ္ဘက္ကို ထြက္လာခဲ့တာ ဇာတ္လမ္းက အဲ့မွာစတာပါပဲ….

၄၇ လမ္းထိပ္က Excellent မွာ အိမ္က သမီးအတြက္ေရာ၊ ေယာကၡမအိမ္က ကေလးေတြအတြက္ေရာ အသားေခ်ာင္းဝယ္မလို႔ဆို ကားလမ္းကူးအၿပီး ပလက္ေဖာင္းေပၚအတက္ အေရွ႕တည့္တည့္ကေန ေကာင္မေလး ၂ ေယာက္ လာေနတာေတြ႕လိုက္ေပမယ့္ ကိုယ့္အာရံုနဲ႔ကိုယ္မို႔ အမွတ္တမဲ့ျဖစ္ေနတဲ့အခ်ိန္ “ဟာ သူငယ္ခ်င္း မေတြ႕တာၾကာပီ ေနေကာင္းလား”ဆို ခုနက ေရွ႕တည့္တည့္က ေကာင္မေလး ၂ ေယာက္က မ်က္ႏွာခ်င္းဆိုင္ကေန ကၽြန္မလက္ တစ္ဖက္တစ္ခ်က္ကိုလွမ္းခ်ိတ္ၿပီး ႏႈတ္ဆက္လိုက္ေတာ့ ျမတ္ဆုမြန္ဆိုတဲ့ ကၽြန္မကေလ သိတဲ့အတိုင္း ရုတ္တရက္ဆို ေၾကာင္ေတာင္ေတာင္နဲ႔ “ေအး မေကာင္းဘူး အံဆံုးေပါက္ေနတာ ခုထိႏႈတ္မရေသးလို႔ဟယ္”ဆို ျပန္ေျပာလိုက္ေသးတယ္….(ဘယ္ေလာက္ေတာင္ ေၾကာင္ေတာင္ေတာင္ ေဂါက္ေတာက္ေတာက္ ႏိုင္လိုက္လဲ ဆိုတာေလ၊ ဒီေလာက္ ကိုယ့္လက္ႀကီးကို ဖမ္းခ်ိတ္ထားတာကို)
ၿပီးေတာ့မွ “ေအးဟယ္ စိတ္မရွိနဲ႔ေနာ္ ငါမမွတ္မိလို႔ လသာ ၂ ကလား” တဲ့ ေမးမိလိုက္ေသးတယ္(အခု ျပန္စဥ္းစားမွ ကိုယ့္ဟာကို ပါးေတာင္ရိုက္ပလိုက္ခ်င္တယ္)….အဲဒီမွာ ဆံပင္အတိုအေကာက္နဲ႔ ေကာင္မေလးက “သူငယ္ခ်င္း ငါတို႔ေန႔လည္ထဲက ဘာမွမစားရေသးလို႔ ပိုက္ဆံေပးစမ္းဘာ”တဲ့….
“ဟမ္” ဆို ရုတ္တရက္ ထြက္လိုက္တဲ့အသံက က်ယ္သြားေတာ့ ကၽြန္မရဲ႕ ဘယ္ဘက္က ဂ်ာစီအေႏြးထည္ဝတ္ထားတဲ့ ေကာင္မေလးက ကၽြန္မနား ပိုအတင္းကပ္ပီး အိတ္ထဲထည့္ထားတဲ့ လက္တစ္ဖက္က “ေဂ်ာက္ ေဂ်ာက္ ေဂ်ာက္” ဆိုတဲ့အသံထြက္လာပီး ကၽြန္မခါးေနရာနားကေန စူးကနဲခံစားလိုက္ရတယ္….ေသခ်ာပီေလ ခဲတံခၽြန္တဲ့ဓားလိုဟာမ်ိဳးနဲ႔ ေထာက္ပီး ေန႔ခင္းေၾကာင္ေတာင္ မိန္းကေလးတန္မယ့္ ဓားျပတိုက္ေနတာပဲ….
ဘဝမွာ တစ္ခါမွ အဲလိုမၾကံဳဖူးေတာ့ ရုတ္တရက္ေလ ေခါင္းေမႊးေတြေတာင္ ေထာင္သြားသလားထင္ရတယ္
အဲဒီအခ်ိန္အထိ အဲ့ေကာင္မေလး ၂ ေယာက္မ်က္ႏွာ လံုးဝအရယ္အျပံဳး မပ်က္ဘူးေနာ္….ရယ္ေနရင္းနဲ႔ ကၽြန္မနားတိုးတိုးေလး ကပ္ေျပာတယ္…. “ေအာ္လိုက္တာနဲ႔ ဓားနဲ႔ထိုးပီးသားေနာ္”တဲ့….
သူ အဲလိုလဲေျပာလိုက္ေရာ ခုနက ေခါင္းေမႊးေထာင္ေအာင္ ေၾကာက္သြားတဲ့စိတ္ကေန ေဒါသေတြထြက္လာလိုက္တာဆိုတာ…ကၽြန္မကို ၿခိမ္းေျခာက္တာေလာက္ ေသေအာင္မုန္းတာမရွိဘူး…
“အဟား” ဆို တစ္ခ်က္အသံထြက္သြားေတာ့ အိတ္ထဲႏွိုက္ထားတဲ့ လက္တစ္ဖက္စီကဓားက ခါးေနရာကို ပိုေထာက္လာတယ္….၄၇ လမ္းထိပ္ ဟိုဘက္ကားလမ္းက လူနဲနဲျပတ္တဲ့အျပင္ မိန္းကေလး ၃ ေယာက္စကားေျပာေနေတာ့ ဘယ္သူကမွလဲ အေရးတယူၾကည့္မေနၾကဘူးေလ…
“ျမန္ျမန္ေပးဟာ ၾကာတယ္”တဲ့….ကၽြန္မဆိုတဲ့ မိန္းမကလဲ (သရဲကလြဲရင္)ကိုယ္မဟုတ္တာ မလုပ္လို႔ကေတာ့ သမၼတလိုလူကိုေတာင္ တစ္စက္ကေလးမွ မေၾကာက္တတ္တဲ့ လူစားဆိုေတာ့ ေၾကာက္စိတ္အစား ေန႔ခင္းေၾကာင္ေတာင္ ဓားျပလာတိုက္ေနေတာ့ ေဒါသေတြကပိုထြက္….
“နင္တို႔ ၂ ေယာက္က ငါ႔လက္ ၂ ဖက္လံုး ခ်ပ္ထားတာ ငါက ဘယ္လက္နဲ႔ ပိုက္ဆံအိတ္ႏွိုက္မလဲဟဲ့ ေကာင္မေတြရဲ႕” လို႔ ေျပာပီး အိတ္ထဲကေန ဓားနဲ႔ေထာက္ထားတဲ့ တစ္ေယာက္လက္ကို ဇတ္ဆို ရုန္းလိုက္ေတာ့ သူက ျပန္ဖမ္းဆြဲပီး “ေအာ္ရင္ နင္အေသပဲေနာ္” တဲ့…”ေအး မေအာ္ဘူး မေအာ္ဘူး ေပးမယ္ လႊတ္မွာသာ လႊတ္စမ္း”ဆို ေျပာလဲေျပာ ေဆာင့္လဲရုန္းပလိုက္ေတာ့ ဂ်ာစီဝတ္ထားတဲ့ ေကာင္မေလးက လႊတ္ေပးလိုက္ေပမယ့္ လူကိုေတာ့ ေဘးကေန အတင္းကပ္ပီး ဓားနဲ႔ေထာက္ထားတုန္း

အဲဒါနဲ႔ ပိုက္ဆံအိတ္ဖြင့္ ပိုက္ဆံႏွိုက္ေနတုန္း ဓားနဲ႔ေထာက္ထားတဲ့လက္က အားနည္းနည္းေပ်ာ့သြားပီး ပိုက္ဆံအိတ္ထဲကို ျပဴးျပဲၾကည့္ေနတာ….ျဖစ္ခ်င္ေတာ့ ပိုက္ဆံထည့္ထားတဲ့ ပိုက္ဆံအိတ္အေသးက အလယ္ဇစ္ထဲမွာဆိုေတာ့ ပိုက္ဆံအိတ္ႀကီးကို လြယ္ထားတဲ့ပခံုးေပၚက ျဖဳတ္ႏွိုက္ေနတာဆိုေတာ့ သူတို႔ ၂ ေယာက္ အာရံုက ပိုက္ဆံအိတ္ကို အရမ္းေရာက္ေနၾကတာ… ဓားကိုင္ထားတဲ့ ေကာင္မေလး ရပ္ေနတာက ပလက္ေဖာင္းအစြန္နားမွာ…၄၇ လမ္းထိပ္က ပလက္ေဖာင္းေတြက အသစ္ျပန္လုပ္ထားတာ ေတာ္ေတာ္ေလးကို ျမင့္တယ္….
အဲဒီအခ်ိန္ ကိုယ္ကလဲ ပိုက္ဆံအိတ္ကို ေခါင္းငံု႔ရွာသလို လုပ္ေနရင္းကေန ျဗဳန္းဆို ဓားကိုင္ထားတဲ့ ေကာင္မေလးကို ေဆာင့္တြန္းပလိုက္တာ ပလက္ေဖာင္းေအာက္ကို ေခြးက်က်ပါေရာလား….အဲဒီမွာ သူ႔ဓားက သူ႔ကို ျပန္စိုက္မိလား မသိဘူး….”အ” ဆို တစ္ခ်က္ေအာ္ပီး သူ႔ခါးေနရာကို လက္နဲ႔ဖိလို႔ (ေျခေထာက္တစ္ဖက္လဲ ေတာ္ေတာ္နာသြားပံုပဲ) ဝုန္းဆို ထြက္ေျပးတာ ကံေကာင္းလို႔ မီးပြိဳင့္လႊတ္လာတဲ့ ကားေတြနဲ႔ မတိုက္မိဘဲ ၄၇ လမ္းထဲကို အသကုန္ေျပးတာ…
ဒီဖက္လက္ကို ခ်ိတ္ထားတဲ့ ဆံပင္အေကာက္နဲ႔ ေကာင္မေလးကလဲ ဘယ္လိုမွ မထင္ထားဘူးနဲ႔တူတယ္….ေၾကာင္ၾကည့္ေနရင္း ရုတ္တရက္ သတိဝင္လာလို႔ေျပးမယ္အလုပ္ ကၽြန္မက သူ႔လက္ကို အတင္းျပန္ဆြဲပီး ေအာ္မယ္အလုပ္ ကၽြန္မကို ေဆာင့္တြန္းပီး သိမ္ျဖဴလမ္းဘက္ကို ေျပးတာမ်ား ျမန္လိုက္တာဆိုတာ….ေအာ္ေတာင္ ေအာ္ဖို႔ ေမ့ေနတယ္….ဘယ္လိုေအာ္ရမွန္းလဲ မသိ….သူခိုးလဲမဟုတ္ ခါးပိုက္ႏွိုက္လဲမဟုတ္ ဓားျပ ဓားျပဆို ေအာ္ေတာ့လဲ အထူးအဆန္းၾကည့္ခံရမလားမသိ….ေဘးဘီကို တစ္ခ်က္ၾကည့္ေတာ့ ဖုန္းေျပာေနတဲ့ ဦးေလးႀကီးတစ္ေယာက္ရယ္ ဟိုးဘက္ကလာေနတဲ့ အကိုႀကီးတစ္ေယာက္ရယ္ ဒါပဲရွိတယ္…သူတို႔ကလဲ ဘာျဖစ္တာလဲ ရန္ျဖစ္တာလားဆို သာမန္ပဲၾကည့္ၾကတာ….
ရုတ္တရက္ဆိုေတာ့ ဘာဓါတ္ပံုမွလဲ ရိုက္ဖို႔ အခ်ိန္မရ…ရဲစခန္းသြားတိုင္ရေအာင္ကလဲ ကိုယ့္ဆီက ဘာမွပါမသြား…ၿပီးရင္ စစ္လားေဆးလား ေမးလားျမန္းလားနဲ႔ ကိုယ့္ဟာကို ၁ ေယာက္ထဲ ရဲစခန္းထဲ တိုင္ပတ္ေနရဦးမယ္…ၿပီးမွ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ေယာကၡမအိမ္နဲ႔ ကိုယ့္အိမ္ တကယ့္နီးနီးေလးကို လမ္းေတာင္ေလၽွာက္မျပန္ရဲေတာ့လို႔ ကားငွားပီးေတာင္ ျပန္လာလိုက္ရတယ္…
အခုေခတ္ကဘယ္လိုေတြ ျဖစ္ကုန္တယ္မသိ…မိန္းကေလးအခ်င္းခ်င္းေတာင္ ဓားေထာက္ေန႔ခင္းေၾကာင္ေတာင္လုခံရတာ….ကံေကာင္းေထာက္မလို႔ တစ္ျပားမွ မပါသြားေပမယ့္ မိန္းကေလးသူငယ္ခ်င္းေတြ သတိထားဖို႔ပါ…မိန္းကေလးအခ်င္းခ်င္း သူငယ္ခ်င္းေဆာင္ေယာင္ပီး လာႏႈတ္ဆက္ရင္ လံုးဝ အနားကပ္မခံၾကပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Pa Luu Tuu

#Unicode Version
ဒီနေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ့်လိုမျိုး မဖြစ်ရအောင် သူငယ်ချင်းတွေကို သတိပေးချင်လို့ ပြောပြချင်ပါတယ်…..
ဒီနေ့ သင်တန်းက စာမေးပွဲစောစောဖြေပြီးလို့ သူငယ်ချင်းတွေနဲ့ မုန့်တီသွားသောက်ပြီး စောနေလို့ ယောက္ခမအိမ်သွားမလို့ဆို ရေကျော်ဘက်ကို ထွက်လာခဲ့တာ ဇာတ်လမ်းက အဲ့မှာစတာပါပဲ….

၄၇ လမ်းထိပ်က Excellent မှာ အိမ်က သမီးအတွက်ရော၊ ယောက္ခမအိမ်က ကလေးတွေအတွက်ရော အသားချောင်းဝယ်မလို့ဆို ကားလမ်းကူးအပြီး ပလက်ဖောင်းပေါ်အတက် အရှေ့တည့်တည့်ကနေ ကောင်မလေး ၂ ယောက် လာနေတာတွေ့လိုက်ပေမယ့် ကိုယ့်အာရုံနဲ့ကိုယ်မို့ အမှတ်တမဲ့ဖြစ်နေတဲ့အချိန် “ဟာ သူငယ်ချင်း မတွေ့တာကြာပီ နေကောင်းလား”ဆို ခုနက ရှေ့တည့်တည့်က ကောင်မလေး ၂ ယောက်က မျက်နှာချင်းဆိုင်ကနေ ကျွန်မလက် တစ်ဖက်တစ်ချက်ကိုလှမ်းချိတ်ပြီး နှုတ်ဆက်လိုက်တော့ မြတ်ဆုမွန်ဆိုတဲ့ ကျွန်မကလေ သိတဲ့အတိုင်း ရုတ်တရက်ဆို ကြောင်တောင်တောင်နဲ့ “အေး မကောင်းဘူး အံဆုံးပေါက်နေတာ ခုထိနှုတ်မရသေးလို့ဟယ်”ဆို ပြန်ပြောလိုက်သေးတယ်….(ဘယ်လောက်တောင် ကြောင်တောင်တောင် ဂေါက်တောက်တောက် နိုင်လိုက်လဲ ဆိုတာလေ၊ ဒီလောက် ကိုယ့်လက်ကြီးကို ဖမ်းချိတ်ထားတာကို)
ပြီးတော့မှ “အေးဟယ် စိတ်မရှိနဲ့နော် ငါမမှတ်မိလို့ လသာ ၂ ကလား” တဲ့ မေးမိလိုက်သေးတယ်(အခု ပြန်စဉ်းစားမှ ကိုယ့်ဟာကို ပါးတောင်ရိုက်ပလိုက်ချင်တယ်)….အဲဒီမှာ ဆံပင်အတိုအကောက်နဲ့ ကောင်မလေးက “သူငယ်ချင်း ငါတို့နေ့လည်ထဲက ဘာမှမစားရသေးလို့ ပိုက်ဆံပေးစမ်းဘာ”တဲ့….
“ဟမ်” ဆို ရုတ်တရက် ထွက်လိုက်တဲ့အသံက ကျယ်သွားတော့ ကျွန်မရဲ့ ဘယ်ဘက်က ဂျာစီအနွေးထည်ဝတ်ထားတဲ့ ကောင်မလေးက ကျွန်မနား ပိုအတင်းကပ်ပီး အိတ်ထဲထည့်ထားတဲ့ လက်တစ်ဖက်က “ဂျောက် ဂျောက် ဂျောက်” ဆိုတဲ့အသံထွက်လာပီး ကျွန်မခါးနေရာနားကနေ စူးကနဲခံစားလိုက်ရတယ်….သေချာပီလေ ခဲတံချွန်တဲ့ဓားလိုဟာမျိုးနဲ့ ထောက်ပီး နေ့ခင်းကြောင်တောင် မိန်းကလေးတန်မယ့် ဓားပြတိုက်နေတာပဲ….
ဘဝမှာ တစ်ခါမှ အဲလိုမကြုံဖူးတော့ ရုတ်တရက်လေ ခေါင်းမွှေးတွေတောင် ထောင်သွားသလားထင်ရတယ်
အဲဒီအချိန်အထိ အဲ့ကောင်မလေး ၂ ယောက်မျက်နှာ လုံးဝအရယ်အပြုံး မပျက်ဘူးနော်….ရယ်နေရင်းနဲ့ ကျွန်မနားတိုးတိုးလေး ကပ်ပြောတယ်…. “အော်လိုက်တာနဲ့ ဓားနဲ့ထိုးပီးသားနော်”တဲ့….
သူ အဲလိုလဲပြောလိုက်ရော ခုနက ခေါင်းမွှေးထောင်အောင် ကြောက်သွားတဲ့စိတ်ကနေ ဒေါသတွေထွက်လာလိုက်တာဆိုတာ…ကျွန်မကို ခြိမ်းခြောက်တာလောက် သေအောင်မုန်းတာမရှိဘူး…
“အဟား” ဆို တစ်ချက်အသံထွက်သွားတော့ အိတ်ထဲနှိုက်ထားတဲ့ လက်တစ်ဖက်စီကဓားက ခါးနေရာကို ပိုထောက်လာတယ်….၄၇ လမ်းထိပ် ဟိုဘက်ကားလမ်းက လူနဲနဲပြတ်တဲ့အပြင် မိန်းကလေး ၃ ယောက်စကားပြောနေတော့ ဘယ်သူကမှလဲ အရေးတယူကြည့်မနေကြဘူးလေ…
“မြန်မြန်ပေးဟာ ကြာတယ်”တဲ့….ကျွန်မဆိုတဲ့ မိန်းမကလဲ (သရဲကလွဲရင်)ကိုယ်မဟုတ်တာ မလုပ်လို့ကတော့ သမ္မတလိုလူကိုတောင် တစ်စက်ကလေးမှ မကြောက်တတ်တဲ့ လူစားဆိုတော့ ကြောက်စိတ်အစား နေ့ခင်းကြောင်တောင် ဓားပြလာတိုက်နေတော့ ဒေါသတွေကပိုထွက်….
“နင်တို့ ၂ ယောက်က ငါ့လက် ၂ ဖက်လုံး ချပ်ထားတာ ငါက ဘယ်လက်နဲ့ ပိုက်ဆံအိတ်နှိုက်မလဲဟဲ့ ကောင်မတွေရဲ့” လို့ ပြောပီး အိတ်ထဲကနေ ဓားနဲ့ထောက်ထားတဲ့ တစ်ယောက်လက်ကို ဇတ်ဆို ရုန်းလိုက်တော့ သူက ပြန်ဖမ်းဆွဲပီး “အော်ရင် နင်အသေပဲနော်” တဲ့…”အေး မအော်ဘူး မအော်ဘူး ပေးမယ် လွှတ်မှာသာ လွှတ်စမ်း”ဆို ပြောလဲပြော ဆောင့်လဲရုန်းပလိုက်တော့ ဂျာစီဝတ်ထားတဲ့ ကောင်မလေးက လွှတ်ပေးလိုက်ပေမယ့် လူကိုတော့ ဘေးကနေ အတင်းကပ်ပီး ဓားနဲ့ထောက်ထားတုန်း

အဲဒါနဲ့ ပိုက်ဆံအိတ်ဖွင့် ပိုက်ဆံနှိုက်နေတုန်း ဓားနဲ့ထောက်ထားတဲ့လက်က အားနည်းနည်းပျော့သွားပီး ပိုက်ဆံအိတ်ထဲကို ပြူးပြဲကြည့်နေတာ….ဖြစ်ချင်တော့ ပိုက်ဆံထည့်ထားတဲ့ ပိုက်ဆံအိတ်အသေးက အလယ်ဇစ်ထဲမှာဆိုတော့ ပိုက်ဆံအိတ်ကြီးကို လွယ်ထားတဲ့ပခုံးပေါ်က ဖြုတ်နှိုက်နေတာဆိုတော့ သူတို့ ၂ ယောက် အာရုံက ပိုက်ဆံအိတ်ကို အရမ်းရောက်နေကြတာ… ဓားကိုင်ထားတဲ့ ကောင်မလေး ရပ်နေတာက ပလက်ဖောင်းအစွန်နားမှာ…၄၇ လမ်းထိပ်က ပလက်ဖောင်းတွေက အသစ်ပြန်လုပ်ထားတာ တော်တော်လေးကို မြင့်တယ်….
အဲဒီအချိန် ကိုယ်ကလဲ ပိုက်ဆံအိတ်ကို ခေါင်းငုံ့ရှာသလို လုပ်နေရင်းကနေ ဗြုန်းဆို ဓားကိုင်ထားတဲ့ ကောင်မလေးကို ဆောင့်တွန်းပလိုက်တာ ပလက်ဖောင်းအောက်ကို ခွေးကျကျပါရောလား….အဲဒီမှာ သူ့ဓားက သူ့ကို ပြန်စိုက်မိလား မသိဘူး….”အ” ဆို တစ်ချက်အော်ပီး သူ့ခါးနေရာကို လက်နဲ့ဖိလို့ (ခြေထောက်တစ်ဖက်လဲ တော်တော်နာသွားပုံပဲ) ဝုန်းဆို ထွက်ပြေးတာ ကံကောင်းလို့ မီးပွိုင့်လွှတ်လာတဲ့ ကားတွေနဲ့ မတိုက်မိဘဲ ၄၇ လမ်းထဲကို အသကုန်ပြေးတာ…
ဒီဖက်လက်ကို ချိတ်ထားတဲ့ ဆံပင်အကောက်နဲ့ ကောင်မလေးကလဲ ဘယ်လိုမှ မထင်ထားဘူးနဲ့တူတယ်….ကြောင်ကြည့်နေရင်း ရုတ်တရက် သတိဝင်လာလို့ပြေးမယ်အလုပ် ကျွန်မက သူ့လက်ကို အတင်းပြန်ဆွဲပီး အော်မယ်အလုပ် ကျွန်မကို ဆောင့်တွန်းပီး သိမ်ဖြူလမ်းဘက်ကို ပြေးတာများ မြန်လိုက်တာဆိုတာ….အော်တောင် အော်ဖို့ မေ့နေတယ်….ဘယ်လိုအော်ရမှန်းလဲ မသိ….သူခိုးလဲမဟုတ် ခါးပိုက်နှိုက်လဲမဟုတ် ဓားပြ ဓားပြဆို အော်တော့လဲ အထူးအဆန်းကြည့်ခံရမလားမသိ….ဘေးဘီကို တစ်ချက်ကြည့်တော့ ဖုန်းပြောနေတဲ့ ဦးလေးကြီးတစ်ယောက်ရယ် ဟိုးဘက်ကလာနေတဲ့ အကိုကြီးတစ်ယောက်ရယ် ဒါပဲရှိတယ်…သူတို့ကလဲ ဘာဖြစ်တာလဲ ရန်ဖြစ်တာလားဆို သာမန်ပဲကြည့်ကြတာ….
ရုတ်တရက်ဆိုတော့ ဘာဓါတ်ပုံမှလဲ ရိုက်ဖို့ အချိန်မရ…ရဲစခန်းသွားတိုင်ရအောင်ကလဲ ကိုယ့်ဆီက ဘာမှပါမသွား…ပြီးရင် စစ်လားဆေးလား မေးလားမြန်းလားနဲ့ ကိုယ့်ဟာကို ၁ ယောက်ထဲ ရဲစခန်းထဲ တိုင်ပတ်နေရဦးမယ်…ပြီးမှ ကြောက်ကြောက်လန့်လန့်နဲ့ ယောက္ခမအိမ်နဲ့ ကိုယ့်အိမ် တကယ့်နီးနီးလေးကို လမ်းတောင်လျှောက်မပြန်ရဲတော့လို့ ကားငှားပီးတောင် ပြန်လာလိုက်ရတယ်…
အခုခေတ်ကဘယ်လိုတွေ ဖြစ်ကုန်တယ်မသိ…မိန်းကလေးအချင်းချင်းတောင် ဓားထောက်နေ့ခင်းကြောင်တောင်လုခံရတာ….ကံကောင်းထောက်မလို့ တစ်ပြားမှ မပါသွားပေမယ့် မိန်းကလေးသူငယ်ချင်းတွေ သတိထားဖို့ပါ…မိန်းကလေးအချင်းချင်း သူငယ်ချင်းဆောင်ယောင်ပီး လာနှုတ်ဆက်ရင် လုံးဝ အနားကပ်မခံကြပါနဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit: Pa Luu Tuu
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top