Property Expo
×

ေအာက္ပါပံုထဲမွ အပင္ကို ေဆးက်မ္းအလိုအားျဖင့္ ဒႏၲသုခပင္ (ေတာဓားျပေဆးပင္) ဟု ေခၚပါသည္။

ျမန္မာနိဳင္ငံအႏွံ႕အျပားတြင္ ေပါက္ေရာက္သည္။ ေရာက္ေလရာရာအရပ္တိုင္းတြင္ ေတြ႕ျမင္ရေသာအပင္ျဖစ္သည္။ ထိုအပင္၏အရြက္မွာ ေဆးခါးရြက္ႏွင့္တူျပီး အပြင့္မွာ ခရမ္းေရာင္ပန္းေလးမ်ားျဖစ္သည္။

အပင္၏အရြယ္အစားမွာ မတူညီပဲ တစ္ထြာမွ သုံးေလးေပထိ ျမင့္သည္။
ထိုအပင္ကို ရခိုင္မွေဆးပညာေလ့လာလိုက္စားေသာဆရာေတာ္မွ လြန္ခ့ဲေသာ(၁၀)ႏွစ္ေလာက္ကပင္ ေျပာျပခ့ဲသျဖင့္ စမ္းသပ္အသုံးျပဳခ့ဲရာ ရာႏႈန္းျပည့္ေအာင္ျမင္ခ့ဲသည္။

သံုးစြဲပံုႏွင့္ ကုသပံုအညြန္း

၄င္းေဆးပင္ကို ခူးယူလိုက္ပါ။ ေရစင္ေနေအာင္ ေဆးလိုက္ပါ။ ျပီးလွ်င္ ပါးစပ္ထဲထည့္၍ ၀ါးလုိက္ပါ။ ထြက္လာေသာ အရည္ကို အနာ၏ အ၀ေပၚကို သုတ္လိမ္းေပးပါ။ အဖတ္ကို ျမိဳခ်လိုက္ပါ။

ေဆးအစြမ္း

ေျမြေပြး၊ ေမြေဟာက္ စေသာအဆိပ္ရိွေျမြမ်ားႏွင့္ ကင္းကိုက္ခဲျခင္း၊ ငါးစူး၊ လိပ္ေက်ာက္စူးျခင္း၊ အေညာ္ဝင္၍ ေရာင္ရမ္းကိုက္ခဲျခင္းတို႕ကို အလ်င္အျမန္ ေပ်ာက္ကင္းေစပါသည္။

အထူးသျဖင့္ ျပင္းထန္ေသာေျမြေပြးေျမြေဟာက္အဆိပ္မ်ားကို (၅)မိနစ္ခန္႔တြင္ လုံးဝေပ်ာက္ကင္းေစပါသည္။

ရုတ္တရက္ အေရးၾကံဳလာလွ်င္ ျမန္မာ့ရိုးရာေဆးျမီးတိုနည္းျဖင့္ လူ့အသက္ကို ကယ္တင္ႏိုင္ၾကပါေစ။

ေစာႏြဲ ့ေနဆုိင္ (ပူတာအို) ျပန္လည္မွ်ေ၀ပါသည္။
ကိုးကား။ ။ ဦးပညာေဇာတ၏ ေဖ့စ္ဘုတ္မွ

(မည္သူမဆို ဇီ၀ိတဒါနအေနျဖင့္ ျပန္လည္မွ်ေ၀ႏိုင္ၾကပါသည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:က်န္းမာေရးသတင္းမ်ား

#Unicode Version
အောက်ပါပုံထဲမှ အပင်ကို ဆေးကျမ်းအလိုအားဖြင့် ဒန္တသုခပင် (တောဓားပြဆေးပင်) ဟု ခေါ်ပါသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ရောက်လေရာရာအရပ်တိုင်းတွင် တွေ့မြင်ရသောအပင်ဖြစ်သည်။ ထိုအပင်၏အရွက်မှာ ဆေးခါးရွက်နှင့်တူပြီး အပွင့်မှာ ခရမ်းရောင်ပန်းလေးများဖြစ်သည်။

အပင်၏အရွယ်အစားမှာ မတူညီပဲ တစ်ထွာမှ သုံးလေးပေထိ မြင့်သည်။
ထိုအပင်ကို ရခိုင်မှဆေးပညာလေ့လာလိုက်စားသောဆရာတော်မှ လွန်ခဲ့သော(၁၀)နှစ်လောက်ကပင် ပြောပြခဲ့သဖြင့် စမ်းသပ်အသုံးပြုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့သည်။

သုံးစွဲပုံနှင့် ကုသပုံအညွန်း

၎င်းဆေးပင်ကို ခူးယူလိုက်ပါ။ ရေစင်နေအောင် ဆေးလိုက်ပါ။ ပြီးလျှင် ပါးစပ်ထဲထည့်၍ ဝါးလိုက်ပါ။ ထွက်လာသော အရည်ကို အနာ၏ အဝပေါ်ကို သုတ်လိမ်းပေးပါ။ အဖတ်ကို မြိုချလိုက်ပါ။

ဆေးအစွမ်း

မြွေပွေး၊ မွေဟောက် စသောအဆိပ်ရှိမြွေများနှင့် ကင်းကိုက်ခဲခြင်း၊ ငါးစူး၊ လိပ်ကျောက်စူးခြင်း၊ အညော်ဝင်၍ ရောင်ရမ်းကိုက်ခဲခြင်းတို့ကို အလျင်အမြန် ပျောက်ကင်းစေပါသည်။

အထူးသဖြင့် ပြင်းထန်သောမြွေပွေးမြွေဟောက်အဆိပ်များကို (၅)မိနစ်ခန့်တွင် လုံးဝပျောက်ကင်းစေပါသည်။

ရုတ်တရက် အရေးကြုံလာလျှင် မြန်မာ့ရိုးရာဆေးမြီးတိုနည်းဖြင့် လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို) ပြန်လည်မျှဝေပါသည်။
ကိုးကား။ ။ ဦးပညာဇောတ၏ ဖေ့စ်ဘုတ်မှ

(မည်သူမဆို ဇီဝိတဒါနအနေဖြင့် ပြန်လည်မျှဝေနိုင်ကြပါသည်)


ဖိုးသူတော် (www.phothutaw.com)
Credit:ကျန်းမာရေးသတင်းများ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top