Property Expo
×

အခ်စ္ေရးဆုိတာ အျမဲရႈပ္ေထြးေနတတ္တာပါ။ ကိုယ့္စိတ္ထဲခ်စ္လ်က္နဲ႕ ျဖစ္လာတဲ့ ျပသနာေတြ ျမန္ျမန္ျပီးသြားေအာင္ လမ္းခြဲစကားကို မစဥ္းစားပဲ ေျပာထြက္သြားမိတာမ်ိဳးေတြရွိသလို ကိုယ့္ခ်စ္သူ စိတ္နာက်င္ေအာင္ မရည္ရြယ္ပဲ လုပ္မိသြားတာေတြလည္း ရွိတတ္ပါတယ္။ ဒီလိုအျပဳအမူေတြေၾကာင့္ ေနာက္ဆက္တြဲျပသနာကေတာ့ ေၾကကြဲခံစားရျခင္းပါပဲ။ လမ္းခြဲျပီးသြားမွ ကိုယ့္အေပၚ အရမ္းေကာင္းတဲ့ ခ်စ္သူကို ျပန္လိုခ်င္မိမယ္။ ကိုယ္မွားမွန္းသိသြားတာမ်ိဳးေတြ ၾကံဳလာရျပီဆုိရငေ္တာ့ မီွးမိန္ေပ်ာက္ကြယ္ေတာ့မယ့္ ဒီဆက္ဆံေရးကို အလင္းေရာင္ျပန္လည္ျဖာထြက္လာေအာင္ ေအာက္ပါ အခ်က္ေတြအတုိင္းလိုက္နာက်င့္သုံးၾကည့္ပါ။

(၁) သူတို႔ေျပာတဲ့စကားကို နားေထာင္ေပးပါ

ဒီအခ်က္ကို စတင္လုပ္ေဆာင္ဖို႔ အေကာင္းဆုံးက နားေထာင္ဖို႔သာ ျဖစ္ပါတယ္။ သင့္လက္တြဲေဖာ္က စိတ္ညစ္တဲ့အေၾကာင္းေျပာတာပဲျဖစ္ျဖစ္၊ သင့္ကို အျပစ္တင္တာပဲျဖစ္ျဖစ္ ဘာေတြပဲကုိယ့္ကိုေျပာပါေစ၊ သူ႕ကိုသင္မစြန္႕လႊတ္ႏိုင္ဘူးဆုိရင္ ကိုယ့္မာန္မာနကိုေရွ႕တန္းတင္မယ့္အစား သင့္ခ်စ္သူရဲ့ ေျပာစကားကို စိတ္ရွည္ရွည္သာ နားေထာင္ေပးလုိက္ပါ။ အေကာင္းဆုံးကေတာ့ သူ႔အေၾကာင္းကို ပိုမိုနားလည္သေဘာေပါက္လာေအာင္ ၾကိဳးစားဖုိ႕ပဲ ျဖစ္ပါတယ္။ ေမးခြန္းေတြ ေမးပါ။ ဘယ္ေလာက္မ်ားၾကာေနျပီလဲ။ ဘယ္တုန္းက စိတ္မေပ်ာ္ရႊင္မႈ စခဲဲ့တာလဲစသျဖင့္ ဒီလုိစိတ္ခံစားခ်က္ေတြ ဆက္လက္ျဖစ္ေစႏိုင္တဲ့ အေၾကာင္းအရင္းေတြကို ေမးျမန္းၾကည့္ပါ။

(၂) သူတို႔ရဲ့ စိတ္ထိခိုက္နာက်င္ကို ခံစားမိျပီျဖစ္ေၾကာင္း ၀န္ခံအသိမွတ္ျပဳေပးပါ

နားေထာင္ေပးလို႔ ျပီးသြားျပီဆိုရင္ ၾကားသိခဲ့တဲ့ အခ်က္အလက္မ်ားကို ျပန္လည္ေျပာဆို သုံးသပ္ေပးပါ။ စိတ္ညစ္စရာ အေတြးေတြနဲ႔ သင့္ခ်စ္သူ ခံစားေနရတဲ့ စိတ္ခံစားခ်က္မ်ားကို လက္ခံနားလည္ခံေပးပါ။ ေနာက္  သူမအတြက္ ဘယ္ေလာက္အတိုင္းအတာအထိ ခက္ထန္နာက်င္သြားခဲ့သလဲဆိုတာကိုလည္း အသိအမွတ္ျပဳေပးလိုက္ပါ။ ခံစားခ်က္ေတြကို နားလည္လက္ခံေပးျခင္းဟာ ေလးစားမႈကို ျပသရာေရာက္ျပီး လမ္းခြဲဖို႔အတြက္ ျငင္းပယ္လိုက္တဲ့ အခ်က္တစ္ခုလည္းျဖစ္ပါတယ္။ တုံ႔ျပန္ေျပာဆိုတဲ့ စကားေတြကို လည္းအခ်ိန္ယူ စဥ္းစားေပးပါ။ သင္ဟာ ဒီျ ပသနာရဲ႕ အဓိကတရားခံ ျဖစ္ေနတယ္ဆိုရင္ သင္ဟာ ျပႆနာအေျဖရဲ့့ အစိတ္အပုိင္းတစ္ခုျဖစ္ႏိုင္တယ္ဆိုတာ နာလည္ထားပါ။

(၃) ကိုယ့္ကုိယ္ကို ေျပာင္းလဲေအာင္ၾကိဳးစားပါ

ဘာလုပ္ေပးရမလဲ...ဒီေမးခြန္းက အထိေရာက္ဆုံးေမးခြန္းပါ။ သူ႕ကိုနာက်င္ေအာင္ ထပ္မလုပ္ခ်င္ေတာ့ဘူးဟုတ္။ သင့္ဘက္က သူမကုိ ဘယ္လိုမွမစြန္႕လႊတ္ႏိုင္ေၾကာင္းေျပာပါ။ ခ်စ္သူရဲ့ စိတ္ခံစားမႈေဖာ္ျပခ်က္ေတြကို ပဂၢိဳလ္ေရးအျဖစ္မယူလိုက္ပါနဲ႔။ သင္တို႔ဆက္ဆံေရးအေျခအေနက ဆိုးေကာင္းဆိုးေနပါလိမ့္မယ္။ ဒါေပမဲ့ ဒီအခ်က္ေတြက လက္ေတြ႔က်တယ္၊ တကယ္အလုပ္ျဖစ္တယ္ဆိုတာ သိရိွနားလည္ဖို႔ အေရးၾကီးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

အချစ်ရေးဆိုတာ အမြဲရှုပ်ထွေးနေတတ်တာပါ။ ကိုယ့်စိတ်ထဲချစ်လျက်နဲ့ ဖြစ်လာတဲ့ ပြသနာတွေ မြန်မြန်ပြီးသွားအောင် လမ်းခွဲစကားကို မစဉ်းစားပဲ ပြောထွက်သွားမိတာမျိုးတွေရှိသလို ကိုယ့်ချစ်သူ စိတ်နာကျင်အောင် မရည်ရွယ်ပဲ လုပ်မိသွားတာတွေလည်း ရှိတတ်ပါတယ်။ ဒီလိုအပြုအမူတွေကြောင့် နောက်ဆက်တွဲပြသနာကတော့ ကြေကွဲခံစားရခြင်းပါပဲ။ လမ်းခွဲပြီးသွားမှ ကိုယ့်အပေါ် အရမ်းကောင်းတဲ့ ချစ်သူကို ပြန်လိုချင်မိမယ်။ ကိုယ်မှားမှန်းသိသွားတာမျိုးတွေ ကြုံလာရပြီဆိုရငေ်တာ့ မှီးမိန်ပျောက်ကွယ်တော့မယ့် ဒီဆက်ဆံရေးကို အလင်းရောင်ပြန်လည်ဖြာထွက်လာအောင် အောက်ပါ အချက်တွေအတိုင်းလိုက်နာကျင့်သုံးကြည့်ပါ။

(၁) သူတို့ပြောတဲ့စကားကို နားထောင်ပေးပါ

ဒီအချက်ကို စတင်လုပ်ဆောင်ဖို့ အကောင်းဆုံးက နားထောင်ဖို့သာ ဖြစ်ပါတယ်။ သင့်လက်တွဲဖော်က စိတ်ညစ်တဲ့အကြောင်းပြောတာပဲဖြစ်ဖြစ်၊ သင့်ကို အပြစ်တင်တာပဲဖြစ်ဖြစ် ဘာတွေပဲကိုယ့်ကိုပြောပါစေ၊ သူ့ကိုသင်မစွန့်လွှတ်နိုင်ဘူးဆိုရင် ကိုယ့်မာန်မာနကိုရှေ့တန်းတင်မယ့်အစား သင့်ချစ်သူရဲ့ ပြောစကားကို စိတ်ရှည်ရှည်သာ နားထောင်ပေးလိုက်ပါ။ အကောင်းဆုံးကတော့ သူ့အကြောင်းကို ပိုမိုနားလည်သဘောပေါက်လာအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ မေးခွန်းတွေ မေးပါ။ ဘယ်လောက်များကြာနေပြီလဲ။ ဘယ်တုန်းက စိတ်မပျော်ရွှင်မှု စခဲ့တာလဲစသဖြင့် ဒီလိုစိတ်ခံစားချက်တွေ ဆက်လက်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို မေးမြန်းကြည့်ပါ။

(၂) သူတို့ရဲ့ စိတ်ထိခိုက်နာကျင်ကို ခံစားမိပြီဖြစ်ကြောင်း ဝန်ခံအသိမှတ်ပြုပေးပါ

နားထောင်ပေးလို့ ပြီးသွားပြီဆိုရင် ကြားသိခဲ့တဲ့ အချက်အလက်များကို ပြန်လည်ပြောဆို သုံးသပ်ပေးပါ။ စိတ်ညစ်စရာ အတွေးတွေနဲ့ သင့်ချစ်သူ ခံစားနေရတဲ့ စိတ်ခံစားချက်များကို လက်ခံနားလည်ခံပေးပါ။ နောက်  သူမအတွက် ဘယ်လောက်အတိုင်းအတာအထိ ခက်ထန်နာကျင်သွားခဲ့သလဲဆိုတာကိုလည်း အသိအမှတ်ပြုပေးလိုက်ပါ။ ခံစားချက်တွေကို နားလည်လက်ခံပေးခြင်းဟာ လေးစားမှုကို ပြသရာရောက်ပြီး လမ်းခွဲဖို့အတွက် ငြင်းပယ်လိုက်တဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။ တုံ့ပြန်ပြောဆိုတဲ့ စကားတွေကို လည်းအချိန်ယူ စဉ်းစားပေးပါ။ သင်ဟာ ဒီြ ပသနာရဲ့ အဓိကတရားခံ ဖြစ်နေတယ်ဆိုရင် သင်ဟာ ပြဿနာအဖြေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်တယ်ဆိုတာ နာလည်ထားပါ။

(၃) ကိုယ့်ကိုယ်ကို ပြောင်းလဲအောင်ကြိုးစားပါ

ဘာလုပ်ပေးရမလဲ...ဒီမေးခွန်းက အထိရောက်ဆုံးမေးခွန်းပါ။ သူ့ကိုနာကျင်အောင် ထပ်မလုပ်ချင်တော့ဘူးဟုတ်။ သင့်ဘက်က သူမကို ဘယ်လိုမှမစွန့်လွှတ်နိုင်ကြောင်းပြောပါ။ ချစ်သူရဲ့ စိတ်ခံစားမှုဖော်ပြချက်တွေကို ပဂ္ဂိုလ်ရေးအဖြစ်မယူလိုက်ပါနဲ့။ သင်တို့ဆက်ဆံရေးအခြေအနေက ဆိုးကောင်းဆိုးနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီအချက်တွေက လက်တွေ့ကျတယ်၊ တကယ်အလုပ်ဖြစ်တယ်ဆိုတာ သိရှိနားလည်ဖို့ အရေးကြီးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top